code 0 title ကိုယ်တော်မိသားစုဝင် title_original The Family of God 1=G *ref ငါ၌ဝမ်းမြောက်ခြင်းရှိ၊ ကိုယ်တော်မိသားစုဝင်၊ သွေးစမ်း၌ဆေးကြောပြီးကာ၊ စင်ကြယ်စေပြီ၊ ယေရှုအားဖြင့်သာ၊ ပြည်တော်အမွေခံရ၊ ကိုယ်တော်၏မိသားစုဝင် ငါရွေးခြင်းခံပြီ။ *1 ဤကမ္ဘာဝယ် တစ်ယောက်နှင့်တစ်ယောက်မောင်ရင်းနှမသဖွယ် လွန်စွာချစ်ရင်းနှီးကြတဲ့အိမ်ထောင်မိသားစုပင်၊ သောကပူဆွေးခြင်းပင်၊ မျှဝေခံစားကြတယ်၊ အောင်မြင်တိုင်း မိသားစုပင် အတူဝမ်းမြောက်ကြတယ်။ *2 မိဘမဲ့အိမ်တံခါး၀မှ၊ ဘုရင်၏အိမ်တော်သို့၊ ပယ်ခံထီးကျန်မဟုတ်ပါ၊ ဂုဏ်တော်ကျူးအေးရမှာ၊ ဆင်းရဲမှချမ်းသာသို့၊ အားနည်းခြင်းမှခွန်အား၊ မွေတော်မခံယူထိုက်ငြား၊ ကြီးမြတ်ဘုန်းတော်ချီးမွမ်း။ === code 1 title ဘုရားဇိအုန်၌စံစားကျူး title_original The Lord in Zion Reigneth 1=D 4/4 authors_lyric Fanny J. Crosby (1820-1915) authors_music Hart P. Danks (1834-1903) scriptureReferences Ps.9.11 *1 ဘုရားဇိအုန်၌စံစား၊ မြေကြီးဝမ်းမြောက်ကြချေ။ ကျေးဇူးပလ္လင်တော်ရှေ့ခစား၊ စိတ်ပါလျက်ကျူးအေးလေ၊ ဘုရားဇိအုန်၌စံစား၊ ချီးမွမ်းမည်ထိုအရပ်၊ ကိုယ်တော်အားမင်းအပေါင်းညွတ်တွား၊ ဘုရင်တို့ဘုန်းဆက်ကပ်။ *2 ဇိအုန်၌စိုးစံဘုရား၊ ဘယ်သူမျှတုမနိုင်။ နက်နဲမြေကြီးလက်တော်၌ထား၊ စွမ်းကြီးပင်လယ်စိုးပိုင်၊ နာမတော်သိဒ္စိတင်ကုန်၊ အလံတော်ကိုထူလေ၊ ပင်လယ်၌ရှိကျွန်းအလုံးစုံ၊ ကယ်တင်တန်ခိုးသိစေ။ *3 ဘုရားဇိအုန်၌စံပေ၊ ဤချိန်ကိုယ်တော်ဆိုင်လေ။ အို၊ ဗိမာန်တော်တံခါးသို့ဝင်၊ ကျူးအေးကြဝင်းတော်တွင်၊ အလံတော်မြတ်၏အောက်မှာ၊ သတ္တဝါပေါင်းဒူးထောက်၊ မြေမိုးဘုရင်စိုးညွတ်တွားရာ၊ ဘုရင်တကာတင်မြှောက်။ === code 2 title ငါ့ဖန်ဆင်းရှင်နှင့်ဘုရင်မင်းမြတ်ကျူး title_original My Maker and My King 1=C 4/4 tune EL KADER S.M. authors_lyric Anne Steele (1716-1778) scriptureReferences Isa.43.15 *1 ဖန်ဆင်းရှင်ဘုရင်မြတ်၊ ရှိသမျှကိုပေးအပ်။ မြတ်မင်္ဂလာအပေါင်းတို့သည်၊ ကိုယ်တော်မှဆင်းသက်၏။ မြတ်မင်္ဂလာအပေါင်းတို့သည်၊ ကိုယ်တော်မှဆင်းသက်၏။ *2 နိမိတ္တသတ္တဝါ၊ ကိုယ်တော်၌သက်ရှင်ပါ။ ကိုယ်တော်၏ကောင်းချီးများအတွက်၊ ကျေးဇူးတော်ချီးမွမ်းချင်။ ကိုယ်တော်၏ကောင်းချီးများအတွက်၊ ကျေးဇူးတော်ချီးမွမ်းချင်။ *3 ရှိသမျှကိုယ်တော်ပိုင်၊ ကျွန်ုပ်ဘာများလှူနိုင်။ မေတ္တာတော်ကိုတုံ့ပြန်ရာဝယ်၊ အားနည်းလှ၏တကား။ မေတ္တာတော်ကိုတုံ့ပြန်ရာဝယ်၊ အားနည်းလှ၏တကား။ *4 ကျွန်ုပ်၏ဝိညာဉ်ကို၊ ခွန်အားဖြင့်ပြည့်စေလို။ ကျွန်ုပ်ဆန္ဒများနှင့်သက်တာ၊ ကိုယ်တော်အဖို့ဖြစ်စေ။ ကျွန်ုပ်ဆန္ဒများနှင့်သက်တာ၊ ကိုယ်တော်အဖို့ဖြစ်စေ။ === code 3 title ဝမ်းမြောက်သောသီချင်းသီဆိုပါကျူး title_original Wake the Song 1=Ab 4/4 tune ANNIVERSARY SONG 8.7.8.7.D.Ref. authors_lyric W. F. Sherwin (1826-1888) scriptureReferences Isa.35.10 *1 ဝမ်းမြောက်သောသီချင်းသီဆိုပါ၊ ကောင်းဆုံးသီချင်းကျူးအေးပါ။ ရှိသမျှဝမ်းနည်းခြင်းပယ်ကာ၊ ကျယ်လောင်စွာပြုထောမနာ။ မိတ်ဆွေများနှင့်ပြန်ဆုံစေလို၊ ကိုယ်တော်အားချီးမွမ်းမြွက်ဆို။ ခြေတော်ရင်းပို့ဆောင်သောလမ်းကို၊ မေတ္တာတော်သံသင်ကြားလို။ *ref သီဆိုပါ၊ သီဆိုပါ၊ ဝမ်းမြောက်ရွှင်လန်းသောသီချင်း၊ သီဆိုပါ၊ သီဆိုပါ၊ ပျော်ရွှင်သာယာသီချင်း။ *2 ဝမ်းမြောက်သောသီချင်းကျူးအေးမည်၊ ပျော်ဖွယ်နေ့ကိုနှုတ်ဆက်မည်။ ဟောရှဏ္ဏများကျယ်စွာဆိုမည်၊ ကျေးဇူးဂါရဝပြုမည်။ ကယ်တင်ရှင်ဘုန်းတော်ချီးမွမ်းမည်၊ ထက်ရပ်အကြောင်းစဉ်းစားစဉ်။ ရှေးဝတ္ထုဟောင်းကိုဆက်ပြောမည်၊ ရွေးနုတ်တော်မူသောကြောင့်ပင်။ *3 တစ်နှစ်လုံးကရုဏာများတွက်၊ သန့်ရှင်းအဖကျေးဇူးတင်။ ဤနေရာစုရုံးလျက်နေစဉ်၊ ကျေးဇူးတော်ချီးမွမ်းဆိုချင်။ သွေးတော်အားဖြင့်ရွေးနုတ်ခြင်းကို၊ ကယ်တင်ရှင်ကိုချီးမွမ်းလို။ ဝိညာဉ်တော်ဆင်းသက်တော်မူပါ၊ ကိုယ်တော်ထံသို့ပို့ဆောင်ပါ။ === code 4 title ယေရှုနာမတော်ချိုသာလှကျူး title_original The Name of Jesus is So Sweet 1=C 3/4 authors_lyric W. C. Martin (1864-1914) authors_music E. S. Lorenz (1854-1942) scriptureReferences Phil.2.10 *1 ယေရှုနာမတော်ချိုသာလှ၊ ထောမနာသီချင်းကျူးအေးမည်။ ကျွန်ုပ်ဝမ်းမြောက်ခြင်းပြည့်စုံရ၊ ဖိုးထိုက်နာမတော်မြတ်တည်း။ *ref ယေရှုနာမချိုသာလှ၊ ယေရှုပြောင်းလဲခြင်းမရှိ။ သန့်ရှင်းသူများကြွေးကြော်ကြ၊ ထာဝစဉ်ချီးကျူးထိုက်ပေ။ *2 ခပ်သိမ်းသောငါ့ဝမ်းနည်းခြင်းများ၊ သိရှိတော်မူ၍ဝေးပယ်ရှား။ ထိုကြောင့်ကိုယ်တော်ကိုချစ်မြတ်နိုး၊ ယေရှုနာမငါအားကိုး။ *3 ထိုနာမမြတ်ကိုစဉ်ကြားလို၊ ထောမနာပြုခြင်းဖြင့်သီဆို။ ကျဆင်းသောမျက်ရည်ခြောက်စေရ၊ ယေရှုနာမချီးမြှောက်ကြ။ *4 နာမတော်မည်မျှမြတ်နိုးဖွယ်၊ လူနှုတ်ဖြင့်ဖော်ထုတ်ရန်မလွယ်။ တိုးတက်ချီးမွမ်းလျက်ရှိကြစေ၊ နာမတော်ကိုချီးကျူးလေ။ === code 5 title ယေရှုအံ့ဖွယ်သောမေတ္တာကျူး title_original Wonderful Love of Jesus 1=C 6/8 authors_lyric E. D. Mund authors_music E. S. Lorenz (1854-1942) scriptureReferences John.13.1 *1 ဝမ်းမြောက်မြင့်မြတ်သီချင်းသံပြိုင်၊ ကျေးဇူးသံနှင့်ကျွန်ုပ်ကျူးမှာ၊ သို့သော်မည်သူထိုက်စွာကျူးနိုင်၊ သခင်ယေရှုအံ့ဖွယ်သောမေတ္တာ။ *ref အံ့ဖွယ်မေတ္တာ၊ အံ့ဖွယ်မေတ္တာ၊ ယေရှုအံ့ဖွယ်သောမေတ္တာ၊ အံ့ဖွယ်မေတ္တာ၊ အံ့ဖွယ်မေတ္တာ၊ ယေရှုအံ့ဖွယ်သောမေတ္တာ။ *2 နေ့ချိန်ဝမ်းမြောက်ညဉ့်ချိန်ဆိတ်အေး၊ လှိုင်း၌ငြိမ်ခြင်းမှောင်မိုက်လင်းရာ၊ နာလျှင်သာယာအားနည်းအားပေး၊ သခင်ယေရှုအံ့ဖွယ်သောမေတ္တာ။ *3 ကောင်းလျှင်ပြစ်လွှတ်မည်မျှော်လင့်သည်၊ လဲလျှင်ချီမမူမည်ယုံပါ၊ ရှင်ခြင်းသေခြင်းအားလုံးပြည့်သည်၊ သခင်ယေရှုအံ့ဖွယ်သောမေတ္တာ။ === code 6 title သခင်နံနက်၌ကျူး title_original Lord in the Morning 1=F 3/4 tune MEAR C.M. authors_lyric Isaac Watts 1719 authors_music Aaron Williams (1731-1776) scriptureReferences Ps.5 *1 ကျွန်ုပ်၏စကားပတ္ထနာ၊ ကိုယ်တော်နံနက်ကြားမည်။ ကျွန်ုပ်မျက်စိနှင့်မျှော်ကြည့်ကာ၊ ကိုယ်တော်ကိုဆုတောင်းမည်။ *2 သန့်ရှင်းသူတို့တွက်မှုဆောင်ရာ၊ ဈာန်ကြွခရစ်တော်မှာ။ ခမည်းတော်ရှေ့ကျွန်ုပ်တွက်တာ၊ ခစားတောင်းပန်နေရှာ။ *3 ဝိညာဉ်အားဖြင့်ကျွန်ုပ်ခြေများ၊ လမ်းကောင်း၌လျှောက်စေပါ။ ကျွန်ုပ်မျက်နှာရှေ့လင်းစေသား၊ မှုလမ်း၌ဖြောင့်စေပါ။ *4 နာမတော်ကိုချစ်သူတို့သည်၊ မျှော်လင့်ခြင်းပြည့်စုံမည်။ တန်ခိုးကြီးသောဘုရားဝိုင်းပြီ၊ သူတို့ကိုကွယ်ကာမည်။ === code 7 title နေမြဲနေတော်မူပါကျူး title_original Abide With Me 1=Eb 4/4 tune EVENTIDE 10.10.10.10. authors_lyric Henry F. Lyte (1793-1847) authors_music William H. Monk (1823-1889) scriptureReferences Luke.24.29 *1 ညဉ့်ဦးအချိန်ရှိပြီမိုးလည်းချုပ်သည်၊ ကိုယ်တော်အပြင်မစနိုင်သူမရှိ။ အကျိုးနည်းသူကိုထောက်ပံ့အံ့သောငှါ၊ အကျွန်ုပ်နှင့်အတူနေပါဘုရား။ *2 အဆုံးတိုင်အောင်အသက်တာယုတ်လျော့သည်၊ မြေကြီးစံစားရာမွဲဘုန်းလဲစဲပြီ။ ဤလောက၌အနိစ္စသာထင်ရှား၊ အမြဲတည်ရှင်ကြွလာနေတော်မူပါ။ *3 အစဉ်ကိုယ်တော်ကိုဖူးတွေ့လိုသတည်း၊ မာရ်နတ်တန်ခိုးဘယ်သူချိုးနိုင်သနည်း။ ကိုယ်တော်မြတ်သာလျှင်တတ်နိုင်တော်မူရာ၊ ဩကျေးဇူးရှင်နေမြဲနေတော်မူပါ။ *4 ကောင်းကျိုးပေးရန်အနားမှာနေမူလျှင်၊ ဘေးများအတွက်မစိုးရိမ်ပါအရှင်။ သေမင်းလက်နက်အဘယ်မှာရှိသနည်း၊ တန်ခိုးတော်အားဖြင့်ကျွန်ုပ်အောင်လိမ့်တည်း။ === code 8 title နေအနောက်သို့ဝင်လုဆဲကျူး title_original Day Is Dying in the West 1=G 6/4 tune CHAUTAUQUA 7.7.7.7.4.Ref. authors_lyric Mary A. Lathbury (1841-1913) authors_music William F. Sherwin (1826-1888) scriptureReferences Isa.6.3 *1 နေအနောက်သို့ဝင်လုဆဲ၊ မြေကြီးအလုပ်မှရပ်စဲ။ စောင့်၍ကိုးကွယ်ညဉ့်ချိန်တွင်၊ ညနေမီးအရောင်ထွန်းလင်း၊ ကောင်းကင်ထက်တွင်။ *ref သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊ ဗိုလ်ခြေသခင်။ ကောင်းကင်နှင့်မြေကြီးတို့တွင်၊ ကိုယ်တော်ကိုချီးမွမ်းကြစဉ်၊ မြတ်ဆုံးသခင်။ *2 စကြ၀ဠာအောက်ရပ်သည်၊ သက်သခင်အိမ်ဖြစ်မူသည်။ မျက်နှာတော်ကိုရှာသူအား၊ ရင်ခွင်၌စုသိမ်းမူပါ၊ ကိုယ်တော်နီးမှာ။ *3 မှောင်မိုက်အရိပ်လွှမ်းမိုးခါ၊ မေတ္တာတော်ပွေ့ပိုက်မူပါ။ ကြယ်တို့ဘုန်းရောင်ခြည်များလည်း၊ မျက်နှာတော်ကို ကွယ်သော်လည်း၊ ဆုတောင်းကြတည်း။ *4 မျက်မှောက်မှထာ၀ရစဉ်၊ ကြယ်၊ နေ့၊ ညဉ့်များကွယ်လွန်လျှင်။ ဗိုလ်ခြေရှင်ကျွန်ုပ်တို့တွင်၊ ထာ၀ရနံနက်ထွန်းလင်း၊ မှောင်မိုက်ကင်းရှင်း။ === code 9 title ကိုယ်တော်သင်နှင့်တူရှိစေသောကျူး title_original God Be With You 1=Bb 4/4 tune 9.8.8.9.Ref. authors_lyric Mary A. Lathbury (1841-1913) authors_music William F. Sherwin (1826-1888) scriptureReferences 2Cor.13.11 *1 ပြန်လည်တွေ့ဆုံရကြသည်တိုင်အောင်၊ ကိုယ်တော်သင်နှင့်တူရှိစေသော၊ သင့်ကိုသွန်သင်လမ်းပြရှေ့ဆောင်၊ သိုးတို့နှင့်လုံခြုံစွာသိမ်းစေသော။ *ref ယေရှုရှင်ခြေတော်ရင်း၊ ပြန်လည်ဆုံတွေ့သည်တိုင်အောင်၊ သင်တို့နှင့်ကိုယ်တော်ရှင်၊ အစဉ်မပြတ်အတူရှိစေသော။ *2 ပြန်လည်တွေ့ဆုံရကြသည်တိုင်အောင်၊ ကိုယ်တော်သင်နှင့်တူရှိစေသော၊ အတောင်တော်အောက်ဘေးကင်းစေအောင်၊ နေ့စဉ်မန္နမုန့်ကိုပေးစေသော။ *3 ပြန်လည်တွေ့ဆုံရကြသည်တိုင်အောင်၊ ကိုယ်တော်သင်နှင့်တူရှိစေသော၊ ဒုက္ခထူထပ်ကျသည်တိုင်အောင်၊ လက်တော်ဖြင့်သင့်ကိုပိုက်ဖက်စေသော။ *4 ပြန်လည်တွေ့ဆုံရကြသည်တိုင်အောင်၊ ကိုယ်တော်သင်နှင့်တူရှိစေသော၊ ချစ်ခြင်းအလံတော်လွှင့်ထူဆောင်၊ သေခြင်းလှိုင်းတံပိုးကိုငြိမ်းစေသော။ === code 10 title ခမည်းတော်ချီးမွမ်းကျူး title_original Praise Ye the Father 1=Ab 2/4 tune FLEMMING 11.11.11.5. authors_lyric Elizabeth R. Charles (1828-1896) authors_music Friedrich F. Flemming (1778-1813) scriptureReferences 2Cor.13.14 *1 ခမည်းတော်ချီးမွမ်း၊ ကရုဏာရှင်ဖြစ်ပေ၊ လမ်းလွဲသူများအား၊ သိမ်မွေ့စွာစောင့်ရှောက်လေ၊ ကောင်းကင်တမန်များ၊ ကိုယ်တော်ကိုချီးမွမ်းကြ၊ ယေဟောဝါချီးမွမ်းပါ။ *2 ကယ်တင်ရှင်ချီးမွမ်း၊ ကရုဏာတော်ကြီးပေ၊ ရွေးချယ်ခံသူအား၊ ကြင်နာစွာစောင့်ရှောက်လေ၊ လူငယ်လူရွယ်များ၊ သက်ကြီးသက်ငယ်များတို့၊ ကယ်တင်ရှင်ချီးမွမ်းစို့။ *3 ဝိညာဉ်တော်ချီးမွမ်း၊ ဥပဇ္ဈာယ်ဆရာပေ၊ ကောင်းချီးပေးစေဖို့၊ စေလွှတ်ခြင်းခံရလေ၊ ခမည်းတော်၊ သားတော်၊ ဝိညာဉ်တော်သုံးပါးကို၊ ထောမနာပြုစေလို။ === code 11 title တန်ခိုးအနန္တရှင်ကျူး title_original Come, Thou Almighty King 1=F 3/4 tune ITALIAN HYMN 6.6.4.6.6.6.4. authors_music Felice de Giardini (1716-1796) scriptureReferences Rev.19.6 *1 တန်ခိုးအနန္တရှင်၊ ကြွလာမဟာဘုရင်၊ နာမတော်ကို၊ ကျွန်ုပ်တို့ချီးမွမ်းလို၊ အဖမစတော်မူအောင်မြင်ဘုန်းနှင့်အတူ၊ စိုးစံတော်မူ။ *2 အို-ဥပဇ္ဈာယ်ဆရာ၊ သက်သေတော်ခံခြင်းငှါ၊ ယခုကြွပါ၊ တန်ခိုးခပ်သိမ်းရှိပါ၊ ဝိညာဉ်တော်မြတ်မဟာကျွန်ုပ်တို့အပေါ်မှာ၊ စိုးစံတော်မူ။ *3 သုံးပါးတစ်ဆူဘုရား၊ ကိုယ်တော်အရှင်မြတ်အား၊ ချစ်ခင်ရိုကျိုး၊ အထက်ဘုံလက်စုံမိုး၊ ရှိခိုးဖူးမြော်တန်ခိုး၊ ရှိတော်မူအာနုဘော်၊ စဉ်သာဓုခေါ်။ === code 12 title သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်းကျူး title_original Holy, Holy, Holy 1=D 4/4 tune NICAEA 11.12.12.10. authors_lyric Reginald Heber (1783-1826) authors_music John B. Dykes (1823-1876) scriptureReferences Rev.4.8 *1 သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊ အနန္တအရှင်၊ မိုးသောက်ယံ၌အကျွန်ုပ်တို့ချီးမွမ်းအစဉ်၊ သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်းကရုဏာစွမ်းကြီးရှင်၊ ဝေနေယျကိုအစဉ်အုပ်စိုးဘုရင်။ *2 သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊ ကောင်းကင်သားတို့သည်၊ သူတို့ပေါင်းကိုဖန်ရေကန်ရှေ့ချွတ်ကန်တော့ပြီ၊ ထောင်သောင်းသိန်းသန်းတို့သည်ပျပ်ဝပ်ကိုးကွယ်ကြသည်၊ ပစ္စုန်ပ္ပန်အတိတ်အနာဂတ်မြဲတည်။ *3 သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊ ဘုန်းတော်ကိုသခင်၊ မှောင်ဖုံးကွယ်၍လူမျက်စိဖြင့်မမြင်သော်ပင်၊ ကိုယ်တော်သာလျှင်သန့်ရှင်း၊ တုပြိုင်မရှိအရှင်၊ တန်ခိုးမေတ္တာစင်ကြယ်ခြင်းပြည့်စုံလင်။ === code 13 title ချစ်တော်မူသည်ကိုကြည့်ရှုဆင်ခြင်လော့ကျူး title_original Behold! What Love! 1=Db scriptureReferences 1John.3.1 *1 အပြစ်များသောကျွန်ုပ်တို့ပင်၊ သားတော်ခေါ်ခြင်းခံရလျှင်၊ ကိုယ်တော်မြတ်၏ချစ်မေတ္တာတော်၊ ဆင်ခြင်အောက်မေ့ကြလော့။ *ref ဘုရားသခင်၏သားတော်၊ ခေါ်ဝေါ်ခြင်းအခွင့်ကို၊ ငါတို့သည်ရမည်အကြောင်းတည်း၊ ဘုရားသခင်ငါတို့ကိုချစ်မေတ္တာတော်၊ ကြည့်ရှုလော့။ *2 သွန်းတော်မူသွေးတော်မြတ်ကြောင့်သာ၊ ကိုယ်တော်မြတ်နှင့်နီးလာ၊ ချစ်သားခေါ်သော်လက်ခံမူပြီ၊ ရင်ခွင်တော်၌လျောင်းမည်။ *3 နောင်ဘုန်းတော်တွင်ဘယ်သို့ဖြစ်မည်၊ ယခုမထင်ရှားသေး။ ကိုယ်တော်မြတ်ထင်ရှားပေါ်ထွန်းသော်၊ သဏ္ဌာန်တော်နှင့်တူချေ။ *4 ထိုသို့မျှော်လင့်သူမည်သည်ကား၊ ကိုယ်တော်ကဲ့သို့ဖြစ်ရာ၊ သေခြင်းကိုအောင်၊ ဘုန်းကြီးအရှင်၊ မျက်နှာတော်မြတ်ဖူးမြင်။ === code 14 title ယေဟောဝါပလ္လင်တော်ရှေ့မှာကျူး title_original Before Jehovah's Awful Throne 1=D 4/4 tune DUKE STREET L.M. authors_lyric Isaac Watts (1674-1784) authors_music John Hatton (c.1710-1793) scriptureReferences Ps.100 *1 ယေဟောဝါပလ္လင်တော်ရှေ့မှာ၊ လူမျိုးတို့ရွှင်လန်းဦးချကုန်၊ ကိုယ်တော်သာဘုရားရှင်ဖြစ်ပါ၊ ဖန်ဆင်းနိုင်၍ဖျက်ဆီးနိုင်ကုန်။ *2 တန်ခိုးတော်ဖြင့်သာငါတို့အား၊ မြေမှုန့်မှဖန်ဆင်းတော်မူပြီ၊ ငါတို့သိုးကဲ့သို့လမ်းလွဲရာ၊ သိုးခြံတွင်းသို့ပို့ဆောင်မူပြီ။ *3 ကောင်းကင်တိုင်အောင်အသံလွှင့်လျက်၊ ကျေးဇူးဂုဏ်တော်ချီးမွမ်းကျူးအေး၊ မြေကြီးသားအပေါင်းရွှင်မြူးလျက်၊ မင်္ဂလာဩဘာပေးကြလေ။ *4 အာဏာတော်မြေကြီးမျှကျယ်၏၊ မေတ္တာတော်အနန္တတည်သည်၊ သစ္စာတော်သည်ကျောက်လိုမြဲ၏၊ ကမ္ဘာကုန်ဆုံးတိုင်ဖြစ်သတည်း။ === code 15 title အို-ရှင်ဘုရင်ကိုကိုးကွယ်ဝတ်ပြုကြကျူး title_original O Worship the King 1=G 3/4 tune LYONS 10.10.11.11. authors_lyric Robert Grant (1779-1838) authors_music Wm. Gardiner's Sacred Melodies, 1815 scriptureReferences Ps.104 *1 ကိုးကွယ်ဝတ်ပြုကြ၊ ထက်ဘုန်းကြီးရှင်ကို၊ အံ့ဖွယ်မေတ္တာကို၊ ကျေးဇူးတင်သီဆို၊ ငါတို့ဒိုင်းလွှားကွယ်ကာရှင်ဖြစ်တော်မူပါ၊ ခမ်းနားခြင်းနှင့်ဝိုင်းလျက်ချီးမွမ်းထိုက်လှရာ။ *2 အာနုဘော်ကြော်ငြာ၊ ကျေးဇူးချီးမွမ်းကုန်၊ မျက်နှာကြက်ကားမိုး၊ အလင်းကားဝတ်ရုံ၊ အမျက်တော်ထစ်ချုန်းမိုးကြိုးသံနှင့်တူချေ၊ သွားရာလမ်းမှောင်သောလေပြင်းအတောင်ဖြစ်စေ။ *3 မဟာကျေးဇူးမည်၊ သူချီးမွမ်းနိုင်ရာ၊ လေတွင်ဖြန့်ကြဲလျက်၊ အလင်းတွင်တောက်လာ၊ တောင်ပေါ်မှစီးဆင်းလျက်မြေပြန့်သို့လာသည်၊ မိုးနှင်းရည်အဖြစ်၌မွှေးကြိုင်သင်းထုံသည်။ *4 မြေမှုန့်ဇာတိလူ၊ မျိုးအားနည်းလှသည်၊ စွမ်းကြီးသောကိုယ်တော်၊ ၌အားကိုးပါပြီ၊ ဆုံးတိုင်ကရုဏာသိမ်မွေ့ခိုင်ခံ့တကား၊ ဖန်ဆင်းကွယ်ကာရွေးနုတ်မိတ်ဆွေမြတ်ဘုရား။ === code 16 title ကိုယ်တော်သာလျှင်ကြီးမြတ်တော်မူပေကျူး title_original How Great Thou Art 1=Bb 4/4 authors_lyric Stuart K. Hine (1899-1989) *1 အို၊ ဖဘုရား၊ ကျွန်ုပ်မှာအံ့ဖွယ်ရာများ၊ အောက်မေ့စဉ်ခါကိုယ်တော်ဖန်ဆင်းလျက်ထား၊ နက္ခတ်တာရာ၊ မိုးကြိုးထစ်ချုန်းသံများပြင်၊ ခပ်သိမ်းမှုရာပြုပြင်တော်မူအရှင်။ *ref ကျွန်ုပ်ဝိညာဉ်ကိုယ်တော်ကိုချီးမွမ်းချင်၊ ကိုယ်တော်သာလျှင်ကယ်တင်ပိုင်ရှင်၊ ကျွန်ုပ်ဝိညာဉ်ကိုယ်တော်ကိုချီးမွမ်းစေ၊ ကိုယ်တော်သာလျှင်ကြီးမြတ်မူပေ။ *2 တောအုံတောင်ကြား၊ ကျွန်ုပ်ခရီးသွားရာလမ်း၊ ကျေးငှက်များစွာသာယာမြည်တွန်ပျံသန်း၊ ကုန်းမြင့်တောင်ထိပ်၊ ဆိတ်ငြိမ်ရာရပ်မှမြင်နိုင်၊ မြက်ခင်းလွင်ပြင်လေညင်းတိုက်ခတ်ယိမ်းယိုင်။ *3 ဘုရားရှင်မှာ၊ သားတော်ကိုပင်မညှာပေ၊ လူသတ္တဝါပေါင်းတွက်သက်သေခံပေ၊ ကပ်တိုင်ပေါ်ဝယ်၊ သွေးတော်ပင်သွန်းခြင်းခံရှာ၊ လူတို့ပြစ်များကိုယ်တော်ဆောင်ယူကြွသွား။ *4 ကြွလာခြင်းကို၊ ကျွန်ုပ်တို့မျှော်လင့်တောင့်တ၊ နေ့ညမပြတ်ဒူးထောက်ဆုတောင်းနေအပ်၊ ယေရှုသခင်၊ တစ်ဖန်ဆင်းသက်ကြွလာပ၊ ကောင်းကင်စံရာကျွန်ုပ်ကိုဆောင်ယူအပ်။ === code 17 title တန်ခိုးအကြောင်းငါသီချင်းကျူး title_original I Sing the Mighty Power 1=C 3/4 tune VARINA C.M.D. authors_lyric Isaac Watts (1674-1748) authors_music G. F. Root (1820-1895) scriptureReferences Gen.1 *1 သမုဒ္ဒရာချုပ်ထားပေရှာ၊ တောင်များပေါ်စေမူပေ၊ ကောင်းကင်တည်ရာတန်ခိုးမဟာ၊ အကြောင်းသီချင်းကျူးလေ၊ နေကိုဥပဒေစီရင်ပေ၊ ဥာဏ်တော်ကိုချီးမွမ်းသည်၊ အမိန့်တော်အတိုင်းလသာစေ၊ ကြယ်များနားထောင်ကြသည်။ *2 ဘုရားသခင်ကောင်းမြတ်မူလို၊ စားရန်မြေကြီးပြည့်၀၊ တန်ခိုးအတိုင်းသတ္တဝါတို့၊ ဖြစ်၍အလွန်ကောင်းစွ၊ အံ့ဖွယ်မှုတော်ဘယ်လောက်များစွာ၊ ကောင်းကင်သို့မျှော်ကြည့်လျှင်၊ နင်းသောမြေမှုန့်ကိုငုံ့ကြည့်ပါ၊ လက်ရာကိုကျွန်ုပ်မြင်။ *3 သီးမြက်ပန်းပင်ရှိလေသမျှ၊ ဘုန်းတန်ခိုးထင်ရှားရာ၊ မိုးတိမ်နှင့်လှိုင်းတံပိုးတို့ကျ၊ မိန့်တော်အတိုင်းတက်လာ၊ လက်တော်ကသက်ရသတ္တဝါ၊ ကြည့်တော်မူခြင်းအရ၊ ကျွန်ုပ်တို့ပြေးရာအရပ်မှာ၊ ကိုယ်တော်ကိုတွေ့ရကြ။ === code 18 title ခမည်းတော်ကမ္ဘာပင်ကျူး title_original This is My Father's World 1=D 4/4 tune TERRA BEATA S.M.D. authors_lyric Maltbie D. Babcock (1858-1901) authors_music Franklin L. Sheppard (1852-1930) scriptureReferences Ps.50.12 *1 ခမည်းတော်ကမ္ဘာပင်၊ ကျွန်ုပ်နားထောင်နေလျှင်၊ ကမ္ဘာတန်ဆာအပေါင်းတို့သည်၊ သီချင်းကျူးအေးသံမြည်။ ခမည်းတော်ကမ္ဘာပင်၊ ကျောက်ဆောင်သစ်ပင်ကောင်းကင်၊ ရေပြင်တို့ကြောင့်ဖန်ဆင်းတော်မူခြင်း၊ ကျွန်ုပ်ဧကန်မှန်သိမြင်။ *2 ခမည်းတော်ကမ္ဘာပင်၊ ကောင်းကင်ငှက်ကျူးအေးခြင်း၊ နံနက်ရောင်ခြည်နှင့်နှင်းပန်းများ၊ ကျေးဇူးတော်ချီးမွမ်းပါ။ ခမည်းတော်ကမ္ဘာပင်၊ သာယာခြင်းကိုတွေ့မြင်၊ လှုပ်ရှားမြက်ပင်ကိုယ်တော်လျှောက်သည်မှာ၊ သံတော်ကြားခပ်သိမ်းနေရာ။ *3 ခမည်းတော်ကမ္ဘာပင်၊ ဘယ်ခါမျှမမေ့ချင်၊ အမှားသည်ထကြွတတ်သော်လည်း၊ ကိုယ်တော်အုပ်စိုးသေးသည်။ ခမည်းတော်ကမ္ဘာပင်၊ ဘယ်ကြောင့်ဝမ်းနည်းရနည်း၊ ကိုယ်တော်သည်ဘုရင်ဖြစ်လျက်အုပ်စိုး၊ ကောင်းကင်မြေကြီးသီချင်းဆို။ === code 19 title တင့်တယ်လှပရှိသမျှကျူး title_original All Things Bright and Beautiful 1=G 4/4 tune ROYAL OAK 7.6.7.6.Ref. authors_lyric Cecil F. Alexander (1823-1895) authors_music Adapt. by Martin Shaw (1875-1958) scriptureReferences Gen.1.31 *ref တင့်တယ်လှပရှိသမျှ၊ ကြီးငယ်သတ္တဝါသည်၊ အံ့ဩဖွယ်ရာရှိပေစွ၊ ဘုရားဖန်ဆင်းမူသည်။ *1 လှပသောပန်းပွင့်ဖုံဖုံ၊ မြည်တွန်သောငှက်များလည်း၊ အရောင်အဆင်းအမျိုးစုံ၊ ကိုယ်တော်ဖန်ဆင်းသတည်း။ *2 အလွန်မြင့်သောတောင်ကြီးတို့၊ လှပသောမိုးတိမ်လည်း၊ နေထွက်နေဝင်ရောင်ခြည်ကို၊ ဖန်ဆင်းတော်မူသတည်း။ *3 စပါးစိုက်သောမိုးဥတု၊ ချမ်းအေးသောဆောင်းရာသီ၊ အသီးမှည့်သောနွေဥတု၊ ကိုယ်တော်ကန့်သတ်လေသည်။ *4 သစ်တောမှရသောသစ်သား၊ မိုးဖို့ဓနိသက်ငယ်၊ အိမ်ဆောက်ဖို့ရန်ခုတ်သောဝါး၊ ဖန်ဆင်းတော်မူပေတယ်။ === code 20 title ကိုယ်တော်စောင့်ထိန်းလိမ့်မည်ကျူး title_original God Will Take Care of You 1=Bb 6/8 tune C.M.Ref. authors_lyric Civilla D. Martin (1869-1948) authors_music W. Stillman Martin (1862-1935) scriptureReferences 1Pet.5.7 *1 ဖြစ်သမျှမှာမကြောက်ပါနှင့်၊ ကိုယ်တော်စောင့်ထိန်းလိမ့်မည်။ မေတ္တာတော်တွင်ကိန်းဝပ်သဖြင့်၊ ကိုယ်တော်စောင့်ထိန်းလိမ့်မည်။ *ref စောင့်ထိန်းတော်မူလိမ့်မည်၊ နေ့စဉ်လျှောက်ရာခရီးလမ်းမှာ၊ ကိုယ်တော်စောင့်ထိန်းလိမ့်မည်၊ ကိုယ်တော်စောင့်ထိန်းမူရှာ။ *2 ဒုက္ခထဲမှာစိတ်ပျက်သောခါ၊ ကိုယ်တော်စောင့်ထိန်းလိမ့်မည်၊ သင့်လမ်းပေါ်မှာဘေးရောက်သောခါ၊ ကိုယ်တော်စောင့်ထိန်းလိမ့်မည်။ *3 သင်လိုသမျှကိုယ်တော်ပေးမည်၊ ကိုယ်တော်စောင့်ထိန်းလိမ့်မည်၊ တောင်းသမျှလည်းမငြင်းပယ်ပြီ၊ ကိုယ်တော်စောင့်ထိန်းလိမ့်မည်။ *4 အဘယ်ကဲ့သို့ဖြစ်သည်မဆို၊ ကိုယ်တော်စောင့်ထိန်းလိမ့်မည်၊ ရင်ခွင်တော်တွင်အားကိုးမှီခို၊ ကိုယ်တော်စောင့်ထိန်းလိမ့်မည်။ === code 21 title ကိုယ်တော်သစ္စာကြီးမြတ်ကျူး title_original Great is Thy Faithfulness 1=Db 3/4 tune FAITHFULNESS 11.10.11.10. Ref. authors_lyric Thomas O. Chisholm (1866-1960) authors_music William M. Runyan (1870-1957) scriptureReferences Lam.3.22 *1 ကိုယ်တော်သစ္စာကြီးမြတ်အိုအဖဘုရား၊ ပြောင်းလဲရိပ်မရှိရာ၊ ကိုယ်တော်ရှင်သာ၊ ထာ၀ရတည်မြဲကျဆုံးခြင်းမရှိပါ၊ ကိုယ်တော်တည်ရှိခြင်းထာ၀ရသက်သာ။ *ref ကိုယ်တော်သစ္စာကြီးမြတ်၊ ကိုယ်တော်သစ္စာကြီးမြတ်၊ နံနက်တိုင်းကရုဏာသစ်ကိုမြင်ရ၊ ငါလိုသမျှကိုကိုယ်တော်စီစဉ်မစ၊ ကိုယ်တော်သစ္စာကြီးမြတ်ကျွန်ုပ်ပေါ်မှာ။ *2 နွေမိုးဆောင်းအချိန်နှင့်ရိတ်သိမ်းရာချိန်မှာ၊ နေလကြယ်များမိမိနေရာလင်းရာ၊ သဘာဝတရားနှင့်ဆက်နွှယ်သက်သေပါ၊ ကိုယ်တော်သစ္စာကြီးမြတ်ချစ်ကရုဏာ။ *3 ပြစ်လွှတ်ခြင်းတွက်ငြိမ်သက်ခြင်းမြဲမြံတည်စေ၊ ကိုယ်တော်ပါဝင်လျှင်ပျော်ရွှင်ခြင်းဖြစ်ပေ၊ ယနေ့ခွန်အားနောက်နောင်တွက်မျှော်လင့်စရာ၊ ထောင်သောင်းမင်္ဂလာများအသင့်ရှိနေ။ === code 22 title ကိုယ်တော်မြတ်သည်ကျွန်ုပ်တို့ခိုလှုံရာကျူး title_original O God, Our Help 1=C 4/4 tune ST. ANNE C.M. authors_lyric Isaac Watts (1674-1748) authors_music William Croft (1678-1727) scriptureReferences Ps.90 *1 ကိုယ်တော်ကာလအစဉ်အဆက်၊ ကျွန်ုပ်တို့ခိုလှုံရာ။ လေပြင်းကျသော်ကွယ်ကာမူလျက်၊ စံတော်မူပါဘုရား။ *2 ပလ္လင်တော်၏အရိပ်အောက်တွင်၊ လုံခြုံစွာနေရပြီ။ လက်ရုံးတော်ကိုဆန့်တော်မူလျှင်၊ ဘေးကင်း၍နေလိမ့်မည်။ *3 မြေကြီးလွတ်လပ်လဟာဖြစ်ပေ၊ တောင်များမပေါ်မီခင်။ ကိုယ်တော်နိစ္စဓူဝတည်ပေ၊ လောကုတ္တရာဘုရင်။ *4 အနှစ်တစ်ထောင်သည်လွန်ပြီးသော၊ မနေ့ကဲ့သို့ဖြစ်သည်။ ညဉ့်ယံတစ်ယံကဲ့သို့ကိုယ်တော်၊ မှတ်တော်မူလေသတည်း။ *5 လွန်ခဲ့ကာလကိုယ်တော်မြတ်သည်၊ ကျွန်ုပ်တို့ခိုလှုံရာ။ နောင်လာလတ္တံ့ကာလထိုနည်း၊ စောင့်မတော်မူဘုရား။ === code 23 title အံ့ဖွယ်ကျေးဇူးတော်ကျူး title_original Amazing Grace 1=F 3/4 tune NEW BRITAIN C.M. authors_lyric John Newton (1725-1807) authors_music Arr. by Robert J. Batastini (1942) scriptureReferences Ps.90 *1 ကျေးဇူးမေတ္တာ၊ အံ့ဖွယ်ချိုသာ၊ ပြစ်သားငါ့ကိုကယ်ရှာ။ ပျောက်ဆုံးရာမှပြန်တွေ့ခဲ့ပြီ၊ ကန်းသောမျက်စိမြင်ပြီ။ *2 သက်တာခရီး၊ ကြောက်ဖွယ်လမ်းမှား၊ ကျေးဇူးတော်စဉ်ရှိပါ။ ယုံသည့်ချိန်မှာရဲရင့်အားရှိ၊ ကြောက်ခြင်းလျှင်းမရှိပြီ။ *3 ဒုက္ခပြည့်ဝ၊ ပြစ်နွံတွင်းမှ၊ ကိုယ်တော်ထံသို့လာပြီ။ ငါ့အားကယ်တင်ကျေးဇူးတော်သည်၊ အိမ်တော်သို့ပို့ဆောင်မည်။ *4 နေထက်တောက်ပ၊ ထိုပြည်တော်မှာ၊ အံ့ဖွယ်ကျေးဇူးတော်များ။ ရှေးကကဲ့သို့ချီးမွမ်းဆိုမည်၊ ကုန်ဆုံးခြင်းမရှိပြီ။ === code 24 title အံ့ဖွယ်ကရုဏာကျူး title_original Marvelous Grace 1=G 3/4 tune 9.9.9.9.Ref. authors_lyric Julia H. Johnston (1849-1919) authors_music Daniel B. Towner (1850-1919) scriptureReferences Rom.5.20 *1 ချစ်ဖွယ်ဘုရားရှင်အံ့ဖွယ်ကရုဏာ၊ ပြစ်ဒုစရိုက်ထက်၊ သာလွန်ကရုဏာ၊ သိုးသငယ်သေခံရာကရာနီ၊ ဟိုတောင်ကုန်းပေါ်သွေးတော်သွန်းခဲ့ပြီ။ *ref ဘုရားရှင်၊ ကရုဏာ၊ (အံ့ဖွယ်ကရုဏာ၊ စုံလင်ကရုဏာ) အပြစ်အားလုံးခွင့်လွှတ်ဆေးကြောသည်၊ ဘုရားရှင်၊ ကရုဏာ၊ (အံ့ဖွယ်ကရုဏာ၊ စုံလင်ကရုဏာ) အပြစ်အားလုံးထက်ကြီးမားပေသည်။ *2 ပြစ်နှင့်စိတ်ပျက်ခြင်းရေလှိုင်းပမာ၊ ငါ့ဝိညာဉ်ကိုစဉ်ခြိမ်းခြောက်နေကာ၊ ပြောမကုန်ကရုဏာတော်ကြီးမားပေ၊ ခိုလှုံရာကပ်တိုင်ကိုညွှန်ပြနေ။ *3 အံ့ဖွယ်ကန့်သတ်ကင်းဆုံးမဲ့ကရုဏာ၊ ယုံကြည်သူအားခမဲ့ပေးကမ်းရာ၊ မျက်နှာတော်အား၊ ဖူးတွေ့လိုသင်ကား၊ ခုချိန်ကရုဏာတော်လက်ခံမည်လား။ === code 25 title ထက်ဘုံတော်မှကောင်းကင်သားများကျူး title_original Angels From the Realms of Glory 1=Bb 4/4 tune REGENT SQUARE 8.7.8.7.8.7. authors_lyric James Montgomery (1771-1854) authors_music Henry Smart (1813-1879) scriptureReferences Luke.2 *1 ထက်ဘုံတော်မှကောင်းကင်သားများ၊ မြေကြီးပေါ်သို့ကြွဆင်းလာ၊ ဖန်ဆင်းစကချီးမွမ်းသူများ၊ မေရှိဖွားကြောင်းကြွေးကြော်ပါ၊ ကိုးကွယ်ဖို့ရာခုလာကြပါ၊ သူငယ်တော်အားဦးချကြ။ *2 သိုးထိန်းများသည်ကွင်းပြင်ပေါ်မှာ၊ သိုးများကိုစောင့်ထိန်းစဉ်ခါ၊ ရှင်ဘုရားသည်လူဇာတိနှင့်၊ မြေကြီးပေါ်သို့ကြွသက်ဆင်း၊ ကိုးကွယ်ဖို့ရာခုလာကြပါ၊ သူငယ်တော်အားဦးချကြ။ *3 ပညာရှိများတွက်ချက်ရာမှ၊ ဗျာဒိတ်တော်ကိုရှုမျှော်ကြ၊ လူမျိုးပေါင်းတောင့်တမေရှိယ၊ ထူးဆန်းကြယ်တွေ့မြင်သိရ၊ ကိုးကွယ်ဖို့ရာခုလာကြပါ၊ သူငယ်တော်အားဦးချကြ။ *4 သန့်ရှင်းသူများကြာမြင့်လှစွာ၊ စောင့်ခဲ့ပြီပလ္လင်ရှေ့မှာ၊ ကိုယ်တော်ရှင်သည်ဆင်းကြွလာပြီ၊ ကျွန်ုပ်တို့တွင်ကိန်းဝပ်သည်၊ ကိုးကွယ်ဖို့ရာခုလာကြပါ၊ သူငယ်တော်အားဦးချကြ။ === code 26 title သီချင်းသံကြားရပြီကျူး title_original There's a Song in the Air 1=G 3/4 tune CHRISTMAS SONG 6.6.6.6.12.12. authors_lyric Josiah G. Holland (1819-1881) authors_music Karl P. Harrington (1861-1953) scriptureReferences Luke.2.7 *1 သီချင်းသံကြားရပြီး၊ ကောင်းကင်တွင်ကြယ်ပေါ်သည်၊ ချစ်မိခင်ဆုတောင်းသံ၊ သူငယ်တော်သံနားစံ၊ ကြည်လင်လှပသောကြယ်မိုးကောင်းကင်တွင်စီခြယ်၊ ကြောင်းမူကားဗက်လင်မြို့တွင်သူငယ်တော်ဖွားမြင်။ *2 ရွှင်လန်းစိတ်များအုံကြွ၊ အံ့ဖွယ်ဖွားမြင်ပြီးမှ၊ ပျိုကညာဝမ်းတွင်နေ၊ မိုးမြေအုပ်စိုးရှင်ပေ၊ ကြည်လင်လှပသောကြယ်မိုးကောင်းကင်တွင်စီခြယ်၊ ကြောင်းမူကားဗက်လင်မြို့တွင်သူငယ်တော်ဖွားမြင်။ *3 ထိုကြယ်တော်လမ်းပြရာ၊ ကုန်မဆုံးတောက်ပရှာ၊ ထိုသီချင်းသံချိုသာ၊ ကမ္ဘာဝန်းလုံးရောက်လာ၊ နေရာတိုင်းတွင်လှုပ်ရှားကြည်လင်လှပတကား၊ ယေရှုရှင်ဘုရင်ဖြစ်ဆိုအုပ်စိုးသောအိမ်လို။ *4 အလင်းတော်တွင်ရွှင်မြူး၊ သီချင်းတုံ့ပြန်အေးကျူး၊ ညချိန်ခါသီဆိုသံ၊ ကောင်းကင်သားများဆုပန်၊ ဝမ်းမြောက်ဖွယ်သတင်းကောင်းကျွန်ုပ်တို့ပဲ့တင်ဆောင်၊ ကယ်တင်ပိုင်ရှင်ဘုရင်ကိုချီးမွမ်းလျက်သီဆို။ === code 27 title နားထောင်ကောင်းကင်သားကြွေးကြော်ကျူး title_original Hark! the Herald Angels Sing 1=F 4/4 tune MENDELSSOHN 7.7.7.7.D.Ref. authors_lyric Charles Wesley (1707-1788) authors_music Arr. from Mendelssohn by W. H. Cummings (1831-1915) scriptureReferences Luke.2.14 *1 နားထောင်ကောင်းကင်သားကြွေးကြော်၊ ခုဖွားမြင်ဘုရင့်ဘုန်းတော်၊ ကမ္ဘာပေါ်တွင်ငြိမ်သက်စေ၊ ကောင်းကင်တွင်ဘုန်းကြီးစေသော်၊ အပြစ်ရှိသူများချမ်းသာ၊ ရွှင်လန်းဝမ်းသာဖူးတွေ့မှာ။ ဗက်လင်မြို့တွင်ကယ်တင်ရှင်၊ ဖွားမြင်ပြီကျွန်ုပ်တို့ရှင်၊ နားထောင်ကောင်းကင်သားကြွေးကြော်၊ ခုဖွားမြင်ဘုရင့်ဘုန်းတော်။ *2 ကောင်းကင်ဘုံသားတို့ဘုရင်၊ ထာဝရခရစ်တော်ရှင်၊ ချိန်တန်ကာလဆင်းသက်ပေ၊ ကညာဝမ်း၌ကိန်းအောင်းလေ၊ လူဇာတိကိုယ်တော်မြတ်ဆောင်၊ ကယ်တင်အံ့ငှါလူတို့ဘောင်။ ဧမာနွေလဆင်းသက်ပြီ၊ လူတို့တွင်တည်တော်မူသည်၊ နားထောင်ကောင်းကင်သားကြွေးကြော်၊ ခုဖွားမြင်ဘုရင့်ဘုန်းတော်။ *3 ကောင်းကင်ဖွားငြိမ်သက်အရှင်၊ တရားမင်းဘုန်းကြီးဘုရင်၊ အလင်းအသက်စည်းစိမ်မျိုး၊ မာရ်ငါးပါးကင်းစင်တန်ခိုး၊ ပေးပိုင်ရှင်သခင်မြတ်သည်၊ လူများတွင်သေခြင်းမတည်။ ကင်းစိမ့်သောငှါကောင်းကင်မှ၊ ဆင်းသက်သည်းခံဖွားမြင်ရ၊ နားထောင်ကောင်းကင်သားကြွေးကြော်၊ ခုဖွားမြင်ဘုရင့်ဘုန်းတော်။ === code 28 title လောကဝမ်းမြောက်ဘုရားကြွလာကျူး title_original Joy to the World 1=C 2/4 tune ANTIOCH C.M. authors_lyric Isaac Watts (1674-1748) authors_music Arr. from Handel's Messiah (1742) by Lowell Mason (1792-1872) scriptureReferences Ps.98.4 *1 လောကဝမ်းမြောက်၊ ဘုရားကြွလာ၊ မြေကြီးဘုရင်ခံယူ၊ နှလုံးခပ်သိမ်း၊ နေရာပြင်ထား၊ ကမ္ဘာမိုးမြေအေးကျူး၊ ကမ္ဘာမိုးမြေအေးကျူး၊ ကမ္ဘာ၊ ကမ္ဘာမိုးမြေအေးကျူး။ *2 မြေကြီးဝမ်းမြောက်၊ ယေရှုစိုးစံ၊ လူများသီချင်းဆိုစေ၊ လယ်ပြင်ပင်လယ်၊ ကျောက်တောင်အသံ၊ ပြန်၍မြည်ကြကုန်လေ၊ ပြန်၍မြည်ကြကုန်လေ၊ ပြန်၍၊ ပြန်၍မြည်ကြကုန်လေ။ *3 နောက်နောင်အပြစ်၊ ဒုက္ခမပွား၊ ဆူးပင်မနှောင့်ယှက်ပြီ၊ အမင်္ဂလာမှမင်္ဂလာ၊ ထုတ်ဖေါ်အောင်ကြွလာသည်၊ ထုတ်ဖေါ်အောင်ကြွလာသည်၊ ထုတ်ဖေါ်၊ ထုတ်ဖေါ်အောင်ကြွလာသည်။ *4 သမ္မာတရား၊ ဆုကျေးဇူးဖြင့်၊ လောကအုပ်ချုပ်ပေသည်၊ မေတ္တာတော်ဘုန်း၊ တန်ခိုးတော်နှင့်၊ လူတိုင်းကိုသိစေသည်၊ လူတိုင်းကိုသိစေသည်၊ လူတိုင်း၊ လူတိုင်းကိုသိစေသည်။ === code 29 title ကြည်လင်သာယာသန်းခေါင်းယံမှာကျူး title_original It Came Upon the Midnight Clear 1=Ab 6/8 tune CAROL C.M.D. authors_lyric Edmund H. Sears (1810-1876) authors_music Richard S. Willis (1819-1900) scriptureReferences Luke.2.13 *1 ကြည်လင်သာယာသန်းခေါင်းယံမှာ၊ ကောင်းကင်တမန်များသည်၊ ရွှေစောင်းများကိုကိုယ်စီကိုင်ကာ၊ ချီးမွမ်းကျူးအေးကြသည်၊ ငြိမ်သက်ခြင်းနှင့်အလိုတော်သည်၊ မြေကြီးပေါ်ရောက်စေသော်၊ ကောင်းကင်သီချင်းသံကြားစေမည်၊ တိတ်ဆိတ်သောမြေကြီးပေါ်။ *2 ကောင်းကင်သားသီချင်းသံသာယာ၊ ကောင်းကင်မှထွက်လာသည်၊ မောပန်းလှသောဤလောကမှာ၊ ထိုသီချင်းသံကြားသည်၊ ဝမ်းနည်းဖွယ်ရာထိုလှိုင်းပေါ်မှာ၊ ကောင်းကင်သားများဝဲကြ၊ လောကရှုပ်ထွေးဒုက္ခထဲမှာ၊ ထိုသီချင်းသံကြားရ။ *3 ပုရောဖက်များဟောကြားသမျှ၊ လျင်မြန်စွာပြည့်စုံရှာ၊ နှစ်များသည်လွန်သွားစဉ်ကာလ၊ ဟောချက်အတိုင်းဖြစ်လာ၊ ကောင်းကင်သစ်နှင့်မြေကြီးသစ်တွင်၊ ကိုယ်တော်ကိုဝန်ခံလျှင်၊ ကောင်းကင်သားများ၏သီချင်းကို၊ တစ်လောကလုံးကျူးဆို။ === code 30 title သစ္စာစောင့်သူများလာကျူး title_original O Come, All Ye Faithful 1=G 4/4 tune ADESTE FIDELES Irregular, Ref. authors_lyric Tr. by Frederick Oakley and others (1802-1880) authors_music John F. Wade's Cantus Diversi, 1751 scriptureReferences Luke.2.15 *1 ရွှင်လန်းဝမ်းမြောက်ဝမ်းသာသစ္စာစောင့်သူများလာ၊ ဗက်လင်မြို့သို့အားလုံးသွားကြကုန်စို့၊ ကောင်းကင်ဘုရင်သားတော်ရှင်ကိုဖူးမြင်ဖို့။ *ref လာကြ၊ ကိုးကွယ်ကြကုန်အံ့၊ လာကြ၊ ကိုးကွယ်ကြကုန်အံ့၊ ခရစ်တော်ရှင်ကို ကိုးကွယ်ကြကုန်အံ့။ *2 ထက်ကောင်းကင်တမန်များဝမ်းသာစွာသီချင်းဆို၊ ကောင်းကင်သားများသီချင်းကျူးအေးကြပါ၊ ထက်ကောင်းကင်ဘုရားဘုန်းတော်ကြီးပါစေသား။ *3 ဝမ်းမြောက်ဖွယ်နံနက်မှာဖွားတော်မူခံရှင်အား၊ ဘုန်းတော်မြတ်ချီးကျူးလျက်နာမတော်ကြွေးကြော်၊ လူဇာတိခံသောဘုရားနှုတ်ကပါတ်တော်။ === code 31 title အိုသိမ်ငယ်သောဗက်လင်မြို့မှာကျူး title_original O Little Town of Bethlehem 1=F 4/4 tune ST. LOUIS 8.6.8.6.7.6.8.6. authors_lyric Phillips Brooks (1835-1893) authors_music L. H. Redner (1831-1908) scriptureReferences Luke.2.14 *1 အိုသိမ်ငယ်သောဗက်လင်မြို့မှာ၊ တိတ်ဆိတ်စွာရှိနေခါ၊ သာယာငြိမ်သက်လူတို့အိပ်ရာ၊ ကြယ်များဖြတ်သန်းသွားလာ၊ မှောင်မိုက်လွှမ်းမိုးလမ်းပေါ်မှာ၊ စဉ်မြဲကာလထွန်းကာ။ နှစ်ပေါင်းများစွာမျှော်လင့်လေရာ၊ ဤညဉ့်တွင်ပြည့်စုံလာ။ *2 မယ်တော်မာရိသည်ထိုညဉ့်မှာ၊ သားတော်ဖွားတော်မူရှာ၊ ကောင်းကင်သားများကောင်းကင်ဘုံက၊ မေတ္တာတော်စောင့်ကြည့်ကြ၊ မိုးသောက်ကြယ်များတူတကွ၊ ဖွားမြင်ကြောင်းကြွေးကြော်ကြ။ ဘုရားဂုဏ်တော်ချီးမွမ်းကြွေးကြော်၊ ငြိမ်သက်ခြင်းမြေကြီးပေါ်။ *3 ကြီးမြတ်သောသူသနားစဉ်ခါ၊ မည်မျှတိတ်ဆိတ်သာယာ၊ လူများပေါ်သို့ကောင်းချီးပေးရာ၊ ထိုနည်းတူပင်ဖြစ်ပါ၊ သံတော်နားဖြင့်မကြားရ၊ အပြစ်ပြည့်ဝလောက။ သို့သော်ကိုယ်တော်လက်ခံသူတွင်၊ ကိန်းဝပ်မူရန်ကြွဝင်။ *4 ဗက်လင်မြို့သားသူငယ်ဘုရား၊ ဆင်းသက်ကြွတော်မူပါ၊ အပြစ်များကိုပယ်ရှားပြီးခါ၊ စိတ်တွင်ကိန်းတော်မူပါ၊ ဝမ်းမြောက်ဖွယ်ရာသတင်းကို၊ ကောင်းကင်သားများမြွက်ဆို။ ဧမာနွေလအရှင်ဘုရား၊ ကြွလာကိန်းတော်မူပါ။ === code 32 title ရှေ့ပြည်မှရှင်ဘုရင်သုံးပါးကျူး title_original We Three Kings of Orient 1=G 3/8 tune KINGS OF ORIENT 8.8.8.6.Ref. authors_lyric John H. Hopkins (1820-1891) scriptureReferences Matt.2.1 *1 ရှေ့ပြည်မှရှင်ဘုရင်သုံးပါး၊ လက်ဆောင်ပဏ္ဏာများနှင့်ရောက်လာ။ ထူးဆန်းသောကြယ်လမ်းညွှန်ပြရာ၊ လမ်းတစ်လျှောက်လုံးလိုက်လာ။ *ref အို - ရောင်ခြည်လင်း၊ အံ့ဖွယ်ကြယ်မင်း၊ တင့်တယ်တောက်ရောင်ခြည်ထွန်းလင်း၊ စုံလင်သောအလင်းတော်မြတ်သို့၊ ရှေ့ပြည်မှလမ်းပြဆောင်ပို့။ *2 သူငယ်တော်အားဘိသိက်မြှောက်ရာ၊ ရွှေမကိုဋ်ကိုဆက်ရန်ယူလာ။ ကိုယ်တော်ရှင်ဘုရင်မင်းမြတ်သည်၊ စဉ်မပြတ်အုပ်စိုးမည်။ *3 လောဗန်နှင့်မွှေးကြိုင်သောနံ့သာ၊ ဆက်ကပ်ဖို့ရာကျွန်ုပ်ယူလာ။ ဆုတောင်းပတ္ထနာချီးမွမ်းကာ၊ ဘုရားထံတော်ဝင်လာ။ *4 မွှေးကြိုင်သောမုရန်စေးကိုသာ၊ ကျွန်ုပ်သည်ပူဇော်ဆက်ဖို့လာ။ သင်္ချိုင်းတွင်းမှာသိပ်ထားကာလ၊ မုရန်စေးမွှေးကြိုင်လှ။ *5 တိုင်ပေါ်မှာပူဇော်ပြီးသောခါ၊ ကယ်တင်ရှင်သေခြင်းမှထလာ။ ကောင်းကင်သားနှင့်မြေကြီးသားတွေ၊ ဟာလေလုယဆိုလေ။ === code 33 title သိုးထိန်းတို့သည်သိုးကိုစောင့်လျက်ကျူး title_original While Shepherds Watched Their Flocks 1=F 4/4 tune WINCHESTER OLD C.M. authors_lyric Nahum Tate (1652-1715) authors_music Este's Psalter, 1592 scriptureReferences Luke.2.8 *1 သိုးထိန်းတို့သည်သိုးကိုစောင့်လျက်၊ မြေပေါ်ထိုင်နေစဉ်ခါ၊ ကောင်းကင်တမန်ထင်ရှားဆင်းသက်၊ ဘုန်းတန်ခိုးရောင်ခြည်ဖြာ။ *2 မြေကြီးသားများမကြောက်ကြလင့်၊ ဝမ်းမြောက်ဖွယ်ရာသတင်း၊ သင်တို့ရှိရာဆောင်ခဲ့သဖြင့်၊ ကျူးကြဂုဏ်တော်သီချင်း။ *3 ယနေ့ပင်လျှင်ဒါဝိဒ်မြို့တွင်၊ ဒါဝိဒ်အမျိုးအနွယ်၊ ခရစ်တော်သခင်ကယ်တင်ရှင်၊ ဖွားမြင်ပြီးမြတ်သူငယ်။ *4 အဝတ်နှင့်ပတ်ရစ်အိပ်စက်စေ၊ စားကျင်းတွင်စက်တော်ခေါ်၊ သင်တို့ခုမသွေသွားရှာဖွေ၊ ဖူးတွေ့မည်သူငယ်တော်။ *5 ကောင်းကင်တမန်ဤသို့မြွက်ပေ၊ ရောင်ဝါထင်ရှားဗိုလ်ခြေ၊ မြတ်ဘုန်းတော်ထောမနာပြုလို့၊ ဘုရားရှင်ချီပင့်စို့။ === code 34 title တိတ်ဆိတ်ည၊ သန့်ရှင်းညကျူး title_original Silent Night, Holy Night 1=Bb 6/8 tune STILLE NACHT Irregular authors_lyric Joseph Mohr (1792-1848) authors_music Franz Gruber (1787-1863) scriptureReferences Luke.2.8 *1 တိတ်ဆိတ်ည၊ သန့်ရှင်းည၊ သူငယ်တော်အိပ်စဉ်ခါ။ ကောင်းကင်မှာကြယ်လင်းရောင်ခြည်၊ သူငယ်တော်ပေါ်ထွန်းတောက်သည်။ ကောင်းကင်ငြိမ်သက်ခြင်းသည်၊ ကိုယ်တော်မြတ်ပေါ်မှာတည်။ *2 တိတ်ဆိတ်ည၊ သန့်ရှင်းည၊ မှောင်ကွယ်သွားရောင်ခြည်လာ။ ကောင်းကင်သားများသီချင်းသံ၊ သိုးထိန်းသားများတို့နာခံ။ ခရစ်တော်ကယ်တင်ရှင်၊ မြေကြီးပေါ်သို့သက်ဆင်း။ *3 တိတ်ဆိတ်ည၊ သန့်ရှင်းည၊ လမ်းပြကြယ်လမ်းပြပါ။ ရှေ့ပြည်ကပညာရှိများ၊ ထံတော်သို့လက်ဆောင်ယူလာ။ ခရစ်တော်ကယ်တင်ရှင်၊ မြေကြီးပေါ်သို့သက်ဆင်း။ *4 တိတ်ဆိတ်ည၊ သန့်ရှင်းည၊ အံ့ဖွယ်ကြယ်ထွန်းလင်းပါ။ ကောင်းကင်သားနှင့်တူတကွ၊ ဟာလေလုယအေးကျူးကြ။ ခရစ်တော်ကယ်တင်ရှင်၊ မြေကြီးပေါ်သို့သက်ဆင်း။ === code 35 title ယေရှုရှင်၏ဝတ္ထုပြောပါကျူး title_original Tell Me the Story of Jesus 1=D 4/4 tune 8.7.8.7.D.Ref. authors_lyric Fanny J. Crosby (1820-1915) authors_music John R. Sweney (1837-1899) scriptureReferences 1Tim.2.16 *1 ယေရှုရှင်၏ဝတ္ထုပြောပါ၊ စုံစွာကျွန်ုပ်စိတ်တွင်ရေး၊ ဖိုးထိုက်ဝတ္ထုကိုပြောပြပါ၊ သာယာဆုံးဝတ္ထုဖြစ်ပေ၊ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည်၊ ဖွားမြင်တော်မူစဉ်ကျူးအေး၊ ကောင်းကင်ဘဝဂ်ဘုန်းကြီးစေတည်း၊ မြေကြီး၌ငြိမ်ခြင်းရှိစေ။ *ref ယေရှုရှင်၏ဝတ္ထုပြောပါ၊ စုံစွာကျွန်ုပ်စိတ်တွင်ရေး၊ ဖိုးထိုက်ဝတ္ထုကိုပြောပြပါ၊ သာယာဆုံးဝတ္ထုဖြစ်ပေ။ *2 တော၌တစ်ဦးတည်းစာရှောင်ရာ၊ လွန်စေသောနေ့များပြောလေ၊ ဘယ်သို့စုံစမ်းခံတော်မူရှာ၊ သို့သော်အောင်မြင်တော်မူပေ၊ ဆောင်ရွက်ခဲ့သောနှစ်များပြောပါ၊ ခံသောဝမ်းနည်းခြင်းပြောလေ၊ ငြင်းပယ်နှိပ်စက်ခြင်းများခံရာ၊ အိမ်မဲ့ဆင်းရဲခံရချေ။ *3 ဆွဲထားကပ်တိုင်အကြောင်းပြောလေ၊ ဝ္လေနာပြင်းစွာခံနေ၊ လျောင်းသောသင်္ချိုင်းတော်ကိုပြောလေ၊ ဘယ်သို့ထမြောက်ကြောင်းပြောလေ၊ မေတ္တာတော်သိမ်မွေ့ဝတ္ထုတွင်၊ သေချာထင်ရှားကျွန်ုပ်မြင်၊ သင်ပြောစဉ်ကျွန်ုပ်လျင်ငိုမည်၊ မေတ္တာကျွန်ုပ်ကိုရွေးပြီ။ === code 36 title လက်ဝါးကပ်တိုင်ကျွန်ုပ်မြင်လျှင်ကျူး title_original When I Survey the Wondrous Cross 1=D 3/4 tune ROCKINGHAM OLD L.M. authors_lyric Isaac Watts (1674-1748) authors_music Edward Miller (1731-1807) scriptureReferences Gal.6.14 *1 ဘုန်းကြီးဘုရင်အသက်စွန့်သော၊ လက်ဝါးကပ်တိုင်ကျွန်ုပ်မြင်လျှင်၊ သုခချမ်းသာအနိစ္စသဘော၊ ညစ်ကြေးပယ်ရှင်းမာနကင်းစင်။ *2 ကြည့်လော့လက်ခြေနံဘေးခေါင်းတော်၊ ဒုက္ခမေတ္တာရောလျက်ယိုစီး၊ ဤသို့တစ်ခါတွေ့ဖူးသလော၊ ဆူးဦးရစ်တော်မတူနိုင်ပြီ။ *3 ခရစ်တော်ကပ်တိုင်မှတစ်ပါး၊ ကျွန်ုပ်ဝါကြွားရာမရှိပြီ၊ ပျော်မွေ့ရာနတ္တိပါတကား၊ အကုန်အစင်ကျွန်ုပ်စွန့်ပြီ။ *4 စကြဝဠာလှူနိုင်သော်လည်း၊ ထိုဒါနမမည်ချည်းနှီးတည်း၊ မေတ္တာတော်မြတ်အောက်မေ့သောခါ၊ အသက်ဝိညာဉ်ဆက်ကပ်မှသာ။ === code 37 title ဝေးလှသောတောင်ကုန်းပေါ်ထူထားသော တိုင်တော်ကျူး title_original The Old Rugged Cross 1=Ab 6/8 tune 12.8.12.8.Ref. authors_lyric George Bennard (1873-1958) authors_music George Bennard, 1913 scriptureReferences Gal.6.14 *1 ဝေးလှသောတောင်ကုန်းပေါ်ထူထားသောတိုင်တော်သည်၊ ရှက်ကြောက်ဖွယ္လ်ုက္ခခံရာတိုင်တည်း။ ပြစ်လောကကိုကယ်ရန်သေခံရာတိုင်တော်ကို၊ ကျွန်ုပ်သည်ထူးပင်ချစ်ခင်မြတ်နိုး။ *ref တိုင်တော်ကိုကျွန်ုပ်သည်လေးမြတ်မည်၊ လမ်းဆုံးမှာအောင်ပန်းကိုချထားမည်။ ကျွန်ုပ်သည်မှီတွယ်သောတိုင်တော်နှင့်၊ သရဖူကိုတစ်နေ့ဖြင့်လဲချင်။ *2 လောကလုံးရွံရှာသောလက်ဝါးကပ်တိုင်တော်သည်၊ ဆွဲနိုင်သောတန်ခိုးသည်အံ့ဖွယ်တည်း။ ထက်ကောင်းကင်ဘုန်းတော်ပင်သိုးသငယ်စွန့်ပြီးကာ၊ သစ်တိုင်မှာသေခံရန်ကြွဆင်းလာ။ *3 သွေးတော်နှင့်စွန်းထင်းသောလက်ဝါးကပ်တိုင်တော်သည်၊ အံ့ဖွယ်တင့်တယ်စွာကျွန်ုပ်မြင်သည်။ ကျွန်ုပ်ကိုပြစ်လွှတ်လျက်သန့်ရှင်းစင်ကြယ်စေရန်၊ ယေရှုရှင်ထိုတိုင်ပေါ်မှာသေခံ။ *4 တိုင်တော်ကိုကျွန်ုပ်သည်စဉ်သစ္စာရှိပါမည်၊ ကဲ့ရဲ့ခြင်းပြစ်တင်ခြင်းခံလိုသည်။ ကောင်းကင်ဘုံစံဖို့ရာကိုယ်တော်ရှင်ခေါ်သောအခါ၊ ကိုယ်တော်နှင့်အတူဘုန်းတော်ဝင်မှာ။ === code 38 title တိုင်တော်တွင်ကျူး title_original At the Cross 1=Eb 4/4 tune C.M.Ref. authors_lyric Isaac Watts (1674-1748) authors_music Ralph E. Hudson (1843-1901) scriptureReferences John.12.32 *1 ကိုယ်တော်ဝန်ခံ၊ မှုတော်ဆောင်ရွက်၊ ကျွန်ုပ်အလျှင်းမရှက်။ နှုတ်ကပတ်တော်ချီးမွမ်းမြှောက်စား၊ တိုင်တော်မြတ်ဝါကြွားရာ။ *ref တိုင်တော်တွင်၊ တိုင်တော်တွင်၊ ပထမအလင်းမြင်၊ ကျွန်ုပ်နှလုံးမှဝန်ထုပ်လိမ့်သွား၏။ ထိုမှာယုံခြင်းဖြင့်အလင်းကိုမြင်သည်၊ ယခု၊ တစ်နေ့လုံးဝမ်းမြောက်လျက်ရှိ။ *2 ယေရှုနာမတော်မြတ်သိ၏၊ ထိုနာမကိုယုံကြည်။ ကျွန်ုပ်ဝိညာဉ်ရှက်ခြင်းကင်းစေ၊ မျှော်လင့်ခြင်းလည်းတည်စေ။ *3 ပလ္လင်တော်မြတ်ခိုင်ခံ့သည်နည်း၊ ကတိတော်မြတ်တည်၏။ လက်တော်ထဲမှအပ်ထားသမျှ၊ ကိုယ်တော်စောင့်ထိန်းနိုင်ပါ။ *4 ခမည်းတော်ရှင်မျက်မှောက်တော်တွင်၊ ကျွန်ုပ်တို့ဝန်ခံမည်။ ယေရုရှလင်မြို့တော်သစ်မှာ၊ ကျွန်ုပ်နေရာပြင်ထား။ === code 39 title သင်္ချိုင်းတွင်းမှာလျောင်းသည်ကျူး title_original Low in the Grave He Lay 1=C 4/4 authors_lyric Robert S. Lowry (1826-1899) scriptureReferences Mark.16.6 *1 သင်္ချိုင်းတွင်းမှာလျောင်းသည်၊ ယေရှုကယ်တင်ရှင်။ ထမြောက်ရာနေ့မျှော်ကြည့်၊ ယေရှုသခင်။ *ref သင်္ချိုင်းတွင်းမှထမြောက်ပြီ၊ ရန်သူများပေါ်ဘုန်းတော်လွှမ်းမိုးခါ၊ နက်နဲရာထဲမှအောင်မြင်စွာတက်ကြွပြီ၊ သန့်ရှင်းသူနှင့်စိုးစံသက်ရှင်ထာဝရ၊ ထမြောက်ပြီ၊ ထမြောက်ပြီ၊ ဟာလေလုယထမြောက်ပြီ။ *2 သင်္ချိုင်းချည်းနှီးစောင့်သည်၊ ယေရှုကယ်တင်ရှင်။ အလောင်းတံဆိပ်ခတ်သည်၊ ယေရှုသခင်။ *3 သေမင်းမအောင်နိုင်ပြီ၊ ယေရှုကယ်တင်ရှင်။ သေခြင်းတန်ခိုးဖျက်ဆီး၊ ယေရှုသခင်။ === code 40 title ယေရှုသည်မှုထား၏လားကျူး title_original Does Jesus Care? 1=C 6/8 tune 9.8.10.8.Ref. authors_lyric Frank E. Graeff (1860-1919) authors_music J. Lincoln Hall (1866-1930) scriptureReferences 1Pet.5.7 *1 စိတ်တွင်နာ၍ရွှင်လန်းခြင်းကင်းကာ၊ သီချင်းမဆိုနိုင်စဉ်ခါ၊ ဝန်ကလည်းဖိထားလမ်းလည်းမရှင်းရှာ၊ ယေရှုရှင်မှုထားပါ၏လား။ *ref ဟုတ်ကဲ့မှုထား၊ ယေရှုမှုထား၊ ဝမ်းနည်းခြင်းကိုယ်တော်သိရှာ၊ မောပန်းနေ့များမှာ၊ စိတ်ညှိုးငယ်ညဉ့်ရှည်လျားချိန်မှာ၊ ယေရှုမှုထား။ *2 ကျွန်ုပ်လမ်းတွင်မှောင်မိုက်ဖုံးလွှမ်းကာ၊ စိုးရိမ်ကြောက်မက်နေစဉ်ခါ၊ နေရောင်ညှိုးနွမ်းခါ၊ ညဉ့်မှောင်ရိပ်အောက်မှာ၊ ချဉ်းကပ်ဖို့မှုထားပါ၏လား။ *3 ချစ်သူတို့ကိုနှုတ်ဆက်ပြီးချိန်ခါ၊ ယေရှုသည်မှုထား၏လား၊ ဝမ်းနည်းစိတ်နာကာကွဲမတတ်ဖြစ်စဉ်၊ ယေရှုရှင်ဝမ်းနည်းပါ၏လား။ === code 41 title မေတ္တာတော်သီချင်းဆိုမည်ကျူး title_original I Will Sing of Jesus' Love 1=Bb 4/4 tune 7.7.7.7.Ref. authors_lyric F. E. Belden (1858-1945) scriptureReferences 1John.4.19 *1 မေတ္တာတော်သီချင်းဆိုမည်၊ ကျွန်ုပ်ကိုစတင်ချစ်သည်၊ ကိုယ်တော်သည်၊ ထက်ရပ်မှလာ၊ ကရာနီသေခံမူပြီ။ *ref မေတ္တာတော်သီချင်းဆိုမည်၊ ကိုယ်တော်ကိုစဉ်ချီးမွမ်းမည်၊ ကယ်တင်ရန်သေခံမူပြီ၊ မေတ္တာတော်သီချင်းဆိုမည်။ *2 မျက်ရည်များမယိုစီးမီ၊ မျက်ရည်တော်လူ့တွက်စီးပြီ၊ ဆုတောင်းခြင်း၊ မပြုလုပ်မီ၊ ငါ့တွက်ဆုတောင်းမူလေပြီ။ *3 မေတ္တာတော်အနန္တပင်၊ ကောင်းကင်မြေမသိအလျှင်း၊ ပြစ်များသည်၊ မည်းနက်လျက်ရှိ၊ မိုးပွင့်ကဲ့သို့ဖြူစေသည်။ *4 ကိုယ်တော်တွက်ကောင်းမှုမပြု၊ ကိုယ်တော်သည်မရှုလျစ်လျူ၊ ငါ့စိတ်ကို၊ ကိုယ်တော်ပိုင်ရာ၊ မေတ္တာတော်တုံ့ပြန်စေပါ။ === code 42 title ယေရှုဆပ်ပေးပြီးကျူး title_original Jesus Paid it All 1=Bb 3/4 tune 6.6.6.6.Ref. authors_lyric Mrs. Elvina M. Hall (1820-1889) authors_music John T. Grape (1835-1915) scriptureReferences Isa.1.18 *1 ကယ်တင်ရှင်မိန့်မူရှာ၊ သင်ခွန်အားနည်းပါးသည်၊ စောင့်နေလျက်ဆုတောင်းပါ၊ စုံလင်ခြင်းငါ၌တွေ့မည်။ *ref ရှိသောကျွန်ုပ်ကြွေး၊ ယေရှုဆပ်ပေးပြီး၊ ပြစ်စွန်းထင်းနီမြန်းသော်လည်း၊ မိုးပွင့်လိုဖြူစေတည်း။ *2 သခင်ငါတွေ့သည်မှာ၊ ကိုယ်တော်တန်ခိုးသာလျှင်၊ နူနာကွယ်ပျောက်စေပါ၊ ကျောက်နှလုံးရေပျော်စေနိုင်။ *3 ကျေးဇူးတော်နှင့်ထိုက်သည့်၊ ကောင်းမှုတစ်ခုမရှိ၊ သိုးသငယ်သွေးတော်သည်၊ ကျွန်ုပ်ဝတ်လုံဖြူစေမည်။ *4 ပလ္လင်တော်ရှေ့ရပ်လျှင်၊ ကိုယ်တော်၌စုံလင်မည်၊ ယေရှုခြေရင်းတော်တွင်၊ သရဖူကိုချထားမည်။ === code 43 title ကောင်းဆုံးမိတ်ဆွေကျူး title_original Jesus is All the World to Me 1=G 6/8 tune ELIZABETH Irregular authors_lyric Will L. Thompson (1847-1909) scriptureReferences Col.3.11 *1 ယေရှုသည်ကောင်းဆုံးမိတ်ဆွေတည်း၊ ရွှင်လန်းသက်ရှင်စေသည်၊ နေ့စဉ်ခွန်အား၊ ထံတော်မှရ၊ ကိုယ်တော်ပါမှပြီးရာ။ ဝမ်းနည်းသောခါ၊ ထံတော်ချဉ်းကပ်၊ အခြားမိတ်ဆွေမကယ်နိုင်ပါ၊ ကိုယ်တော်ရှင်သာ၊ ဝမ်းမြောက်စေသည်၊ မိတ်ဆွေတည်း။ *2 ယေရှုသည်ကောင်းဆုံးမိတ်ဆွေတည်း၊ ဒုက္ခမှကယ်မသည်၊ ကောင်းချီးခံရန်၊ ထံတော်ချဉ်းကပ်၊ ထပ်မံ၍ပေးဦးမည်။ နေအလင်းနှင့်မိုးရေကိုပေး၊ ကောက်ပဲသီးနှံကြွယ်ဝစွာကျွေး၊ နေလင်း၊ မိုးရေ၊ သီးနှံပေးသည်၊ မိတ်ဆွေတည်း။ *3 ယေရှုသည်ကောင်းဆုံးမိတ်ဆွေတည်း၊ ကျွန်ုပ်အမှန်ချစ်မည်၊ ဤမျှချစ်သော၊ မိတ်ဆွေစစ်ကို၊ ဘယ်ခါမျှမပယ်လို၊ လမ်းမှန်လျှောက်ရန်ကိုယ်တော်နောက်လိုက်၊ နေ့ညမပြတ်စောင့်ရှောက်စဉ်ခိုက်၊ နောက်တော်သို့လိုက်၊ အစဉ်တစိုက်၊ မိတ်ဆွေတည်း။ *4 ယေရှုသည်ကောင်းဆုံးမိတ်ဆွေတည်း၊ ခြားမိတ်ဆွေမလိုပြီ၊ ကိုယ်တော်ကိုသာ၊ ယုံကြည်အားကိုး၊ အသက်ဆုံးသည်တိုင်အောင်။ ကောင်းဆုံးမိတ်ဆွေနှင့်စဉ်ပျော်နေ၊ ထိုအသက်တာမဆုံးနိုင်လေ၊ ထာ၀ရသက်၊ ဝမ်းမြောက်စဉ်ဆက်၊ မိတ်ဆွေတည်း။ === code 44 title အိုကျွန်ုပ်သည်မိတ်ဆွေတွေ့ပြီကျူး title_original I've Found a Friend 1=Ab 3/4 tune FRIEND 8.7.8.7.D. authors_lyric J. G. Small (1817-1888) authors_music George C. Stebbins (1846-1945) scriptureReferences John.15.16 *1 အိုကျွန်ုပ်သည်မိတ်ဆွေတွေ့ပြီ၊ မသိမီချစ်တော်မူသည်။ မေတ္တာတော်ကြိုးဖြင့်ဆွဲယူသည်၊ ဤနည်းဖြင့်ချည်နှောင်မူသည်။ ကျွန်ုပ်နှလုံးထိုကြိုးပတ်စည်း၊ ဘယ်အရာမဖြေနိုင်ပြီ။ ကျွန်ုပ်ကိုကိုယ်တော်ပိုင်သတည်း၊ ထာဝရစဉ်ဆက်ပိုင်သည်။ *2 အိုကျွန်ုပ်သည်မိတ်ဆွေတွေ့ပြီ၊ ကျွန်ုပ်ကယ်ရန်သေခံသည်။ အသက်တော်ကိုပေးကမ်းခဲ့ပြီ၊ ကိုယ်ကိုပင်လည်းပေးမူသည်။ ကိုယ်ပိုင်မရှိပစ္စည်းလုံးလုံး၊ ပေးသောသခင်ကိုယ်တော်ရှင်။ နှလုံးခွန်အားအသက်အားလုံး၊ ကိုယ်တော်ပိုင်မူ၏အစဉ်။ *3 အိုကျွန်ုပ်သည်မိတ်ဆွေတွေ့ပြီ၊ တန်ခိုးအားလုံးအပ်နှံပြီ။ အထက်ခရီးလမ်းစောင့်ထိန်းသည်၊ ကောင်းကင်သို့ပို့ဆောင်မူမည်။ အဝေးမှဘုန်းတော်ရောင်ခြည်သည်၊ အားပေးရန်ထွန်းတောက်နေရှာ။ ယခုစောင့်လျက်လုပ်ကိုင်နေသည်၊ ထိုနောက်အစဉ်မြဲနားရာ။ *4 အိုကျွန်ုပ်သည်မိတ်ဆွေတွေ့ပြီ၊ သစ္စာရှိသိမ်မွေ့ကြင်နာ။ ကြံပေးလမ်းပြလိမ္မာလှသည်၊ ကာကွယ်ရန်စွမ်းကြီးမူပါ။ ဤသို့ချစ်သောအရှင်ထံမှ၊ ခွဲခွာနိုင်တန်ခိုးရှိနည်း။ ရှင်ခြင်းသေခြင်းငရဲလောက၊ ကိုယ်တော်၌သာထာဝရ။ === code 45 title ယေရှုချစ်တော်မူပါသည်ကျူး title_original Jesus Loves Me! This I know 1=C 4/4 tune BRADBURY 7.7.7.7.Ref. authors_lyric Anna B. Warner (1820-1915) alt authors_music William B. Bradbury (1816-1868) scriptureReferences Prov.8.17 *1 ယေရှုချစ်တော်မူပါသည်၊ ကျမ်းစာအားဖြင့်သိပါ၏။ စွမ်းအားကြီးသောကိုယ်တော်သည်၊ အားနည်းသူငယ်ကိုပိုင်၏။ *ref အကျွန်ုပ်ကိုလည်း၊ ချစ်တော်မူပါ၏။ ကျမ်းစာ၌လာသည်၊ ယေရှုချစ်တော်မူ၏။ *2 ချစ်တော်မူသောယေရှုရှင်၊ အသက်တော်စွန့်ခြင်းဖြင့်ပင်။ ကောင်းကင်ဘုံကိုဖွင့်ထားပြီ၊ ဆေးကြောလက်ခံတော်မူမည်။ *3 ချစ်တော်မူပါသည်အစဉ်၊ ကျွန်ုပ်နားနေအားနည်းလျှင်။ ကောင်းကင်ဘုံကကိုယ်တော်သည်၊ ဆင်း၍ကြည့်ရှုတော်မူမည်။ *4 ယေရှုချစ်တော်မူပါသည်၊ ကိုယ်တော်နီးနေတော်မူမည်။ ကျွန်ုပ်ပြန်၍ချစ်ခဲ့လျှင်၊ အိမ်တော်၌နေမည်အစဉ်။ === code 46 title မေတ္တာတော်မြတ်ကျူး title_original Love Divine 1=Ab 4/4 tune BEECHER 8.7.8.7.D. authors_lyric Charles Wesley (1707-1788) authors_music John Zundel (1815-1882) scriptureReferences 1John.4.16 *1 မေတ္တာတော်မြတ်သာလွန်မေတ္တာ၊ ကောင်းကင်မှမြေသို့ကြွလာ။ အကျွန်ုပ်တို့နေအိမ်ကုပ်မှာ၊ ကရုဏာတော်ကိန်းအောင်းပါ။ ယေရှုကိုယ်တော်ကြွယ်ဝမေတ္တာ၊ အနန္တမေတ္တာရှင်မှာ။ ကယ်တင်ခြင်းနှင့်ကြွလာမူရှာ၊ တုန်လှုပ်စိတ်ထဲစံမူပါ။ *2 ကိုယ်တော်ချစ်ခြင်းဝိညာဉ်သွန်းလေ၊ သောကပူပန်စိတ်တို့တွင်။ ကျေးဇူးတော်များအမွေခံစေ၊ ကတိတော်ချမ်းသာနားဝင်။ ဒုစရိုက်အလိုများပယ်ရှား၊ အာလဖနှင့်ဩမေဃ။ စိတ်လွတ်ခြင်းအခွင့်ပေးသနား၊ ယုံခြင်းအဆုံးနှင့်အစ။ *3 ကယ်ချွတ်ရန်စွမ်းကြီးသောအရှင်၊ ကျွန်ုပ်တို့ကျေးဇူးခံစေ။ လျင်မြန်ဆင်းလျက်ကျွန်ုပ်ထဲတွင်၊ ဗိမာန်ကိုစွန့်ပယ်နှင့်လေ။ ကိုယ်တော်ကိုအစဉ်ချီးမွမ်းလို၊ ကောင်းကင်ဗိုလ်ခြေတူစွာလေ။ ဆုတောင်းနေလျက်မေတ္တာတော်ကို၊ ချီးမြှောက်ရန်မပြတ်လိုပေ။ *4 အသစ်ဖန်ဆင်းပြီးစေမူလို၊ ကျွန်ုပ်တို့သန့်ရှင်းစုံလင်။ ကိုယ်တော်ကယ်တင်ခြင်းတရားကို၊ ပြည့်စုံတည်ကြည်ခြင်းမြင်ချင်။ ကောင်းကင်ဘုံသို့ရောက်သည်တိုင်အောင်၊ ဘုန်းတော်မှဘုန်းတော်ဝင်မှာ။ သရဖူများရှေ့တော်ပို့ဆောင်၊ အံ့ဩချီးမွမ်းကြပေမည်။ === code 47 title အိုသိုးထိန်းဘုရားကျူး title_original Oh Shepherd Divine 1=Eb 6/4 tune MY SHEPHERD Irregular authors_lyric Herbert Work (1904-1982) scriptureReferences John.10.16 *1 အိုသိုးထိန်းဘုရား၊ ကျွန်ုပ်တွက်ဖြစ်ရာ၊ ညမှောင်ချိန်မှာရှာဖွေမူရှာ၊ မှောင်အေးလောကမြေ၊ သိုးခြံနွေးထွေးနေ၊ သိုးထိန်းရှင်နောက်တော်လိုက်မှာ။ ကိုယ်တော်ဆီမီး၊ ကျွန်ုပ်လမ်းရောင်ခြည်ထွန်းလင်း။ စုံလင်ခြင်းနေ့တိုင်အောင်၊ ဘုန်းတော်ရောင်လင်းစေ၊ စိမ်းလန်းမြက်ခင်းပြင်ချိုင့်ဝှမ်းလျောင်းစေကာ၊ သိုးထိန်းရှင်နောက်တော်လိုက်မှာ။ *2 အိုသိုးထိန်းဘုရား၊ ကျွန်ုပ်တွက်ဖြစ်ရာ၊ စိတ်နှလုံးတော်ကြေကွဲမူရှာ၊ ကိုယ်တော်ကျေးဇူးနှင့်ပညတ်တော်တို့သည်၊ ဆုံစည်းကြကရာနီမှာ။ သက်တော်မြတ်ပေး၊ ကျွန်ုပ်ဝိညာဉ်ပြစ်လွှတ်စေ။ ပြစ်သားစုံလင်စေရန်စိတ်တော်ကြေကွဲရှာ၊ ပျောက်ကွယ်ဤလောက၊ ကပ်တိုင်၌ထင်ရှား၊ သိုးထိန်းရှင်နောက်တော်လိုက်မှာ။ *3 အိုသိုးထိန်းဘုရား၊ ကျွန်ုပ်တွက်ဖြစ်ရာ၊ နောက်တော်လိုက်ရန်မိန့်တော်မူရှာ၊ ဝိညာဉ်ဆုကျေးဇူး၊ ယနေ့သတင်းပေး၊ လမ်းခရီးကိုထွန်းလင်းစေ။ သိုးငယ်များတွက်အံ့ဖွယ်မေတ္တာတော်ကြီးမား၊ ငြိမ်သက်နက်ရှိုင်းရေရှိရာရှေ့ဆောင်မူရှာ၊ သိုးထိန်းတစ်ပါးသိုးခြံတောင်ဝှေးတစ်ခု၊ သိုးထိန်းရှင်နောက်တော်လိုက်မည်။ === code 48 title မင်္ဂလာမိုးသွန်းလောင်းရွာမည်ကျူး title_original Showers of Blessing 1=Ab 6/8 tune 8.7.8.7.Ref. authors_lyric Daniel W. Whittle (1840-1901) authors_music James McGranahan (1840-1915) scriptureReferences Ezek.13.46 *1 မင်္ဂလာမိုးသွန်းလောင်းရွာမည်၊ မေတ္တာတော်၏ကတိတည်း။ အားဖြည့်သောချိန်ရောက်ရလိမ့်မည်၊ ထက်ကယ်တင်ရှင်ထံမှတည်း။ *ref ကောင်းချီးမိုးရွာစေ၊ ကောင်းချီးမိုးရွာခြင်းလိုပေ။ ကရုဏာမိုးပေါက်ကျနေပေ၊ သို့သော်မိုးရွာခြင်းလိုသေး။ *2 မင်္ဂလာမိုးသွန်းလောင်းရွာမည်၊ တောင်ချိုင့်များမှသံကြားသည်။ တစ်ဖန်အားဖြည့်စေတော်မူမည်၊ များစွာမိုးရွာသွန်းလောင်းတည်း။ *3 မင်္ဂလာမိုးသွန်းလောင်းရွာစေ၊ ကျွန်ုပ်ပေါ်တွင်ကြွယ်၀စေ။ အားဖြည့်ခြင်းကိုမစမူလေ၊ နှုတ်ကပတ်တော်ချီးမြှင့်ပေ။ *4 မင်္ဂလာမိုးသွန်းလောင်းရွာမည်၊ ယနေ့ပင်သွန်းလောင်းရွာစေ။ အပြစ်များကိုဖော်ပြပေသည်၊ ယေရှုထံဆုတောင်းကြလေ။ === code 49 title ကောင်းကင်ဘုံ၌အကျွန်ုပ်တို့အဖကျူး title_original I Am So Glad That Our Father 1=G 6/8 tune GLADNESS 10.10.10.10.Ref. authors_lyric Philip P. Bliss (1838-1876) scriptureReferences Gal.2.20 *1 ကောင်းကင်ဘုံရှိအကျွန်ုပ်တို့အဖ၊ ပေးတော်မူသောဗျာဒိတ်ကျမ်းကိုပြောပြ။ နှစ်မြို့ဖွယ်ကောင်းအမြတ်ဆုံးကိုဆိုမည်၊ ယေရှုကျွန်ုပ်ကိုသနားတော်မူသည်။ *ref ယေရှုကျွန်ုပ်ကိုချစ်တော်မူသည်၊ အားရပေသည်၊ အားရပေသည်၊ ယေရှုကျွန်ုပ်ကိုချစ်တော်မူသည်၊ ကျွန်ုပ်ကိုပင်ချစ်သည်။ *2 ကိုယ်တော်ကိုမေ့၍လမ်းလွဲတတ်သော်လည်း၊ ယေရှုငါတို့ကိုပင်အောက်မေ့သတည်း။ မေတ္တာတော်မြတ်ကိုအမှတ်ရပြန်လျှင်၊ ချစ်ဖွယ်ယေရှုထံတော်ပါးသို့ပြေးဝင်။ *3 ယေရှုရှင်ကြီးသည်ဘုန်းတော်နှင့်ကြွလာ၊ သီချင်းတစ်ပုဒ်သာကျွန်ုပ်ဆိုနိုင်ပါ။ ယေရှုကျွန်ုပ်ကိုအံ့ဖွယ်ချစ်ပေသည်၊ ထိုသီချင်းထာဝရကာလဆိုမည်။ === code 50 title အိုကောင်းဆုံးသောမိတ်ဆွေယေရှုရှင်ကျူး title_original Oh, the Best Friend to Have is Jesus 1=G 4/4 authors_lyric P. P. Bilhorn scriptureReferences John.15.14 *1 အိုကောင်းဆုံးသောမိတ်ဆွေယေရှုရှင်၊ လောကစိုးရိမ်ခြင်းများဆိုက်ရောက်လျှင်၊ နာသောစိတ်ကိုပျောက်စေမည်၊ စွမ်းအားကောင်းချီးကိုပေးမည်၊ အိုကောင်းဆုံးသောမိတ်ဆွေယေရှုတည်း။ *ref (ကောင်းဆုံးသောမိတ်ဆွေယေရှုတည်း)၂ သင်လဲသောခါထူမမည်၊ သင်ခေါ်သောခါနားညောင်းမည်၊ အိုကောင်းဆုံးသောမိတ်ဆွေယေရှုတည်း။ *2 မိတ်ဆွေယေရှုကိုကျွန်ုပ်တွေ့ပြီ၊ စိတ်ငြိမ်သက်ချမ်းသာကိုဆောင်ခဲ့သည်၊ လက်ရုံးတော်တွင်မှီနေလျှင်၊ ဘေးအန္တရာယ်ကြောက်ခြင်းကင်း၊ အိုကောင်းဆုံးသောမိတ်ဆွေယေရှုတည်း။ *3 ဝမ်းနည်းခြင်းဒုက္ခညဉ့်လျှောက်သော်လည်း၊ ယော်ဒန်မြစ်အေးသောလှိုင်းလှိမ့်သော်လည်း၊ ကြောက်ရွံ့စရာမရှိပါ၊ ကယ်တင်ရှင်သည်အနီးမှာ၊ အိုကောင်းဆုံးသောမိတ်ဆွေယေရှုတည်း။ *4 နောင်ကာလပြည်တော်သို့စုရုံးလျှင်၊ စုတေ့သောသစ္စာရှိသူတို့ပင်၊ ကိုယ်တော်မြတ်ကိုချီးမွမ်းစဉ်၊ သီဆိုမည်တစ်ဖက်ကမ်းတွင်၊ အိုကောင်းဆုံးသောမိတ်ဆွေယေရှုတည်း။ === code 51 title မေတ္တာတော်သည်ဆွဲနုတ်သည်ကျူး title_original Love Lifted Me 1=Bb 4/4 tune SAFETY 7.6.7.6.7.6.7.4.Ref. authors_lyric James Rowe (1865-1933) authors_music Howard E. Smith (1863-1918) scriptureReferences Matt.14.29 *1 ကျွန်ုပ်အပြစ်မှာနစ်၍၊ ကမ်းပါးမှဝေးခဲ့ပြီ၊ အလွန်နက်စွာရှိသောခါ၊ ထွက်ခွာမရနိုင်ပါ။ သို့သော်ရေအရှင်သခင်၊ ကျွန်ုပ်အသံကြားပြီ၊ ရေမှကျွန်ုပ်ကိုဆွဲထုတ်ခုလုံခြုံပြီ။ *ref မေတ္တာတော်သည်၊ ဆွဲယူထုတ်သည်၊ ခပ်သိမ်းမကူညီလျှင်၊ မေတ္တာဆွဲသည်၊ မေတ္တာတော်သည်၊ ဆွဲယူထုတ်သည်၊ ခပ်သိမ်းမကူညီလျှင်၊ မေတ္တာဆွဲသည်။ *2 ကိုယ်တော်အားနှလုံးအပ်ပြီ၊ ကိုယ်တော်ကိုမှီခိုသည်၊ မြတ်သောရှေ့တော်၌အစဉ်၊ ချီးမွမ်းသီချင်းဆိုမည်။ မေတ္တာတော်အစစ်ဖြစ်သည်၊ ချီးမွမ်းခြင်းခံထိုက်သည်၊ စိတ်နှလုံးဝိညာဉ်နှင့်နောက်တော်သို့လိုက်မည်။ *3 ဘေးရောက်သူထက်သို့ကြည့်ပါ၊ ယေရှုကယ်တော်မူမည်၊ ခတ်သောလှိုင်းတံပိုးထဲမှ၊ ဆွဲ၍နုတ်တော်မူမည်။ ပင်လယ်အရှင့်စကားကို၊ ပင်လယ်သည်နားထောင်၏၊ သင်၏ကယ်တင်ရှင်ဖြစ်ရန်အလိုရှိ၏။ === code 52 title ယေရှုအံ့ဖွယ်မေတ္တာတော်ကျူး title_original Sweeter As the Years Go By 1=Bb 4/4 authors_lyric Mrs. Lelia N. Morris (1862-1929) scriptureReferences Ps.92.12 *1 ယေရှုအံ့ဖွယ်မေတ္တာတော်၊ ပြစ်ရှိကျွန်ုပ်ကိုရှာ၊ ခြံသို့ပို့ဆောင်ကျေးဇူးတော်၊ တုမဲ့ကရုဏာထား၊ သမုဒ္ဒရာထက်နက်ပေ၊ ကောင်းကင်ဘုံထက်မြင့်လေ။ ထိုမေတ္တာတော်မြတ်ကြောင်းကို၊ ကျွန်ုပ်သီချင်းကျူးဆို။ *ref ယေရှုအံ့ဖွယ်မေတ္တာတော်၊ တစ်နှစ်ထက်တစ်နှစ်တိုးသိ၊ နက်နဲကျယ်ဝန်းမြင့်သောအံ့ဖွယ်မေတ္တာတော်သည်၊ ကြားလေတိုးနာလည်ရ၏။ *2 ရှေးခါယုဒပြည်တစ်ဝိုက်၊ ကိုယ်တော်သွားလာနေခိုက်၊ ကယ်ဆယ်ကျေးဇူးသိလိုငှါ၊ နောက်တော်လူတို့လိုက်ရှာ၊ ကြေကွဲနှလုံးချမ်းသာပေး၊ ကန်းသူများကိုမြင်စေ။ မြင့်မြတ်လှမဟာမေတ္တာ၊ ကျွန်ုပ်ကိုပင်လိုက်ရှာ။ *3 ကပ်တိုင်တော်၌ဝေဒနာ၊ ကျွန်ုပ်တို့တွက်ရှုံးလေ၊ ညည်းသံမပြုဘဲခံရှာ၊ ထိုမေတ္တာတော်မြတ်ပေ၊ သန့်ရှင်းသူတို့နှင့်မသဝေ၊ အသံလွှင့်ချီးမြှောက်လေ။ ကယ်တင်ရှင်အားချီးမွမ်းသံ၊ ကောင်ကင်ဘဝဂ်လုံးလျှံ။ === code 53 title ပြစ်သားများယေရှုလက်ခံကျူး title_original Christ Receiveth Sinful Men 1=C 3/4, 12/8 tune NEUMEISTER authors_lyric Erdmann Neumeister (1671-1756) authors_music James McGranahan (1840-1907) scriptureReferences Luke.15.2 *1 ပြစ်သားများယေရှုလက်ခံ၊ ကရုဏာသတင်းပြောလော့၊ ကောင်းကင်လမ်းမှလွဲသူထံ၊ လဲကျသူထံဟောပြောလော့။ *ref သီဆိုလော့၊ ထပ်ခါကျူးလော့၊ ပြစ်သားများယေရှုလက်ခံ၊ သတင်းပြောလော့ပြစ်သားထံ၊ ယေရှုရှင်ပြစ်သားလက်ခံ။ *2 လာကြလော့ချမ်းသာပေးမည်၊ ကိုးစားလော့ယေရှုမိန့်သံ၊ အယုတ်ဆုံးပင်လက်ခံမည်၊ ပြစ်သားများယေရှုလက်ခံ။ *3 ခုဩတ္တပ္ပစိတ်ရှင်းပြီ၊ ပညတ်ရှေ့၌စင်ကြယ်ပြီ၊ ငါ့ကိုစင်ကြယ်စေသူပင်၊ ပီတိဖြစ်မှာအမှန်ပင်။ *4 ပြစ်သားများယေရှုလက်ခံ၊ ယုတ်ဆုံးငါ့ကိုပင်လက်ခံ၊ ရှိသမျှပြစ်ဆေးကြောပြီ၊ ကောင်းကင်သို့သူနှင့်ဝင်မည်။ === code 54 title နှုတ်ဖြင့်မြွက်ဆိုမမီကျူး title_original More Than Tongue Can Tell 1=C 4/4 tune SAGINA authors_lyric J. E. Hall (1879) scriptureReferences John.15.13 *1 ယေရှုကျွန်ုပ်ကိုချစ်သည်မှာ၊ ဝိညာဉ်အပြစ်မှလွတ်ခြင်းငှါ။ တိုင်ပေါ်တွင်ခံ၊ သွေးတော်သွန်းရာ၊ နှုတ်ဖြင့်မြွက်ဆိုမမီ။ *ref ကိုယ်တော်ရှင်၏ချစ်ခြင်းမေတ္တာ၊ နှုတ်ဖြင့်မြွက်ဆိုမမီနိုင်ရာ၊ ယေရှုကျွန်ုပ်အားချစ်သည်ကို၊ နှုတ်ဖြင့်မြွက်ဆိုမမီ။ *2 ကျွန်ုပ်အသက်ရှင်စေလိုငှါ၊ ဝမ်းနည်းဒုက္ခခံပါတကား။ ဆူးရစ်ခေါင်းတော်မြတ်ပေါ်တင်ရာ၊ နှုတ်ဖြင့်မြွက်ဆိုမမီ။ *3 ပလ္လင်တော်ဝယ်ရှေ့ဆောင်သခင်၊ ကိုယ်တော်မြတ်၌ငြိမ်သက်သာခြင်း။ အသွေးတော်မြတ်ကုသိုလ်တော်ပင်၊ နှုတ်ဖြင့်မြွက်ဆိုမမီ။ *4 အနီးတွင်နေလျှင်ဝမ်းမြောက်ခြင်း၊ ကြောက်ရွံ့ခြင်းကင်းသောငြိမ်သက်ခြင်း။ မျှော်လင့်ခြင်းထူးသဖြင့်ကြည်လင်၊ နှုတ်ဖြင့်မြွက်ဆိုမမီ။ === code 55 title လူမျိုးတကာအားပြောကြားကျူး title_original Hail Him the King of Glory 1=Ab 4/4 tune 10.5.10.6.Ref. authors_lyric Henry de Fluiter (1872-1970) scriptureReferences Ps.24.8 *1 ကမ္ဘာရှိလူမျိုးတကာအားပြောကြား၊ နီးဝေးပြောရမည်။ ကမ္ဘာမှောင်ဆုံးညဉ့်အရုဏ်တက်ပျောက်သွား၊ ယေရှုကြွလာလုပြီ။ *ref ကြွပါ၊ ဘုန်းတော်ရှင်ဘုရင်ပြစ်သားများတွက်သက်စွန့်ရှင်၊ ပြောကြ၊ အံ့ဩဖွယ်ဝတ္ထု၊ စိုးစံယေရှုရှင်။ *2 လူမျိုးတို့သည်တစ်ဖန်စစ်မက်ဖြစ်ပွား၊ သတိပေး၍ထား။ ကောင်းကင်တွင်နိမိတ်မှန်သောအတိတ်များ၊ ဘုန်းတော်နေ့ကိုညွှန်ကြား။ *3 ကိုယ်တော်ရှင်လူများဝမ်းမြောက်လျက်မျှော်ကြည့်၊ သီချင်းကျူးအေးကာ။ မျှော်လင့်လျက်စောင့်သူများမင်္ဂလာရှိ၊ လင်းရောင်ခြည်ကိုကြည့်ပါ။ === code 56 title ခရစ်တော်နှင့်မျက်နှာချင်းဆိုင်ကျူး title_original Face to Face With Christ 1=Bb 4/4 tune 8.7.8.7.Ref. authors_lyric Mrs. F. A. Breck (1855-1934) authors_music Grant Colfax Tullar (1869-1950) scriptureReferences 1Cor.13.12 *1 ယေရှုနှင့်မျက်နှာချင်းဆိုင်သော်၊ ဘယ်ကဲ့သို့ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်တွက်သေခံရှင်ကိုယ်တော်၊ ဝမ်းမြောက်စွာဖူးတွေ့မည်တည်း။ *ref မျက်နှာချင်းဆိုင်ဖူးမြင်ရမှာ၊ ကောင်းကင်ကြယ်များတစ်ဖက်မှာ၊ ဘုန်းကြီးအရှင်မျက်နှာတော်အား၊ နောက်နောင်ဖူးရလိမ့်တကား။ *2 ရှေ့တော်မှောက်တွင်ဝမ်းမြောက်ဝမ်းသာ၊ ဝမ်းနည်းနာခြင်းကွယ်ပျောက်ကင်း။ ကောက်သောလမ်းများဖြောင့်တန်းစေရာ၊ မှောင်မိုက်အရာထင်ရှားလင်း။ *3 ဖူးတွေ့ရသောချိန်မင်္ဂလာ၊ မျက်နှာချင်းဆိုင်သိမြင်ရာ။ ရွေးနုတ်ရှင်နှင့်မျက်နှာဆိုင်မှာ၊ ယေရှုရှင်မည်မျှချစ်ရှာ။ === code 57 title နံနက်ချိန်ပေါ်လာကျူး title_original It May Be at Morn 1=C 3/4 tune 12.12.12.7.Ref. authors_lyric Erdmann Neumeister (1671-1756) authors_music James McGranahan (1840-1907) scriptureReferences Mark.13.35 *1 နံနက်ချိန်ပေါ်လာနေ့အချိန်ရောက်ရှိလာမည်၊ နေလင်းရောင်ခြည်သည်ညဉ့်မှောင်ရိပ်ကိုကွယ်ပြီးရာ၊ ယေရှုရှင်ဘုန်းတော်နှင့်ကြွလာတော်မူလိမ့်မည်၊ ပိုင်ထိုက်သူတို့ခေါ်ခြင်းငှါ။ *ref အရှင်ယေရှုဘယ်မျှ၊ ဘယ်မျှ၊ ကြာသော်ကျူးအေးရကြ၊ ယေရှုကြွလာ၊ ဟာလေလုယ၊ ဟာလေလုယအာမင်၊ ဟာလေလုယ၊ အာမင်။ *2 နေ့လယ်ချိန်ရောက်မူနေဝင်ချိန်လည်းမြင်ရမည်၊ သို့မဟုတ်လျှင်လည်းသန်းခေါင်ယံ၌လည်းဖြစ်ခါ၊ ဘုန်းတော်ရောင်ခြည်ဖြင့်အလင်းတော်ထွန်းတောက်လိမ့်မည်၊ ယေရှုပိုင်သူခေါ်ရန်လာ။ *3 အိုဝမ်းမြောက်ဖွယ်တည်းမရဏာမှလွတ်ကင်းရှင်း၊ နာခြင်းဝမ်းနည်းခြင်းကြောက်ရွံ့ခြင်းငိုခြင်းများကင်း၊ အာကာသထက်ဝယ်အရှင်နှင့်ဘုန်းတော်တွင်ပါ၊ ယေရှုပိုင်သူခေါ်ရန်လာ။ === code 58 title မှောင်သောချိုင့်များကင်းမည်ကျူး title_original There'll Be No Dark Valley 1=Eb 4/4 tune 10.10.10.7.Ref. authors_lyric William O. Cushing (1823-1902) authors_music Ira D. Sankey (1840-1908) scriptureReferences Rev.21.23 *1 မှောင်သောချိုင့်များကင်းမည်ယေရှုကြွလျှင်၊ မှောင်သောချိုင့်များကင်းမည်ယေရှုကြွလျှင်၊ မှောင်သောချိုင့်များကင်းမည်ယေရှုကြွလျှင်၊ ချစ်သူတို့စုသိမ်းဖို့ပင်။ *ref ချစ်သူတို့စုသိမ်းဖို့ပင်၊ ချစ်သူတို့စုသိမ်းဖို့ပင်။ မှောင်သောချိုင့်များကင်းမည်ယေရှုကြွလျှင်၊ ချစ်သူတို့စုသိမ်းဖို့ပင်။ *2 ဝမ်းနည်းခြင်းများကင်းမည်ယေရှုကြွလျှင်၊ ဝမ်းနည်းခြင်းများကင်းမည်ယေရှုကြွလျှင်၊ လှသောအရုဏ်လင်းမည်ယေရှုကြွလျှင်၊ ချစ်သူတို့စုသိမ်းဖို့ပင်။ *3 နှုတ်ဆက်သီချင်းကျူးအေးယေရှုကြွလျှင်၊ နှုတ်ဆက်သီချင်းကျူးအေးယေရှုကြွလျှင်၊ ဝမ်းမြောက်ခြင်းနှင့်ဖူးတွေ့ယေရှုကြွလျှင်၊ ချစ်သူတို့စုသိမ်းဖို့ပင်။ === code 59 title ယေရှုကြွလာလိမ့်ဦးမည်ကျူး title_original Jesus is Coming Again 1=A 4/4 tune 10.7.10.7.Ref. authors_lyric Jesse E. Strout (1872) authors_music George E. Lee (1872) scriptureReferences Rev.1.7 *1 တံပိုးခရာယူသံကျယ်စွာမှုတ်ကြ၊ ယေရှုကြွလာလိမ့်ဦးမည်။ အားယူခရီးသည်ဝမ်းမြောက်လျက်သီကြ၊ ယေရှုကြွလာလိမ့်ဦးမည်။ *ref ကြွလာဦးမည်၊ ကြွလာဦးမည်၊ ယေရှုကြွလာလိမ့်ဦးမည်။ *2 တောင်များသံပြန်ကြလွင်ပြင်များကြေညာ၊ ယေရှုကြွလာလိမ့်ဦးမည်။ သတ်ခြင်းခံသိုးငယ်ဘုန်းတော်နှင့်ကြွလာ၊ ယေရှုကြွလာလိမ့်ဦးမည်။ *3 ထကြွသောမြေကြီးလူစုကိုပြောသည်၊ ယေရှုကြွလာလိမ့်ဦးမည်။ မုန်တိုင်းနှင့်လေပွေသီချင်းရှည်ဆိုသည်၊ ယေရှုကြွလာလိမ့်ဦးမည်။ *4 လူမျိုးအမျက်ထွက်ကျွန်ုပ်တို့သိသည်၊ ယေရှုကြွလာလိမ့်ဦးမည်။ ပညာဥာဏ်တိုးပွားသွားလာခြင်းများသည်၊ ယေရှုကြွလာလိမ့်ဦးမည်။ === code 60 title သခင်ဘုရားကြွလာလုနီးပြီကျူး title_original 'Tis Almost Time for the Lord to Come 1=Db 4/4 tune 9.6.8.9.Ref. authors_lyric G. W. Sederquist (c.1902) scriptureReferences Matt.24.3 *1 သခင်ဘုရားကြွလာလုနီးပြီ၊ လူများပြောဆိုသံကြား။ ကောင်းကင်ကြယ်များမှိန်လျက်နေပြီ၊ မိုးသောက်လင်းချိန်ရောက်လုပြီတကား။ *ref အိုမိုးသောက်လင်းချိန်ရောက်လုပြီတကား၊ အိုမိုးသောက်လင်းချိန်ရောက်လုပြီတကား၊ နေ့ချိန်ရောက်လုနီး၍၊ ညဉ့်ချိန်ကုန်လုတကား။ အိုမိုးသောက်လင်းချိန်ရောက်လုပြီတကား။ *2 နေလကောင်းကင်မြေကြီးပင်လယ်တွင်၊ နိမိတ်များထင်ရှားရာ။ သခင်ကြွလာချိန်နီးကြောင်းပင်၊ လူတို့အားကျယ်စွာကြွေးကြော်နေပါ။ *3 စောင့်နေအသင်းတော်မာနပယ်ရှား၊ အချိန်ကျရောက်လေပြီ။ မီးခွက်ထွန်းလျက်ခါးပန်းစည်းထား၊ ရောက်လာမည့်နေ့ကိုမျှော်လင့်သင့်ပြီ။ *4 ကျယ်သောလမ်းမလမ်းကြိုလမ်းကြားသို့၊ လျင်မြန်စွာထွက်သွားကာ။ ရောက်လာမည့်နေ့မှာသင့်ရှိဖို့၊ ကျိုးသူကန်းသူနာသူခေါ်ဖိတ်ပါ။ === code 61 title ထိုရပ်မှာနာမည်ခေါ်သောခါကျူး title_original When the Roll is Called Up Yonder 1=G 4/4 tune 15.11.15.11.Ref. authors_lyric J. M. Black (1856-1938) scriptureReferences 1Thess.4.16 *1 ကိုယ်တော်ရှင်၏တံပိုးမှုတ်၍အချိန်ဆုံးခန်းရောက်သောခါ၊ ထွန်းတောက်သာယာထာဝရအရုဏ်တက်ကာ။ မြေကြီးမှကယ်တင်ခံသူတို့တစ်ဖက်ကမ်း၌စုရုံးကာ၊ နာမည်ခေါ်သော်ကျွန်ုပ်ရှိမည်ထိုရပ်မှာ။ *ref ထိုရပ်မှာ နာမည်ခေါ်သောခါ၊ ထိုရပ်မှာ နာမည်ခေါ်သောခါ၊ ထိုရပ်မှာ နာမည်ခေါ်သောခါ၊ နာမည်ခေါ်သော်ကျွန်ုပ်ရှိမည်ထိုရပ်မှာ။ *2 ခရစ်တော်၌သေသူတို့ထိုသာယာနံနက်ထမြောက်ကြ၊ ကိုယ်တော်ထမြောက်ခြင်းဘုန်းစည်းစိမ်ဝင်စားကာ။ ရွေးကောက်ခြင်းကိုခံသူတို့ကိုယ့်အိမ်သို့စုရုံးကြကာလ၊ နာမည်ခေါ်သော်ကျွန်ုပ်ရှိမည်ထိုရပ်မှာ။ *3 နေထွက်မှနေဝင်တိုင်အောင်မှုတော်မြတ်ကိုဆောင်ရွက်ကြစို့၊ အံ့ဖွယ်မေတ္တာတော်အကြောင်းပြောကြကုန်ရာ။ မြေကြီးပေါ်တွင်ပြုရန်မှုပြီးအသက်ကုန်သော်ကျွန်ုပ်တို့၊ နာမည်ခေါ်သော်ကျွန်ုပ်ရှိမည်ထိုရပ်မှာ။ === code 62 title ကြွလာသောခါကျူး title_original When He Cometh 1=D 3/4 tune 8.6.8.5.Ref. authors_lyric W. O. Cushing (1823-1903) authors_music George F. Root (1820-1895) scriptureReferences Mal.3.17 *1 ကြွလာသောခါ၊ ကြွလာသောခါ၊ ကျောက်မြတ်များစုသိမ်းသွင်း၊ အားလုံးကျောက်မြတ်များဖိုးထိုက်စွာ၊ ပိုင်ထိုက်ချစ်အသင်း။ *ref သရဖူတော်ထွန်းတောက်စွာ၊ မိုးသောက်ကြယ်နီပမာ။ စီထားကျောက်မြတ်များတို့သည်၊ တင့်တယ်ထွန်းလင်းသည်။ *2 ကိုယ်တော်သိမ်းမည်၊ ကိုယ်တော်သိမ်းမည်၊ နိုင်ငံဖို့ရတနာ။ သန့်ရှင်းသူသည် ဖြူစင်သူသည်၊ ချစ်သင်းပိုင်ထိုက်စွာ။ *3 သူငယ်လေးများ၊ သူငယ်လေးများ၊ ရွေးနုတ်ရှင်ကိုချစ်သူ၊ မြတ်သောကျောက်များဖိုးထိုက်ကျောက်များ၊ ချစ်သင်းပိုင်ထိုက်သူ။ === code 63 title တရားစီရင်လျှင်ဘယ်ကဲ့သို့ဖြစ်မှာကျူး title_original When Jesus Shall Gather the Nations 1=F 4/4 authors_lyric Harriet B. M'Keever authors_music J. R. Sweney (1837-1899) scriptureReferences Luke.3.17 *1 လူမျိုးမျိုးထံတော်၌စုရုံးပေါ်လာ၊ ယေရှုဆုံးတွင်ခေါ်တော်မူလျှင်၊ တရားစီရင်လျှင်ဘယ်ကဲ့သို့ဖြစ်မှာ၊ စီရင်ချက်ချရန်ခေါ်မူလျှင်။ *ref ကိုယ်တော်စပါးကျီတွင်စပါးသိမ်းလျှင်၊ ဖျင်းဖုန်ကိုကိုယ်တော်ပယ်ရှားလိမ့်တည်း။ ထမြောက်ခြင်းနေ့ကြီးတရားစီရင်၊ ကျွန်ုပ်တို့ဘယ်သို့တွေ့မည်နည်း။ *2 သာဓုငယ်သားကောင်းသစ္စာရှိပေစွ၊ ယေရှုနှုတ်ကကြားရမည်လော၊ သို့မဟုတ်တုန်လှုပ်လျက်ပလ္လင်တော်မှ၊ နှင်ထုတ်ခြင်းကိုခံရမည်လော။ *3 ထိုပြင်မီးခွက်များထွန်းလင်းပြင်ဆင်ကာ၊ မအိပ်ဘဲသင့်စောင့်နေကြလေ၊ မင်္ဂလာလုလင်ခေါ်တော်မူသောခါ၊ လိုက်ရန်ပြင်ဆင်လျက်နေကြစေ။ *4 ကောင်းကင်ကိုစိတ်ဆန္ဒပြင်းစွာတောင့်တ၊ ကျွန်ုပ်တို့သည်းခံလျက်စောင့်ကြ၊ ခရီးနေ့ရက်များကုန်လွန်သွားပြီးလျှင်၊ ထံတော်၌ခံစားကြမည်စဉ်။ === code 64 title မြော်လျက်စောင့်နေသည်ကျူး title_original Waiting and Watching 1=E 6/8 authors_lyric S. M. I. H. (1839-1900) authors_music Will H. Pontius scriptureReferences Luke.12.35 *1 ကိုယ်တော်လာမည့်အချိန်မသိချေ၊ နံနက်ညနေသန်းခေါင်ဖြစ်မည်။ နေဝင်ဖျိုးဖျဖြစ်ကောင်းဖြစ်လိမ့်လေ၊ အရုဏ်တက်စဖြစ်ကောင်းဖြစ်မည်။ စောင့်နေ၍အသင့်ရှိရန်မိန့်ပြန်၊ ထိုမီးခွက်များမမှိန်စေရ။ ကြွလာသောခါကျွန်ုပ်တို့တွေ့ရန်၊ အားလုံးစောင့်လျက်မြော်လင့်နေကြ။ *ref မြော်လျက်စောင့်နေသည်၊ မြော်လျက်စောင့်နေသည်၊ မြော်လျက်စောင့်နေသည်၊ ကိုယ်တော်ကိုမြော်လျက်စောင့်နေသည်။ *2 ဘုန်းတောက်သောဗိမာန်တို့ကိုစွန့်ကာ၊ ဆုံးရှုံးသူတွက်သေခံခြင်းငှါ။ ကယ်တင်တော်မူခြင်းအဖို့ဖြစ်သော၊ အံ့ဖွယ်မေတ္တာစဉ်းစားမိသော်။ ကယ်တင်ရန်သေခံသောကိုယ်တော်အား၊ ကြွလာခြင်းမြော်လင့်ဝမ်းမြောက်သင့်။ ကိုယ်တော်နှစ်သက်စေလိမ့်မည်တကား၊ ကိုယ်တော်မြတ်ကိုစောင့်လျက်မြော်လင့်။ *3 အိုယေရှုချစ်မြတ်နိုးရွေးနုတ်ရှင်၊ ကိုယ်တော်ကိုဖူးရန်မြော်လင့်သည်။ ခေါ်ဖိတ်သောအသံတော်ကိုကြားချင်၊ နှစ်သက်ကြောင်းကိုကိုယ်တော်သိမည်။ တရားပိုင်ရှင်အဖြစ်ကြွမူလျှင်၊ ရှေ့တော်မှမည်သူပြေးနိုင်နည်း။ ချစ်မိတ်ဆွေအဖြစ်နှုတ်ဆက်လာလျှင်၊ ကိုယ်တော်ကိုစောင့်လျက်မြော်သတည်း။ === code 65 title လာမည့်ဘုရင်တံခါးမှာရှိကျူး title_original The Coming King is At the Door 1=G 4/4 authors_lyric F. E. Belden (1858-1945) scriptureReferences Matt.24.33 *1 လာမည့်ဘုရင်တံခါးမှာရှိ၊ တိုင်ပေါ်ပြစ်တွက်တစ်ခါခံ၏၊ ခုဖြောင့်မတ်သောသူတို့ကိုသာ၊ အိမ်သို့စုသိမ်းရန်လာ။ *ref တံခါးမှာ၊ တံခါးမှာ၊ တံခါးမှာအေတံခါးဝရောက်ပြီ။ လာလျက်နေသည်၊ လာလျက်နေသည်၊ ကြွလာချိန်အနီးရောက်ပြီ။ *2 လာချိန်နီးလက္ခဏာထင်ရှား၊ မြန်စွာနှစ်တိုင်းပြည့်စုံအများ၊ ဘုန်းတော်မိုးသောက်မကြာခင်မြင်၊ ကောင်းကင်နံနက်ဖို့ပင်။ *3 လောက၌စစ်တိုက်ခြင်းမရှင်း၊ ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းမဲ့ကင်း၊ ကယ်တင်ရှင်ပြန်လာသောအခါ၊ အပြစ်သေခြင်းလွတ်ရာ။ *4 ဘုန်းထွန်းသောကမ္ဘာသစ်ရောက်ခါ၊ အနန္တကာလနေကြရာ၊ သေခြင်းသည်ရှင်ခြင်းသို့ပြောင်းပြီ၊ အနန္တကာလတည်း။ === code 66 title မကြာယေရှုလာမည်ကျူး title_original Jesus is Coming Soon 1=Eb 4/4 authors_lyric R. E. Winsett (1876-1952) scriptureReferences Dan.12.1 *1 ဒုက္ခဆင်းရဲခြင်းများ၊ စိတ်နှလုံးကိုချောက်ချား၊ သက်တာလွတ်လပ်မှုများ၊ ဆုံးခန်းရောက်လာ၊ စိတ်နှလုံးနှိမ့်ချကြ၊ ဆုံးမခြင်းကြိမ်လွတ်ငြိမ်း၊ သူတော်စင်ခြေရာနင်း၊ နိုးကြားကြစေ။ *ref မကြာယေရှုလာမည်၊ နံနက်၊ ညဉ့် (သို့) မွန်းတည့်၊ ပြစ်ဒဏ်ခံသူများပြား၊ တံပိုးမှုတ်သံ၊ သေလွန်သူများနိုးထ၊ မိုးကောင်းကင်၌ဆုံကြ၊ သေခြင်းကင်းဝေးသောရပ်၊ နိုင်ငံတော်လမ်း။ *2 အပြစ်များတိုးပွားမည်၊ မေတ္တာခေါင်းပါးကြကာ၊ ရွှေအိမ်တော်ဆုံးရှုံးခါ၊ ကျမ်းဟောခဲ့ပြီ၊ ဤနိမိတ်ပေါ်သောခါ၊ ဆုံးရောက်ဖို့လွန်နီးပြီ၊ လျင်မြန်စွာဖြစ်ပျက်မည်၊ တံပိုးမှုတ်မည်။ *3 မကြာဒုက္ခကုန်ဆုံး၊ ထာဝရပျော်မဆုံး၊ ကမ်းတစ်ဖက်၌တွေ့ဆုံ၊ စိတ်ချသက်သာ၊ ထက်ရပ်သို့တက်ကြွလျက်၊ ဤကမ္ဘာကိုနှုတ်ဆက်၊ အိမ်တော်သို့သွားကြလျက်၊ ဘုန်းတော်ဝင်စား။ === code 67 title ယေရှုနာမတန်ခိုးချီးမြှောက်ကျူး title_original All Hail the Power of Jesus' Name 1=F 4/4 authors_lyric Edward Perronet (1726-1792) authors_music Oliver Holden (1765-1844) scriptureReferences Phil.2.9 *1 ယေရှုနာမတန်ခိုးချီးမြှောက်၊ သရဖူတော်ဆောင်းစေ။ ကောင်းကင်တမန်အပေါင်းဒူးထောက်၊ အထွတ်ဘုရင်တင်လေ။ ကောင်းကင်တမန်အပေါင်းဒူးထောက်၊ အထွတ်ဘုရင်တင်လေ။ *2 ရွေးကောက်ဣသရေလလူမျိုး၊ ရွေးချယ်ခံသင်တို့တွေ။ ကျေးဇူးတော်နှင့်ကယ်တင်ခြင်းကျိုး၊ အထွတ်ဘုရင်တင်လေ။ ကျေးဇူးတော်နှင့်ကယ်တင်ခြင်းကျိုး၊ အထွတ်ဘုရင်တင်လေ။ *3 ဤလောကရှိလူမျိုးလုံးစုံ၊ ကယ်တင်ခြင်းကျေးဇူးတွေ။ ကိုယ်တော်ကိုဦးချဝပ်တွားကုန်၊ အထွတ်ဘုရင်တင်လေ။ ကိုယ်တော်ကိုဦးချဝပ်တွားကုန်၊ အထွတ်ဘုရင်တင်လေ။ *4 ချီးမွမ်းသောသန့်ရှင်းသူတို့ချင်း၊ ခြေရင်း၌ဒူးတုပ်စေ။ ပြိုင်တူဆိုထာဝရသီချင်း၊ အထွတ်ဘုရင်တင်လေ။ ပြိုင်တူဆိုထာဝရသီချင်း၊ အထွတ်ဘုရင်တင်လေ။ === code 68 title ကိုယ်တော်ကိုချစ်၏ကျူး title_original I Love Thee 1=Eb tune 11.11.11.11. authors_lyric Anon. authors_music Ingall's Christian Harmony scriptureReferences 1John.4.19 *1 ကိုယ်တော်ရှင်၊ ကိုယ်တော်ကို၊ ကျွန်ုပ်ချစ်ပါ၏၊ ယေရှုကျွန်ုပ်ဘုရား၊ ကိုယ်တော်အားချစ်သည်။ ကိုယ်တော်ကိုချစ်ကြောင်းကို၊ ကိုယ်တော်သိမူ၏၊ ဘယ်မျှလောက်ချစ်ကြောင်းကို၊ ကျင့်ဝတ်ဖြင့်ပြမည်။ *2 ဝမ်းမြောက်ပေ၊ ဝမ်းမြောက်ပေ၊ အံ့ဩဖွယ်ဖြစ်ထွေ၊ တောင်ပေါ်မှာ၊ ငါရပ်နေ၊ ထာဝရဝမ်းမြောက်လေ။ ပြည်တော်ကိုအာရုံပြု၊ ထိုမှာရောက်လိုမူ၊ ယေရှုရှင်တမန်များ၊ ချစ်မိတ်ဆွေနှင့်တူ။ *3 အိုယေရှု၊ ကယ်ချွတ်ရှင်၊ တူနေလျှင်ချမ်းသာ၊ အသက်တာ၊ ကယ်တင်ခြင်း၊ ဝမ်းမြောက်ခြင်းချမ်းသာ။ နာမတော်၊ မေတ္တာတော်၊ ကျွန်ုပ်၏သီချင်း၊ ကျွန်ုပ်နှလုံးအထိ၊ ကျေးဇူးတော်စိုင်းပြင်း။ *4 ယေရှုလို၊ လူမရှိ၊ ရှလင်မြို့ဘုရင်၊ ပြုံးတော်မူ၊ ချစ်မူ၏၊ တေးဆိုရန်ကူညီ။ ကျယ်လောင်သောတေးသံဖြင့်၊ ထောမနာပြုချင်၊ အားရဖွယ်သီချင်းဖြင့်၊ ငါ့ဝိညာဉ်ရွှင်ပြီ။ === code 69 title တင့်တယ်လှသခင်ကျူး title_original Fairest Lord Jesus 1=Eb 4/4 tune CRUSADER'S HYMN 5.6.8.5.5.8. authors_lyric Gesangbuch, Munster (1677) authors_music Schlesische Volkslieder, 1842; Arr. by Richard S. Willis (1819-1900) scriptureReferences Song.6.10 *1 တင့်တယ်လှသခင်၊ လောကအုပ်စိုးရှင်ကို၊ လူသားယေရှု၊ ဘုရားသားတော်။ ကျွန်ုပ်နှစ်သက်ရာ၊ ဝါကြွားချီးမွမ်းလို၊ ကြည်ညိုမြတ်နိုးပါမည်ကိုယ်တော်။ *2 တင့်တယ်ရာလွင်ပြင်၊ သာ၍တင့်တယ်လှစွာ၊ တောင်ကုန်းများရွက်နုခြုံထားသည်။ ငြိုငြင်သောစိတ်အား၊ သီချင်းဆိုစေရာ၊ ယေရှုသာတင့်တယ်ဖြူစင်သည်။ *3 နေရောင်ခြည်တင့်တယ်၊ လရောင်သာ၍တင့်တယ်၊ မှိတ်တုတ်ကြယ်များ၊ အပေါင်းတို့ထက်။ ယေရှုထွန်းလင်းလှ၊ သာ၍ဖြူစင်ကြယ်၊ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့ထက်။ === code 70 title ထိုက်တန်၊ ထိုက်တန်သိုးသငယ်ကျူး title_original Worthy, Worthy is the Lamb 1=C 4/4 tune WORTHY 7.7.7.3.Ref. authors_lyric Anon. authors_music Arranged scriptureReferences Rev.5.10 *1 ထိုက်တန်ထိုက်တန်သိုးသငယ်၊ ထိုက်တန်ထိုက်တန်သိုးသငယ်၊ ထိုက်တန်ထိုက်တန်သိုးသငယ်၊ ကွပ်မျက်ခံ။ *ref ဘုန်းတော်ဟာလေလုယ၊ ချီးမွမ်းဟာလေလုယ၊ ဘုန်းတော်ဟာလေလုယ၊ သိုးသငယ်။ *2 နိုင်ငံတော်တည်ထောင်ပါစေ၊ အပြစ်တန်ခိုးလောင်ကျွမ်းပြီ၊ မိလေနိကာလပေါ်လေ၊ သိုးသငယ်။ *3 မိနစ်တိုင်းဤသဘောရှိ၊ ကိုယ်တော်ကိုစဉ်ချီးမွမ်းဘိ၊ ဇိအုန်တောင်ရောက်သည်တိုင်အောင်၊ ကြည့်သိုးငယ်။ === code 71 title ချီးမွမ်းကျူး title_original Praise Him! Praise Him! 1=G 6/8 tune 12.10.12.10.11.10.Ref. authors_lyric Fanny J. Crosby (1820-1915) authors_music Chester G. Allen (1838-1878) scriptureReferences Ps.146.2 *1 ချီးမွမ်း၊ ချီးမွမ်း၊ ကျွန်ုပ်တို့၏ကယ်တင်ပိုင်ရှင်၊ လူအပေါင်းတို့မေတ္တာတော်ကိုကြွေးကြော်။ ဘုန်းအာနုဘော်ကိုယ်တော်၌မြဲရှိပါစေသော်၊ ကောင်းကင်တမန်မင်းများတို့ပြောကြလော့။ သိုးထိန်းကဲ့သို့ယေရှုသည်သူငယ်များအား၊ တစ်နေ့လုံးလက်တော်နှင့်ပွေ့ဆောင်ပို့လို။ *ref ချီးမွမ်း၊ ချီးမွမ်း၊ ဂုဏ်သရေအကြောင်းကိုပြောပါ၊ ချီးမွမ်း၊ ချီးမွမ်း၊ စဉ်မပြတ်သီချင်းဆို။ *2 ချီးမွမ်း၊ ချီးမွမ်း၊ ကျွန်ုပ်တို့၏ကယ်တင်ပိုင်ရှင်၊ ကိုယ်တော်မြတ်သည် လက်ဝါးကပ်တိုင်ပေါ်မှာ။ ကျွန်ုပ်တို့၏ပြစ်များကြောင့်ခံထိုက်သောဒဏ်ပင်၊ ခံတော်မူကာအမှန်ကယ်တင်မူရှာ။ ကျွန်ုပ်တို့ဝမ်းနည်းကြေကွဲခြင်းဆောင်မူရှာ၊ ချီးမွမ်း၍မကုန်မေတ္တာတော်ဂုဏ်ကို။ *3 ချီးမွမ်း၊ ချီးမွမ်း၊ ကျွန်ုပ်တို့၏ကယ်တင်ပိုင်ရှင်၊ ကောင်းကင်ဘုံမှာနာမတော်ချီးမွမ်းကြ။ စဉ်မပြတ်အုပ်စိုးတော်မူမည်ယေရှုသခင်၊ သရဖူကိုခေါင်းတော်ပေါ်မှာဆောင်းရ။ ရန်သူတို့ကိုအောင်ခြင်းငှါကိုယ်တော်ကြွလာ၊ ဘုန်းတန်ခိုးကိုယ်တော်၌တည်စေသတည်း။ === code 72 title ကိုယ်တော်သက်ရှင်ကျူး title_original He Lives 1=Ab 6/8 tune 7.6.7.6.7.6.7.4.Ref. authors_lyric Alfred H. Ackley (1887-1960) scriptureReferences Matt.28.6 *1 ထမြောက်ကိုယ်တော်ငါကိုးကွယ်လောကတွင်ယနေ့ရှိ၊ လူများမည်သို့ပြောဆိုနေကိုယ်တော်သက်ရှိပါသိ၊ ကရုဏာလက်ငါတွေ့မြင်၊ အားပေးသံငါကြားနေ၊ ကိုယ်တော်ကိုလိုချိန်မှာပင်၊ စဉ်နီးရှိပေ။ *ref သက်ရှင်၊ သက်ရှင်၊ ယေရှုယနေ့သက်ရှင်၊ သက်တာကျဉ်းမြောင်းသောလမ်းတစ်လျှောက်၊ ကိုယ်တော်နှင့်တူအစဉ်၊ သက်ရှင်၊ သက်ရှင်၊ ကယ်တင်ခြင်းပေးမူ၏၊ သက်ရှင်ကြောင်းဘယ်သို့သိသနည်း၊ ကိန်းဝပ်မူခြင်းဖြင့်သိ။ *2 ငါ့ပတ်လည်ကမ္ဘာလုံးတွင်စောင့်ရှောက်ခြင်းငါတွေ့မြင်၊ စိတ်နှလုံးမောပန်းငြားလည်းစိတ်မပျက်ပါအရှင်၊ မုန်တိုင်းကြားမှကိုယ်တော်သည်၊ ပို့ဆောင်ကြောင်းကိုသိသည်၊ ပေါ်ထွန်းသောနေ့နောက်ဆုံးမှာရောက်လာလိမ့်မည်။ *3 ဝမ်းမြောက်လော့အိုခရစ်ယာန်သီချင်းသံကြွေးကြော်လေ၊ ခရစ်ဘုရင်ထာဝရဟာလေလုယကျူးအေး၊ ရှာဖွေသူတွက်မျှော်လင့်ခြင်း၊ တွေ့သူတွက်ကူမခြင်း၊ ကိုယ်တော်ကိုချစ်သနားသူမရှိအလျှင်း။ === code 73 title ယေရှုလိုခြားနာမ မရှိကျူး title_original There's No Other Name Like Jesus 1=F 4/4 tune 8.7.8.7.Ref. authors_lyric F. E. Belden (1858-1945) scriptureReferences Acts.4.12 *1 ယေရှုလိုခြားနာမ မရှိ၊ ချစ်ဆုံးသောနာမအမှန်။ ကောင်းကင်သားတို့ဝမ်းမြောက်နည်းတူ၊ ခရစ်ယာန်များရွှင်လန်းကာ။ *ref ချစ်ဖွယ်၊ နာမ၊ ယေရှုလိုခြားနာမ မရှိ။ ချစ်ဖွယ်၊ နာမ၊ ယေရှုလိုခြားနာမ မရှိ။ *2 ယေရှုလိုခြားနာမ မရှိ၊ စိတ္လ်ုက္ခများရောက်ခဲ့လျှင်။ ယေရှုလိုခြားနာမ မရှိ၊ စိတ်သည်ဝမ်းမြောက်လွတ်လပ်လျှင်။ *3 ဘုန်းတော်နှင့်ကြွလာတော်မူကာ၊ ဖူးနိုင်၍ရွှင်လန်းဝမ်းသာ။ လက်ခံမူမည်ဟုမျှော်လင့်ရှာ၊ ကျွန်ုပ်အားနည်းစိတ်သာယာ။ *4 ကျွန်ုပ်သည်ဥယျာဉ်၌နေစဉ်၊ လုပ်ရန်အလိုတော်ရှိလျှင်။ ကျွန်ုပ်ပြောဆိုလုပ်သမျှတွင်၊ ကောင်း၏ကောင်းချီးခံရလျှင်။ *5 သေမင်းလက်အေးကျွန်ုပ်ခန္ဓာ၊ ထိစေရန်လိုတော်ရှိလျှင်။ ယေရှုကျွန်ုပ်ခိုရာဖြစ်ပါ၊ ကောင်းစွာစိတ်ချမည်သခင်။ === code 74 title သမားတော်ကြီးသင့်နားနီးသည်ကျူး title_original The Great Physician Now Is Near 1=Db 6/8 tune 8.7.8.7.Ref. authors_lyric William Hunter (1811-1877) authors_music J. H. Stockton (1813-1877) scriptureReferences Matt.9.12 *1 သမားတော်ကြီးသင့်နားနီးသည်၊ ကြင်နာသောယေရှုရှင်ပေ။ ညှိုးနွမ်းစိတ်ကိုဝမ်းမြောက်စေသည်၊ ယေရှုခေါ်သံနားထောင်လေ။ *ref ကောင်းကင်သားချီးမွမ်းမြွက်ဆို၊ နာမတော်မြတ်ကိုအေးကျူး၊ ဆိုရာသီချင်းလွန်သာချို၊ မင်္ဂလာရှိယေရှု။ *2 ထမြောက်သိုးငယ်ဘုန်းကြီးစေသော၊ ယေရှုကိုကျွန်ုပ်ယုံကြည်။ ကယ်ချွတ်ပိုင်ရှင်၏နာမတော်၊ ကျွန်ုပ်အလွန်မြတ်နိုးသည်။ *3 နာမတော်ကြောက်ဖွယ်ရာပယ်ရှား၊ ယေရှုနာမတော်တစ်ပါး။ ငါ့ဝိညာဉ်မြတ်သောယေရှုရှင်၊ ဝမ်းမြောက်စွာကြားရအစဉ်။ *4 ဘုန်းကြီးသက်သရဖူယူလာ၊ စောင့်လျက်ကြွလာတော်မူသော်။ ငါတို့သည်ထံတော်၌ထိုင်မှာ၊ ရွေးနုတ်ခြင်းဝတ္ထုကိုပြော။ === code 75 title ယခုဖြည့်ပါကျူး title_original Hover O'er Me, Holy Spirit 1=F 6/4 tune SWENEY 8.7.8.7.Ref. authors_lyric Elwood H. Stokes (1815-1895) authors_music John R. Sweney (1837-1899) scriptureReferences Acts.2.2 *1 သန့်ရှင်းဝိညာဉ်ကျွန်ုပ်ပေါ်တွင်၊ ပျံဝဲ၍ဆေးကြောမူပါ။ ကိုယ်တော်လေးမြတ်သောရှိခြင်းပင်၊ ကြွလာ၍ယခုဖြည့်ပါ။ *ref ခုဖြည့်ပါ၊ ခုဖြည့်ပါ၊ ယေရှုကြွ၍ခုဖြည့်ပါ။ ကိုယ်တော်လေးမြတ်သောရှိခြင်းနှင့်၊ ကြွလာ၍ယခုဖြည့်ပါ။ *2 ကျွန်ုပ်ဘယ်သို့မသိသော်လည်း၊ ဝိညာဉ်ဘုရားဖြည့်နိုင်ရာ။ ကိုယ်တော်ကိုကျွန်ုပ်လိုပါသည်၊ ကြွလာ၍ယခုဖြည့်ပါ။ *3 ကျွန်ုပ်များစွာအားနည်းပါသည်၊ ခြေတော်ရင်း၌ဒူးထောက်ရာ။ ထာဝရသန့်ရှင်းဝိညာဉ်တည်၊ မေတ္တာနှင့်ခုဖြည့်စေပါ။ *4 ဆေးကြောနှစ်သိမ့်ကယ်တင်မူပြီ၊ နှလုံးနဖူးကိုဆေးပါ။ ကိုယ်တော်နှစ်သိမ့်ကယ်တင်နေပြီ၊ ခုချိုသာစွာဖြည့်နေရာ။ === code 76 title သန့်ရှင်းဝိညာဉ်၊ လမ်းပြရှင်ကျူး title_original Holy Spirit, Faithful Guide 1=G 3/4 authors_lyric Marcus M. Wells (1815-1895) scriptureReferences John.16.15 *1 သန့်ရှင်းဝိညာဉ်လမ်းပြရှင်၊ တပည့်တော်နားနေအစဉ်၊ ကောင်းကင်ခရီးလျှောက်သွားစဉ်၊ ဖြည်းညင်းစွာလမ်းပြသခင်၊ မောပန်းဝိညာဉ်ဝမ်းမြောက်ချေ၊ ချိုသာသံတော်နားထောင်လေ၊ ခရီးသည်နောက်သို့လိုက်လာ၊ ပို့ဆောင်မည်အိမ်တော်သာယာ။ *2 မိတ်ဆွေစစ်ဝိညာဉ်တော်ရှင်၊ မစရန်ရှိနေအသင့်၊ ကျွန်ုပ်တို့ကိုမှောင်မိုက်တွင်၊ စိုးရိမ်ရာမစွန့်ပါနှင့်၊ ပြင်းထန်စွာမုန်တိုင်းကျလာ၊ စိတ်ငယ်မျှော်လင့်မဲ့သောခါ၊ နောက်တော်လိုက်ရန်ခေါ်မူပါ၊ ပို့ဆောင်မည်အိမ်တော်သာယာ။ *3 ဆောင်ရွက်ရန်အမှုပြီးလျှင်၊ ခေါ်တော်မူချိန်စောင့်နေစဉ်၊ ဆုတောင်းလျက်မျှော်လင့်တောင့်တ၊ ကောင်းကင်ဘုံဝင်ရန်တသ၊ သေခြင်းမြစ်ကိုကူးသောခါ၊ သွေးတော်မြတ်မှီခိုကိုးစား၊ နောက်တော်လိုက်ရန်ခေါ်မူပါ၊ ပို့ဆောင်မည်အိမ်တော်သာယာ။ === code 77 title ဥပဇ္ဈာယ်ရောက်လာပြီကျူး title_original The Comforter Has Come 1=F 3/4 authors_lyric Frank Bottome (1823-1894) authors_music William J. Kirkpatrick (1838-1921) scriptureReferences John.15.26 *1 အိုသတင်းတော်ကြော်ငြာ၊ လူရှိသောရပ်တိုင်းမှာ။ လူစိတ်နှလုံးများနှင့်၊ သောကများသောရပ်မှာ၊ ခရစ်ယာန်တိုင်းတို့သည်၊ ဝမ်းမြောက်သံကိုကြော်ငြာ၊ ဥပဇ္ဈာယ်ရောက်လာပြီ။ *2 ရှည်ကြာသောညဉ့်လွန်သည်၊ နံနက်ချိန်ရောက်လာပြီ။ မြည်တမ်းခြင်းကိုရပ်စေ၊ ဒေါသမုန်တိုင်းလွန်သည်၊ လှပတောင်ထိပ်များပေါ်၊ ယခုနေ့တွင်ရောက်ပြီ၊ ဥပဇ္ဈာယ်ရောက်လာပြီ။ *3 ထွတ်ဘုရင်ကိုကြည့်ပါ၊ အတောင်တော်ဖြင့်ချမ်းသာ။ ချုပ်ထားဝိညာဉ်တိုင်းကို၊ ကယ်တင်ခြင်းဆောင်ယူလာ၊ တောင်ခေါင်းဂူပေါက်တို့မှ၊ အောင်သံကျူးကြကုန်လေ၊ ဥပဇ္ဈာယ်ရောက်လာပြီ။ *4 အနန္တချစ်မေတ္တာ၊ ကျွန်ုပ်၏နှုတ်နှင့်သာ။ လူမျိုးအားမပြောနိုင်၊ မတုပြိုင်ကျေးဇူးများ၊ အပြစ်သားကျွန်ုပ်သည်၊ ကိုယ်တော်ကဲ့သို့ဖြစ်ရာ၊ ဥပဇ္ဈာယ်ရောက်လာပြီ။ === code 78 title အသက်မုန့်ကျွန်ုပ်အားပေးပါဘုရားကျူး title_original Break Thou the Bread of Life 1=D 4/4 authors_lyric Mary A. Lathbury (1842-1913) authors_music William F. Sherwin (1826-1888) scriptureReferences Matt.14.19 *1 အသက်မုန့်ကျွန်ုပ်အားပေးပါဘုရား၊ အိုင်နားမှာပြုနည်းတူကျွန်ုပ်တို့အား။ ကျမ်းစာတော်မြတ်အပြင်ကိုယ်တော်အသား၊ ငတ်မွတ်သောဝိညာဉ်အားကျွေးပါဘုရား။ *2 သမ္မာတရားတော်ဖြင့်ကျွန်ုပ်တို့အား၊ မင်္ဂလာဖြစ်စေအောင်ပြုပြင်မူပါ။ သို့မှပြစ်ရှိသမျှကင်းစေပါမည်၊ တို့ဝိညာဉ်ငြိမ်သက်ခြင်းတည်စေသတည်း။ *3 ကိုယ်တော်အကြံတော်မှာသုံးတော်မူပါ၊ ကျွန်ုပ်ကိုခိုင်းလိုလျှင်စေခိုင်းမူပါ။ သို့လျှင်ငတ်မွတ်သောသူအားနည်းသူလည်း၊ အသက်မုန့်စားရန်အခွင့်ရပေမည်။ === code 79 title ကျမ်းစာမြတ်ပေးပါကျူး title_original Give Me the Bible 1=G 4/4 tune 11.10.11.10.Ref. authors_lyric Priscilla J. Owens (1829-1907) authors_music E. S. Lorenz (1854-1942) scriptureReferences Ps.119.30 *1 ကျမ်းစာမြတ်ပေးပါ၊ ဝမ်းမြောက်ကြယ်လိုတောက်ပ၊ တစ်ကိုယ်တည်းလမ်းလွဲသူနှစ်သိမ့်စေရာ။ ပျောက်သူကယ်ရန်ယေရှုရှင်ကြွလာချိန်မှ၊ ထိုငြိမ်သက်လင်းမုန်တိုင်းမကွယ်နိုင်ပါ။ *ref ကျမ်းစာမြတ်ပေးပါသန့်ရှင်းသတင်းထွန်းရာ၊ ကျဉ်းမြောင်းလမ်းတွင်အလင်းတော်လမ်းပြသည်။ ကျင့်ဝတ်နှင့်ကတိ၊ ပညတ်မေတ္တာပေါင်းရာ၊ ညဉ့်သည်ထာဝရနေ့ဖြင့်ဖုံးအုပ်မည်။ *2 ကျမ်းစာမြတ်ပေးပါ၊ ကျွန်ုပ်စိတ်ပျက်ချိန်မှာ၊ အပြစ်ဝမ်းနည်းခြင်းဖြင့်ကြောက်ရွံ့ကာလ။ ယေရှုဟောတရားအလျင်အမြန်ပေးပါ၊ ကိုယ်တော်အနီးရှိကြောင်းယုံကြည်မီးပြ။ *3 ကျမ်းစာမြတ်ပေးပါ၊ သွားရာလမ်း၌လင်းရာ၊ လောကရှိဘေးရန်ကိုပြသသွန်သင်။ ဘေးကင်းမီးတိုင်ကိုမှောင်၌လင်းစေမူပါ၊ ထိုအလင်းသာငြိမ်သက်လမ်းပြနိုင်ပင်။ *4 ကျမ်းစာမြတ်ပေးပါ၊ အသက်ဆီမီးဖြစ်ပေ၊ ထိုအလင်းကိုပွင့်သောသင်္ချိုင်းဖြင့်ပြ။ ထွန်းတောက်ကောင်းကင်တံခါးမှမီးရောင်ပြလေ၊ ယော်ဒန်လှိုင်းတွင်ဟပ်သောဘုန်းရောင်ခြည်ပြ။ === code 80 title ကိုယ်တော်မြတ်ကိုသာယုံကြည်ပါကျူး title_original Only Trust Him 1=G 4/4 tune C.M.Ref. authors_lyric J. H. Stockton (1813-1877) scriptureReferences John.14.1 *1 ပြစ်နှိပ်စက်ခြင်းခံသူတိုင်းလာ၊ ကိုယ်တော်ကရုဏာရှိ။ မိန့်တော်မြတ်ကိုယုံကြည်မှသာ၊ ငြိမ်ခြင်းအမှန်ရရှိ။ *ref ကိုယ်တော်မြတ်ကိုသာယုံကြည်ပါ၊ ယခုယုံကြည်ပါ။ သင့်အပြစ်မှကယ်ချွတ်မူမည်၊ ယခုကယ်ချွတ်မည်။ *2 အပြစ်မှကယ်နုတ်မူလိုပေ၊ သွေးတော်မြတ်သွန်းမူပြီ။ မိုးပွင့်ကဲ့သို့ဖြူအောင်ဆေးလေ၊ သွေးတော်၌နစ်မြုပ်ပြီ။ *3 ယေရှုသမ္မာတရားလမ်းပေ၊ ငြိမ်သက်ခြင်းသို့ပို့ဆောင်။ ကိုယ်တော်ကိုယုံကြည်ဆိုင်းမနေ၊ သင်မင်္ဂလာရှိအောင်။ *4 ဝင်ပါသန့်ရှင်းသူစည်းဝေးရာ၊ ချီတက်ဘုန်းတော်ခံရန်။ ဝမ်းမြောက်ခြင်းအစဉ်ပြည့်စုံရာ၊ ကောင်းကင်အိမ်တွင်နေရန်။ === code 81 title သင့်တွက်ငါ့သက်စွန့်ပြီကျူး title_original I Gave My Life for Thee 1=Ab 6/8 tune WHITE 6.6.6.6.6.6. authors_lyric Frances Ridley Havergal (1836-1879) authors_music J. E. White (1849-1928) scriptureReferences Mark.10.45 *1 သင့်တွက်ငါ့သက်ပေးပြီ၊ ငါ့သွေးမြတ်သွန်းလောင်းသည်။ သင်သည်ရွေးခြင်းခံပြီ၊ သေခြင်းမှရှင်ရမည်။ ငါသည်သင့်တွက်ငါ့သက်ပေးပြီ၊ ငါ့တွက်သင်ဘာပေးနည်း။ ငါသည်သင့်တွက်ငါ့သက်ပေးပြီ၊ ငါ့တွက်သင်ဘာပေးနည်း။ *2 အဖအလင်းအိမ်တော်၊ ဘုန်းရံသောငါ့ပလ္လင်။ တစ်ကိုယ်တည်းမြေကြီးပေါ်၊ လှည့်လည်ရန်ငါစွန့်ဆင်း။ ငါသည်သင့်တွက်စွန့်ခဲ့လေပြီ၊ ငါ့တွက်သင်ဘာစွန့်နည်း။ ငါသည်သင့်တွက်စွန့်ခဲ့လေပြီ၊ ငါ့တွက်သင်ဘာစွန့်နည်း။ *3 ငါသည်မပြောနိုင်အောင်၊ ဒုက္ခများစွာခံပြီ။ ငရဲမှသင်လွတ်အောင်၊ ဝေဒနာငါခံပြီ။ ငါသည်သင့်တွက်အားလုံးခံပြီ၊ ငါ့တွက်သင်ဘာခံနည်း။ ငါသည်သင့်တွက်အားလုံးခံပြီ၊ ငါ့တွက်သင်ဘာခံနည်း။ === code 82 title သံတော်ကျွန်ုပ်ကြားရပြန်ကျူး title_original I Hear Thy Welcome Voice 1=Db 3/4 tune S.M.Ref. authors_lyric Lewis Hartsough (1828-1919) scriptureReferences John.10.27 *1 ကပ်တိုင်ထက်တွင်သွန်းသော၊ သွေးတော်ဖြင့်ဆေးကြောရန်။ ကိုယ်တော်ရှင်မြတ်ထံသို့ခေါ်သော၊ သံတော်ကျွန်ုပ်ကြားပြန်။ *ref ကိုယ်တော်ထံလာသည်၊ ယခုပင်လာပြီ။ သွန်းလောင်းသောသွေးတော်ဖြင့်သာ၊ ဆေးကြောစင်ကြယ်စေပါ။ *2 အားနည်းယုတ်ညံ့သော်လည်း၊ ကိုယ်တော်အားတိုးစေပေ။ ကိုယ်တော်ကျွန်ုပ်ပြစ်ဆေးကြောသည်၊ ဖြူစင်အောင်ပြုပါလေ။ *3 ယေရှုရှင်ကိုယ်တော်သာ၊ ပြုပြင်စောင့်မမူပေ။ ကျေးဇူးတော်တစ်ပါးမှတစ်ပါး၊ ထပ်ဆင့်ပေးတော်မူလေ။ *4 ယုံကြည်ချစ်ခင်သူတို့၊ ဝိညာဉ်သက်သေတော်ပေး။ ကတိတော်မြတ်ပြည့်စုံစေဖို့၊ ယုံကြည်ခြင်းကုသိုလ်ရေး။ === code 83 title အံ့ဖွယ်သက်ရှင်စကားကျူး title_original Wonderful Words of Life 1=F 6/8 tune 8.6.8.6.6.6.Ref. authors_lyric P. P. Bliss (1838-1876) scriptureReferences Phil.2.15 *1 ထပ်မံသီချင်းဆိုကြပါကုန်၊ အံ့ဖွယ်ကောင်းလှစကား။ တိုး၍နားလည်ချင်သေးလုံးစုံ၊ သက်ရှင်စေသောစကား။ ကောင်းလှသက်ရှင်ရလေ၊ ယုံကြည်နားထောင်စေပေ။ *ref ကောင်းလှစကား၊ အံ့ဖွယ်စကား၊ အံ့ဖွယ်သက်ရှင်စကား။ ကောင်းလှစကား၊ အံ့ဖွယ်စကား၊ အံ့ဖွယ်သက်ရှင်စကား။ *2 ယေရှုအားလုံးကိုဖိတ်ကြား၏၊ အံ့ဖွယ်ကောင်းလှစကား။ ပြစ်ရှိသူတို့နားထောင်သင့်၏၊ သက်ရှင်စေသောစကား။ ဖိုးမယူဘဲပေးဝေ၊ ကောင်းကင်သွေးဆောင်ခေါ်လေ။ *3 ဝမ်းသာသတင်းတော်ကြော်ငြာလေ၊ အံ့ဖွယ်ကောင်းလှစကား။ ပြစ်လွှတ်ငြိမ်သက်နေခြင်းကိုပေး၊ သက်ရှင်စေသောစကား။ ယေရှုသာကယ်ချွတ်ရှင်၊ သန့်ရှင်းစေထာဝစဉ်။ === code 84 title ဖြည်းညင်းသိမ်မွေ့စွာကျူး title_original Softly and Tenderly 1=G 6/8 tune 11.7.11.7.Ref. authors_lyric Will L. Thompson (1847-1909) scriptureReferences Mark.10.49 *1 ဖြည်းညင်းသိမ်မွေ့စွာယေရှုရှင်ခေါ်နေသည်၊ သင်နှင့်ငါ့အားခေါ်နေသည်။ စိတ်နှလုံးတံခါးမှာကိုယ်တော်စောင့်နေသည်၊ သင်နှင့်ငါ့အားစောင့်နေသည်။ *ref အိမ်သို့ပြန်လာ၊ စိတ်ပင်ပန်းသူအိမ်သို့လာ၊ ဖြည်းညင်းစိတ်နှင့်လွန်စွာယေရှုခေါ်နေရှာ၊ ခေါ်သည်အိုပြစ်သားပြန်လာ။ *2 ယေရှုတောင်းပန်စဉ်ဘယ်ကြောင့်ကြန့်ကြာနှောင့်နှေး၊ ကျွန်ုပ်တို့ကိုတောင်းပန်နေ။ ကရုဏာတော်မှုမထားဘယ်ကြောင့်နှောင့်နှေး၊ သင်နှင့်ငါ့ကိုပေးလျက်နေ။ *3 အောက်မေ့အံ့ဖွယ်မေတ္တာကတိတော်ထားသည်၊ သင်နှင့်ငါ့ဖို့ထားမူ၏။ ပြစ်မှားသော်လည်းကရုဏာနှင့်ပြစ်လွှတ်မည်၊ သင်နှင့်ငါ့ကိုပြစ်လွှတ်၏။ === code 85 title ပွင့်လျက်နေသောတံခါးပေါက်မှကျူး title_original There is a Gate that Stands Ajar 1=C 6/8 authors_lyric Mrs. Lydia Baxter (1809-1874) authors_music S. J. Vail (1818-1883) scriptureReferences Rev.3.8 *1 ပွင့်လျက်နေသောတံခါးပေါက်မှ၊ ကပ်တိုင်ကရောင်ခြည်တော်သည်။ ကယ်တင်ရှင်မေတ္တာတော်ဖော်ပြ၊ ဝေးရပ်မှာထွန်းတောက်နေသည်။ *ref ဟုတ်မည်လောအနန္တမေတ္တာ၊ ထိုတံခါးကျွန်ုပ်ဖို့ပွင့်ရှာ၊ ကျွန်ုပ်၊ ကျွန်ုပ်၊ ကျွန်ုပ်ဖို့ပွင့်နေရှာ။ *2 ကယ်တင်ခြင်းရှာသူတိုင်းအဖို့၊ ထိုတံခါးသည်ပွင့်လျက်နေ။ ချမ်းသာဆင်းရဲကြီးငယ်ပေါင်းတို့၊ လူမျိုးတကာဝင်နိုင်လေ။ *3 ကရုဏာတံခါးသည်ပွင့်နေ၊ ရန်သူမုန်းသော်လည်းရှေ့တက်။ ထာဝရမေတ္တာတော်သက်သေ၊ ကပ်တိုင်ယူမကိုဋ်အောင်လျက်။ *4 သည်မှာပေးသောတိုင်တော်မြတ်ကို၊ မြစ်တစ်ဖက်မှချထားမည်။ အသက်သရဖူကိုဆောင်းလို၊ ထက်ရပ်မှာတိုး၍ချစ်မည်။ === code 86 title ဧည့်သည်တံခါးမှာစောင့်သည်ကျူး title_original There's a Stranger at the Door 1=Db 4/4 authors_lyric John B. Atchinson (1840-1882) authors_music Edwin O. Excell (1851-1921) scriptureReferences Rev.2.20 *1 ဧည့်သည်တံခါးမှာစောင့်သည်၊ ဝင်ပါစေ၊ ကြိမ်ဖန်များစွာလာခဲ့ပြီ၊ ဝင်ပါစေ၊ မသွားမီဝင်ဖို့ခွင့်ပေး၊ သန့်ရှင်းကိုယ်တော်မြတ်ဝင်စေ၊ ယေရှုခရစ်သားတော်ပေ၊ ဝင်ပါစေ။ *2 ခုဝိညာဉ်တံခါးဖွင့်လော့၊ ဝင်ပါစေ၊ ဆိုင်းလျှင်သွားတော်မူလိမ့်မည်၊ ဝင်ပါစေ၊ မိတ်ဆွေဖြစ်တော်မူမှန်တော့၊ သင့်ဝိညာဉ်ကိုစောင့်မသော၊ ကယ်တင်ရှင်ဖြစ်တော်မူသည်၊ ဝင်ပါစေ။ *3 ခုချိုလှသံကြားသလော၊ ဝင်ပါစေ၊ ယနေ့ပင်လက်ခံပါလော့၊ ဝင်ပါစေ၊ တံခါးပြင်မှာရပ်နေသည်၊ ဝမ်းသာခြင်းတိုးတက်စေမည်၊ နာမတော်ကိုချီးမွမ်းမည်၊ ဝင်ပါစေ။ *4 ယခုကောင်းကင်မှဧည့်သည်၊ ဝင်ပါစေ၊ ကောင်းကင်မုန့်ကိုကျွေးလိမ့်မည်၊ ဝင်ပါစေ၊ သင့်အပြစ်လွှတ်ကြောင်းပြောမှာ၊ မိတ်ဆွေများနှင့်ကွဲသောခါ၊ ကောင်းကင်သို့ပို့ရန်ကြွလာ၊ ဝင်ပါစေ။ === code 87 title ယေရှုသိမ်မွေ့စွာခေါ်နေကျူး title_original Jesus is Tenderly Calling 1=C 6/8 authors_lyric Fanny J. Crosby (1820-1915) authors_music George C. Stebbins (1846-1945) scriptureReferences Heb.4.7 *1 ယေရှုအိမ်တော်သို့သိမ်မွေ့စွာခေါ်နေ၊ ယနေ့ခေါ်နေ၊ ယနေ့ခေါ်နေ၊ ဘယ်ကြောင့်မေတ္တာရောင်ခြည်လင်းမှပြေးပေ၊ ဝေးစွာလှည့်လည်သွားလိုချေ။ *ref ယနေ့ခေါ်နေ၊ ယနေ့ခေါ်နေ၊ ယေရှုရှင်ခေါ်နေသိမ်မွေ့စွာယနေ့ခေါ်လျက်နေ။ *2 ယေရှုရှင်မောပန်းသူနားရန်ခေါ်နေ၊ ယနေ့ခေါ်နေ၊ ယနေ့ခေါ်နေ။ သင့်ဝန်ကိုယူခဲ့၍ကောင်းချီးခံလေ၊ ကိုယ်တော်သင့်ကိုမပယ်ချေ။ *3 ယေရှုရှင်စောင့်နေအိုယခုလာချေ၊ ယနေ့စောင့်နေ၊ ယနေ့စောင့်နေ။ အပြစ်နှင့်လာခြေတော်ရင်းဦးချလေ၊ ဆိုင်းမနေယခုလာချေ။ *4 ယေရှုတောင်းပန်နေသံကိုနားထောင်ပါ၊ ခုနားထောင်လေ၊ ခုနားထောင်လေ။ နာမတော်ယုံကြည်သူတို့ဝမ်းမြောက်ရာ၊ မြန်စွာထနောက်တော်လိုက်လေ။ === code 88 title လာလိုသောသူများကျူး title_original Whosoever Will 1=D 4/4 authors_lyric P. P. Bliss (1838-1876) scriptureReferences Isa.6.8 *1 ကြားရသောသူများသတင်းကိုကြော်ငြာ၊ ထိုမင်္ဂလာသတင်းလောကလုံးလွှတ်ပါ၊ ဝမ်းမြောက်ဖွယ်သတင်းလူရှိရပ်မှာပြောလေ၊ လာလိုသူများလာနိုင်ချေ။ *ref လာလိုသောသူများ၊ လာလိုသောသူများ၊ ကြော်ငြာခြင်းကိုအရပ်တိုင်းသို့ဆောင်ယူသွား။ ချစ်သောအဖခေါ်နေလမ်းလွဲသောသူတွေ၊ လာလိုသူများလာနိုင်ချေ။ *2 လာလိုသောသူများဖင့်နွှဲမရှိရာ၊ ခုခါတံခါးဖွင့်ထားဝင်နိုင်စဉ်ဝင်ပါ၊ ယေရှုရှင်သာသစ္စာသက်ရှင်လမ်းပြပေ၊ လာလိုသူများလာနိုင်ချေ။ *3 ကတိတော်မြတ်ကားခိုင်လုံစိတ်ချရာ၊ လာလိုသောသူကားအစဉ်သည်းခံကြရာ၊ လာလိုသောသူအားထာဝရသက်ရပေ၊ လာလိုသူများလာနိုင်ချေ။ === code 89 title ချစ်သိုးထိန်းရှင်ယေရှုသည်ကျူး title_original Jesus, the Loving Shepherd 1=F 6/8 authors_lyric W. A. Ogden (1841-1897) scriptureReferences John.10.14 *1 ချစ်သိုးထိန်းရှင်ယေရှုသည်၊ သင့်ကိုလာရန်ခေါ်သည်၊ လုံခြုံသောသိုးခြံတွင်းမှာ၊ နားရန်အခန်းရှိပါ၊ အရွယ်ကောင်းစဉ်ခါလာလေ၊ နုနယ်စဉ်ခါလာချေ၊ လုံခြုံသောခြံတွင်းဝင်ပါ၊ သစ္စာလမ်းသို့ဝင်လေ။ *ref မေတ္တာနှင့်သိမ်မွေ့စွာကိုယ်တော်ခေါ်နေ၊ လမ်းလွဲသူ၊ လမ်းလွဲသူ၊ ငါ့ထံလာချေ။ သည်းခံလျက်ထိုမှာရပ်နေကြောင်းမြင်လေ၊ ယေရှုကျွန်ုပ်သိုးထိန်းပေ။ *2 ချစ်သိုးထိန်းရှင်ယေရှုသည်၊ သင့်တွက်သက်တော်စွန့်ရှာ၊ ဖြည်းညင်းစွာသင့်ကိုခေါ်သည်၊ လမ်းလွဲသူငါ့ထံလာ၊ ခြံပြင်မှာဘေးရန်ရှိပေ၊ မြန်စွာဝင်ရန်ခေါ်သည်၊ လုံခြုံသောခြံသို့ဝင်လေ၊ နားရန်အခန်းရှိသည်။ *3 ဖင့်နွှဲခြင်းသည်မိုက်မဲပေ၊ ယနေ့တောခွေးတို့မှာ၊ လမ်းလွဲသိုးများကိုရှာနေ၊ သိုးငယ်များသတ်ဖို့ရာ၊ ချစ်သိုးထိန်းရှင်ယေရှုသည်၊ သင့်ကိုလာရန်ခေါ်၏၊ လုံခြုံသောသိုးခြံတွင်းမှာ၊ နားရန်အခန်းရှိ၏။ === code 90 title ယေရှုကျွန်ုပ်လာပြီကျူး title_original Jesus, I Come 1=G 6/4 authors_lyric W. T. Sleeper (1819-1904) authors_music George C. Stebbins (1846-1945) scriptureReferences Ps.130.1 *1 ချည်နှောင်ဝမ်းနည်းခြင်းတို့မှကင်းဖို့၊ ကိုယ်တော်ထံသို့ကျွန်ုပ်လာသည်၊ လွတ်လပ်ခြင်းနှင့်ဝမ်းသာခြင်းထဲသို့၊ ယေရှုကျွန်ုပ်လာပြီ။ ဤရောဂါကကျန်းမာခြင်းမြတ်သို့၊ ဆင်းရဲခြင်းမှဝပြောခြင်းရမည်။ ဒုစရိုက်များမှကိုယ်တော်ထံသို့၊ ယေရှုကျွန်ုပ်လာပြီ။ *2 အလွန်ရှက်ကြောက်ဖွယ်ဆုံးရှုံးခြင်းမှ၊ ကိုယ်တော်ထံသို့ကျွန်ုပ်လာသည်၊ တိုင်တော်ဖြင့်ရသောအောင်မြင်ခြင်းမှ၊ ယေရှုကျွန်ုပ်လာပြီ။ ခံရသောဒုက္ခဝေဒနာမှ၊ ကိုယ်တော်၏ငြိမ်သက်ဝမ်းသာခြင်းသည်။ ငိုကြွေးခြင်းမှသီချင်းဆိုဖို့ရာ၊ ယေရှုကျွန်ုပ်လာပြီ။ *3 လောဘမာနထောင်လွှားခြင်းထဲမှ၊ ကိုယ်တော်ထံသို့ကျွန်ုပ်လာသည်၊ အလိုတော်ကိုအစဉ်လိုက်ဖို့ရာ၊ ယေရှုကျွန်ုပ်လာပြီ။ ကျွန်ုပ်စိတ်ပျက်ခြင်းအားလျော့ခြင်းမှ၊ ကိုယ်တော်၏မဟာမေတ္တာတော်သည်။ ချိုးငှက်ကဲ့သို့ပျံတက်နေဖို့ရာ၊ ယေရှုကျွန်ုပ်လာပြီ။ *4 ကြောက်မက်ဖွယ်သောသင်္ချိုင်းတွင်းထဲမှ၊ ကိုယ်တော်ထံသို့ကျွန်ုပ်လာသည်၊ ကောင်းကင်အလင်းချမ်းသာခြင်းသုခ၊ ယေရှုကျွန်ုပ်လာပြီ။ တိုင်းမသိသောပျက်စီးခြင်းထဲမှ၊ ကိုယ်တော်၏သိုးခြံမှာလုံခြုံသည်။ မျက်နှာတော်ကိုဖူးမြော်နေဖို့ရာ၊ ယေရှုကျွန်ုပ်လာပြီ။ === code 91 title အသွေးတော်မြတ်၌တန်ခိုးတော်ရှိကျူး title_original Power in the Blood 1=Bb 4/4 tune 10.9.10.8.Ref. authors_lyric Lewis E. Jones (1865-1936) scriptureReferences Rev.7.14 *1 အပြစ်ဝန်ထုပ်မှသင်လွတ်လိုသလော၊ အသွေးတော်မြတ်၌တန်ခိုးတော်ရှိ၊ သင်သည်အပြစ်ကိုအောင်မြင်လိုသလော၊ ထူးဆန်းတန်ခိုးသွေးတော်၌ရှိ။ *ref တန်ခိုးတော်မြတ်၊ ထူးဆန်းသောတန်ခိုး၊ သိုးသငယ်တော်၏သွေး၊ တန်ခိုးတော်မြတ်၊ ထူးဆန်းသောတန်ခိုး၊ သိုးသငယ်ဖိုးထိုက်သောအသွေး။ *2 ဒေါသမာနမှသင်လွတ်လိုသလော၊ အသွေးတော်မြတ်၌တန်ခိုးတော်ရှိ၊ ကရာနီသို့ပြစ်ဆေးကြောရန်လာလော့၊ ထူးဆန်းတန်ခိုးသွေးတော်၌ရှိ။ *3 သင့်ဘုရင်ယေရှုဖို့မှုဆောင်မည်လော၊ အသွေးတော်မြတ်၌တန်ခိုးတော်ရှိ၊ ကျေးဇူးမြတ်နေ့စဉ်ချီးမွမ်းနေမည်လော၊ ထူးဆန်းတန်ခိုးသွေးတော်၌ရှိ။ === code 92 title အိမ်တော်သို့ပြန်မည်ကျူး title_original Lord, I'm Coming Home 1=Ab 4/4 tune 8.5.8.5.Ref. authors_lyric William J. Kirkpatrick (1838-1921) scriptureReferences Luke.15.18 *1 ဘုရားမှဝေးစွာသွားမိပြီ၊ ခုထံတော်ပြန်မည်၊ အပြစ်လမ်းကိုလိုက်ခြင်းကြာပြီ၊ အိမ်တော်သို့ပြန်မည်။ *ref ပြန်လာပြီ၊ ပြန်လာပြီ၊ နောင်ဘယ်မျှမလည်၊ မေတ္တာလက်ဖြန့်တော်မူသည်၊ အိမ်တော်သို့ပြန်ပြီ။ *2 ဖိုးထိုက်နှစ်များဖြုန်းတီးခဲ့ပြီ၊ ခုထံတော်ပြန်မည်၊ မျက်ရည်ကျလျက်နောင်တရပြီ၊ အိမ်တော်သို့ပြန်ပြီ။ *3 ပြစ်၌ကျင်လည်ခြင်းရွံရှာပြီ၊ ခုထံတော်ပြန်မည်၊ မေတ္တာတော်နှင့်ကတိယုံကြည်၊ အိမ်တော်သို့ပြန်ပြီ။ *4 မျှော်လင့်ခြင်းနှင့်ထုချေချက်မှာ၊ ခုထံတော်ပြန်မည်၊ ယေရှုကျွန်ုပ်တွက်သေခံရှာ၊ အိမ်တော်သို့ပြန်ပြီ။ *5 ကိုယ်တော်သွေး၌ဆေးကြောလိုပါ၊ ခုထံတော်ပြန်မည်၊ မိုးပွင့်ထက်ဖြူစွာဆေးကြောပါ၊ အိမ်တော်သို့ပြန်မည်။ === code 93 title မြဲတည်ကျောက်ကျူး title_original Rock of Ages 1=Bb 3/4 tune TOPLADY 7.7.7.7.7.7. authors_lyric Augustus M. Toplady (1740-1778) authors_music Thomas Hastings (1784-1872) scriptureReferences Ps.18.2 *1 မြဲတည်ကျောက်ကျွန်ုပ်ဖို့ကွဲ၊ ကိုယ်တော်၌ခိုစေမှီဝဲ။ နံတော်မှစီးသောသွေးရည်၊ အပြစ်အနာဆေးကြောစေ၊ ပြစ်တန်ခိုးဒုစရိုက်မှ၊ ကယ်တင်တော်မူခြင်းခံရ။ *2 ပညတ်တော်မြတ်စုံလင်စွာ၊ မဆောင်ရွက်မကျင့်နိုင်ပါ။ မည်မျှစိတ်အားကြီးသော်လည်း၊ မျက်ရည်အစဉ်ကျယိုစီး၊ ပြစ်အားလုံးမဖြေနိုင်ရာ၊ ကိုယ်တော်သာလျှင်ကယ်နိုင်ပါ။ *3 ကျွန်ုပ်၌ကုသိုလ်မရှိ၊ ကိုယ်တော်သာမှီတွယ်ရာရှိ။ လက်ချည်းသက်သက်ထံတော်သို့၊ လာသည်ကျေးဇူးတော်ခိုဖို့၊ ဆိုးယုတ်လျက်ထံတော်ပြေးလာ၊ မကယ်လျှင်အမှန်သေရာ။ *4 အသက်ရှူရှိုက်နေစဉ်ခါ၊ မျက်စိမှိတ်၍စုတေရာ။ မြင့်ရွှေဘုံသို့ပြန်တက်ကြွ၊ ပလ္လင်တော်ကိုဖူးမြင်ရ၊ မြဲတည်ကျောက်ကျွန်ုပ်ဖို့ကွဲ၊ ကိုယ်တော်၌ခိုစေမှီဝဲ။ === code 94 title နီးစေ၊ သာ၍နီးစေကျူး title_original Nearer, Still Nearer 1=Db 4/4 tune MORIS 9.10.9.10.10. authors_lyric Mrs. C. H. Morris (1862-1929) scriptureReferences Jas.4.8 *1 နီးစေ၊ သာနီးစေ၊ နှလုံးတော်နှင့်။ ဖိုးထိုက်ကိုယ်တော်ထံဆွဲပါကယ်တင်ရှင်။ ပိုက်ပါကျွန်ုပ်ကိုရင်ခွင်တော်မှာ၊ (နားရန်ဆိပ်ကမ်းတွင်ကွယ်ကာတော်မူပါ။)၂ *2 နီးစေ၊ သာနီးစေ၊ ဘာမျှမပါ။ ယေရှုဘုရင်ဖို့ယဇ်ပူဇော်သကာ။ အပြစ်ကြောင့်နောင်တရနှလုံးသား၊ (သွေးတော်ဖြင့်စင်ကြယ်စေရန်မစပါ။)၂ *3 နီးစေ၊ သာနီးစေ၊ ကိုယ်တော်ပိုင်ရန်။ ပျော်မွေ့ခြင်းအမျိုးမျိုးမာနဟိတ်ဟန်။ မိုက်မဲခြင်းဒုစရိုက်စွန့်ပယ်ရာ၊ (ကပ်တိုင်သေခံရှင်ယေရှုသာပေးပါ။)၂ *4 နီးစေ၊ သာနီးစေ၊ သက်ရှင်သမျှ။ ဘုန်းပွင့်ရာကျောက်ဆူးချသည်တိုင်ကာလ။ အနန္တကာလစဉ်ထာဝရ၊ (ကျွန်ုပ်ကယ်တင်ရှင်သာ၍နီးစေပါ။)၂ === code 95 title သွေးတော်၌တည်လျက်နေကျူး title_original Deeper Yet 1=A 6/8 tune DEEPER YET 6.6.6.6.Ref. authors_lyric Johnson Oatman, Jr. (1856-1922) authors_music William J. Kirkpatrick (1838-1921) scriptureReferences 1John.1.7 *1 ကပ်တိုင်မှသွေးတော်ဖြင့်၊ ကျွန်ုပ်ဆေးကြောမူပေ။ ချေးညှော်ကင်းလှခြင်းနှင့်၊ သွေးတော်၌တည်လျက်နေ။ *ref သွေးတော်တွင်၊ သွေးတော်တွင် နက်ရှိုင်းစွာတည်လျက်နေ။ သွေးတော်တွင်၊ သွေးတော်တွင် စဉ်မပြတ်တည်လျက်နေ။ *2 နေ့ရက်တိုင်းနာရီတိုင်း၊ များစွာကောင်းချီးသွန်းလောင်း။ တန်ခိုးရရန်ကိုင်းရှိုင်း၊ မပြတ်အစဉ်ဆုတောင်း။ *3 ကိုယ်တော်၏နောက်တော်ကို၊ နီးကပ်စွာလိုက်လိုပေ။ လိုက်လျောမည်တောင်းသလို၊ ယုံကြည်ခြင်းနှင့်တောင်းလေ။ *4 ပြစ်ကမ္ဘာ၌ရှိစဉ်၊ ငြိမ်သက်ခြင်းရရှိပြီ။ ကိုယ်တွင်သန့်သည်ထိပင်၊ စဉ်မပြတ်ဆုတောင်းမည်။ === code 96 title လက်ဝါးကပ်တိုင်တော်အောက်တွင်ကျူး title_original Beneath the Cross of Jesus 1=Db 4/4 tune ST. CHRISTOPHER 7.6.8.6.8.6.8.6. authors_lyric Elizabeth C. Clephane (1830-1869) authors_music Frederick C. Maker (1844-1927) scriptureReferences Prov.14.26 *1 လက်ဝါးကပ်တိုင်တော်အောက်တွင်၊ ကျွန်ုပ်ခိုလှုံလိုလေ၊ နေပူပြင်းသောဒေသ၌ပင်၊ ကျောက်လုံးကြီးရိပ်လိုပေ။ ဒေါသမုန်တိုင်းကျသောအခါ၊ ဘေးပေါင်းကွယ်ကာရာတည်း။ ဝန်လေးသောသူဝန်ချထားရာ၊ မောသူနားရာပေတည်း။ *2 ထိုတိုင်တော်မြတ်အပေါ်တွင်၊ တစ်ရံတစ်ခါကြည့်သော်၊ ကျွန်ုပ်တွက်သေခံသဏ္ဌာန်ပင်၊ ကျွန်ုပ်မြင်သည်ထင်ပေါ်။ မြင်ရတိုင်းမျက်ရည်ကျသဖြင့်၊ အံ့ဖွယ်နှစ်ခုတွေ့သည်။ အတုမရှိမေတ္တာတော်နှင့်၊ ကိုယ်၏ယုတ်ညံ့ခြင်းတည်း။ *3 ထိုတိုင်တော်မြတ်အရိပ်သာ၊ ကျွန်ုပ်ခိုရာဖြစ်စေ၊ မျက်နှာရောင်ခြည်ထွန်းတောက်မူရာ၊ ကျွန်ုပ်အလင်းဖြစ်လေ။ လောကဆင်းရဲစည်းစိမ်ထဲဝယ်၊ အရှုံးအမြတ်မထင်။ ကိုယ့်ပြစ်ကိုသာရှက်ရာဖြစ်ဖွယ်၊ တိုင်တော်၌ဝါကြွားချင်။ === code 97 title ဘိုးဘေးတို့ယုံကြည်ခြင်းကျူး title_original Faith of Our Fathers 1=G 3/4 tune ST. CATHERINE 8.8.8.8.8.8. authors_lyric Frederick W. Faber (1814-1863) authors_music Henri F. Hemy (1818-1888) scriptureReferences Heb.11.1 *1 ဘိုးဘေးတို့ယုံကြည်ခြင်းများကား၊ တောင်တန်းမီး၊ ဓါးဘေးရှိသော်ငြား။ ကျွန်ုပ်တို့တွင်ခုတည်သေးသည်၊ ထိုအကြောင်းကြားသော်ဝမ်းမြောက်သည်။ ဘိုးဘေးတို့သည်သန့်ရှင်းယုံကြည်၊ သေသည်တိုင်အောင်စွဲမြဲကြမည်။ *2 မှောင်မည်းထောင်တွင်းချည်နှောင်ထားမူ၊ ဩတ္တပ္ပစိတ်၊ လွတ်ကင်းစေကြ။ သားမြေးများလည်းသူတို့နည်းတူ၊ သေခံနိုင်လျှင်ဘယ်မျှကောင်းစွ။ ဘိုးဘေးတို့သည်သန့်ရှင်းယုံကြည်၊ သေသည်တိုင်အောင်စွဲမြဲကြမည်။ *3 ဘိုးဘေးတို့ယုံကြည်ခြင်းထောက်ချင့်၊ မိတ်ဆွေနှင့်ရန်သူကိုချစ်မည်။ ကြင်နာသောသူ၏စောင့်ခြင်းဖြင့်၊ မေတ္တာတရားကိုလည်းဟောမည်။ ဘိုးဘေးတို့သည်သန့်ရှင်းယုံကြည်၊ သေသည်တိုင်အောင်စွဲမြဲကြမည်။ === code 98 title ခေါ်တော်မူသံကိုကျွန်ုပ်ကြားရပြီကျူး title_original Draw Me Nearer 1=G 4/4 tune 10.7.10.7.Ref. authors_lyric Fanny J. Crosby (1820-1915) authors_music William H. Doane (1832-1915) scriptureReferences Heb.10.22 *1 ခေါ်တော်မူသံကိုကျွန်ုပ်ကြားရပြီ၊ ကိုယ်တော်ချစ်ကြောင်းကိုသိသည်၊ ယုံကြည်ခြင်းဖြင့်ကိုယ်တော်ထံပျံတက်မည်၊ ခြေတော်ရင်းမှာနေလိုသည်။ *ref ကိုယ်တော်သေခံကပ်တိုင်တော်နားကို၊ ကျွန်ုပ်သာ၍နီးစေပါ၊ သာ၍နီးစေ၊ နီးစေ၊ နီးစေတော်မူလို၊ နီးစေပါကိုယ်တော်အပါး။ *2 ကိုယ်တော်မှုဆောင်ရန်ခွဲခန့်မှတ်သားပေ၊ ထူးဆန်းမေတ္တာတန်ခိုးတွင်၊ ကျွန်ုပ်၏ဝိညာဉ်မျှော်လင့်မြဲမြံစေ၊ လိုရာကိုယ်တော်၌ရှာချင်။ *3 ကိုယ်တော်မြတ်ရှေ့တွင်ဆုတောင်း၍နေချင်၊ ပလ္လင်တော်နားချဉ်းကပ်ကာ၊ မိတ်ဆွေချင်းကဲ့သို့တောင်းပန်ပြောဆိုချင်၊ ထူးပင်ကျွန်ုပ်နှစ်သက်ပါ။ === code 99 title ကပ်တိုင်သို့ကျွန်ုပ်လာသည်ကျူး title_original I Am Coming to the Cross 1=F 3/4 tune 7.7.7.7.Ref. authors_lyric William McDonald (1820-1901) authors_music William G. Fischer (1835-1912) scriptureReferences Gal.2.20 *1 ကပ်တိုင်သို့ကျွန်ုပ်လာသည်၊ ဆင်းရဲမျက်စိကန်းနွမ်းပါး၊ ကောင်းမှုများလျှင်းမရှိပြီ၊ ကယ်တင်ခြင်းမှန်တွေ့နိုင်ရာ။ *ref မင်္ဂလာရှိသိုးငယ်ရှင်၊ ကိုယ်တော်ကိုကျွန်ုပ်ကိုးစား၊ ရိုသေစွာဦးညွတ်လိုက်ချင်၊ ယေရှုခုကယ်တင်မူပါ။ *2 ကြာကြာကျွန်ုပ်ဆိုးအားကြီး၊ ကြာမြင့်စွာကိုယ်တော်မြော်တွေး၊ ယေရှုချိုသံကြားသတည်း၊ သင့်အပြစ်ငါ့သွေးနှင့်ဆေး။ *3 ကိုယ်တော်သည်အပိုင်ယူဖို့၊ မိတ်ဆွေများအချိန်ဥစ္စာ၊ နံဝိညာဉ်ကိုယ်ခန္ဓာတို့၊ အားလုံးဆက်ကပ်ပူဇော်ပါ။ *4 ကိုယ်တော်၏ကတိယုံကြည်၊ သွေးတော်သွန်းအကျိုးဆက်ဆံ၊ စိတ်နှလုံးနှိမ့်ချပါပြီ၊ ယေရှုနှင့်သေခြင်းကိုခံ။ === code 100 title ကိုယ်တော်ဖို့သာကျွန်ုပ်ဖြစ်စေပါကျူး title_original Wholly Thine 1=G 4/4 tune 9.5.9.5.Ref. authors_lyric F. E. Belden (1858-1945) scriptureReferences 1Thess.5.23 *1 ကိုယ်တော်ဖို့သာကျွန်ုပ်ဖြစ်စေပါ၊ မည်သို့နည်းသွန်သင်မူ။ လိုက်ပါမည်ကိုယ်တော်အလိုတော်သာ၊ ကူညီပါယခု။ *ref ကိုယ်တော်ဖို့၊ လုံးလုံးသာ၊ ကျွန်ုပ်သစ္စာပြုပါပြီ။ ကိုယ်တော်ဖို့၊ လုံးလုံးသာ၊ အိုသခင်ယခုအပ်မည်။ *2 ကိုယ်တော်မပါလျှင်လောကီချမ်းသာ၊ ဂုဏ်ကျက်သရေမဲ့သည်။ နာမတော်ဖို့လုံးစုံစွန့်ပယ်ရာ၊ ကျွန်ုပ်ဘဏ္ဍာတည်း။ *3 မြဲမရှိလောကီစည်းစိမ်စွန့်ပြီ၊ ကိုယ်တော်ရှင်နီးကြွပါ။ ကိုယ်တော်ထံလုံးစုံကျွန်ုပ်တွေ့ပြီ၊ နှစ်သိမ့်ခြင်းရရာ။ === code 101 title ရှိသမျှအပ်မည်ကျူး title_original I Surrender All 1=D 4/4 tune 8.7.8.7.Ref. authors_lyric J. W. VanDeVenter (1855-1939) authors_music W. S. Weeden (1847-1908) scriptureReferences Josh.24.15 *1 ယေရှုရှင်သို့အားလုံးအပ်ထား၊ လုံးလုံးကိုယ်တော်ကိုအပ်မည်။ ကိုယ်တော်ကိုစဉ်ချစ်ခင်ကိုးစား၊ ရှေ့တော်တွင်နေ့စဉ်နေမည်။ *ref ရှိသမျှအပ်မည်၊ ရှိသမျှအပ်မည်၊ မင်္ဂလာရှိကယ်တင်ရှင်ကို၊ ရှိသမျှအပ်မည်။ *2 ယေရှုရှင်သို့အားလုံးအပ်မည်၊ ခြေတော်ကိုလေးမြတ်ဦးတိုက်။ လောကီပျော်မွေ့ခြင်းများစွန့်ပြီ၊ ရှင်ယေရှုယခုသိမ်းပိုက်။ *3 ယေရှုရှင်သို့အားလုံးအပ်မည်၊ ကိုယ်တော်ပိုင်လုံးလုံးဖြစ်စေ။ ဝိညာဉ်တော်ကိုခံစားစေသည်၊ ကိုယ်တော်ကျွန်ုပ်ဘုရားပေ။ *4 ယေရှုရှင်သို့အားလုံးအပ်မည်၊ သန့်ရှင်းမီးလျှံခုခံစား။ ကယ်တင်ခြင်း၏ဝမ်းမြောက်ခြင်းသည်၊ နာမတော်ဘုန်းကြီးစေသား။ === code 102 title ယေရှုနှင့်နီးကပ်စွာနေမည်ကျူး title_original I Would Draw Nearer to Jesus 1=Bb 6/4 tune 8.7.8.7.Ref. authors_lyric Robert Harkness (1880-1961) scriptureReferences Isa.6.8 *1 ယေရှုနှင့်နီးကပ်စွာနေမည်၊ သာယာသောမျက်မှောက်၌ပေ၊ ကိုယ်တော်တွက်စဉ်စေခံလိုပြီ၊ ကိုယ်တော်အနီးလုံခြုံလေ။ *ref ယေရှုနှင့်နီးကပ်စွာနေမည်၊ ကိုယ်တော်နှင့်နီးကပ်စွာနေ၊ မိနစ်တိုင်းအပြည့်ဆက်ကပ်နေ၊ ကိုယ်တော်နှင့်နီးကပ်စွာနေ။ *2 ယေရှုနှင့်နီးကပ်စွာနေမည်၊ ရှိသမျှလက်တော်အပ်ပြီ၊ ကျေးဇူးခံရမည်အသိဖြင့်၊ ကိုယ်တော်၏အနီးနေမည်။ *3 ယေရှုနှင့်နီးကပ်စွာနေမည်၊ ကိုယ်တော်ခွန်အားရယူပေ၊ ကောင်းမြတ်တော်မူခြင်းပြောကြားမည်၊ လိုတော်ဝမ်းမြောက်စွာဆောင်လေ။ === code 103 title ယေရှုနှင့်စဉ်တူမည်ကျူး title_original I Would Be Like Jesus 1=G 6/4 tune C.M.Ref. authors_lyric James Rowe (1865-1933) authors_music B. D. Ackley (1872-1958) scriptureReferences 2Cor.3.18 *1 လောကီပျော်မွေ့ခြင်းမလိုပြီ၊ ယေရှုနှင့်စဉ်တူမည်။ လောကီစွဲလမ်းမှုများပယ်၏၊ ယေရှုနှင့်စဉ်တူမည်။ *ref ယေရှုနှင့်တူမည်အစဉ်၊ အိမ်နှင့်ပရိသတ်ထဲတွင်၊ ယေရှုနှင့်တူမည်နေ့စဉ်၊ ယေရှုနှင့်စဉ်တူမည်။ *2 နှောင်ကြိုးရှိသမျှကိုချိုးပေး၊ ယေရှုနှင့်စဉ်တူမည်။ ကိုယ်တော်ကိုသာလွန်ဆက်ကပ်စေ၊ ယေရှုနှင့်စဉ်တူမည်။ *3 လောကလမ်းမှနိုင်ငံတော်တိုင်၊ ယေရှုနှင့်စဉ်တူမည်။ ကိုယ်တော်ကြောင်းကိုထပ်ခါပြောနိုင်၊ ယေရှုနှင့်စဉ်တူမည်။ *4 နိုင်ငံတော်၌တွေ့ဆုံကြရန်၊ ယေရှုနှင့်စဉ်တူမည်။ "သာဓု" ခေါ်ရန်ကြုံမည်အမှန်၊ ယေရှုနှင့်စဉ်တူမည်။ === code 104 title တိုင်တော်နားပို့ဆောင်မူပါကျူး title_original Near the Cross 1=F 6/8 tune 7.6.7.6.Ref. authors_lyric Fanny J. Crosby (1820-1915) authors_music William H. Doane (1832-1915) scriptureReferences John.19.25 *1 တိုင်တော်နားပို့ဆောင်မူပါ၊ ဖိုးထိုက်စမ်းရေတည်ရာ၊ လူတို့အားဖိုးမဲ့သနား၊ ကရာနီမှစီးရှာ။ *ref မြစ်တစ်ဖက်၊ နားနေရာ၊ ကျွန်ုပ်ပီတိတွေ့ရာ၊ တိုင်တော်သာဝါကြွားစရာ၊ စဉ်မြဲဖြစ်စေမူပါ။ *2 တိုင်တော်နားတုန်လှုပ်နေရာ၊ မေတ္တာကျေးဇူးတွေ့ရ၊ ထိုမှာမိုးသောက်ကြယ်ပေါ်လာ၊ ကျွန်ုပ်ပတ်လည်ထွန်းပ။ *3 သိုးသငယ်တော်ကပ်တိုင်မှာ၊ ဖြစ်သမျှဖော်ပြပါ၊ သက်တာလမ်းနေ့တိုင်းလျှောက်ရာ၊ တိုင်တော်ရိပ်လွှမ်းစေပါ။ *4 မြစ်တစ်ဖက်ရွှေပြည်တော်ဘောင်၊ ကျွန်ုပ်ရောက်သည့်တိုင်အောင်၊ မျှော်လင့်ကိုးစားလျက်နေသည်၊ တိုင်တော်နားစောင့်နေမည်။ === code 105 title ရှိသည်အတိုင်းကုသိုလ်မရှိကျူး title_original Just as I Am 1=D 6/4 tune WOODWORTH L.M. authors_lyric Charlotte Elliot (1789-1871) authors_music William B. Bradbury (1816-1868) scriptureReferences 1Tim.1.15 *1 ရှိသည်အတိုင်းကုသိုလ်မရှိ၊ သို့သော်ငါ့တွက်သွေးတော်သွန်းပြီ၊ ထံတော်ချဉ်းရန်ခေါ်တော်မူ၏၊ သိုးငယ်ဘုရားကျွန်ုပ်လာပြီ။ *2 ရှိသည်အတိုင်းမဆိုင်းလင့်ဘဲ၊ အပြစ်လွှတ်ရန်စွန်းထင်းမှောင်မည်း၊ ကိုယ်တော်သွေးတော်မြတ်ဖြင့်စင်ကြယ်၊ ကျွန်ုပ်လာပြီဘုရားသိုးငယ်။ *3 ရှိသည်အတိုင်းရန်သူဝိုင်းလျက်၊ အတွင်းတိုက်ခိုက်အပြင်နှောင့်ယှက်၊ ဆိုင်ပြိုင်တိုက်ခိုက်ယုံမှားသော်ငြား၊ ကျွန်ုပ်လာပြီသိုးငယ်ဘုရား။ *4 ရှိသည်အတိုင်းမျက်ကန်းနွမ်းပါး၊ အလင်းစည်းစိမ်စိတ်ချမ်းသာသည်၊ ကိုယ်တော်၌သာတွေ့ရှိရသား၊ သိုးငယ်ဘုရားကျွန်ုပ်လာပြီ။ === code 106 title ကျွန်ုပ်၌ကိန်းဝပ်ပါကျူး title_original Live Out Thy Life Within Me 1=D 4/4 tune AURELIA 7.6.7.6.D. authors_lyric Frances Ridley Havergal (1836-1879) authors_music Samuel Wesley (1810-1876) scriptureReferences John.14.23 *1 ဘုရင်တို့၏ဘုရင်မြတ်၊ ကျွန်ုပ်၌ကိန်းဝပ်ပါ၊ ပြဿနာလုံးစုံပယ်ရှား၊ ကိုယ်တော်ဖြေရှင်းမူပါ၊ ကျွန်ုပ်၌ကိန်းဝပ်မူပါ၊ အလိုတော်အတိုင်းသာ၊ အသုံးပြုတော်မူခြင်းငှါ၊ ဘုန်းတော်ထင်ရှားစေပါ။ *2 ဗိမာန်တော်ကိုပြုပြင်ပြီး၊ အပြစ်နှင့်ကင်းစင်ပါ၊ ကိုယ်တော်၏ဘုန်းတန်ခိုးကြီး၊ အတွင်းမှထွန်းလင်းရှာ၊ ကပ်ကမ္ဘာကြီးတိတ်ဆိတ်နေ၊ ကိုယ်တော်၏ကျေးကျွန်များ၊ ယခုအချိန်မှစပေ၊ လိုတော်အတိုင်းလှုပ်ရှား။ *3 အသင်းတော်သားတိုင်းမကျန်၊ ခေါ်တော်မူသံနာခံ၊ မှုတော်ကိုထမ်းဆောင်ရွက်ရန်၊ အဆင်သင့်ရှိသည်မှန်၊ မပြတ်ထံတော်တွင်ခံစား၊ ပင်ပန်းညည်းညူမဲ့စွာ၊ ကိုယ်တော်ရှင်ပြုသမျှအား၊ ကိုယ်တော်ဖြေရှင်းမူပါ။ *4 ငဲ့ကွက်ငြင်းဆန်ခြင်းမဲ့လျက်၊ ထံတော်တွင်စံစားပေ၊ အလိုတော်များကိုဆောင်ရွက်၊ အဆင်သင့်ရှိလျက်နေ၊ ဘုရင်တို့၏ဘုရင်မြတ်၊ ကျွန်ုပ်၌ကိန်းဝပ်ပါ၊ ပြဿနာလုံးစုံပယ်ရှား၊ ကိုယ်တော်ဖြေရှင်းမူပါ။ === code 107 title ကရာနီသို့ပို့လေကျူး title_original Lead Me to Calvary 1=Db 4/4 tune C.M.Ref. authors_lyric Jennie E. Hussey (1874-1958) authors_music William J. Kirkpatrick (1838-1921) scriptureReferences Luke.23.33 *1 သက်သခင်ကျွန်ုပ်ချီးမြှောက်မည်၊ ဘုန်းတော်နှင့်ပြည့်ပါစေ။ ဆူးဦးရစ်တော်ငါအောက်မေ့ပြီ၊ ကရာနီသို့ပို့လေ။ *ref ဂေသရှေမန်ကိုမမေ့လို၊ ဝေဒနာများစဉ်မှတ်မိပေ၊ အမြဲအောက်မေ့မေတ္တာတော်ကို၊ ကရာနီသို့ပို့လေ။ *2 သင်္ချိုင်းတော်ကျွန်ုပ်အားပြပါ၊ ညည်းတွားငိုကြွေးကြရာ။ ကောင်းကင်တမန်များစောင့်ရှောက်ရှာ၊ ကိုယ်တော်အိပ်နေစဉ်ခါ။ *3 မာရိနည်းတူဝမ်းနည်းစွာဖြင့်၊ လက်ဆောင်လာဆက်ပါစေ။ ပွင့်သောသင်္ချိုင်းခုပို့ဆောင်လင့်၊ ကရာနီသို့ပို့လေ။ *4 ကိုယ်တော်အတွက်ကပ်တိုင်ထမ်းရန်၊ နေ့စဉ်အလိုရှိပေ။ ဆင်းရဲဒုက္ခခွက်ဖလားမှန်၊ သောက်ဖို့အသင့်ရှိလေ။ === code 108 title မိုးပွင့်ထက်သာဖြူစင်စေကျူး title_original Whiter Than Snow 1=G 3/4 tune 11.11.11.11.Ref. authors_lyric James Nicholson (1828-1876) authors_music William G. Fischer (1835-1912) scriptureReferences Ps.51.7 *1 ယေရှုရှင်အကျွန်ုပ်သည်သန့်ရှင်းလိုပါ၊ ကျွန်ုပ်၏ဝိညာဉ်အတွင်းကိန်းအောင်းမူပါ၊ ရန်သူမျိုးမျိုးနှင့်ကာဆီးရာများပယ်ရှား၊ ဆေးကြောလျှင်ဖြူစင်နိုင်ပါမိုးပွင့်ထက်သာ။ *ref မိုးပွင့်ထက်သာဖြူစင်စေလိုငှါ၊ ဆေးကြောလျှင်ဖြူမည်မှန်ပါမိုးပွင့်ထက်သာ။ *2 ယေရှုရှင်မစင်ကြယ်ခြင်းကင်းစင်အလျှင်း၊ သွေးတော်မြတ်ဖြင့်ဆေးကြောလျှင်ပြစ်မျိုးကင်းရှင်း။ စွန့်ပစ်မည်မှုများစင်ကြယ်ခြင်းရစိမ့်ငှါ၊ ဆေးကြောလျှင်ဖြူစင်နိုင်ပါမိုးပွင့်ထက်သာ။ *3 ယေရှုရှင်ကိုယ်တော်ကိုသာတောင်းပန်လိုပါ၊ စောင့်နေမည်ကိုယ်တော်မြတ်၏ခြေတော်ရင်းမှာ။ ယုံခြင်းဖြင့်သွန်းသွေးတော်ကျွန်ုပ်မြင်ရပါ၊ ဆေးကြောလျှင်ဖြူစင်နိုင်ပါမိုးပွင့်ထက်သာ။ *4 သည်းခံလျက်စောင့်နေခြင်းကိုယ်တော်မြတ်မြင်ပေ၊ သစ်သဘောကျွန်ုပ်အတွင်းပြုပြင်သွင်းပေး။ ကိုယ်တော်ကိုရှာသူအားမငြင်းမပယ်ရှား၊ ဆေးကြောလျှင်ဖြူစင်နိုင်ပါမိုးပွင့်ထက်သာ။ === code 109 title ကိုယ်တော်နှင့်ကျွန်ုပ်ဆိုင်သောကြောင့်ချစ်ပါသည်ကျူး title_original My Jesus I Love Thee 1=F 4/4 tune GORDON 11.11.11.11. authors_lyric William Ralf Featherstone (1846-1873) authors_music Adoniram J. Gordon (1836-1895) scriptureReferences 1John.4.19 *1 ကိုယ်တော်နှင့်ကျွန်ုပ်ဆိုင်သောကြောင့်ချစ်ပါသည်။ ပြစ်ပျော်မွေ့ခြင်းမျိုးမျိုးကိုယ်တော်ဖို့စွန့်မည်။ ကိုယ်တော်မြတ်သည်ကျွန်ုပ်၏ကယ်ချွတ်ရှင်ပေ။ ကိုယ်တော်ကိုချစ်ဖူးလျှင်ယခုပင်ဖြစ်ချေ။ *2 အလျင်ကျွန်ုပ်အားချစ်သောကြောင့်ချစ်ပါသည်။ တိုင်ပေါ်တွင်ကျုပ်တွက်ပြစ်လွှတ်ရန်သေခံပြီ။ ဆူးရစ်ကိုဆောင်းသောကြောင့်ကိုယ်တော်ကိုချစ်ပေ။ ကိုယ်တော်ကိုချစ်ဖူးလျှင်ယခုပင်ဖြစ်ချေ။ *3 သက်ရှင်စဉ်ချစ်မည်သေသည့်တိုင်အောင်ချစ်မည်။ သက်ရှူခွင့်ရသမျှကာလချီးမွမ်းမည်။ သေချိန်ရောက်လုနီးသောအခါမြွက်ဆိုစေ။ ကိုယ်တော်ကိုချစ်ဖူးလျှင်ယခုပင်ဖြစ်ချေ။ *4 အစဉ်ဝမ်းမြောက်ဖွယ်ရာပြင်ထားအိမ်တော်မှာ။ ကောင်းကင်တွင်ကိုယ်တော်ကိုကိုးကွယ်မည်မှန်ပါ။ သရဖူကိုဆောင်းလျက်သီးချင်းအေးကျူးမည်။ ကိုယ်တော်ကိုချစ်ဖူးလျှင်ယခုပင်ဖြစ်ချေ။ === code 110 title ကပ်တိုင်ထမ်းရသောသူသည်ကားကျူး title_original Must Jesus Bear the Cross Alone 1=G 6/4 tune Maitland C.M. authors_lyric Thomas Shepherd (1665-1739) authors_music George N. Allen (1812-1877) scriptureReferences Matt.16.24 *1 ကပ်တိုင်ထမ်းရသောသူသည်ကား၊ ယေရှုတစ်ပါးသာလော၊ တပည့်တော်တိုင်းထမ်းရန်ရှိရာ၊ ကျွန်ုပ်လည်းထမ်းစေတော့။ *2 အထက်ရောက်ပြီးသန့်ရှင်းသူများ၊ ဒုက္ခခံဖူးသော်လည်း၊ ယခုမေတ္တာပြည့်ဝချမ်းသာ၊ မျက်ရည်သုတ်ကုန်လေပြီ။ *3 စီရင်တော်ကပ်တိုင်ကိုထမ်းလျှင်၊ သေချိန်စေ့သော်လွတ်ခါ၊ အမြဲနေအိမ်သို့ပြန်တက်ဝင်၊ သက်သရဖူဆောင်းမှာ။ === code 111 title လောကကိုယူယေရှုကိုပေးကျူး title_original Take the World, but Give Me Jesus 1=F 3/4 tune 8.7.8.7.Ref. authors_lyric Fanny J. Crosby (1820-1915) authors_music John R. Sweney (1837-1899) scriptureReferences Mark.8.36 *1 လောကကိုယူယေရှုကိုပေး၊ ပျော်ခြင်းဗလာနတ္ထိတည်း၊ မေတ္တာတော်သည်အမြဲတည်ပေ၊ ထာဝရမပြောင်းလဲတည်း။ *ref အိုကရုဏာအတိုင်းအရှည်၊ အိုမေတ္တာအနံအလျား၊ အိုရွေးနုတ်ခြင်းပြည့်စုံခြင်းသည်၊ သက်စဉ်မြဲကတိတော်ထား။ *2 လောကကိုယူယေရှုကိုပေး၊ ကျွန်ုပ်ဝိညာဉ်သက်သာစေ၊ ကိုယ်တော်ရှင်စောင့်ထိန်းနေစဉ်ခါ၊ လှိုင်းထသော်လည်းကျူးအေးရာ။ *3 လောကကိုယူယေရှုကိုပေး၊ ပြုံးရယ်ခြင်းဖြင့်ဖူးရစေ၊ လောကခရီးတစ်လျှောက်လုံးတွင်၊ အလင်းအားပေးမည်အစဉ်။ *4 လောကကိုယူယေရှုကိုပေး၊ ကပ်တိုင်တော်ကျွန်ုပ်ယုံမည်၊ ကြည်လင်စွာမြင်ရသည့်တိုင်လေ၊ မျက်နှာချင်းဆိုင်ဖူးမြင်မည်။ === code 112 title ကျွန်ုပ်အသက်လက်ခံပါကျူး title_original Take My Life and Let It Be 1=F 4/4 tune HENDON 7.7.7.7. authors_lyric Frances Ridley Havergal (1836-1879) authors_music H. A. César Malan (1787-1864) scriptureReferences Rom.12.1 *1 ကျွန်ုပ်အသက်လက်ခံပါ၊ ကိုယ်တော်ကိုပူဇော်ဆက်သ၊ ကိုယ်တော်ချစ်ခြင်းနှိုးဆော်ရာ၊ ကျွန်ုပ်လက်မှုဆောင်စေပါ၊ ကျွန်ုပ်လက်မှုဆောင်စေပါ။ *2 ကိုယ်တော်ရှင်မြတ်အဖို့သာ၊ ကျွန်ုပ်ခြေလျင်မြန်စေပါ၊ ကျွန်ုပ်အသံလက်ခံပါ၊ ကိုယ်တော်ကိုချီးမွမ်းကျူးရာ၊ ကိုယ်တော်ကိုချီးမွမ်းကျူးရာ။ *3 နှုတ်ကပတ်တော်မြတ်နှင့်သာ၊ ကျွန်ုပ်နှုတ်ကိုဖြည့်စေပါ၊ ကျွန်ုပ်ရွှေငွေရှိသမျှ၊ ကိုယ်တော်မြတ်လက်ခံမူပါ၊ ကိုယ်တော်မြတ်လက်ခံမူပါ။ *4 ကျွန်ုပ်အလိုလက်ခံပါ၊ ကိုယ်တော်အလိုဖြစ်စေပါ၊ ကျွန်ုပ်စိတ်ကိုယ်တော်ပိုင်ပေ၊ ကိန်းဝပ်ရာပလ္လင်ဖြစ်စေ၊ ကိန်းဝပ်ရာပလ္လင်ဖြစ်စေ။ *5 ကျွန်ုပ်ချစ်ခြင်းလက်ခံပါ၊ ခြေတော်ရင်းမှာချထားပါ၊ ကျွန်ုပ်ကိုယူတော်မူလျှင်၊ ကိုယ်တော်ဖို့ဖြစ်မည်အစဉ်၊ ကိုယ်တော်ဖို့ဖြစ်မည်အစဉ်။ === code 113 title ကျွန်ုပ်ကတိထားပေကျူး title_original O Jesus, I Have Promised 1=F 4/4 tune ANGEL'S STORY 7.6.7.6.D. authors_lyric John E. Bode (1816-1874) authors_music Arthur H. Mann (1850-1929) scriptureReferences Ps.119.57 *1 အိုယေရှုဆုံးတိုင်လိုက်မှာ၊ ကျွန်ုပ်ကတိထားပေ။ ကျွန်ုပ်အနီးစဉ်နေပါ၊ ကျွန်ုပ်သခင်မိတ်ဆွေ၊ ကိုယ်တော်အနားတွင်ရှိစဉ်၊ တိုက်ခိုက်ရန်မကြောက်ပါ၊ ကိုယ်တော်လမ်းကိုပြမူလျှင်၊ လမ်းမှမလွဲနိုင်ရာ။ *2 ကိုယ်တော်ရှိကြောင်းစဉ်သိစေ၊ လောကသည်စဉ်နီးရှိ။ ပြိုးပြက်ရောင်များငါမြင်၏၊ သွေးဆောင်သံများကြားမိ၊ ရန်သူတို့သည်ဝိုင်းနေရှာ၊ တွင်းပြင်ရှိသည်အစဉ်၊ အပြစ်မပြုရန်ကွယ်ကာ၊ ချဉ်းကပ်ပါယေရှုရှင်။ *3 ကိုယ်တော်နောက်သို့လိုက်သူအား၊ ကတိတော်ထားသည်မှာ။ ဘုန်းသရေတော်လွန်ကြီးမား၊ ငါတို့လည်းအတူပါ၊ ယေရှုရှင်ဆုံးတိုင်လိုက်မှာ၊ ကျွန်ုပ်ကတိထားပေ၊ လိုက်နိုင်စေရန်ခွင့်ပြုပါ၊ ကျွန်ုပ်သခင်မိတ်ဆွေ။ === code 114 title အဖကျွန်ုပ်တို့လာသည်ကျူး title_original Father, We Come to Thee 1=F 4/4 authors_lyric F. E. Belden (1858-1945) authors_music W. J. Bostwick scriptureReferences Jer.3.22 *1 အဖသားတို့လာသည်၊ အားကိုးရာမဲ့ဖြစ်ပြီ၊ ကိုယ်တော်သာမှီခိုရာ၊ လျှောက်ထားကြရာ၊ လောကအားငြီးငွေ့ရှာ၊ ကိုယ်တော်သာမရှိရာ၊ သက်သာခြင်းမျိုးပေးပါ၊ အဖမြတ်စွာ။ *ref အဖကျွန်ုပ်လာသည်၊ လက်ခံသခင်။ ခိုကိုးရာမဲ့လာပြီ၊ နားညောင်းမူရှင်။ *2 ရန်သူများမှထွက်ကာ၊ ဒုက္ခမှကယ်ဆယ်ပါ၊ ဝိညာဉ်ငြိမ်သက်စေပါ၊ လိုသောခါမှာ၊ အားနည်းကြောက်ရွံ့တတ်ချေ၊ အားပေးမစမူလေ၊ လက်ရုံးတော်ကိုရှာဖွေ၊ မိန့်မြွက်မူပေ။ *3 ကျေးဇူးတော်မြတ်မစ၊ တံဆိပ်ခတ်ထာ၀ရ၊ အပြစ်ခြေလှမ်းတို့မှ၊ ဝေးကွာစေရ၊ ထွန်းတောက်ရွှေပြည်ကမ်းသို့၊ ကိုယ်တော်နှင့်တူနေဖို့၊ သေသည့်တိုင်ပို့ဆောင်ပြန်၊ လျှောက်ထားတောင်းပန်။ === code 115 title မြော်လင့်တောင့်တကျူး title_original Longing for Jesus 1=F scriptureReferences 1Cor.1.7 *1 မိတ်ဆွေအစ်ကိုမြတ်စွာသောကယ်တင်ရှင်၊ ခပ်သိမ်းသောအရာထက်ချစ်သည်၊ ကျေးဇူးတော်ကျွန်ုပ်ပေါ်ရောက်သည်အစဉ်၊ ကယ်တင်ရှင်ကိုတောင့်တပါသည်။ *ref ကိုယ်တော်ကိုတောင့်တအစဉ်တောင့်တနေ၊ ယေရှုမြင်ရသောချိန်မြန်စွာရောက်စေ၊ ကယ်တင်ရှင်ကိုတောင့်တနေသည်၊ အစဉ်ယေရှုကိုတောင့်တသည်။ *2 ကျွန်ုပ်၏ကယ်တင်ရှင်မေတ္တာတော်သည်၊ ပင်လယ်ထက်နက်၍ကြီးကျယ်၏၊ ကိုယ်တော်မျက်နှာကြည့်၍စိတ်ဝမ်းမြောက်သည်၊ ကယ်တင်ရှင်ကိုတောင့်တပါသည်။ *3 မိတ်ဆွေစွန့်သော်လည်းမစွန့်ယေရှုရှင်၊ အံ့ဩဖွယ်ကောင်းသောကယ်တင်ရှင်၊ ကိုယ်တော်မေတ္တာတော်ကျွန်ုပ်ဖို့လောက်သည်၊ ကယ်တင်ရှင်ကိုတောင့်တပါသည်။ === code 116 title ယေရှုတွက်သက်ရှင်ကျူး title_original Living for Jesus 1=F scriptureReferences Phil.1.21 *1 ယေရှုတွက်သက်ရှင်၊ သစ္စာရှိသက်တာ၊ ဆောင်ရွက်သမျှတွင်၊ ကိုယ်တော်စိတ်ကြိုက်သာ၊ ဝမ်းမြောက်လွတ်လပ်စွာ၊ ကိုယ်တော်သစ္စာခံ၊ ကောင်းချီးရရှိရန်၊ ဤနည်းလမ်းအမှန်။ *ref အိုယေရှုကယ်ချွတ်သခင်၊ ငါ့ကိုယ်ကိုအပ်နှံပြီ၊ ရန်ပြေမာန်ပြေဖြစ်စေရန်၊ ကိုယ်တော်သက်တော်စွန့်၏။ အခြားသခင်မရှိပြီ၊ နှလုံးကိုယ်တော်ပလ္လင်၊ ငါ၏သက်တာလမ်းကိုယ်တော်အပ်၊ အိုရှင်ခရစ်သခင်။ *2 ယေရှုတွက်သက်ရှင်၊ သခင်သေခံမူ၊ ကရာနီတွင်ပြစ်လုံးစုံကိုခံယူ၊ ကိုယ်တော်မေတ္တာသည်၊ ခေါ်သံနားညောင်းစေ၊ နောက်တော်သို့လိုက်၍၊ ရှိသမျှအပ်ပေ။ *3 ယေရှုတွက်သက်ရှင်၊ လောက၌ရှိစဉ်၊ ကိုယ်တော်ပြုံးရယ်ခြင်း၊ ငါချစ်ဘဏ္ဍာပင်၊ လမ်းလွဲသူများရွေးနုတ်ရန်သေခံပြီ၊ မောပန်းသူများကို၊ နားရာသို့ဆောင်၏။ === code 117 title မိုးပွင့်ထက်ဖြူမည်ကျူး title_original Blessed be the Fountain of Blood 1=F 4/4 authors_lyric E. R. Latta (1839-1915) authors_music H. S. Perkins (1833-1914) scriptureReferences Zech.13.1 *1 လောကီသားတို့အားထင်ရှားသော၊ သွေးစမ်းတွင်မင်္ဂလာရှိ၏၊ သားတော်၌ဩဘာဖြစ်စေလော့၊ ဒဏ်ရာတော်ဖြင့်အနာငြိမ်း၏၊ သိုးခြံတော်မှဝေးစွာခွာစဉ်၊ ဝမ်းနည်းခြင်းဒုက္ခခံသော်လည်း၊ သိုးငယ်သွေးတော်နှင့်ဆေးကြောလျှင်၊ ကျွန်ုပ်မိုးပွင့်ထက်ဖြူလိမ့်မည်။ *ref မိုးပွင့်ထက်ဖြူမည်၊ မိုးပွင့်ထက်ဖြူမည်၊ သိုးငယ်သွေးတော်နှင့်ဆေးကြောသည်၊ ကျွန်ုပ်မိုးပွင့်ထက်ဖြူလိမ့်မည်။ *2 ဆောင်းတော်မူဦးရစ်ဆူးဖြစ်ပေ၊ ကပ်တိုင်ခန္ဓာတော်ကိုအောင်ရာ၊ ပြင်းစွာဒုက္ခခံတော်မူလေ၊ ထိုဒုက္ခချည်းနှီးမဟုတ်ပါ၊ အပြစ်စင်ကြယ်စေရန်ဖြစ်စေ၊ စမ်းတွင်းတော်သို့ပို့ဆောင်မူမည်၊ သွန်းသောသွေး၌ကျွန်ုပ်ဆေးကြော၊ ကျွန်ုပ်မိုးပွင့်ထက်ဖြူလိမ့်မည်။ *3 အဖထံတော်မှလမ်းလွဲအောင်၊ ကြိမ်ဖန်များစွာကျုပ်စိတ်လေငြား၊ ပြစ်များအလွန်နီသောအရောင်၊ ရေအားဖြင့်မဖြူနိုင်တကား၊ ယေရှုကိုယ်တော်စမ်းရေတွင်းသို့၊ ကတိတော်အားကိုးလျက်သွားသည်၊ တန်ခိုးတော်ဖြင့်စင်ကြယ်စေဖို့၊ ကျွန်ုပ်မိုးပွင့်ထက်ဖြူလိမ့်မည်။ === code 118 title အသေခံသောချစ်ခြင်းကျူး title_original Saviour, Thy Dying Love 1=G 4/4 authors_lyric S. D. Phelps (1816-1895) authors_music Robert Lowry (1826-1899) scriptureReferences Rom.5.8 *1 ကယ်တင်ပိုင်သောဘုရား၊ မေတ္တာတော်ရှင်၊ စဉ်မြဲထံတော်ပါးမှ၊ ဆုတ်မခွာသင့်၊ ရှေ့တော်၌နှိမ့်ချစွာ၊ စိတ်ထဲ၌သစ္စာထား၊ ကိုယ်တော်အားလှူရန်ယဇ်၊ ယူဆောင်ခဲ့သည်။ *2 ကရုဏာပလ္လင်ရှေ့၊ တောင်းပန်ရန်ဝင်၊ ယုံကြည်အားနည်းမျှော်ကြည့်၊ ယေရှုသခင်၊ ကပ်တိုင်ကိုထမ်း၍သာ၊ အံ့ဖွယ်မေတ္တာကြော်ငြာ၊ ဆုတောင်းခြင်းချီးမွမ်းခြင်း၊ ယူဆောင်ခဲ့သည်။ *3 ကိုယ်တော်နှင့်တူစေရန်၊ တည်ကြည်စိတ်သွင်း၊ တစ်နေ့တစ်နေ့လွန်ပြန်၊ တိုး၍သိမြင်၊ ချစ်မေတ္တာမှုတော်ဆောင်၊ ကြင်နာခြင်းပြခဲ့ကြောင်း၊ ကိုယ်တော်ထံပျောက်သူကို၊ ယူဆောင်ခဲ့သည်။ *4 ကျွန်ုပ်ပိုင်ဆိုင်သမျှ၊ ကိုယ်တော်ပိုင်ရာ၊ ဝမ်းနည်းဝမ်းသာသက်တာ၊ ကိုယ်တော်ဖို့သာ၊ မျက်နှာတော်ဖူးမြင်လျှင်၊ ငါ့ဝိညာဉ်ကိုယ်တော်အား၊ မြဲထာဝရပတ်လုံး၊ ဆက်သပါသည်။ === code 119 title နေ့ရက်တိုင်းနာရီတိုင်းကျူး title_original Every Day and Hour 1=Ab 3/4 authors_lyric Fanny J. Crosby (1820-1915) authors_music William H. Doane (1832-1915) scriptureReferences Ps.139.24 *1 ကယ်ချွတ်ရှင်ကိုယ်တော်ကိုသာ၊ အကျွန်ုပ်သည်မှီတွယ်လျက်နေပါ၊ သွေးတော်ဖြင့်ဆေးကြောပြစ်များ၊ ကိုယ်တော်ပါးတွင်အစဉ်နေစေပါ။ *ref နေ့ရက်တိုင်း၊ နာရီတိုင်း၊ သွေးတော်တန်ခိုးသိစေပါ၊ ချစ်ခြင်းမေတ္တာတော်ကြိုးဖြင့်၊ အကျွန်ုပ်ကိုစည်းနှောင်တော်မူပါ။ *2 ပြောင်းလဲတတ်သောလောကတွင်၊ ကျွန်ုပ်ကိုဖြည်းညင်းစွာလမ်းပြပါ၊ ကိုယ်တော်မြတ်ကိုသာယုံလျှင်၊ ဘယ်သောခါမျှလမ်းမလွဲနိုင်ရာ။ *3 သေဆုံးချိန်ရောက်သည့်တိုင်အောင်၊ ကိုယ်တော်ကိုသာတိုး၍ချစ်စေပါ၊ ကောင်းကင်သို့ဝင်သည်တိုင်အောင်၊ ကိုယ်တော်မြတ်ကိုချစ်လျက်နှင့်မခွာ။ === code 120 title ရှိသည်အတိုင်းယူပါကျူး title_original Take Me As I Am 1=Ab 6/8 authors_lyric E. H. Hamilton authors_music J. H. Stockton (1813-1877) scriptureReferences Luke.5.11 *1 အို၊ ယေရှုရှင်နားညောင်းမူပါ၊ ကယ်တော်မမူလျှင်မှန်သေရ၊ ကယ်တင်ခြင်းကိုချပေးသနား၊ ရှိသည်အတိုင်းယူပါ။ *ref ရှိသည်အတိုင်းယူပါ၊ ရှိသည်အတိုင်းယူပါ၊ ယေရှုသေခံကျွန်ုပ်ကုသိုလ်၊ ရှိသည်အတိုင်းယူပါ။ *2 မစရာမဲ့၊ ပြစ်များလှပါ၊ သို့သော်ကိုယ်တော်သွေးတော်သွန်းရာ၊ အလိုတော်ရှိပြုပြင်နိုင်ပါ၊ ရှိသည်အတိုင်းယူပါ။ *3 မပြင်ဆင်နိုင်ဘယ်အရာမျှ၊ ကတိသစ္စာဖျက်ဆီးတတ်လှ၊ နာမတော်ကြောင့်သာကယ်တင်ပါ၊ ရှိသည်အတိုင်းယူပါ။ *4 ခြေတော်ရင်းမှာကြည့်တော်မူပါ၊ တော်လျော်စွာစီရင်ဆုံးမပါ၊ မှုတော်စလျှင်ပြည့်စုံစေပါ၊ ရှိသည်အတိုင်းယူပါ။ === code 121 title သက်ရှင်ပြန်စေမှုတော်ကျူး title_original Revive Thy Work, O Lord 1=E 4/4 authors_lyric Albert Midlane (1825-1909) authors_music James McGranahan (1840-1907) scriptureReferences Hab.3.2 *1 သက်ရှင်ပြန်စေမှုတော်၊ သန့်ရှင်းသူထံကြွလာ၊ တန်ခိုးတော်နှင့်လူတိုင်းတို့အား၊ ပြောလျှင်နားထောင်စေပါ။ *ref သက်ရှင်ပြန်စေမှုတော်၊ ရှေ့တော်တွင္လ်ူးထောက်စဉ်၊ အိုကျေးဇူးရှင်ဆင်းကြွပြီးသော်၊ ကောင်းချီးပေးပါအလျင်။ *2 သက်ရှင်ပြန်စေမှုတော်၊ နာမတော်ချီးမြှောက်ပါ၊ လူတိုင်းတို့၏စိတ်အတွင်းမှာ၊ ကိုယ်တော်ချစ်ခြင်းသွင်းပါ။ *3 သက်ရှင်ပြန်စေမှုတော်၊ ဝိညာဉ်တော်သွန်းလောင်းပါ၊ ကိုယ်တော်မြတ်ဘုန်းထင်ရှားစေသော်၊ ကျုပ်တို့ကောင်းချီးခံရ။ === code 122 title ယေရှုသာလျှင်အလိုဖြည့်နိုင်ကျူး title_original None But Christ Can Satisfy 1=F 4/4 authors_lyric B. E. (arr.) authors_music J. McGranahan (1840-1907) scriptureReferences Deut.4.35 *1 အိုယေရှုရှင်၊ ကျွန်ုပ်ဝိညာဉ်၊ ကိုယ်တော်မြတ်အားဖြင့်သာ၊ ကြာမြင့်စွာရှာသောဝမ်းသာခြင်း၊ နှစ်သိမ့်ခြင်းတွေ့ရပါ။ *ref ယေရှုအပြင်ခုဘယ်သူမျှ၊ အလိုမဖြည့်စေနိုင်။ ချစ်ခြင်း၊ အသက်၊ မြဲရွှင်မြူးရာ၊ ကိုယ်တော်အားဖြင့်ရပြီ။ *2 စိတ်ချမ်းသာခြင်းကိုရှာစဉ်တွင်၊ ကိုယ်တော်ကိုမေ့လျော့သည်၊ ကယ်တင်ရှင်မြတ်ကိုငြင်းပယ်စဉ်၊ မေတ္တာတော်သွေးဆောင်၏။ *3 လောကီစည်းစိမ်၊ နှစ်သက်ခြင်းဖြင့်၊ ကျွန်ုပ်စိတ်အေးစိမ့်ငှါ၊ အထူးသဖြင့်ကြိုးစားစဉ်တွင်၊ စိတ်ပျက်ခြင်းသာတွေ့ရ။ *4 ယေရှုချစ်ဖွယ်ကောင်းခြင်းဖူးရန်၊ ကျေးဇူးမခံမီက၊ ပျောက်သောပျော်မွေ့ခြင်းစိတ်စွဲလမ်း၊ ကိုယ်တော်ကိုမတောင့်တ။ === code 123 title စင်ကြယ်စမ်းရေကျူး title_original The Cleansing Wave 1=D 3/4 tune C.M.Ref. authors_lyric Mrs. Phoebe Palmer (1807-1874) authors_music Mrs. J. F. Knapp (1839-1908) scriptureReferences 1John.1.7 *1 ခုခါနီသောလှိုင်းကိုမြင်သည်၊ ထိုစမ်းနက်၍ကျယ်၏၊ ကယ်ရန်စွမ်းသောယေရှုရှင်သည်၊ ဒဏ်ရာနံဘေးညွှန်၏။ *ref စင်ကြယ်စမ်းရေကိုကျွန်ုပ်မြင်၊ ပြစ်ဖြေရှင်းကျွန်ုပ်ချိုးရာတွင်၊ အိုချီးမွမ်းကျွန်ုပ်စင်ကြယ်ပြီ၊ ကျွန်ုပ်စင်ကြယ်အေးစင်ကြယ်ပြီ။ *2 အသစ်ဖန်ဆင်းခြင်းငှါဝင်စား၊ သွေးတော်ပြောသံငါကြား၊ သို့ပြောသော်စင်ကြယ်သွေးအောက်မှာ၊ ညစ်ညမ်းဇာတိသေရာ။ *3 ကောင်းကင်လင်းနှင့်ငါ့ထံလျှောက်လျှင်၊ လောကအပြစ်ကျော်သွား၊ ချွတ်ပြီးနှလုံးအဝတ်ဖြူစင်၊ ခရစ်တော်စိုးစံရာ။ *4 ကောင်းကင်အလားမြေကြီးပေါ်တွင်၊ အံ့ဖွယ်သွေးတော်ပြုသည်၊ ကျွန်ုပ်တွက်သေခံယေရှုရှင်၊ ထိုအကြောင်းကိုသိသည်။ === code 124 title အသွေးတော်မြတ်သာကျူး title_original What Can Wash Away My Sin? 1=G 4/4 authors_lyric Robert Lowry (1826-1899) scriptureReferences Heb.9.22 *1 လူ့အပြစ်စွန်းဆေးအံ့ငှါ၊ ရှင်ယေရှုအသွေးတတ်စွမ်းလေ၊ ကျွန်ုပ်ကျန်းမာစိမ့်သောငှါ၊ ရှင်ယေရှုအသွေးတတ်စွမ်းလေ။ *ref အိုမြတ်လှစီးသောသွေး၊ မိုးပွင့်လိုဖြူစင်စေ၊ ရှာမတွေ့ခြားစမ်းရေ၊ ရှင်ယေရှုအသွေးတတ်စွမ်းလေ။ *2 ကျွန်ုပ်စင်ကြယ်စေဖို့ရာ၊ ရှင်ယေရှုအသွေးတတ်စွမ်းလေ၊ ကျွန်ုပ်ပြစ်ဖြေလွှတ်စိမ့်ငှါ၊ ရှင်ယေရှုအသွေးတတ်စွမ်းလေ။ *3 ကျွန်ုပ်အပြစ်တွက်ခံရန်၊ ရှင်ယေရှုအသွေးတတ်စွမ်းလေ၊ လူ့ကိုယ်စားကုသိုလ်သွင်းရန်၊ ရှင်ယေရှုအသွေးတတ်စွမ်းလေ။ *4 လူ့မြော်လင့်စိတ်ငြိမ်စေရန်၊ ရှင်ယေရှုအသွေးတတ်စွမ်းလေ၊ လူ့ဖြောင့်မတ်ခွင့်ရစေရန်၊ ရှင်ယေရှုအသွေးတတ်စွမ်းလေ။ === code 125 title အသင်းတော်၏အမြစ်ကားကျူး title_original The Church Has One Foundation 1=D 4/4 tune AURELIA 7.6.7.6.D. authors_lyric Samuel J. Stone (1839-1900) authors_music Samuel S. Wesley (1810-1876) scriptureReferences 1Cor.3.11 *1 အသင်းတော်၏အမြစ်ကား၊ ယေရှုသခင်ပေတည်း၊ ခရစ်တော်နှုတ်ကပတ်တော်၊ အသင်းတော်ဖန်ဆင်းပြီ၊ သတို့သမီးမြတ်စေရာ၊ ရှာရန်ဆင်းသက်မူပါ၊ သွန်းလောင်းသွေးတော်ဝယ်ယူရာ၊ စွန့်သက်တော်ရှင်စေပါ။ *2 လူမျိုးမျိုးထဲမှရွေးကာ၊ တစ်လုံးတစ်၀တည်းတည်၊ ဘုရားတရားဖွားခြင်းမှာ၊ တစ်ပါးတည်းသာရှိသည်၊ နာမတော်ကြီးမြတ်သန့်ရှင်း၊ သန့်ရှင်းပွဲတော်တည်သည်၊ တစ်ခုတည်းသောမြော်လင့်ခြင်း၊ မီအောင်ကြိုးစားရမည်။ *3 သင်းတော်ကွဲပြားဒုက္ခများ၊ ခံစားတော်မူရှာရ၊ လောကီသားများလွန်စော်ကား၊ မထီမဲ့မြင်ပြုကြ၊ သန့်ရှင်းသူများယုံကြည်ပုံ၊ တောင်းပန်ပေကြာပြီလေ၊ ညဉ့်လွန်ပြီးမှနေ့အရုဏ်၊ သာယာစွာတက်မည်လေ။ *4 ညှဉ်းဆဲမျိုးမျိုးဒုက္ခစုံ၊ သင်းတော်စင်ပြိုင်နေစဉ်၊ မကုန်မဆုံးချမ်းသာပုံ၊ မြင်ရန်ဆိုင်းလင့်နေလျှင်၊ မြင့်မြတ်သောရူပါရုံတော်၊ မျက်စိတွေ့မြင်သောခါ၊ ဘုန်းတော်ပြည့်စုံသောသင်းတော်၊ ရွှင်လန်းမည်သာယာစွာ။ === code 126 title မေတ္တာနှောင်ဖွဲ့ခြင်းများကျူး title_original Blest Be the Tie That Binds 1=F 3/4 tune DENNIS S.M. authors_lyric John Fawcett (1740-1817) authors_music Lowell Mason (1792-1872) scriptureReferences Hos.11.4 *1 ခရစ်ယာန်ညီကိုချင်း၊ မေတ္တာနှောင်ဖွဲ့ခြင်းများ၊ ကောင်းကင်ဘုံသားများနှင့်ချစ်ခြင်း၊ ညီညွတ်တူလှတကား။ *2 အဖပလ္လင်ရှေ့တွင်၊ ဆုမင်္ဂလာတောင်းကြ၊ ကြောက်ရွံ့ကြံရွယ်နှစ်သိမ့်မျှော်လင့်၊ တစ်ခုတည်းသာရှိကြ။ *3 ဒုက္ခဝန်ဝေမျှလျက်၊ အချင်းချင်းဆောင်ရွက်ခြင်း၊ မကြာမကြာတစ်ဦးအတွက်၊ ကြင်နာမျက်ရည်ယိုဆင်း။ *4 ချစ်မိတ်ဆွေနှင့်ခွဲခွါ၊ ဝမ်းနည်းစိတ်ပူခြင်းရှိ၊ သို့သော်တစ်ဖန်တွေ့ကြုံခြင်းငှါ၊ မျှော်လင့်စိတ်အေးခြင်းရှိ။ === code 127 title မင်္ဂလာဆုပေါင်းဖြစ်ပွားရာကျူး title_original Come, Thou Fount of Every Blessing 1=D 3/4 tune NETTLETON 8.7.8.7.D. authors_lyric Robert Robinson (1735-1790) authors_music John Wyeth's Respository, 1813 scriptureReferences 1Sam.7.12 *1 မင်္ဂလာဆုပေါင်းဖြစ်ပွားရာ၊ ယေရှုရှင်မတော်မူပါ၊ နေ့ရက်တိုင်းခံရာဆုကျေးဇူး၊ နေ့ရက်တိုင်းချီးမွမ်းလိုမူ၊ ကောင်းကင်ဘုံသားကျူးသောလင်္ကာ၊ တူပြိုင်လျက်ချီးမွမ်းလိုပါ၊ မေတ္တာတော်တိုင်းထက်လွန်ကြီးပေ၊ မေတ္တာပင်ပြန်ပို့လိုလေ။ *2 ခုတိုင်အောင်မစတော်မူလို၊ ဧဗနေဇာထူထောင်လို၊ မစတော်မူကျေးဇူးကြောင့်ပေ၊ အိမ်တော်ကျွန်ုပ်စောင့်စားလေ၊ လမ်းလွဲလျက်ဘေးရောက်မူသောခါ၊ ယေရှုရှင်ကျွန်ုပ်ကိုရှာ၊ ကျွန်ုပ်သက်ကိုကယ်မူလိုငှါ၊ သက်တော်မြတ်စွန့်လေတကား။ *3 ကျေးဇူးတော်သည်ထူးမြတ်လွန်းလေ၊ ကျေးဇူးတော်အောက်မေ့လိုပေ၊ ကျေးဇူးရှင်ထိုကျေးဇူးအားဖြင့်၊ ကျွန်ုပ်စိတ်ကိုနှောင်စေချင်၊ မှားမိလွန်းလို့စိတ်ပျက်လုပါ၊ ချစ်ဖွယ်ရှင်ကယ်မသနား၊ ကျွန်ုပ်စိတ်ကိုယူတော်မူလျှင်၊ ကောင်းကင်ဘုံကပြင်ပါရှင်။ === code 128 title အံ့ဖွယ်ကောင်းလှကယ်တင်ရှင်ကျူး title_original What a Wonderful Saviour 1=D 4/4 tune 8.7.8.7.Ref. authors_lyric Elisha A. Hoffman (1839-1929) scriptureReferences Isa.9.6 *1 ခရစ်တော်ပြစ်ဖြေရာပြုပြီ၊ အံ့ဖွယ်ကောင်းလှကယ်တင်ရှင်၊ ကျွန်ုပ်ရွေးနုတ်ခြင်းဖိုးပေးပြီ၊ အံ့ဖွယ်ကောင်းလှကယ်တင်ရှင်။ *ref အံ့ဖွယ်ကောင်းလှကယ်တင်ရှင်၊ ယေရှုကျွန်ုပ်အရှင်၊ အံ့ဖွယ်ကောင်းလှကယ်တင်ရှင်၊ ယေရှုရှင်သခင်။ *2 နှလုံးမှပြစ်အားလုံးဆေးပေ၊ အံ့ဖွယ်ကောင်းလှကယ်တင်ရှင်၊ အတွင်း၌အုပ်စိုးတော်မူနေ၊ အံ့ဖွယ်ကောင်းလှကယ်တင်ရှင်။ *3 ခရီးဆုံးတိုင်နံဘေးမှာနေ၊ အံ့ဖွယ်ကောင်းလှကယ်တင်ရှင်၊ နေ့တိုင်းကျွန်ုပ်သစ္စာစောင့်စေ၊ အံ့ဖွယ်ကောင်းလှကယ်တင်ရှင်။ *4 စုံစမ်းခြင်းများငါတွေ့ခဲ့သည်၊ အံ့ဖွယ်ကောင်းလှကယ်တင်ရှင်၊ အောင်မြင်တန်ခိုးပေးတော်မူသည်၊ အံ့ဖွယ်ကောင်းလှကယ်တင်ရှင်။ === code 129 title သွေးနှင့်ပြည့်သောစမ်းတွင်းရှိသည်ကျူး title_original There is a Fountain 1=Bb 4/4 tune CLEANSING FOUNTAIN C.M.D. authors_lyric William Cowper (1731-1800) authors_music Early American Melody scriptureReferences Zech.13.1 *1 သွေးနှင့်ပြည့်သောစမ်းတွင်းရှိသည်၊ ဧမာနွေလအသွေး၊ ထိုသွေးတွင်နစ်မြုပ်သောသူသည်၊ အပြစ်ဘေးမှကင်းဝေး။ *2 ဓါးပြသေစဉ်ထိုစမ်းမြင်သော်၊ ထိုချိန်၌ရွှင်လန်းသည်၊ သူလိုပင်ကျွန်ုပ်ဆိုးငြားသော်၊ အပြစ်မှဆေးကြောမည်။ *3 သတ်ခြင်းခံသိုးငယ်မြတ်သွေးသည်၊ တန်ခိုးစဉ်မြဲတည်ပေ၊ ရွေးနုတ်သောအသင်းတော်မြတ်သည်၊ အပြစ်ကိုအောင်မြင်ချေ။ *4 ဒဏ်ရာမှယိုစီးသောသွေးကို၊ ယုံခြင်းဖြင့်မြင်သည်မှ၊ ရွေးနုတ်မေတ္တာတော်အကြောင်းကို၊ သေသည်တိုင်ကျူးအေးကြ။ *5 သွေးဖြင့်ဝယ်သောသူမင်္ဂလာ၊ မထိုက်ကျွန်ုပ်တွက်တာ၊ ထာ၀ရအသက်ပြင်ထားရာ၊ ကျွန်ုပ်ယုံကြည်ကိုးစား။ *6 သင်္ချိုင်းမှဤလေးဆွံ့လျှာကို၊ ကယ်တင်ရွေးနုတ်ပြီးနောက်၊ မြင့်မြတ်တန်ခိုးကယ်တင်သည်ကို၊ ဂုဏ်တော်သီချင်းချီးမြှောက်။ === code 130 title ရွေးပြီကျူး title_original Redeemed! How I Love to It! 1=A 6/8 tune 9.8.9.8.Ref. authors_lyric Fanny J. Crosby (1820-1915) authors_music William H. Kirkpatrick (1838-1921) scriptureReferences Lam.3.58 *1 ရွေးပြီးကြောင်းပြောရန်ဘယ်မျှဝမ်းသာ၊ အသွေးတော်ဖြင့်ရွေးခြင်းခံပြီ။ ကိုယ်တော်ထာဝရသနားခြင်းသည်၊ ကိုယ်တော်သားပင်အစဉ်ဖြစ်သည်။ *ref ရွေးပြီ၊ ရွေးပြီ၊ သိုးငယ်အသွေးတော်ဖြင့်ရွေးသည်၊ ရွေးပြီ၊ ရွေးပြီ၊ ကိုယ်တော်သားပင်အစဉ်ဖြစ်သည်။ *2 ရွေးပြီး၍ယေရှု၌ရွှင်လန်းသည်၊ စကားကုန်ပြောမပြနိုင်ပြီ။ အစဉ်ကျွန်ုပ်လိုက်လျှောက်သောလမ်းသည်၊ ကိုယ်တော်အလင်းပေးတော်မူမည်။ *3 လင်းသောဗိမာန်တော်၌ကျွန်ုပ်ဖို့၊ သရဖူသိုထားလျက်ရှိသည်။ စုံလင်သောသူနှင့်အိမ်တော်မြတ်ဖို့၊ သခင်နှင့်မကြာမီနေမည်။ === code 131 title ယေရှုရှင်ကယ်ချွတ်တင်ကျူး title_original Jesus Saves 1=F 3/4 tune 7.6.7.6.7.7.7.6. authors_lyric Priscilla J. Owens (1829-1899) authors_music William J. Kirkpatrick (1838-1921) scriptureReferences John.12.47 *1 ဝမ်းမြောက်သံကိုတို့ကြားရ၊ ယေရှုရှင်ကယ်ချွတ်တင်၊ ဝမ်းမြောက်ခြင်းကိုကြေညာကြ၊ ယေရှုရှင်ကယ်ချွတ်တင်၊ ထိုသတင်းကိုရပ်တိုင်းယူ၊ တောင်ပေါ်ကျော်ပင်လယ်ကူးစေ၊ ရှေ့သို့တိုးရန်မိန့်မှာမူ၊ ယေရှုရှင်ကယ်ချွတ်ပေ။ *2 ပင်လယ်ကျော်လျက်သံလွှင့်ပါ၊ ယေရှုရှင်ကယ်ချွတ်တင်၊ နီးဝေးပြစ်ရှိသူပြောပါ၊ ယေရှုရှင်ကယ်ချွတ်တင်၊ ကျွန်းများတို့သီချင်းအေးကျူး၊ ပင်လယ်ပေါ်ပဲ့တင်ထပ်စေ၊ လောကတွင်ဝမ်းမြောက်ရွှင်မြူး၊ ယေရှုရှင်ကယ်ချွတ်ပေ။ *3 စစ်ပွဲပေါ်မှာကြွေးကြော်ကြ၊ ယေရှုရှင်ကယ်ချွတ်တင်၊ သေခြင်းနှင့်သက်ထာ၀ရ၊ ယေရှုရှင်ကယ်ချွတ်တင်၊ ကရုဏာတောင့်တစဉ်ခါ၊ မှောင်တွင်းသို့ကျူးအေးသာယာ၊ သေခြင်းအောင်ကြောင်းကြွေးကြော်ပါ၊ ယေရှုရှင်ကယ်ချွတ်ပါ။ *4 လေများတွင်ကျယ်စွာဟစ်ကြော်၊ ယေရှုရှင်ကယ်ချွတ်တင်၊ လူမျိုးပေါင်းခုဝမ်းမြောက်ပျော်၊ ယေရှုရှင်ကယ်ချွတ်တင်၊ ကယ်တင်ခြင်းဖိုးမဲ့ကြောင်းအော်၊ ချိုင့်နက်နှင့်တောင်ထိပ်များပေါ်၊ ငါတို့အောင်မြင်သီချင်းသည်၊ ယေရှုရှင်ကယ်ချွတ်သည်။ === code 132 title ဘုရားကိုချီးမွမ်းကြကျူး title_original To God Be the Glory 1=G 3/4 tune 11.11.11.11.Ref. authors_lyric Fanny J. Crosby (1820-1915) authors_music William H. Doane (1832-1915) scriptureReferences Gal.1.4 *1 အံ့ဖွယ်မှုများတွက်မြတ်ဘုရားချီးမွမ်းပါ၊ လောကီသားတို့ကိုချစ်ရှာသားတော်စွန့်ကာ၊ သက်တော်စွန့်ခြင်းဖြင့်အပြစ်တွေပြေစေပါ၊ အသက်တံခါးဖွင့်ထားဝင်လိုသူများလာ။ *ref ချီးမွမ်းကြ၊ ချီးမွမ်းကြ၊ လောကသံတော်ကြားစေ၊ ချီးမွမ်းကြ၊ ချီးမွမ်းကြ၊ လူအပေါင်းဝမ်းမြောက်စေ၊ သားတော်ယေရှုအားဖြင့်ခမည်းတော်ထံလာ၊ အံ့ဖွယ်မှုများတွက်မြတ်ဘုရားချီးမွမ်းပါ။ *2 ယုံကြည်သူပေါင်းအောင်စေကြောင်းသွေးတော်ကြောင့်ပင်၊ စုံလင်သောရွေးနုတ်ခြင်းကတိတော်ကိုပင်၊ အဆိုးဆုံးသောသူသည်အမှန်ယုံကြည်လျှင်၊ ယေရှုမှပြစ်လွှတ်ခွင့်ရထိုခဏတွင်။ *3 အံ့ဖွယ်မှုများကျွန်ုပ်အားပြတော်မူပြီ၊ ယေရှု၌ကျွန်ုပ်တို့ဝမ်းမြောက်ခြင်းရှိသည်၊ သို့သော်ယေရှုရှင်ကိုဖူးတွေ့ရသောအခါ၊ အံ့ဩဝမ်းမြောက်ခြင်းသာ၍ကြီးမည်မှန်ပါ။ === code 133 title ကျွန်ုပ်ရွေးနုတ်ခြင်းခံပြီးနောက်ကျူး title_original Since I Have Been Redeemed 1=G 4/4 tune OTHELLO 8.6.8.6.Ref. authors_lyric Edwin O. Excell (1851-1921) scriptureReferences Ps.71.23 *1 ကျွန်ုပ်ရွေးနုတ်ခြင်းခံပြီးနောက်၊ သီချင်းကိုဆိုချင်သည်၊ ကျွန်ုပ်ရွေးနုတ်ကယ်တင်ရှင်ကြောင့်၊ ကျွန်ုပ်ရွေးခြင်းခံပြီ။ *ref ကျွန်ုပ်ရွေးခြင်းခံပြီ၊ ကျွန်ုပ်ရွေးခြင်းခံပြီ၊ နာမတော်ကိုချီးမွမ်းမည်၊ ကျွန်ုပ်ရွေးခြင်းခံပြီ၊ ကျွန်ုပ်ရွေးနုတ်ရှင်ကိုချီးမွမ်းမည်။ *2 ကျွန်ုပ်ရွေးနုတ်ခြင်းခံပြီးလျှင်၊ ကျွန်ုပ်စိတ်ကျေနပ်ပြီ၊ အစဉ်အလိုတော်ကိုလိုက်ချင်၊ ကျွန်ုပ်ရွေးခြင်းခံပြီ။ *3 ကျွန်ုပ်ရွေးနုတ်ခြင်းခံပြီးမှ၊ ခိုင်လုံသက်သေရှိသည်၊ ယုံမှားသံသယကင်းဝေးရ၊ ကျွန်ုပ်ရွေးခြင်းခံပြီ။ *4 ကျွန်ုပ်ရွေးနုတ်ခြင်းခံပြီးလျှင်၊ အိမ်တော်ကိုပြင်ထားသည်၊ ထိုတွင်ကျွန်ုပ်နေမည်အစဉ်၊ ကျွန်ုပ်ရွေးခြင်းခံပြီ။ === code 134 title ယေရှုရှင်ကျွန်ုပ်စိတ်တွင်ကိန်းစဉ်ကျူး title_original Since Jesus Came Into My Heart 1=A 4/4 authors_lyric R. H. McDaniel (1850-1940) authors_music Charles H. Gabriel (1856-1932) scriptureReferences Rev.3.20 *1 အံ့ဩဖွယ်သောပြောင်းလဲခြင်းကျွန်ုပ်သက်တာတွင်၊ ယေရှုရှင်ကိန်းဝပ်စဉ်ကပင်၊ ကျွန်ုပ်ဝိညာဉ်ကြာမြင့်စွာတောင့်တသည်အလင်း၊ ကျုပ်စိတ်တွင်ကိန်းဝပ်စဉ်ကပင်။ *ref ယေရှုရှင်ကိန်းဝပ်စဉ်ကပင်၊ ကျုပ်စိတ်တွင်ကိန်းဝပ်စဉ်ကပင်၊ ဝမ်းမြောက်ခြင်းကျုပ်စိတ်တွင် ပင်လယ်လှိုင်းလွှမ်းသည်ပင်၊ ယေရှုရှင်ကျုပ်စိတ်တွင်ကိန်းစဉ်။ *2 လမ်းလွဲခြင်းလှည့်လည်ခြင်းကျွန်ုပ်သည်ရပ်စဲပြီ၊ ယေရှုရှင်ကိန်းဝပ်စဉ်ကပင်၊ ကျွန်ုပ်၏များစွာသောအပြစ်များဆေးကြောပြီ၊ ကျုပ်စိတ်တွင်ကိန်းဝပ်စဉ်ကပင်။ *3 သေမင်းရိပ်လွှမ်းသောချိုင့်၌ကျွန်ုပ်တွက်အလင်း၊ ယေရှုရှင်ကိန်းဝပ်စဉ်ကပင်၊ ရွှေမြို့တော်တံခါးများဟိုဘက်မှာကျွန်ုပ်မြင်၊ ကျုပ်စိတ်တွင်ကိန်းဝပ်စဉ်ကပင်။ *4 ထိုမြို့တော်၌စံနေဖို့ကျွန်ုပ်သွားရမည်၊ ယေရှုရှင်ကိန်းဝပ်စဉ်ကပင်၊ ထိုသို့သွားနေစဉ်ဝမ်းမြောက်သည်လွန်ဝမ်းမြောက်သည်၊ ကျုပ်စိတ်တွင်ကိန်းဝပ်စဉ်ကပင်။ === code 135 title ကြည့်ခြင်းဖြင့်အသက်ရှင်ရ၏ကျူး title_original There's Life in a Look 1=Eb 4/4 authors_lyric F. E. Belden (1858-1945) scriptureReferences Isa.45.22 *1 ကပ်တိုင်တော်ကိုမျှော်ကြည့်ခြင်းဖြင့်သက်ရှင်၊ ငါ့ကိုကြည့်လော့ယေရှုမိန့်မှာ၊ မြေကြီးနှင့်ဘဏ္ဍာတို့အချေးပင်၊ ကပ်တိုင်တော်ဖြင့်ထက်ရပ်ဘဏ္ဍာမြင်ရာ။ *ref ကြည့်ခြင်းဖြင့်၊ သင့်ဖို့သက်ရှိ၊ ကရာနီကိုကြည့်ခြင်းဖြင့်၊ ကယ်တင်ခြင်းသည်ဖိုးမရှိ၊ ကရာနီကိုကြည့်ခြင်းဖြင့်။ *2 ကယ်တင်ရှင်မျက်နှာတော်ကိုဖူးမြော်ရာ၊ ပြုံးရယ်ခြင်းသည်ချိုသာလှ၏၊ စုံစမ်းခြင်းတိမ်များဖုံးအုပ်လာခါ၊ ကပ်တိုင်ကြည်ခြင်းဖြင့်ကျွန်ုပ်ခွန်အားရှိ။ *3 တိုင်တော်ကိုနေ့ရက်နာရီတိုင်းကြည့်မည်၊ ထားတော်မူကတိမြတ်ယုံကြည်၊ ကောင်းကင်ခွန်အားကိုးစားယူသူသည်၊ သွေးဆောင်သူ၏တန်ခိုးနှင့်စဉ်ကင်းသည်။ === code 136 title ပြစ်လွှတ်၊ ငြိမ်သက်၊ တန်ခိုးကျူး title_original Pardon, Peace and Power 1=Bb 6/8 authors_lyric Daniel Webster (1840-1901) authors_music James McGranahan (1840-1907) scriptureReferences Jer.33.8 *1 ကိုယ်တော်မြတ်တွင်ဝမ်းမြောက်လိုလျှင်၊ ကြွယ်ဝခြင်းမျိုးရေတွက်၊ နှုတ်ကပတ်တော်ယုံကြည်လျက်နှင့်၊ ပေးမည့်ဆုများမှတ်သား။ *ref ပြစ်လွှတ်ခြင်း၊ ငြိမ်သက်တန်ခိုး၊ စင်ကြယ်ခြင်းနှင့်သုခဘုံပင်၊ ခရစ်တော်ရှင်၊ ငါ့ဖို့ဖြစ်လျှင်၊ ဝမ်းမြောက်စွာကျူးအေးမည်ချီးမွမ်းသီချင်း။ *2 ကရုဏာတော်မေတ္တာမြတ်ကြောင့်၊ ပြစ်မျိုးမျိုးလွှတ်ရသည်၊ ငြိမ်သက်ခြင်းလည်းသွေးတော်မြတ်ကြောင့်၊ ပြစ်လွှတ်သောခါရ၏။ *3 ပြစ်တန်ခိုးကိုချိုးဖဲ့စေဖို့၊ စွမ်းအားကိုလည်းပေး၏၊ အတွင်းစိတ်ကိုစင်ကြယ်စေဖို့၊ ဝိညာဉ်တော်ပြုပြင်၏။ *4 သူငယ်ကဲ့သို့ယုံကြည်ခြင်းဖြင့်၊ ဤဆုများရကြသည်၊ ကိုယ်တော်မြတ်သည်ခရစ်တော်တွင်၊ ပေးမည်ကတိရှိပြီ။ === code 137 title ယေရှုထံတော်ရောက်ပြီလားကျူး title_original Are You Washed in the Blood of the Lamb? 1=Ab 4/4 authors_lyric Elisha A. Hoffman (1839-1929) scriptureReferences Ps.51.7 *1 စင်ကြယ်ဖို့ရာယေရှုထံတော်ရောက်ပြီလား၊ သိုးငယ်သွေးတော်၌ဆေးကြောပြီလား၊ ကရုဏာတော်၌စိတ်ချယုံကြည်ပြီလား၊ သိုးငယ်သွေးတော်၌ဆေးကြောပြီလား။ *ref သိုးသငယ်၊ သွေးတော်မြတ်၊ ဝိညာဉ်စင်ကြယ်စေရာသွေးတော်မြတ်၊ သင့်ဝတ်လုံမိုးပွင့်လိုဖြူစင်စေပြီလား၊ သိုးငယ်သွေးတော်၌ဆေးကြောပြီလား။ *2 နေ့စဉ်ယေရှုဘေးမှာယှဉ်တွဲလျှောက်ပြီလား၊ သိုးငယ်သွေးတော်၌ဆေးကြောပြီလား၊ ကပ်တိုင်တင်ခံသူ၌စဉ်ခိုနားရဲ့လား၊ သိုးငယ်သွေးတော်၌ဆေးကြောပြီလား။ *3 သတို့သားလာသော်ဝတ်လုံဖြူဖွေးမည်လော၊ သွေးတော်မြတ်၌ဖြူဖွေးစေပြီလား၊ တောက်ပအိမ်တော်တွက်ဝိညာဉ်ပြင်ဆင်ပြီလော၊ သွေးတော်၌ဆေးကြောခြင်းပြုပြီလား။ === code 138 title ဖိုးထိုက်သွေးတော်ကျူး title_original The Precious Blood 1=F 4/4 authors_lyric Macleod Wylie authors_music G. C. Stebbins (1846-1945) scriptureReferences 1Pet.1.19 *1 သွေးတော်မြတ်စဉ်တန်ဖိုးကြီးပေ၊ ခုငါ့တွက်ဖိုးထိုက်ပေ၊ သွေးတော်ကြောင့်သာချမ်းသာခွင့်ရ၊ စိုးရိမ်ကြောက်ရွံ့ခြင်းမှ။ *ref အိုသွေးတော်မြတ်နီရဲအံ့ဖွယ်၊ ကိုယ်တော်နံဘေးမှဆင်း၊ စဉ်ချီးမွမ်းမည်ကောင်းကင်ထက်ဝယ်၊ ဖိုးထိုက်သွေးတော်မြတ်ပင်။ *2 သင့်ပြစ်ငါမအောက်မေ့တော့ပါ၊ ကျမ်းစာမြတ်၌မိန့်ပေ၊ မိုက်မဲခြင်းသင့်အပြစ်ကြောင့်သာ၊ ငါ့သားသွေးသွန်းခဲ့လေ။ *3 ငါမှတ်မိသောအပြစ်တွက်ပင်၊ ကြောက်ရွံ့စိုးရိမ်မလို၊ ဖိုးထိုက်သွေးတော်ဖြင့်ဆေးကြောပြီ၊ ငါ့ပြစ်ကိုသယ်ဆောင်ပြီ။ *4 ခွန်အားနည်းသောကျွန်ုပ်ခန္ဓာ၊ စုတေဖို့လဲလျောင်းသော်၊ ငြိမ်သက်မှုပေးသည်မှာသွေးတော်၊ ယင်းသွေးကြောင့်သေပျော်မှာ။ === code 139 title ငါ့ပြစ်သယ်ဆောင်သွားကျူး title_original He Has Taken My Sin Away 1=A 4/4 authors_lyric Fanny Crosby (1820-1915) authors_music Ira D. Sankey (1840-1908) scriptureReferences Ps.118.21 *1 စိတ်နှလုံးနှင့်သံဖြင့်ချီးမွမ်းမည်၊ ကိုယ်တော်၌ဝမ်းမြောက်နေမည်၊ အံ့ဖွယ်မေတ္တာသီချင်းဖြင့်ဆိုမည်၊ သီချင်းဖြင့်သီဆိုမည်။ *ref ကိုယ်တော်ရှင်သည်ငါ့ပြစ်သယ်ဆောင်သွား၊ နာမတော်ချီးမွမ်း၊ နာမတော်ချီးမွမ်း၊ ကိုယ်တော်ရှင်သည်ငါ့ပြစ်သယ်ဆောင်သွား၊ ဟာလေလုယချီးမွမ်းပါ။ *2 ပြစ်ဖိနှိပ်ခံလျက်ပြန်လာသောခါ၊ ငြိမ်သက်ရဖို့ကိုယ်တော်ထံ၊ ဆုတောင်းသံနားညောင်းလွှတ်မူမည်သာ၊ သီချင်းဖြင့်သီဆိုမည်။ *3 အသက်ထွက်ချိန်၌ပင်ချီးမွမ်းမည်၊ သေမင်းကိုအောင်မြင်သောကြောင့်၊ ထာဝစဉ်ချီးမွမ်းမည်ကိုယ်တော်ကြောင့်၊ သီချင်းဖြင့်သီဆိုမည်။ === code 140 title ရိတ်သူများကိုခေါ်ခြင်းကျူး title_original Far and Near the Fields Are Teeming 1=F 3/4 authors_lyric J. O. Thompson (1885) authors_music J. B. O. Clemm (1895) scriptureReferences Matt.9.38 *1 နီးဝေးရပ်မှာကောက်ပင်များကားမှည့်သောသီးနှံနှင့်ပြည့်ဝ၊ တောင်ယာလယ်ကွက်နီးဝေးရပ်များသီးနှံများဝါဝင်းတောက်ပ။ *ref လယ်ရှင်ဘုရားရိတ်သူများအားရိတ်ကာလမလွန်သွားခင်၊ ကောက်လှိုင်းသိမ်းရန်ခုစေလွှတ်ပါ၊ တောင်းလျှောက်သံနားညောင်းသခင်။ *2 နံနက်အချိန်မိုးလင်းစမှမွန်းတည့်နေရောင်ထွန်းတောက်ခါ၊ ညဉ့်နေရောင်ခြည်မကွယ်ပျောက်ရရပ်တိုင်းသို့သိမ်းရန်ခိုင်းပါ။ *3 အရှင်စေလွှတ်သောသူသင်တို့မှည့်သောကောက်လှိုင်းစုသိမ်းပါ၊ နေဝင်ချိန်တွင်ကောင်းကင်လမ်းသို့ ရောက်လာလိမ့်မည်ရွှင်လန်းစွာ။ === code 141 title နားထောင်ရှင်ယေရှုကြွေးကြော်သည်ကျူး title_original Hark! the Voice of Jesus Calling 1=Db 4/4 tune FILLMORE 8.7.8.7.D. authors_lyric Daniel March (1816-1909) authors_music F. E. Belden (1858-1945) scriptureReferences Isa.6.8 *1 နားထောင်ရှင်ယေရှုကြွေးကြော်သည်၊ ခုဘယ်သူမှုဆောင်မည်နည်း၊ လယ်ပြင်တို့သည်မှည့်လျက်ရှိပြီ၊ တံစဉ်ဘယ်သူကိုင်မည်နည်း၊ ကျယ်သောအသံနှင့်ခေါ်ဖိတ်သည်၊ ဆုလာဘ်များစွာပေးပါမည်၊ အသင့်စောင့်လျက်ကျွန်ုပ်ရှိသည်၊ အဘယ်သူဝန်ခံမည်နည်း။ *2 ပင်လယ်ကြီးကိုမကူးနိုင်လျှင်၊ နီးသောအရပ်သို့သွားလော့၊ နီးသောရပ်တွင်တွေ့နိုင်ခဲ့လျှင်၊ တံခါးတွင်းသို့သွင်းကြလော့၊ ကောင်းကင်သားလိုမပြောနိုင်လျှင်၊ ယေရှုချစ်ခြင်းဖော်ပြလော့၊ ပေါလုလိုလည်းမဟောနိုင်လျှင်၊ အသေခံခြင်းပြောပြလော့။ *3 စောင့်သောသူသင်မလုပ်နိုင်လျှင်၊ ဇိအုန်တောင်သို့ပြေးတက်လော့၊ လမ်းလွဲသောသူပြန်စိမ့်သောငှါ၊ ကောင်းကင်လမ်းကိုညွှန်ပြလော့၊ လှူဒါနဆုတောင်းခြင်းနှင့်ပင်၊ ကောင်းကင်အလိုကိုဖြည့်နိုင်၊ သစ္စာရှိအာရုန်ကဲ့သို့သင်၊ မောရှေလက်ကိုထောက်မနိုင်။ *4 လမ်းလွဲသောသူသေလုသောခါ၊ ယေရှုရှင်သင့်ကိုခေါ်ပေ၊ သင်ကဘာမျှမလုပ်နိုင်ပါ၊ ပျင်းရိစွာမဆိုရချေ၊ ပေးတော်မူအလုပ်ကိုင်စွဲနေ၊ ဝမ်းမြောက်စွာအားထုတ်ကြပါ၊ အသင့်စောင့်နေကျွန်ုပ်ရှိပေ၊ စိတ်အကြွင်းမဲ့လျှောက်ကြပါ။ === code 142 title ချစ်သိုးထိန်းသံကျွန်ုပ်ကြားရကျူး title_original Hark! 'Tis the Shepherd's Voice I Hear 1=G 4/4 tune FILLMORE L.M.Ref. authors_lyric Alexcenah Thomas authors_music W. A. Ogden (1841-1897) scriptureReferences John.10.16 *1 ချစ်သိုးထိန်းသံကျွန်ုပ်ကြားရ၊ သွေ့ခြောက်သဲကန္တာရထဲမှ၊ လမ်းလွဲသွားသောသိုးများခေါ်လေ၊ သိုးခြံမှသူတို့ထွက်ပြေးနေ။ *ref ဆောင်ခဲ့ပါ၊ ဆောင်ခဲ့ပါ၊ ဆောင်ခဲ့ပါအပြစ်လယ်မှလာ၊ ဆောင်ခဲ့ပါ၊ ဆောင်ခဲ့ပါ၊ လမ်းလွဲသူယေရှုထံခေါ်လာ။ *2 ချစ်သိုးထိန်းရှင်နှင့်မည်သူသည်၊ ပျောက်သောသိုးကိုကူရှာကြမည်၊ ချမ်းအေးကင်းသောခြံတော်တွင်းကို၊ မည်သူတစ်ဖန်ပြန်၍ပို့လို။ *3 တောတောင်ကန္တာရကြီးထဲမှ၊ ကြွေးကြော်ခေါ်သံကျွန်ုပ်ကြားရ၊ နားထောင်ယေရှုသင့်အားပြောနေ၊ ရပ်တိုင်းမှာငါ့သိုးများရှာချေ။ === code 143 title ဇိအုန်အမြန်ကျူး title_original O Zion, Haste 1=Ab 4/4 tune TIDINGS 11.10.11.10.Ref. authors_lyric Mary A. Thomson (1834-1923) authors_music James Walch (1837-1901) scriptureReferences Matt.28.19 *1 ဇိအုန်အမြန်၊ သင့်လုပ်ငန်းပြီးဆုံးလုပါ၊ ဘုရားသခင်အလင်းဖြစ်ကြောင်းပြောလေ၊ လူမျိုးခပ်သိမ်းဖန်ဆင်းရှင်ဆန္ဒမပါ၊ ဝိညာဉ်တစ်ခုမျှမှောင်တွင်မပျောက်ချေ။ *ref သတင်းကောင်းကြေညာ၊ ငြိမ်သက်သတင်း၊ ယေရှုကယ်ချွတ်ခြင်း၊ ရွေးနုတ်ခြင်းမြတ်သတင်း။ *2 လူမျိုးတို့အား၊ ကြေညာရမည့်သတင်းတွင်၊ သူတို့ဘုရားမေတ္တာရှင်ဖြစ်ဧကန်၊ ပျောက်ဆုံးသောသူရှိသမျှတို့ကိုကယ်တင်၊ လူထက်ရပ်စိုးစံခရစ်တော်သေခံ။ *3 ဘုန်းတော်သတင်း၊ သင့်သားတို့အားဖြန့်ဖြူးစေ၊ မြန်စွာသွားရန်သင့်စီးပွားသူတို့ပေး၊ အောင်မြင်ခြင်းငှါသူတို့တွက်ဆုတောင်းပေးလေ၊ သင့်သုံးစွဲလေသမျှယေရှုဆပ်ပေး။ *4 ကြွလာဦးမည်၊ အိုဇိအုန်သင်မတွေ့မီ၊ ကယ်တင်ကျေးဇူးလူတိုင်းအားပြောကြားလေ၊ ကိုယ်တော်ရွေးနုတ်သူတိုင်းကိုယ်တော်နှုတ်ဆက်မည်၊ သင်ပေါ့လျော့ခြင်းဖြင့်မပူထိုက်သူပေ။ === code 144 title ရိတ်သူများဘယ်မှာကျူး title_original O Where Are the Reapers? 1=G 4/4 tune 10.10.10.10.Ref. authors_lyric Eben E. Rexford (1848-1916) authors_music George F. Root (1820-1895) scriptureReferences Luke.10.2 *1 အပြစ်လယ်ပြင်မှကောက်လှိုင်းကောင်းများတွေ၊ စုသိမ်းရိတ်သူများဘယ်မှာရှိကြပေ၊ သမ္မာကျမ်းတံစဉ်နှင့်မှုတော်ဆောင်ရ၊ ကိုယ်တော်ရောက်အောင်မည်သူမျှမနားရ။ *ref ရိတ်သူများဘယ်မှာ၊ သင်လာမည်လော၊ ကျီတွင်စုသိမ်းကာ၊ သင်ဘုန်းဝင်စားမည်လော၊ အပြစ်လယ်ပြင်မှ၊ ကောက်လှိုင်းကောင်းများ၊ ဘယ်မှာရှိကြ၊ စုသိမ်းရိတ်သူများ။ *2 လယ်များတို့သည်နီးဝေးရပ်မှမှည့်နေ၊ လောကသည်စုသိမ်းချိန်ကိုဆိုင်းငံ့ပေ၊ သို့သော်ရိတ်ရန်များ၍ရိတ်သူနည်းပါး၊ ရိတ်ချိန်ကိုဆိုင်းလျှင်ပျက်စီးမည်အများ။ *3 ထိုကြောင့်တံစဉ်များယူအချင်းလူများ၊ မှည့်သောစပါးကိုစု၍သိမ်းကြပါ၊ လယ်ရှင်ကိုယ်တော်လာသည့်တိုင်အောင်ကြိုးစား၊ ကိုယ်တော်နှင့်အတူဘုန်းဝင်စားကြရာ။ === code 145 title ပျက်စီးသူကိုကယ်ပါကျူး title_original Rescue the Perishing 1=Bb 4/4 tune 6.5.10.6.5.10.Ref. authors_lyric Fanny J. Crosby (1820-1915) authors_music W. H. Doane (1832-1915) scriptureReferences Jude.1.23 *1 ပျက်စီးသူကိုကယ်ပါ၊ သေလုသူသနား၊ အပြစ်နှင့်သင်င်္ချိုင်းတွင်းမှဆွဲယူပါ၊ လမ်းလွဲသူဖို့ငိုကြွေး၊ လဲသူထူမလေ၊ စွမ်းကြီးယေရှုကယ်နိုင်ကြောင်းကိုပြောပေ။ *ref ပျက်စီးသူကိုကယ်ပါ၊ သေလုသူသနား၊ ယေရှုကရုဏာရှင်၊ ယေရှုကယ်တင်။ *2 မထီမဲ့ပြုသော်ငြား၊ ကိုယ်တော်စောင့်ရှောက်ရှာ၊ နောင်တရသောသားကိုလက်ခံခြင်းငှါ၊ စိတ်ပါလျက်နှိုးဆော်ကြ၊ သွေးဆောင်ဖြည်းညင်းစွာ၊ ကိုယ်တော်ကိုယုံလျှင်ပြစ်လွှတ်မည်မှန်ပါ။ *3 ပျက်စီးသူကိုကယ်ပါ၊ ဝတ္တရားဖြစ်ပေ၊ ဆောင်ရွက်နိုင်ရန်အားကိုကိုယ်တော်ပေးရာ၊ ကျဉ်းမြောင်းရာလမ်းထဲသို့၊ တစ်ဖန်ပြန်လာစေ၊ သက်တော်စွန့်ကြောင်းလမ်းလွဲသူအားပြောပါ။ === code 146 title တံပိုးမှုတ်လေကျူး title_original Watchmen, Blow the Gospel Trumpet 1=Ab 4/4 tune 8.7.8.7.Ref. authors_lyric H. L. Gilmour (1894) authors_music W. J. Kirkpatrick (1838-1921) scriptureReferences Matt.24.14 *1 ကင်းစောင့်ဓမ္မတံပိုးမှုတ်လေ၊ လူတိုင်းကိုသတိပေးပါ၊ သတင်းကြားသူအပေါင်းတို့တွေ၊ နောင်တပြောင်းလဲရှိအံ့ငှါ။ *ref သစ္စာရှိကင်းစောင့်တံပိုးမှုတ်၊ ပင်လယ်ကုန်းကျော်လျက်ကျယ်စွာ၊ ဘုရားအမိန့်တော်ကြော်ငြာထုတ်၊ ချည်နှောင်ခံသူလွှတ်အံ့ငှါ။ *2 တောင်ထိပ်ကျော်၍ကျယ်စွာမှုတ်လေ၊ မှောင်ရိပ်နှင့်မြေပြင်ထွန်းလင်း၊ နက်နဲပင်လယ်ထပ်ဆင့်ပြန်ချေ၊ ကယ်တင်ခြင်းဝမ်းမြောက်သတင်း။ *3 မှောင်မည်းအရပ်လမ်းမလမ်းကြား၊ ကျင်လည်သူဒုစရိုက်သား၊ အဖကြိုရန်အသင့်စောင့်စား၊ ကြော်ငြာပါအားလုံးတို့အား။ *4 ဝန်လေးသူတို့ဖို့မှုတ်ပါလေ၊ လွတ်လိုသောဝန်လေးသူတွေ၊ ကယ်တင်ရှင်ခေါ်ဖိတ်ကြောင်းပြောပေ၊ ငါ့ထံလာချိုစွာခေါ်နေ။ === code 147 title ကောက်လှိုင်းများသိမ်းလျက်ကျူး title_original Bringing in the Sheaves 1=Bb 4/4 tune 12.11.12.11.Ref. authors_lyric Knowles Shaw (1834-1878) authors_music G. A. Minor (1845-1904) scriptureReferences Ps.126.6 *1 နံနက်ချိန်တွင်စိုက်လျက်၊ စိုက်ပျိုးချစ်ခြင်းမျိုးစေ့၊ နေ့တွင်စိုက်သည့်နည်းတူ၊ ညဉ့်ဦးတွင်စိုက်မည်၊ စုသိမ်းချိန်ကိုဆိုင်းငံ့၊ ရိတ်ချိန်ကိုလည်းစောင့်နေ၊ ကောက်လှိုင်းများကိုသိမ်းလျက်ဝမ်းမြောက်စွာလာမည်။ *ref ကောက်လှိုင်းများသိမ်းလျက်၊ ကောက်လှိုင်းများသိမ်းလျက်၊ ကောက်လှိုင်းများကိုသိမ်းလျက်၊ ဝမ်းမြောက်စွာလာမည်၊ ကောက်လှိုင်းများသိမ်းလျက်၊ ကောက်လှိုင်းများသိမ်းလျက်၊ ကောက်လှိုင်းများကိုသိမ်းလျက်၊ ဝမ်းမြောက်စွာလာမည်။ *2 နေထွန်းလင်းရာစိုက်ပျိုး၊ အရိပ်မှာလည်းစိုက်လေ၊ ဆောင်းဥတုနှင့်မိုးတိမ်၊ စိုးရိမ်မဖြစ်ပြီ၊ နောက်နောင်စုသိမ်းချိန်ရောက်၊ အလုပ်လည်းပြီးစီးပေ၊ ကောက်လှိုင်းများကိုသိမ်းလျက်ဝမ်းမြောက်စွာလာမည်။ *3 ငိုကြွေးလျက်နှင့်သွားလေ၊ သခင်ဖို့စိုက်ပျိုးပါ၊ ပျက်စီးခြင်းကျွန်ုပ်ကို၊ ဝမ်းနည်းစေသော်လည်း၊ ငိုကြွေးခြင်းပြီးသောခါ၊ ကိုယ်တော်သာဓုခေါ်မှာ၊ ကောက်လှိုင်းများကိုသိမ်းလျက်ဝမ်းမြောက်စွာလာမည်။ === code 148 title မှုဆောင်ပါ၊ ညဉ့်အချိန်ရောက်လာမည်ကျူး title_original Work, for the Night Is Coming 1=Eb 4/4 tune WORK SONG 7.6.7.5.D. authors_lyric Mrs. Anna L. Coghill (1836-1907) authors_music Lowell Mason (1792-1872) Arr. by Melvin West (1930-2019) scriptureReferences John.9.4 *1 နံနက်ချိန်မှုဆောင်ရွက်ပါ၊ ညဉ့်အချိန်ရောက်လာမည်။ ဆီးနှင်းကောက်ချိန်မှုဆောင်ပါ၊ ပန်းလယ်မှုဆောင်မည်။ နေလင်းချိန်မှုဆောင်ရွက်ပါ၊ ရောင်ခြည်ထွန်းတောက်လျက်နေ။ လူ့ဆောင်ရွက်မှုပြီးသောခါ၊ ညဉ့်ချိန်ရောက်လာချေ။ *2 မွန်းတည့်ချိန်၌မှုဆောင်ပါ၊ ညဉ့်အချိန်ရောက်လာမည်။ ရောင်ခြည်များချိန်မှုဆောင်ပါ၊ နားချိန်ရောက်လာမည်။ မိနစ်တိုင်းမှုဆောင်ခြင်းဖြင့်၊ အားထားရာသိုမှီးမည်။ လူ့ဆောင်ရွက်ဖို့ပြီးသည်နှင့်၊ ညဉ့်ချိန်ရောက်လာမည်။ *3 နေဝင်ချိန်မှုဆောင်ရွက်ပါ၊ ညဉ့်အချိန်ရောက်လာမည်။ ရောင်ခြည်ရှိချိန်မှုဆောင်ပါ၊ ရောင်ခြည်လွင့်တတ်သည်။ နောက်ဆုံးရောင်ခြည်ထိမှုဆောင်၊ ရောင်ခြည်ကွယ်ပျောက်တတ်ပေ။ မှောင်ရိပ်ရောက်ရှိချိန်မှုဆောင်၊ လူမှုကုန်ဆုံးချေ။ === code 149 title ကြယ်အများရှိမည်လားကျူး title_original Will There Be Any Stars? 1=A 4/4 authors_lyric Eliza H. Hewitt (1851-1920) authors_music John R. Sweney (1837-1899) scriptureReferences 1Pet.5.4 *1 နေဝင်သောကာလ၌ရောက်မည်တင့်တယ်ပြည်တော်၊ အကြောင်းကိုယနေ့တွင်စဉ်းစားရာ၊ ကျေးဇူးတော်ကြောင့်ကိုယ်တော်အပါးတွင်ရပ်ရသော်၊ ဦးရစ်တွင်ကြယ်အများရှိမည်လား။ *ref ဦးရစ်တွင်ကြယ်အများ၊ ကြယ်အများရှိမည်လား၊ နေဝင်သောခါညဉ့်ချမ်းအချိန်မှာ၊ သန့်ရှင်းသူနှင့်နားရန်၊ အိမ်တော်မြတ်တွင်စံမှာ၊ ဦးရစ်တွင်ကြယ်အများရှိမည်လား။ *2 သခင်၏ခွန်အားနှင့်ဆောင်ရွက်ဆုတောင်းပါစေ၊ ဝိညာဉ်များကယ်သူလိုစောင့်ပါလေ၊ ဘုန်းထွန်းနေ့တော်မြတ်တွင်တောက်ပကြယ်များပိုင်ချေ၊ ချီးမွမ်းခြင်းလှိုင်းများလိုမြဲထလေ။ *3 မျက်နှာတော်ဖူးတွေ့ခါဘယ်မျှရွှင်မြူးသာယာ၊ ကျောက်မြတ်များခြေတော်ရင်းဆက်ကပ်လာ၊ ဦးရစ်တွင်ကြယ်ရှိလျှင်ရွှေပြည်တွင်မင်္ဂလာ၊ ဦးရစ်တွင်ကြယ်အများရှိမည်သာ။ === code 150 title အောက်ရှိမီးထွန်းလင်းတောက်စေလိုကျူး title_original Brightly Beams Our Father's Mercy 1=Bb 4/4 authors_lyric Philip P. Bliss (1838-1876) scriptureReferences Matt.5.16 *1 ခမည်းတော်မြတ်မီးပြတိုက်မှ၊ ကရုဏာရောင်ခြည်ထွန်းသည်၊ သို့သော်လည်းကမ်းခြေကမီးမှာ၊ ကျွန်ုပ်တို့အပ်ထားလေပြီ။ *ref အောက်ရှိမီးထွန်းလင်းတောက်စေလို၊ လှိုင်းတစ်ဖက်မီးရောင်ထိုးပေး။ အားလျော့နစ်နေသင်္ဘောသားကို၊ ကယ်နိုင်ကောင်းကယ်နိုင်ရာသေး။ *2 အပြစ်မှောင်မိုက်ညဉ့်ဆိုက်ရောက်လာ၊ လှိုင်းတံပိုးပြင်းထန်ခတ်ချေ၊ လူများကမ်းခြေရှိမီးကိုသာ၊ မက်ကြီးစွာတောင့်တမျှော်နေ။ *3 အစ်ကိုမှုန်သောမီးခွက်ပြင်ပါ၊ သင်္ဘောသားလှိုင်းပုတ်နေပြီ၊ ကမ်းသို့ရောက်ရန်ကြိုးစားနေရှာ၊ မှောင်၌ပျက်စီးမည်စိုးသည်။ === code 151 title ကျွန်ုပ်သေးနုပ်သောစကားသည်ကျူး title_original If Any Little Word of Mine 1=G 6/8 authors_lyric Lanta Wilson Smith (1856-1939) authors_music C. H. Forrest scriptureReferences Matt.12.36 *1 ကျွန်ုပ်သေးနုပ်သောစကားသည်၊ စိတ်ပျက်သူအားလန်းစေ၏။ ကျွန်ုပ်သေးနုပ်သောသီချင်းသည်၊ ဝမ်းနည်းစိတ်ကိုပေါ့စေ၏။ *ref မစသောစကားပြောစေပါ၊ သီချင်းဖြင့်ချိုအေးစေပါ၊ ပဲ့တင်ထပ်သံများပြည့်စေငှါ၊ ဆိတ်ငြိမ်ချိုင့်တွင်ကျစေပါ။ *2 ကျွန်ုပ်သေးနုပ်သောမေတ္တာသည်၊ ပင်ပန်းသူသက်သာစေ၏။ ကျွန်ုပ်စောင့်မခြင်းစိုးစဉ်းသည်၊ မိတ်ဆွေအားလျင်မြန်စေ၏။ *3 ကျွန်ုပ်ချီမခြင်းနည်းပါးငြား၊ လုပ်ဆောင်သူအားပေါ့စေသား။ ခွန်အားပေးတော်မူပါဘုရား၊ ငှါးခြင်းဖြင့်သက်ရှင်တကား။ === code 152 title သင်၌ယေရှုတွေ့နိုင်မည်လားကျူး title_original Can the World See Jesus in You? 1=Ab 4/4 authors_lyric C. H. Morris (1862-1929) scriptureReferences John.1.12 *1 သက်တာလမ်းတွင်ယနေ့လျှောက်လိုက်စဉ်ခါ၊ ကိုယ်တော်နှင့်လွန်နီးကပ်စွာနေသလား၊ ကရာနီကုန်းပေါ်သေခံရှင်သခင်၊ ငါတို့၌တွေ့နိုင်မည်လား။ *ref ငါ၌ယေရှုတွေ့နိုင်မည်လား၊ သင်၌ယေရှုတွေ့နိုင်မည်လား၊ သင်၏ချစ်ခြင်းဆောင်ရွက်ခြင်း၊ သက်တာလမ်းပါမှန်၏လား၊ သင်၌ယေရှုတွေ့နိုင်မည်လား။ *2 ကိုယ်တော်၏မေတ္တာမျိုးနှင့်ချစ်သလား၊ သတ္တဝါအားလုံးနစ်မွန်းပြစ်၌သာ၊ ပြစ်ရှိသူပြန်လည်သိမ်းပိုက်အလို့ငှါ၊ ဖိုးခမတွက်ကူမည်လား။ *3 ငါတို့၏သက်တာစာအုပ်သို့လေ့လာ၊ အပြောနှင့်အလုပ်စေ့စပ်နားထောင်မှာ၊ ကရာနီကုန်းပေါ်သေခံရှင်ထံပါး၊ ပြစ်ရှိသူတွက်သွားမည်လား။ === code 153 title လက်ချည်းသက်သက်သေသွားရလောကျူး title_original Must I Go, and Empty Handed? 1=D 6/8 authors_lyric Charles C. Luther (1874-1924) authors_music George C. Stebbins (1846-1945) scriptureReferences John.9.4 *1 လက်ချည်းသက်သက်သေသွားရလော၊ ကယ်တင်ရှင်ဤသို့တွေ့သော်၊ မှုတော်မြတ်ကိုဆောင်ရွက်မပေး၊ ကိုယ်တော်အားဘာမျှမပေး။ *ref လက်ချည်းသက်သက်သေသွားရလော၊ ဤသို့ကယ်တင်ရှင်ကြည့်တည်း၊ သွေးဆောင်ခေါ်ပြီးသူမပါသော်၊ ဘယ်သို့ထံတော်ဝင်မည်နည်း။ *2 ခုသေရသော်လည်းမစိုးရိမ်၊ ကိုယ်တော်ကျွန်ုပ်ကိုကယ်တင်၊ လက်ချည်းသွားရသောကြောင့်စိုးရိမ်၊ စိတ်ဝမ်းနည်းခြင်းနှင့်မကင်း။ *3 ချည်းနှီးလွန်စေသောနှစ်များကို၊ တစ်ဖန်လွန်ပြန်စေနိုင်လျှင်၊ သက်ချိန်လုံးကိုယ်တော်အားပေးလို၊ ကိုယ်တော်နောက်သို့စဉ်လိုက်ချင်။ *4 သန့်ရှင်းသူတို့နိုးကြားကြိုးစား၊ နေ့ချိန်မှုတော်ဆောင်ရွက်ထား၊ သေရသောကာလမရောက်မီ၊ သူတစ်ပါးကိုသွေးဆောင်ပြီ။ === code 154 title လုပ်ဆောင်လျက်ကျူး title_original To the Work! To the Work! 1=F 4/4 authors_lyric Fanny J. Crosby (1820-1915) authors_music William H. Doane (1832-1915) scriptureReferences 2Tim.2.15 *1 ကိုယ်တော်မြတ်လျှောက်ရာဖဝါးခြေထပ်လိုက်ကြစို့၊ ဘုရားပေးအပ်မှုတော်မြတ်မပြတ်ဆောင်ရွက်စို့၊ အမိန့်တော်မပြတ်နားထောင်၍အားယူရအောင်၊ တွေ့သမျှအမှုကိုအားထုတ်မသဝေထမ်းဆောင်။ *ref လုပ်ဆောင်လျက်၊ လုပ်ဆောင်လျက်၊ လုပ်ဆောင်လျက်၊ လုပ်ဆောင်လျက်၊ မြော်လင့်လျက်၊ စောင့်ရှောက်လျက်၊ သခင်လာသည်တိုင်လုပ်ဆောင်ကြ။ *2 ဆာလောင်မွတ်သိပ်သောသူတို့ကိုလုပ်ဆောင်ကျွေးမွေး၊ မောပန်းသူတို့ကိုသက်စမ်းရေပေါက်သို့ပို့ဆောင်၊ တိုင်တော်နှင့်အလံတော်ကျွန်ုပ်ဝါကြွားရာပေ၊ ကယ်တင်ခြင်းဖိုးမပေးဘဲရကြောင်းမြွက်ဆိုမည်။ *3 မှုတော်မြတ်ဆုံးတိုင်အောင်အားထုတ်လျက်လုပ်ဆောင်လေ၊ ရိတ်ကာလရောက်လာ၍ရိတ်သူတို့ဆင်းသက်မည်၊ ဖြောင့်မတ်သူများတို့နှင့်စိုးစံသောအခါပေ၊ ကယ်တင်ခြင်းဖိုးမပေးဘဲရကြောင်းကြော်ငြာမည်။ === code 155 title ပြောပြရန်ဝတ္ထုရှိသည်ကျူး title_original We've a Story to Tell to the Nations 1=F 4/4 authors_lyric H. Earnest Nichol (1896) scriptureReferences Matt.28.19 *1 လူမျိုးအားပြောပြရန်ဝတ္ထုရှိသည်၊ ထိုဝတ္ထုဖြင့်စိတ်ပြောင်းလဲမည်၊ ချိုသာသောဝတ္ထုတော်မှန်သည်၊ ငြိမ်သက်ခြင်းအလင်းနှင့်ပြည့်၊ ငြိမ်သက်ခြင်းအလင်းနှင့်ပြည့်။ *ref မှောင်မိုက်ခြင်းသည်အလင်းဖြစ်လိမ့်မည်၊ နံနက်ချိန်မွန်းတည့်လိုလင်းမည်၊ နိုင်ငံတော်သည်မြေပေါ်မှာတည်မည်၊ မေတ္တာအလင်းနိုင်ငံတည်း။ *2 လူမျိုးအားဆိုပြရန်သီချင်းရှိသည်၊ ကိုယ်တော်ကိုသူတို့ချီးမွမ်းမည်၊ ထိုသီချင်းအားဖြင့်ပြစ်အောင်မည်၊ ကြမ်းတမ်းမှုပပျောက်စေမည်၊ ကြမ်းတမ်းမှုပပျောက်စေမည်။ *3 လူမျိုးအားပြရန်ကယ်တင်ရှင်ရှိသည်၊ ကိုယ်တော်သည်ဒုက္ခခံခဲ့ပြီ၊ မြေသားအပေါင်း၏ဘုရားသည်၊ သစ္စာတရားသိစေအံ့၊ သစ္စာတရားသိစေအံ့။ === code 156 title သွား၍လုပ်ဆောင်လော့ကျူး title_original Go and Work! 1=C 3/4 authors_lyric Fanny J. Crosby (1820-1915) authors_music Ira A. Sankey (1874-1915) scriptureReferences Luke.14.23 *1 အိုခရစ်ယာန်အိပ်ရာမှနိုးလော့၊ နားမည်လောလူများငိုစဉ်၊ လက်ပိုက်လျက်ထိုင်ရက်မည်လော၊ ရှင်ကိုယ်တိုင်မိန့်တော်မူစဉ်။ *ref လုပ်ဆောင်လော့၊ အချိန်တန်ပြီ၊ သွားရှာလော့၊ ပျောက်သူကယ်လေ၊ အပြစ်ရှိ၊ မှောင်မိုက်ထဲမှ၊ ပွဲတော်သို့၊ အိုဆောင်ခဲ့လေ။ *2 နာမတော်၊ သင်ချစ်ရဲ့လား၊ ကတိတော်၊ စိတ်ချရဲ့လား၊ ရှိသမျှ၊ ကတိပြုဝံ့လော့၊ ခေါ်ဖိတ်သံ၊ နားထောင်မည်လော။ *3 ဖြစ်သင့်တိုင်း၊ ကိုးစားရဲ့လား၊ သွန်သင်တိုင်း၊ နေထိုင်ရဲ့လား၊ ကိုယ်တော်တွက်၊ ငါဟုတ်ရဲ့လား၊ ယုံကြည်ခြင်း၊ ကျင့်ဖြင့်ပြလော့။ *4 ကပ်တိုင်ရှိ၊ ထမ်းဖို့လိုငှါ၊ သရဖူ၊ ဆောင်းလိုပါက၊ အားသစ်ဖြင့်၊ ရှေ့ချီတက်ပါ၊ ချိန်တိုတောင်း၊ ရက်များနည်းလှ။ === code 157 title ဖိုးထိုက်မျိုးစေ့ကြဲလော့ကျူး title_original Sowing the Precious Seed 1=Bb 4/4 authors_lyric W. A. Ogden (1841-1897) scriptureReferences Matt.13.3 *1 ဖိုးထိုက်မျိုးစေ့ကြဲလော့၊ နံနက်အရုဏ်ဦးချိန်ကြဲလော့၊ ဖိုးထိုက်မျိုးစေ့ကြဲလော့၊ နေ့ခင်းလည်းကြဲလော့၊ ဖိုးထိုက်မျိုးစေ့ကြဲလော့၊ လူငယ့်နှလုံးတန်ဆာဆင်ဖို့၊ ဖိုးထိုက်မျိုးစေ့ကြဲလော့၊ ပြုစုပျိုးထောင်စို့။ *ref ဖိုးထိုက်မျိုးစေ့ကြဲလော့၊ ဖိုးထိုက်မျိုးစေ့ကြဲလော့၊ နီးဝေးရပ်သို့သည်းခံမေတ္တာဖြင့်ကြဲဖြန့်လော့၊ အသက်မုန့်ချိုးဖဲ့လော့၊ ဝမ်းမြောက်ဖွယ်သတင်းကြားပြောလော့၊ ဖိုးထိုက်မျိုးစေ့ကြဲလော့၊ တို့တိုင်းပြည်မှာရော။ *2 ဖိုးထိုက်မျိုးစေ့ကြဲလော့၊ နေမွန်းစောင်းချိန်၌လည်းကြဲလော့၊ ဖိုးထိုက်မျိုးစေ့ကြဲလော့၊ နေဝင်ချိန်ကြဲလော့၊ ဖိုးထိုက်မျိုးစေ့ကြဲလော့၊ ကင်းစေလော့ယုံမှားအားနည်းချက်၊ ဘုရားကိုကိုးစားလျက်၊ အားလုံးပုံအပ်လော့။ *3 ဖိုးထိုက်မျိုးစေ့ကြဲလော့၊ စိတ်အားထက်သန်စွာအားထုတ်ပါ၊ ဖိုးထိုက်မျိုးစေ့ကြဲလော့၊ ကြဲလေမျိုးရွှေဝါ၊ ဖိုးထိုက်မျိုးစေ့ကြဲလော့၊ ဘယ်ခါမျှလက်ပိုက်ကြည့်မနေ၊ ဘုရားရှင်အားတောင်းလော့၊ နေရောင်နှင့်မိုးရေ။ === code 158 title လုပ်ဆောင်ကြကျူး title_original Labor On 1=Bb 4/4 authors_lyric C. R. Blackall (1830-1924) authors_music W. H. Doane (1832-1915) scriptureReferences Luke.10.2 *1 လယ်ကွင်း၌မှည့်ဝင်းလျက်ရိတ်ရန်ရှိသည်၊ ရိတ်ချိန်တန်လေပြီ၊ ရိတ်သောလူနည်း၏၊ စေခိုင်းသည်အတိုင်း၊ လုပ်ဆောင်သောသူများ၊ ကိုယ်တော်ကိုယ်တိုင်ချီးမြှောက်လျက်ရှိ။ *ref လုပ်ဆောင်ကြ၊ လုပ်ဆောင်ကြ၊ ထိုက်တန်သောဆုပေးမူမည်၊ ကိုယ်တော်ရှင်ပေးမူမည်၊ သစ်သောခွန်အားများ၊ ယေရှုပြန်လာသည့်တိုင်လုပ်ဆောင်။ *2 အိမ်တော်ပြည့်လျှံအောင်၊ ပျောက်သူများခေါ်ယူ၊ ဝမ်းမြောက်စွာဂုဏ်တော်သီချင်းကျူးအေးလော့၊ မှောင်မိုက်ဖုံးလွှမ်း၍ညဉ့်ချိန်မရောက်မီ၊ လင်းရှိစဉ်ခွန်အားပြည့်လုပ်ဆောင်။ *3 ထိုက်တန်သောဆုလာဘ်ပေးရန်သင့်ရှိသည်၊ ဇွဲမလျှော့လုပ်ဆောင်၊ ပင်ပန်းဆင်းရဲလည်း၊ ကိုယ်တော်ရှင်ဝမ်းမြောက်ခြင်းအကြောင်းဖြစ်ပေ၊ လင်းရှိစဉ်ခွန်အားပြည့်လုပ်ဆောင်။ *4 ရိတ်သိမ်းချိန်ပြီး၍ကိုယ်တော်ခေါ်သောခါ၊ ဝမ်းမြောက်သောစိတ်နှင့်အမှန်ပြန်ရမည်၊ မေတ္တာတော်နှင့်ပြည့်ဖိတ်ခေါ်သံကြား၍၊ ထာဝရစဉ်စံစားရမည်။ === code 159 title အလင်းသို့ပို့ဆောင်ကြကျူး title_original Send the Light 1=Ab 4/4 tune McCABE Irregular authors_lyric Charles H. Gabriel (1856-1932) scriptureReferences Ps.43.3 *1 မှောင်မိုက်ဖုံးလွှမ်းပြစ်လောကမှဖိတ်ခေါ်သံ၊ အလင်းသို့ပို့ဆောင်ကြ၊ ချုပ်ထားဝိညာဉ်ကယ်တင်ခြင်းကိုပေးအံ့ငှါ၊ အလင်းသို့ပို့ဆောင်ကြ။ *ref လင်းစေလော့၊ ကယ်တင်ခြင်းလင်းရောင်ကို၊ လင်းစေလော့၊ နေရာရပ်တိုင်း၊ လင်းစေလော့၊ ကယ်တင်ခြင်းလင်းရောင်ကို၊ လင်းစေလော့၊ လင်းမြဲလင်းစေ။ *2 မာကေဒေါနိပြည်မှခေါ်သံကိုကြားရ၊ အလင်းသို့ပို့ဆောင်ကြ၊ လက်ဝါးကပ်တိုင်၏နက်နဲသောမေတ္တာဖြင့်၊ အလင်းသို့ပို့ဆောင်ကြ။ *3 ပူပန်ခြင်းကင်းမေတ္တာတော်ခိုလှုံဖို့ရန်၊ အလင်းသို့ပို့ဆောင်ကြ၊ သက်သရဖူဆောင်းရန်ထိုက်တန်စွာပေးမည်၊ အလင်းသို့ပို့ဆောင်ကြ။ === code 160 title သန့်ရှင်းဥပုသ်ငြိမ်ရာနေ့ကျူး title_original Holy Sabbath Day of Rest 1=Eb 4/4 tune 7.7.7.7.Ref. authors_lyric L. E. C. Joers (1900-1999) authors_music John F. Anderson (1893-1974) scriptureReferences Lev.23.3 *1 သန့်ရှင်းဥပုသ်ငြိမ်ရာနေ့၊ ဘုရားသခင်ကောင်းချီးပေး၊ မြတ်ဘုရားဖန်ဆင်းအောက်မေ့၊ သန့်ရှင်းမှုတွက်သီးခြားပေး။ *ref သန့်ရှင်းဥပုသ်ငြိမ်ရာနေ့၊ မြတ်ဘုရားကောင်းချီးပေးလေ၊ ငါတို့ဖို့သက်သေဖြစ်ပေ၊ ထာဝရကာလတည်စေ။ *2 မိုက်မဲဆိုးသွမ်းမှုပြည့်စုံ၊ ဤလောကစည်းစိမ်စွန့်ပါ၊ မြတ်စည်းစိမ်အပေါင်းရှိကုန်၊ ကမ်းတစ်ဖက်ကောင်းကင်ဘုံမှာ။ *3 နေဝင်ချိန်ညနေအေးတွင်၊ ဥပုသ်အချိန်ရောက်သောခါ၊ ယုံကြည်သူပေါင်းစည်းဝေးစဉ်၊ သီဆိုဆုတောင်းကြစေရာ။ *4 ကျေးဇူးတော်နှင့်ကယ်တင်ရန်၊ အောင်မြင်မှုတွက်တောင်းလျှောက်ရာ၊ နာရီတိုင်းသန့်ရှင်းစေရန်၊ တန်ခိုးတော်ဖြင့်မစပါ။ === code 161 title အိုငြိမ်သက်ရွှင်လန်းရာနေ့ကျူး title_original O Day of Rest and Gladness 1=Eb 4/4 tune MENDEBRAS 7.6.7.6.D. German Melody authors_lyric Christopher Wordsworth (1807-1885) authors_music Lowell Mason (1792-1872) scriptureReferences Exod.20.10 *1 အိုငြိမ်သက်ရွှင်လန်းရာနေ့၊ အိုပျော်မြူးအလင်းနေ့၊ အိုကြောင့်ကြဝမ်းနည်းကင်းနေ့၊ တင့်တယ်တောက်ပလှချေ၊ ယုတ်မြတ်သတ္တဝါပေါင်းတို့၊ ပလ္လင်တော်ရှေ့ဝပ်တွား၊ သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်းဆို၊ ထာဝရအရှင်အား။ *2 ပတ်လည်မုန်တိုင်းကွယ်ကာလေ၊ လုံခြုံဆိပ်ကိုယ်တော်တည်း၊ ပါရဒိမြစ်မှစီးပေ၊ ခြားထားသောဥယျာဉ်တည်း၊ ကိုယ်တော်စမ်းရေအေးဖြစ်ပါ၊ ခြောက်သွေ့ကန္တာရတွင်၊ ပိသဂါကိုယ်တော်မှသာ၊ ကတိတော်ပြည်ကြည့်ချင်။ *3 အောက်မေ့ရန်ချိုသာသောနေ့၊ ချစ်ဖွယ်နေ့ဖြစ်လေရာ၊ ချစ်ခြင်းများတိုးတက်ရာနေ့၊ မြေမှကောင်းကင်သို့သာ၊ ကျေးဇူးသစ်များခံစားနေ၊ ဥပုသ်အနားနေ့တွင်၊ ကျန်သောနားနေရန်နေ့ပေ၊ ရှာမည်သန့်ရှင်းအိမ်တွင်။ === code 162 title ဘေးကင်း၍ဥပုသ်ပြန်လာကျူး title_original Safely Through Another Week 1=F 3/4 tune SABBATH 7.7.7.7.7.7. authors_lyric John Newton (1725-1807) authors_music Lowell Mason (1792-1872) scriptureReferences Exod.20.8 *1 ကျေးဇူးရှင်ပို့ဆောင်သောကြောင့်၊ ဘေးကင်း၍ဥပုသ်ပြန်လာ။ ဤနေ့မှာဆုတောင်းရအောင်၊ ဗိမာန်တော်၌စည်းဝေးပါ။ နေ့အပေါင်းတို့တွင်ကောင်းဆုံး၊ ထာဝရငြိမ်သက်ခြင်းပုံ။ နေ့အပေါင်းတို့တွင်ကောင်းဆုံး၊ ထာဝရငြိမ်သက်ခြင်းပုံ။ *2 ရွေးနုတ်ရှင်အမှီပြုပေ၊ ပြစ်လွှတ်ခြင်းခွင့်ရှာစဉ်ခါ။ မျက်နှာတော်ပြတော်မူလေ၊ ရှက်ကြောက်ဖွယ်ရာများပယ်ရှား။ ဤနေ့၌သောကကင်းစင်၊ ကိုယ်တော်မြတ်ငြိမ်သက်ခြင်းရှင်။ ဤနေ့၌သောကကင်းစင်၊ ကိုယ်တော်မြတ်ငြိမ်သက်ခြင်းရှင်။ *3 နာမတော်ချီးမွမ်းရအောင်၊ ဗိမာန်တော်၌စုသောခါ။ ကိုယ်တော်သည်ဧကန်ရှိကြောင်း၊ ဘုန်းတော်ဖြင့်ထင်ရှားစေပါ။ ထာဝရကောင်းကျိုးချမ်းသာ၊ သည်မှာမြည်းစမ်းချင်ဘုရား။ ထာဝရကောင်းကျိုးချမ်းသာ၊ သည်မှာမြည်းစမ်းချင်ဘုရား။ *4 ဝမ်းမြောက်ဖွယ်သတင်းတရား၊ ဆိုးသူကောင်းသူနာသဖြင့်။ ကျေးဇူးတော်အမျိုးမျိုးပွား၊ ဆင်းရဲဒုက္ခများပယ်ရှင်း။ ထိုသို့ဥပုသ်စောင့်ကြကုန်၊ ကောင်းကင်ဘုံရောက်မှလမ်းဆုံး။ ထိုသို့ဥပုသ်စောင့်ကြကုန်၊ ကောင်းကင်ဘုံရောက်မှလမ်းဆုံး။ === code 163 title ဥပုသ်နေ့မမေ့နှင့်ကျူး title_original Don't Forget the Sabbath 1=Bb 6/8 tune 12.13.13.13.Ref. authors_lyric Fanny J. Crosby (1820-1915) authors_music William B. Bradbury (1816-1868) scriptureReferences Exod.20.8 *1 ဥပုသ်နေ့မမေ့နှင့်၊ ဘုရားကောင်းချီးချီးမြှင့်၊ နေ့တကာတွင်သာယာဆုံး၊ နေ့တို့တွင်အကောင်းဆုံး၊ အလုပ်မှနားရန်ရသည်၊ ဘုရားဝမ်းမြောက်ခြင်းပြ၊ ရောင်ခြည်တော်ဆင်းသက်နေသည်၊ ကောင်းကင်အလင်းတောက်ပ။ *ref ကြွပါ၊ ကြွပါ၊ အစဉ်ကြွပါ၊ သန့်ရှင်းဥပုသ်နေ့၊ ကြွပါ၊ ကြွပါ၊ အစဉ်ကြွပါ၊ သန့်ရှင်းဥပုသ်နေ့။ *2 ဥပုသ်နေ့သန့်ရှင်းစေ၊ ယနေ့ဝတ်ပြုရချေ၊ ငါသည်အသက်လမ်းဖြစ်ပေ၊ တပည့်တို့အားမိန့်ပေ၊ လောကမှာနှိမ့်ချ၍သာ၊ နောက်တော်သို့လိုက်ကြလျှင်၊ ထာဝရစီးလျက်နေရှာ၊ သက်စမ်းရေရမည်ပင်။ *3 သန့်ရှင်းဝမ်းမြောက်နေ့ပေ၊ ကောင်းမွန်စွာစောင့်ထိန်းစို့၊ သူငယ်တို့ချစ်ဆုံးမိတ်ဆွေ၊ ယေရှုကိုချီးမွမ်းဖို့၊ ချစ်ဖွယ်သိမ်မွေ့ကယ်တင်ရှင်၊ ကောင်းမြတ်ကြင်နာသနား၊ စိတ်တိုင်း၌ကိန်းအောင်းနေစဉ်၊ ကတိဖိုးထိုက်တကား။ === code 164 title သန့်ရှင်းနေ့၊ ကိုယ်တော်နားနေ့ကျူး title_original Holy Day, Jehovah's Rest 1=G 6/8 authors_lyric F. E. Belden (1858-1945) scriptureReferences Gen.2.3 *1 သန့်ရှင်းနေ့၊ ကိုယ်တော်နားနေ့၊ ဖန်ဆင်းပတ်အကောင်းဆုံးပေ။ ခုနစ်ရက်တွင်နောက်ဆုံးရက်၊ ပေးတော်မူလူမျိုးစဉ်ဆက်။ *ref ကြိုဆို၊ ကြိုဆို၊ ကြိုဆို၊ ကြိုဆို၊ ကောင်းချီးနေ့ကိုဖိတ်ခေါ်လေ၊ ကိုယ်တော်ရှင်နားရက်ဖြစ်ပေ။ *2 ဖန်ဆင်းခြင်းပြီးဆုံးသောခါ၊ ဥပုသ်နေ့အစပြုလာ။ သတ္တမနေ့ကောင်းချီးပေး၊ နားခြင်းဖြင့်နားထောင်ရိုသေ။ *3 ပထမနေ့နားခြင်းဖြင့်၊ ပြုကြသောအများအကျင့်။ ကျမ်းစာတော်ကြည့်လျှင်သိမည်၊ ထောက်ခံချက်ကားမရှိပြီ။ *4 သစ္စာစကားဆိုကြမှာ၊ လူကသာပြောင်းလဲမှန်ပါ။ ပြောင်းလဲခြင်းကျမ်း၌မတွေ့၊ နှစ်ပေါင်းခြောက်ထောင်တည်သရွေ့။ *5 ရှာသောခါတွေ့ရသည်မှာ၊ ဥပုသ်ပညတ်တစ်ခုသာ။ လျင်စွာကျွန်ုပ်နားထောင်ပေ၊ ထိုလမ်းသာအမှန်ဖြစ်လေ။ === code 165 title ဥပုသ်နေ့ကျူး title_original My Sabbath Home 1=Ab 6/8 authors_lyric Dr. C. R. Blackwell (1830-1924) authors_music W. H. Doane (1832-1915) scriptureReferences Exod.20.8 *1 ဖန်ဆင်းသမျှလက်စသတ်မှ၊ သတ္တမနေ့ငြိမ်းရ၊ ဤနေ့သာလျှင်ကောင်းချီးပေးလေ၊ သန့်ရှင်းခြင်းဖြစ်ရပေ။ *ref ချမ်းသာစွာ၊ ချမ်းသာစွာ၊ ဘုရားရှင်ပေးလေရာ၊ ကိုးကွယ်သမျှလူမျိုးရှိရှိ၊ ဧကန်မှန်ငြိမ်းအေးဘိ။ *2 ဥပုသ်နေ့မှာသန့်ရှင်းခြင်းငှါ၊ စောင့်ရှောက်ရန်ပညတ်လာ၊ ခြောက်ရက်ပတ်လုံးလုပ်ကိုကြိုးပမ်း၊ မိန့်သမျှသွားရာလမ်း။ *3 သတ္တမနေ့ဥပုသ်စင်စစ်၊ သားသမီးကျွန်များနှင့်၊ တိရစ္ဆာန်နှင့်ဧည့်သည်လည်းပါ၊ ထိုနေ့မှာစောင့်မှသာ။ *4 သမုဒ္ဒရာအရပ်ရပ်တွင်၊ မိုးကောင်းကင်မြေကြီးပင်၊ ခြောက်ရက်တွင်ပင်ဖန်ဆင်းပြီးလျှင်၊ ငြိမ်းရရှင်သခင်ပင်။ === code 166 title မိုးပွင့်ထက်ဖြူသောသက်တော်ဖြင့်ဖုံးပါကျူး title_original Cover With His Life 1=Db 9/8 tune 9.9.9.9.Ref. authors_lyric F. E. Belden (1858-1945) scriptureReferences Rom.4.7 *1 အပြစ်နှင့်ကင်းသောယေရှုကိုကြည့်၊ ကျေးဇူးတော်ကိုငါ့ဥစ္စာမှတ်ပါ၊ နီမြန်းငါ့သက်တာပြစ်ဆင်းရဲပြည့်၊ မိုးပွင့်ထက်ဖြူသောသက်ဖြင့်ဖုံးပါ။ *ref မိုးပွင့်ထက်ဖြူသောသက်တော်ဖြင့်ဖုံးပါ၊ အသက်တော်ပြည့်စုံကျွန်ုပ်သိမှာ၊ နီမြန်းငါ့သက်တာငါဆင်းရဲရှာ၊ မိုးပွင့်ထက်ဖြူသောသက်ဖြင့်ဖုံးပါ။ *2 အပြစ်ဒဏ်ချက်များလွန်စွာနက်လေ၊ နီစွာစွန်းကျွန်ုပ်ဝိညာဉ်ကြောက်သည်၊ စီရင်သောတရားတော်နှင့်လွတ်စေ၊ ယေရှုနှင့်ဖုံးအုပ်ခြင်းလိုပါသည်။ *3 သာယာလွတ်လပ်စွာခံစားလိုသည်၊ ဖြူသောဝတ်လုံကိုယေရှုကမ်းလှမ်း၊ ကိုယ့်ဝတ်စုတ်ပယ်သခင်လက်ခံပြီ၊ စင်ကြယ်အသက်တော်သာဝတ်ဆင်မြန်း။ *4 သေတော်မူခြင်းဖြင့်မိတ်သဟာယ၊ ကိုယ်တော်အသက်ဖြင့်ဖြောင့်မတ်ခြင်းရ၊ ကျမ်းစာနားထောင်ခြင်းဖြင့်စင်ကြယ်ပေ၊ ကြွလာတော်မူလျှင်ချီးမြှောက်ခြင်းပေး။ === code 167 title တရားစီရင်မည်ကျူး title_original The Judgement Has Set 1=Db 3/4 tune 11.8.9.7.Ref. authors_lyric F. E. Belden (1858-1945) scriptureReferences 1Pet.4.17 *1 တရားစီရင်လျက်၊ စာအုပ်များဖွင့်ထားပြီ၊ မည်သို့ရှိမည်၊ ထိုနေ့ကြီးတွင်၊ ပြုမူပြောဆို၊ ကြံစည်လေသမျှ၊ ချိန်တော်မူပြီချိန်ခွင်တွင်။ *ref မည်သို့ရှိမည်၊ ထိုနေ့ကြီးတွင်၊ မည်သို့ရှိမည်၊ ထိုနေ့ကြီးတွင်၊ ချိန်ခွင်တွင်ကျွန်ုပ်တို့လျော့မည်လား၊ အပြစ်များနှင့်တူမျောမည်လား။ *2 အိပ်ပျော်နေသူများ၊ စတင်စစ်ကြောနေသည်၊ သက်ရှင်သူများစစ်ကြောတော့မည်၊ မှတ်စုစာအုပ်၊ အတိုင်းစစ်ဆေးမည်၊ စီရင်ချက်အတည်ဖြစ်မည်။ *3 ထိုစစ်ကြောချိန်၌၊ မည်သို့ရပ်တည်မည်နည်း၊ အပြစ်အားလုံးပေါ်လွင်လျက်ရှိ၊ ထိုရုံးတော်မှ၊ မှုတိုင်းဆုံးဖြတ်ပြီး၊ အယူခံနိုင်ခွင့်မရှိ။ === code 168 title ဇိအုန်မြို့တော်မြတ်သို့ကျူး title_original Marching to Zion 1=F 6/8 tune S.M.Ref. authors_lyric Isaac Watts (1674-1748) authors_music Robert Lowry (1826-1899) scriptureReferences Jer.31.6 *1 ယေရှုကိုချစ်သူလာ၊ ဓမ္မဥဒါန်းကျူးကုန်၊ စိတ်ဝမ်းမြောက်ရာမြတ်မင်္ဂလာ၊ စိတ်ဝမ်းမြောက်ရာမြတ်မင်္ဂလာ၊ သံပြိုင်ဖော်ပြကြကုန်၊ သံပြိုင်ဖော်ပြကြကုန်။ *ref ဇိအုန်မြို့တော်မြတ်သို့၊ တင့်တယ်လှဇိအုန်မြို့တော်သို့၊ ဘုရားသခင်၏မြို့တော်သို့၊ ကျွန်ုပ်တို့ရှေးရှုချီတက်စို့။ *2 မြတ်ထာဝရဘုရား၊ မသိသူတိတ်နေစေ၊ သားတော်အရာခံသူတို့ကား၊ သားတော်အရာခံသူတို့ကား၊ မြူးထူးအေးကျူးကြစေ၊ မြူးထူးအေးကျူးကြစေ။ *3 ကောင်းကင်လယ်ကွက်ရောက်လျှင်၊ ရွှေစင်လမ်းမလျှောက်ခင်၊ အသီးမျိုးမျိုးထောင်သောင်းထွန်းပေါက်၊ အသီးမျိုးမျိုးထောင်သောင်းထွန်းပေါက်၊ ဇိအုန်တောင်ထိပ်ပေါ်တွင်၊ ဇိအုန်တောင်ထိပ်ပေါ်တွင်။ *4 မျက်ရည်များဖယ်ရှားစေ၊ သီချင်းများစွာကျူးလေ၊ ဧမာနွေလမြေပေါ်လျှောက်နေ၊ ဧမာနွေလမြေပေါ်လျှောက်နေ၊ နိုင်ငံတော်သို့ရောက်ဖို့၊ နိုင်ငံတော်သို့ရောက်ဖို့။ === code 169 title ဘုရင်ကိုမြင်မည်ကျူး title_original I Shall See the King 1=Ab 4/4 tune 10.7.10.7.Ref. authors_lyric W. C. Poole (1875-1949) authors_music B. D. Ackley (1872-1958) scriptureReferences Isa.33.17 *1 ဘုရင်ကိုမြင်မည်၊ တမန်ကျူးနေ့ရာ၊ တစ်နေ့ဘုရင်ကိုမြင်မည်၊ သာယာသောပြည်ရှိ၊ ရွှေခင်းကမ်းပေါ်မှာ၊ ကိုယ်တော်နှင့်အစဉ်နေမည်။ *ref ဘုန်းတော်မြတ်တွင်၊ ဘုရင်ကိုမြင်မည်၊ အစဉ်အမြဲသီဆိုချီးမွမ်းမည်၊ ကရာနီကုန်းတွင်ငါ့တွက်သေခံပြီ၊ ငါသည်ဘုရင်ကိုမြင်မည်။ *2 ပျော်ရွှင်သောနေရာ၊ ဘုန်းဝင်သူနေကာ၊ ဘယ်ခါမျှမှောင်မိုက်မရှိ၊ ငါ့တွက်သေခံရှင်နှင့်စဉ်စိုးစံမည်၊ ဘုန်းတော်အလင်းတည်ရှိရာ။ *3 ဘုရင်ကိုမြင်မည်၊ ရိုသေခစားမည်၊ မျက်နှာတော်ကိုဖူးမြော်မည်၊ ကိုယ်တော်ရွေးနုတ်ကြောင်း၊ ဝမ်းမြောက်သီဆိုမည်၊ ကျေးဇူးဖြင့်ငါ့ကိုကယ်ပြီ။ === code 170 title ထိုရပ်တွင်ညဉ့်ကင်းရာကျူး title_original No Night There 1=Db 3/4 tune 7.6.7.6.Ref. authors_lyric John R. Clements authors_music H. P. Danks (1834-1903) scriptureReferences Rev.21.25 *1 နေ့မမှိန်သောပြည်တော်မှာ၊ လေးထောင့်မြို့တော်တည်ရှိ၊ ဘယ်ခါမျှမကွယ်ပျောက်ရာ၊ ထိုရပ်တွင်ညဉ့်ကင်း၏။ *ref ဘုရားရှင်မျက်ရည်သုတ်မည်၊ သေနာကြောက်ခြင်းများကင်းပါ၊ ချိန်ကိုနှစ်ဖြင့်မတွက်ပြီ၊ ထိုရပ်တွင်ညဉ့်ကင်းရာ။ *2 တံခါးများပုလဲသာတည်း၊ ထိုလေးထောင့်မြို့တော်မှာ၊ လမ်းများလည်းရွှေစင်နှင့်ပြီး၊ ထိုရပ်တွင်ညဉ့်ကင်းရာ။ *3 တံခါးများစဉ်မပိတ်ရာ၊ ထိုလေးထောင့်မြို့တော်မှာ၊ ကြည်လင်အသက်မြစ်စီးလာ၊ ထိုရပ်တွင်ညဉ့်ကင်းရာ။ *4 နေရောင်ခြည်အလိုမရှိ၊ ထိုလေးထောင့်မြို့တော်မှာ၊ သိုးငယ်သည်ဆီမီးဖြစ်၏၊ ထိုရပ်တွင်ညဉ့်ကင်းရာ။ === code 171 title သာယာပြည်နောင်ကာလကျူး title_original Sweet By and By 1=G 4/4 tune 9.9.9.9.Ref. authors_lyric S. F. Bennett (1836-1898) authors_music J. P. Webster (1819-1875) scriptureReferences John.14.2 *1 နေ့ထက်သာယာလှသောပြည်ရှိပေ၊ ယုံကြည်ခြင်းဖြင့်ဝေးမှမြင်နိုင်ရာ၊ ကျွန်ုပ်တို့အဖလမ်း၌စောင့်နေ၊ ထိုမှာကျွန်ုပ်တို့အိမ်ဆောက်အံ့ငှါ။ *ref သာယာပြည်၊ နောင်ကာလ၊ တင့်တယ်ကမ်းမှာငါတို့တွေ့ဆုံမည်၊ သာယာပြည်၊ နောင်ကာလ၊ တင့်တယ်ကမ်းမှာငါတို့တွေ့ဆုံမည်။ *2 ကယ်တင်ခံသူတို့သာယာသီချင်း၊ တင့်တယ်ကမ်းတွင်ငါတို့ကျူးအေးမည်၊ ကျွန်ုပ်တို့ဝမ်းနည်းခြင်းအစဉ်ကင်း၊ နားရာရပ်တွင်ညည်းခြင်းမရှိပြီ။ *3 ကျေးဇူးတော်ကြွယ်ဝသောအဖအား၊ ချီးမွမ်းသောထောမနာဆိုကြမည်၊ မေတ္တာတော်ဆုကိုပေးသောဘုရား၊ ကျွန်ုပ်တို့ရက်များသန့်ရှင်းစေပြီ။ === code 172 title ဝမ်းမြောက်ခြင်းနောက်နောင်ရှိကျူး title_original Joy By and By 1=Bb 4/4 tune 9.9.9.9.Ref. authors_lyric F. E. Belden (1858-1945) scriptureReferences Ps.126.5 *1 မှုပြီးသောခါဝမ်းသာဝမ်းမြောက်သည်၊ ရိတ်သူများအိမ်တော်ပြန်ကြပြီ၊ နေဝင်ချိန်ကောက်လှိုင်းများဆောင်မည်၊ ယေရုရှလင်မြို့သစ်ချီ။ *ref ဝမ်းမြောက်ခြင်းနောက်နောင်ရှိလိမ့်မည်၊ ဝမ်းမြောက်ခြင်းအစဉ်ရှိလိမ့်မည်၊ ဝမ်းမြောက်နေဝင်ချိန်နီးလာပြီ၊ ရိတ်သူများအိမ်တော်ပြန်ပြီ။ *2 ကျူးရမည်သီချင်းသာယာလှပေ၊ ကျေးဇူးတော်စဉ်ချီးမွမ်းလျက်နေ၊ ခရစ်ဘုရင်ထံသို့ဆောင်စဉ်၊ ယေရုရှလင်မြို့သစ်တွင်။ *3 စင်ကြယ်သောဝမ်းမြောက်ခြင်းစောင့်ဆိုင်းနေ၊ နေရန်ဗိမာန်များလှပချေ၊ ယေရှုကိုယ်တိုင်စောင့်ကြပ်ဆောင်လာ၊ ယေရုရှလင်မြို့သစ်မှာ။ === code 173 title မြစ်နားမှာစုရုံးကြမည်လားကျူး title_original Shall We Gather at the River 1=Db 4/4 tune 8.7.8.7.Ref. authors_lyric Robert Lowry (1826-1899) scriptureReferences Rev.22.1 *1 ထွန်းတောက်တမန်တို့လျှောက်ကြသော၊ မြစ်မှာစုရုံးကြမည်လား၊ ဘုရားပလ္လင်တော်နားစီးသော၊ ထာဝရကြည်လင်စမ်းနား။ *ref ဟုတ်ပေမြစ်နားမှာစုရုံးလာ၊ တင့်တယ်လှသော၊ တင့်တယ်လှသောမြစ်မှာ၊ သန့်ရှင်းသူများနှင့်မြစ်မှာစုလာ၊ ပလ္လင်တော်နားမှာစီးလာ။ *2 နေရောင်ခြည်ပြောက်ထွန်းတောက်ထိုးသော၊ သက်စမ်းရေမြစ်ကမ်းပါးမှာ၊ အစဉ်ထာဝရသာယာသော၊ နေ့၌လမ်းလျှောက်ဝတ်ပြုရာ။ *3 ထိုထွန်းတောက်မြစ်သို့မရောက်မီ၊ ကျွန်ုပ်တို့ဝန်ထုပ်များချ၊ ကျေးဇူးတော်ကျွန်ုပ်ကိုကယ်မည်၊ ဝတ်ရုံသရဖူများရ။ *4 ထိုထွန်းတောက်မြစ်မကြာရောက်ရာ၊ ခရီးဆုံးခန်းရောက်လုပြီ၊ သီချင်းသံဖြင့်ငြိမ်သက်သာယာ၊ ကျွန်ုပ်တို့ရွှင်မြူးကြမည်။ === code 174 title တင့်တယ်သောဧဒင်အရပ်တွင်ကျူး title_original Beautiful Valley of Eden 1=Eb 6/8 authors_lyric William O. Cushing (1823-1902) authors_music William F. Sherwin (1826-1888) scriptureReferences Rev.22.23 *1 တင့်တယ်သောဧဒင်အရပ်တွင်၊ ငြိမ်သက်သာယာတကား။ မောပန်းသောသူ၏နှလုံးတွင်၊ အားသစ်နှင့်ပြည့်စေသား။ *ref တင့်တယ်သောဧဒင်အရပ်တွင်၊ သန့်ရှင်းသူတို့စံရာ။ လှိုင်းတံပိုးများတိုက်ခတ်လျက်ရှိစဉ်၊ ငြိမ်သက်ခြင်းကိုစိတ်ကူးပါ။ *2 ညည်းတွားမြည်တမ်းသူ၏စိတ်တွင်း၊ နှစ်သိမ့်သက်သာစေ၏။ ကောင်းကင်တမန်များ၏သီချင်း၊ ဝေးရပ်မှပြန့်စေ၏။ *3 ကယ်တင်ရှင်၏အိမ်တော်ထိုမှာ၊ သန့်ရှင်းသူများတူနေ။ တင့်တယ်သောကုန်းပြင်မြင့်များမှာ၊ သီချင်းသစ်ကျူးအေးပေ။ === code 175 title မြစ်တစ်ဖက်တွေ့ဆုံကြမည်လောကျူး title_original Shall We Meet Beyond the River? 1=A 3/4 authors_lyric Horace L. Hastings (1831-1899) authors_music Elihu S. Rice (1866) scriptureReferences Isa.35.10 *1 မြစ်တစ်ဖက်တွေ့ဆုံကြမည်လော၊ လှိုင်းတံပိုးမရှိနေရာ၊ ထိုလှပထာဝရပြည်တော်၊ နောင်တစ်ခါဒုက္ခမလာ။ *ref ဆုံမည်လော၊ ဆုံမည်လော၊ မြစ်တစ်ဖက်တွေ့ဆုံကြမည်လော၊ မြစ်တစ်ဖက်တွေ့ဆုံကြမည်လော၊ လှိုင်းတံပိုးများစဲလေသော်။ *2 ကောင်းချီးဆိပ်ကမ်း၌ဆုံမည်လော၊ ပြင်းထန်သောခရီးလွန်သော်၊ လှပသောကောင်းကင်ဆိပ်ကမ်းမှာ၊ ဆုံ၍ကျောက်ဆူးချမည်လော။ *3 မြို့တော်၌တွေ့ဆုံကြမည်လော၊ ကျောက်သလင်းရဲတိုက်ထွန်းတောက်၊ နဂါးသွဲ့စီထားသည့်မြို့တော်၊ ကိုယ်တော်လက်တော်နှင့်တည်ဆောက်။ *4 ခရစ်တော်နှင့်ဆုံကြမည်လော၊ ပိုင်ဆိုင်ရာသိမ်းရန်ကြွသော်၊ ကျွန်ုပ်တို့ကျေးဇူးသိမည်လော၊ ပလ္လင်ပေါ်မှာထိုင်မည်လော။ === code 176 title တောင်များတစ်ဖက်မှာကျူး title_original Just Over the Mountains 1=Db 4/4 authors_lyric C. P. Whitford authors_music John R. Sweney (1837-1899) scriptureReferences John.14.3 *1 တောင်များတစ်ဖက်မှာကတိတော်ပြည်ရှိ၏၊ ကိုယ်တော်လက်ဖြင့်တည်ဆောက်သောပြည်ရှိပေ၏၊ မောပန်းခြေလှမ်းတောင်ထိပ်ပေါ်သို့ရောက်သောခါ၊ ထာဝရငြိမ်းချမ်းရာအိမ်တော်မြင်မည်သာ။ *ref အိမ်တော်ရောက်လုပြီ၊ အိမ်တော်ရောက်လုပြီ၊ ဝေးသောအိမ်မှတောက်ပသောရောင်ခြည်မြင်ပေ၊ ပွင့်နေသောတံခါးမှထွက်ဘုန်းတော်ကြည့်လေ၊ ထိုမှဝင်သော်လေလွင့်ကင်းစင်နောင်မမြင်၊ အိမ်ရောက်လုပြီ၊ တမန်များတေးသံနားဆင်၊ အိမ်တော်ရောက်လုပြီ။ *2 ရွှေစင်ခင်းထားလမ်းများရှိသည့်ရွှေမြို့ကို၊ ပုရောဖက်များကြိုတင်ဟောကြားခဲ့သတည်း၊ ရူပါရုံတွင်ထိုမြို့တော်မြင်ခဲ့သည်ကို၊ ဖိုးတန်ကျောက်ဖြင့်ပြီးသောလှပမြို့တော်တည်း။ *3 ရွေးချယ်လူနည်းစုတွေထိုမြို့ဝင်စားပေ၊ ယေရှုယုံကြည်၍ပညတ်တော်စောင့်သူတွေ၊ ထိုမှာငါတို့စဉ်မပြတ်သီချင်းဆိုမည်၊ ဝမ်းမြောက်သီချင်းဆာလံထောမနာပါမည်။ *4 ညီအစ်ကိုနှမတို့ထိုရပ်မှာဆုံမည်လား၊ နေရောင်ထွန်းလင်းစိုးရိမ်မှုကင်းရှင်းပေသည်၊ ကိုယ်တော်သတင်းသစ္စာရှိစွာလက်ခံထား၊ ယေရှုကြွလာသောခါသင့်ကိုသိမ်းဆည်းမည်။ === code 177 title စုရုံးခြင်းသည်ဘယ်လောက်ကြီးကျယ် လိမ့်မည်နည်းကျူး title_original What a Gathering 1=D 4/4 authors_lyric Fanny J. Crosby (1820-1915) authors_music Isa D. Sankey (1840-1908) scriptureReferences Isa.35.10 *1 တံပိုးမှုတ်လျှင်သူတော်စင်အမှန်ပင်အိမ်တွင်စုရုံးလျှင်၊ ဖန်ရေကန်နားကျွန်ုပ်သွားကာနှုတ်ဆက်မည်။ ကောင်းကင်ဘုံရှင်မြတ်ထွတ်တင် ဘုန်းတော်တွင်ခေါ်ဖိတ်တော်မူလျှင်၊ စုရုံးခြင်းသည်ဘယ်လောက်ကြီးကျယ်လိမ့်မည်နည်း။ *ref အစုအရုံး၊ စုရုံး၊ ဝမ်းမြောက်ဝမ်းသာဂျူဗလီမှာရောက်လာသည်၊ အစုအရုံး၊ စုရုံး၊ စုရုံးခြင်းသည်ဘယ်လောက်ကြီးကျယ်လိမ့်မည်နည်း။ *2 ကိုယ်တော်ကောင်းကင်သံတမန်လောကချိန်ကုန်ပြီဟုကြွေးကြော်၊ ထိုခါရွေးနုတ်ခံသူတို့ကိုမြင်ကြတည်း၊ ထိုခါထွန်းတောက်ကမ်းခြေစုရုံးမသဝေတွေ့ဆုံကြလေသော်၊ စုရုံးခြင်းသည်ဘယ်လောက်ကြီးကျယ်လိမ့်မည်နည်း။ *3 အမှုဆုံးဖြတ်သောနေ့ကြီး၌ဝှက်ထားသောအရာပေါ်ကာ၊ မိမိဘုန်းအစွမ်းနှင့်ကိုယ်တော်ကိုမြင်မည်၊ ကျွန်ုပ်ကယ်တင်ရှင်ခေါ်သံကားမင်္ဂလာရှိသင်လာပါ၊ စုရုံးခြင်းသည်ဘယ်လောက်ကြီးကျယ်လိမ့်မည်နည်း။ *4 ရွှေစောင်းများတီးကြ၍ကောင်းကင်သားများစုရုံးလျက်ကြွေးကြော်၊ အောင်မြင်သူဂျူဗလီသီချင်းတီးကြမည်၊ ထိုမှာမောရှေနှင့်သိုးသငယ်သီချင်းကိုဆိုကြလေသော်၊ စုရုံးခြင်းသည်ဘယ်လောက်ကြီးကျယ်လိမ့်မည်နည်း။ === code 178 title အခြားသူများနေအိမ်ရှာစေကျူး title_original Let Others Seek a Home Below 1=F 4/4 tune LAND OF REST C. M. authors_lyric Anon. authors_music Dr. William Miller scriptureReferences Isa.35.10 *1 အခြားသူများနေအိမ်ရှာစေ၊ ကျွန်ုပ်အိမ်တော်ရောက်မည်၊ မီးလျှံမျို၍လှိုင်းများလွှမ်းလေ၊ ကျွန်ုပ်အိမ်တော်ရောက်မည်။ *ref လုပ်ကိုင်၊ ကြွလာချိန်တိုင်လုပ်ကိုင်၊ ကြွလာချိန်တိုင်လုပ်ကိုင်၊ ကြွလာချိန်၌၊ ကျွန်ုပ်အိမ်တော်ရောက်မည်။ *2 ကျုပ်သက်တာဝမ်းမြောက်ဖွယ်ဖြစ်ပေ၊ ကျွန်ုပ်အိမ်တော်ရောက်မည်၊ ပလ္လင်နားကောင်းကင်အိမ်ဖြစ်လေ၊ ကျွန်ုပ်အိမ်တော်ရောက်မည်။ *3 ကမ္ဘာနှင့်ကြယ်များယိုယွင်းကြ၊ ကျွန်ုပ်အိမ်တော်ရောက်မည်၊ နေနှင့်လထွန်းတောက်ရန်ပယ်ချ၊ ကျွန်ုပ်အိမ်တော်ရောက်မည်။ *4 ကမ္ဘာတွင်ပျက်စီးခြင်းရှိမည်၊ ကျွန်ုပ်အိမ်တော်ရောက်မည်၊ ကောင်းကင်အိမ်တော်ကျုပ်ဖို့ဖြစ်ပေ၊ ကျွန်ုပ်အိမ်တော်ရောက်မည်။ === code 179 title သခင်နှင့်ငါကျူး title_original My Lord and I 1=F 4/4 tune 7.6.8.6.8.6.7.4. authors_lyric Mary Ann Shorey (1890) authors_music Hubert P. Main (1839-1925) scriptureReferences Ps.68.18 *1 ငါ၌ဖိုးထိုက်မိတ်ဆွေရှိ၊ များစွာချစ်သောမိတ်ဆွေ၊ ကိုယ်တော်ကျွန်ုပ်အားချစ်ပါဘိသစ္စာနှင့်ချစ်မူလေ၊ သူနှင့်ခွဲခွာမနေနိုင်ပြီ၊ အနီးတွင်ရှိစေချင်၊ ထို့ကြောင့်အတူနေကြသည်၊ သခင်နှင့်ငါ။ *2 ကျွန်ုပ်မောပန်းနွမ်းတတ်သည်၊ အားနည်းကြောင်းသူသိပါ၊ ကိုယ်တော်ကိုအားထားရန်ခိုင်းသည်ကူမခြင်းကိုငါရှာ၊ အလင်းလမ်းသို့ငါ့ကိုပို့ဆောင်၊ မိုးအောက်နေရောင်ခြည်တွင်၊ ထို့ကြောင့်အတူနေကြသည်၊ သခင်နှင့်ငါ။ *3 ဝမ်းနည်းခြင်းဝမ်းမြောက်ခြင်းကို၊ ကိုယ်တော်အားငါပြောပြ၊ နှစ်သက်ခြင်းနှောင့်ယှက်ခြင်းများကို၊ ကိုယ်တော်အားငါပြောပြ၊ မည်သို့ပြုသင့်ကြိုးစားသင့်ကြောင်း၊ ကိုယ်တော်ငါ့ကိုပြောစဉ်၊ ထို့ကြောင့်အတူနေကြသည်၊ သခင်နှင့်ငါ။ *4 ကယ်ရန်စိတ်ဝန်လေးသူကိုကျွန်ုပ်တောင့်တသိပါ၊ ကိုယ်တော်တွက်မေတ္တာစကားကို၊ သွား၍ပြောရန်ခိုင်းရှာ၊ မေတ္တာတော်နှင့်သေခြင်းအကြောင်း၊ ပြောပြရန်မိန့်မူစဉ်၊ ထို့ကြောင့်အတူနေကြသည်၊ သခင်နှင့်ငါ။ === code 180 title ဝတ္ထုတော်ကိုပြောချင်လေကျူး title_original I Love to Tell the Story 1=G 4/4 tune 7.6.7.6.D.Ref. authors_lyric Katherine Hankey (1834-1911) authors_music William G. Fischer (1835-1912) scriptureReferences Ps.66.16 *1 ဝတ္ထုတော်ကိုပြောချင်လေ၊ အထက်မမြင်အရာ၊ ယေရှုနှင့်ဘုန်းတော်မြတ်ပေ၊ ယေရှုချစ်ခြင်းမေတ္တာ၊ ဝတ္ထုတော်ကိုပြောချင်လေ၊ မှန်ကြောင်းကိုသိ၍သာ၊ ကျွန်ုပ်ဆန္ဒပြည့်စုံစေ၊ အခြားမတတ်နိုင်ပါ။ *ref ဝတ္ထုတော်ကိုပြောချင်လေ၊ ဘုန်းပြည်ကျွန်ုပ်သီချင်းပေ၊ ယေရှုနှင့်မေတ္တာတော်ပေ၊ ဝတ္ထုဟောင်းပြောပြလေ။ *2 ဝတ္ထုတော်ကိုပြောချင်လေ၊ စိတ်ကူးဖန်တီးခြင်းထက်၊ သာလွန်အံ့ဖွယ်ထူးဆန်းချေ၊ ကောင်းမြတ်သောအိပ်မက်ထက်၊ ဝတ္ထုတော်ကိုပြောချင်လေ၊ ကျွန်ုပ်အကျိုးများစွာ၊ သင့်အားဖြစ်ကြောင်းကုန်စဉ်ထွေ၊ ကျွန်ုပ်ခုပြောချင်ပါ။ *3 ဝတ္ထုတော်ကိုပြောချင်လေ၊ ထပ်ပြောရန်နှစ်သက်ပါ၊ ပြောသောခါတိုင်း၌ပင်လေ၊ တိုး၍အံ့ဖွယ်ချိုသာ၊ ဝတ္ထုတော်ကိုပြောချင်လေ၊ ချို့မကြားဖူးသေးကြ၊ ကယ်တင်ခြင်းသတင်းများတွေ၊ ကျမ်းစာတော်၌ဖော်ပြ။ *4 ဝတ္ထုတော်ကိုပြောချင်လေ၊ ကြားဖူးသောသူများသည်၊ အခြားသူများကဲ့သို့ပေ၊ သာ၍ဆာမွတ်သေးသည်၊ ဘုန်းဝင်စားရသည်ချိန်မှာ၊ သီချင်းသစ်ကိုဆိုမည်၊ သို့ဆိုရာနှစ်သက်ဖူးရာ၊ ဝတ္ထုဟောင်းပင်ဖြစ်မည်။ === code 181 title ကိုယ်တော်ကိုချစ်နိုင်မည်ကျူး title_original More Love to Thee 1=G 4/4 tune 6.4.6.4.6.6.6.4. authors_lyric Mrs. E. Prentiss (1818-1878) authors_music William H. Doane (1832-1915) scriptureReferences Eph.6.24 *1 ကိုယ်တော်ကိုချစ်နိုင်မည်၊ ခရစ်တော်ရှင်၊ စိတ်ပါလျက်နှင့်တောင်းသည်၊ နားညောင်းသခင်၊ ဤပတ္ထနာမပြတ်၊ အစဉ်လျှောက်မည်ရှင်မြတ်၊ ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။ *2 လောကီပျော်မွေ့ခြင်းသာ၊ အထက်လိုလေ၊ ခန္ဓာအကျိုးကိုရှာ၊ ဝိညာဉ်ကိုမေ့၊ ယခုထိုသို့မဟုတ်၊ အပြစ်ရွံရှာစက်ဆုပ်၊ ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။ *3 ဒုက္ခခံစေလျှင်လည်း၊ မညည်းမတွား၊ အလိုတော်နှင့်အညီ၊ ဖြစ်စေမြတ်စွာ၊ ထိုဒုက္ခအားဖြင့်လည်း၊ အကျိုးတိုးပွားနိုင်မည်၊ ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။ *4 ထိုသို့ပြုပြင်မူလျှင်၊ မြတ်စွာဘုရား၊ နောက်ဆုံးရှုလျက်သက်ညင်း၊ ဝမ်းမြောက်အားရ၊ သက်ချုပ်နေစဉ်တွင်ပင်၊ ဆုတောင်းဦးမည်ပျော်ရွှင်၊ ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။ === code 182 title ကိုယ်တော်ကိုသာချစ်သည်ကျူး title_original I Know I Love Thee Better, Lord 1=C 4/4 authors_lyric Frances R. Havergal (1836-1879) authors_music Ralph E. Hudson (1843-1901) scriptureReferences 1Kgs.10.7 *1 လောကီစည်းစိမ်မျိုးမျိုးတို့ထက်၊ ကိုယ်တော်ကိုသာချစ်သည်၊ မပျက်စီးနိုင်ငြိမ်သက်ခြင်းတွက်၊ ပေးတော်မူသောကြောင့်တည်း။ *ref ချစ်ခြင်းမေတ္တာတော်ကြောင်းစကား၊ တစ်ဝက်ကိုမျှမမီ၊ ဆေးကြောတော်မူကြောင်းပြောသော်ငြား၊ တစ်ဝက်ကိုမျှမရှိ။ *2 လောကီမိတ်ဆွေအပေါင်းတို့ထက်၊ ကိုယ်တော်သာ၍နီးချေ၊ ကိုယ်တော်ကိုချိုသောသီချင်းထက်၊ အောက်မေ့ခြင်းသာချိုပေ။ *3 အကျွန်ုပ်အားဝမ်းမြောက်စေပြီ၊ ထိုကြောင့်မြဲဝမ်းသာသည်၊ ချစ်ခြင်းမေတ္တာတော်မရှိလျှင်၊ အမှန်စိတ်ပျက်လိမ့်မည်။ === code 183 title နှလုံးတွင်နေရောင်ထွန်းကျူး title_original There's Sunshine in My Soul Today 1=G 4/4 authors_lyric E. E. Hewitt (1851-1920) authors_music John R. Sweney (1837-1899) scriptureReferences Hab.3.4 *1 ယနေ့နေရောင်ခြည်လင်းခြင်းသည်၊ ကျွန်ုပ်ဝိညာဉ်၌တည်၊ လောကအလင်းထက်ထွန်းတောက်သည်၊ ယေရှုအလင်းတော်တည်း။ *ref အိုနေရောင်ခြည်၊ ကောင်းချီးရောင်ခြည်၊ ငြိမ်သက်ဝမ်းသာချိန်ကုန်လွန်စေသည်၊ ယေရှုမျက်နှာပြုံးတော်မူက၊ ကျွန်ုပ်ဝိညာဉ်ရောင်ခြည်ရ။ *2 ဘုရင်ကိုချီးမွမ်းရာသီချင်း၊ ယနေ့ဝိညာဉ်၌တည်၊ ယေရှုသခင်နားသောတဆင်၊ လုံးလုံးသီချင်းကြားသည်။ *3 ကိုယ်တော်ရှင်နီးတွင်ရှိမူလျှင်၊ ငါဝမ်းသာချိန်ဖြစ်၏၊ ငြိမ်သက်ခြင်းချိုးစိတ်တွင်ကူလျှင်၊ ကျေးဇူးတော်ပန်းပွင့်၏။ *4 ဝမ်းမြောက်မြော်လင့်ချီးမွမ်းမေတ္တာ၊ ယနေ့ဝိညာဉ်၌ရှိ၊ နောင်ခံစားရန်ဝမ်းမြောက်ဖွယ်ရာ၊ ခုလည်းခံစားလျက်ရှိ။ === code 184 title ဝမ်းသာနေ့ကျူး title_original O Happy Day! That Fixed My Choice 1=G 4/4 authors_lyric Philip Doddridge (1702-1751) authors_music Edward F. Rimbault (1816-1876) scriptureReferences 2Chr.15.12 *1 အိုဝမ်းသာယာ၊ ကျွန်ုပ်ဘုရား၊ ကယ်တင်ရှင်ကိုယုံကြည်နေ့ပေ၊ ကိုယ်စိတ်နှလုံး၊ ရွှင်မြူးချမ်းသာ၊ ပီတိဖြစ်ကြောင်းအများကြားစေ။ *ref ဝမ်းသာနေ့၊ ဝမ်းသာနေ့၊ ကျွန်ုပ်အပြစ်ဆေးကြောသောနေ့၊ ဆုတောင်းစောင့်နေ၊ ကိုယ်တော်သင်ပေး၊ နေ့စဉ်မပြတ်ဝမ်းမြောက်လျက်နေ၊ ဝမ်းသာနေ့၊ ဝမ်းသာနေ့၊ ကျွန်ုပ်အပြစ်ဆေးကြောသောနေ့။ *2 ကြီးသောအမှု၊ ခုပြီးလေပြီ၊ ယေရှုကျွန်ုပ်ပိုင်တော်မူ၏၊ ကိုယ်တော်ခေါ်ရာ၊ ကျွန်ုပ်လိုက်မည်၊ ခေါ်သံကြား၍ဝမ်းမြောက်လှ၏။ *3 ကွဲပြားနှလုံး၊ ခုချမ်းသာယာ၊ သခင်ဘုရားမှီခိုတွယ်တာ၊ ရှိလေသမျှ၊ ချပေးရှင်အား၊ အသက်ထက်ဆုံးမခွဲခွာရာ။ *4 ကောင်းကင်ဗိုလ်ခြေ၊ ထွန်းတောက်လှစွာ၊ မိုးမှမြေသို့ဆင်းသက်လာလျှင်၊ ကျွန်ုပ်သခင်၊ နှင့်အိမ်တော်မှာ၊ စိုးစံရအံ့အမြဲအစဉ်။ === code 185 title ယေရှုရှင်ကျွန်ုပ်စိတ်ချစရာကျူး title_original Blessed Assurance, Jesus is Mine! 1=Db 9/8 authors_lyric Fanny J. Crosby (1820-1915) authors_music Mrs. J. F. Knapp (1839-1908) scriptureReferences Heb.10.22 *1 ယေရှုရှင်ကျွန်ုပ်စိတ်ချစရာ၊ ဘုန်းတော်မြတ်ရသာမြည်းစမ်းခံစားရာ၊ ကယ်တင်ခြင်းအမွေဘုရားဝယ်ပေး၊ ဝိညာဉ်တော်မွေးဖွားသွေးတော်ဖြင့်ဆေး။ *ref ကျွန်ုပ်ဝတ္ထုပေသီချင်းဖြစ်လေ၊ ချီးမွမ်းလျက်ကျူးအေးတစ်နေ့လုံးနေ၊ ကျွန်ုပ်ဝတ္ထုပေ၊ သီချင်းဖြစ်လေ၊ ချီးမွမ်းလျက်ကျူးအေး၊ တစ်နေ့လုံးနေ။ *2 လုံးလုံးအပ်နှံလျှင်လုံးလုံးဝမ်းမြောက်၊ ပျော်မွေ့ရူပါရုံကျွန်ုပ်ရှေ့ပေါက်ရောက်၊ ထက်ရပ်မှဆောင်လာ၊ ကောင်းကင်သားများ၊ ကရုဏာပဲ့တင်မေတ္တာစကား။ *3 လုံးလုံးအပ်နှံလျှင်အားလုံးချမ်းသာ၊ ကိုယ်တော်၌ကျွန်ုပ်ဝမ်းမြောက်ဝမ်းသာပါ၊ စောင့်လျက်နှင့်မျှော်နေထက်ရပ်သို့ကြည့်၊ မေတ္တာတော်ပျော်မွေ့ကောင်းခြင်းနှင့်ပြည့်။ === code 186 title ထာဝရလက်ရုံးတော်ကိုမှီခိုကျူး title_original Leaning on the Everlasting Arms 1=Ab 4/4 authors_lyric E. A. Hoffman (1839-1929) authors_music A. J. Showalter (1858-1924) scriptureReferences Deut.33.27 *1 မည်မျှပေါင်းဖေါ်ခြင်း၊ မည်မျှဝမ်းမြောက်ခြင်း၊ ထာဝရလက်ရုံးတော်ကိုမှီခို၊ မည်မျှမင်္ဂလာ၊ မည်မျှဝမ်းမြောက်ခြင်း၊ ထာဝရလက်ရုံးတော်ကိုမှီခို။ *ref မှီခို၊ မှီခို၊ ဘေးအန္တရာယ်နှင့်ကင်းလွတ်လို၊ မှီခို၊ မှီခို၊ ထာဝရလက်ရုံးတော်ကိုမှီခို။ *2 ခရစ်ယာန်လမ်းမှာ၊ မည်မျှချိုသာစွာ၊ ထာဝရလက်ရုံးတော်ကိုမှီခို၊ လမ်းသည်နေ့စဉ်ပင်မည်မျှထွန်းလင်းလာ၊ ထာဝရလက်ရုံးတော်ကိုမှီခို။ *3 ကြောက်ဖွယ်သောအရာဘာမျှမရှိပါ၊ ထာဝရလက်ရုံးတော်ကိုမှီခို၊ သခင်အနီးရှိကောင်းချီးငြိမ်ဝပ်စွာ၊ ထာဝရလက်ရုံးတော်ကိုမှီခို။ === code 187 title စိတ်နှလုံးရှိနေရောင်ခြည်ကျူး title_original There is Sunlight on the Hilltop 1=A 3/4 authors_lyric M. T. Haughey authors_music F. E. Belden (1858-1945) scriptureReferences Ps.9.1 *1 တောင်ထိပ်တွင်နေရောင်ခြည်ထွန်းလင်း၊ ပင်လယ်ပေါ်လည်းထွန်းလင်းရာ၊ နူးညံ့စိမ်းလန်းမြေပြင်ပေါ်ချဉ်း၊ ရွှေရောင်ခြည်ထွန်းလင်းသာယာ၊ သာ၍လင်းသောရောင်ခြည်တော်မှာ၊ ကျွန်ုပ်နှလုံးသို့ဝင်သည်၊ ကယ်တင်ရှင်ကိန်းအောင်းသောကြောင့်သာ၊ ကိုယ်တော်ရှိရာနေလင်းတည်း။ *ref အိုနေရောင်ခြည်၊ တင့်တယ်နေရောင်ခြည်၊ စိတ်နှလုံးရှိနေရောင်ခြည်၊ ယေရှုအပြုံး၊ ဝမ်းနည်းဖုံးမည်၊ စိတ်အတွင်းမှာနေရောင်ခြည်။ *2 ယခင်နေ့ကအဝတ်နွမ်းလို၊ ဝမ်းနည်းခြင်းကိုစွန့်ပစ်၏၊ ဝမ်းမြောက်ခြင်းဝတ်ရုံဆင်မူလို၊ ချီးမွမ်းခြင်းနှင့်ပြည့်စေ၏၊ မေတ္တာတော်ဖြင့်ကျွန်ုပ်ရသော၊ ဘုန်းထွန်းသောရွှေပြည်တော်ကို၊ ကျွန်ုပ်စိတ်နှလုံးတို့တက်သော်၊ ကိုယ်တော်ထံသို့လိုက်သွားလို။ *3 ချစ်ဖွယ်ရှင်ကျွန်ုပ်ကိုဝယ်ပြီ၊ သက်ရောကိုယ်ပါပိုင်မူရာ၊ မေတ္တာဖြင့်ထွန်းသောဆီမီးသည်၊ ဘုန်းတော်သို့ထွန်းတောက်စေပါ၊ မေတ္တာတော်ဖြင့်ကျွန်ုပ်ရသော၊ ဘုန်းထွန်းသောရွှေပြည်တော်ကို၊ ကျွန်ုပ်စိတ်နှလုံးတို့တက်သော်၊ ကိုယ်တော်ထံသို့လိုက်သွားလို။ === code 188 title အိုယေရှုကယ်ချွတ်ရှင်ကျူး title_original O Jesus, My Redeemer 1=G 4/4 authors_lyric F. E. Belden (1858-1945) authors_music D. S. Hakes scriptureReferences Ps.118.14 *1 အိုယေရှုကယ်ချွတ်ရှင်မှာ၊ ဝမ်းမြောက်သီချင်းဖြစ်ပေ၊ ပူပန်သောကဝိုင်းသောခါ၊ နှစ်သိမ့်သာယာဖြစ်ပေ။ *ref အိုကယ်ချွတ်ရှင်ယေရှုသည်၊ ကျွန်ုပ်သီချင်းဖြစ်စေ၊ ကိုယ်တော်ကဲ့သို့မိတ်ဆွေသည်၊ လောကတွင်ရှာမတွေ့။ *2 ကျွန်ုပ်မြော်လင့်ခြင်းသခင်၊ သက်တာလမ်းတစ်လျှောက်တွင်၊ မှောင်ရိပ်လွှမ်းမိုးလျက်ရှိစဉ်၊ မျက်ရည်များကျဆင်းလျှင်။ *3 ကျွန်ုပ်လမ်းပြချစ်မိတ်ဆွေ၊ ကိုယ်တော်ကိုအားကိုးလေ၊ လောကတွင်ရှိသမျှတွေ၊ ကိုယ်တော်ချစ်ဖွယ်ဖြစ်ပေ။ *4 ကျွန်ုပ်သီချင်းဝမ်းမြောက်ခြင်း၊ ပြစ်လောက၌ရှိစဉ်၊ ကျွန်ုပ်သီချင်းဝမ်းမြောက်ခြင်း၊ ကောင်းကင်တံခါးထဲတွင်။ === code 189 title ဘေးမဲ့ယေရှုရင်ခွင်ထက်ကျူး title_original Safe in the Arms of Jesus 1=G 4/4 authors_lyric Fanny J. Crosby (1820-1915) authors_music William H. Doane (1832-1915) scriptureReferences Isa.26.3 *1 ဘေးမဲ့ယေရှုရင်ခွင်ထက်၊ ရွှေလက်တော်ပိုက်ပွေ့ရာ၊ မေတ္တာတော်ရိပ်ခိုကိုးလျက်၊ ကျွန်ုပ်ဝိညာဉ်ချမ်းသာ၊ နားထောင်ကောင်းကင်သားကျူးသံ၊ ဘုန်းထွန်းသောဘုံတော်တွင်၊ ဖန်ရေကန်တော်ကိုကျော်ကာ၊ နားစွင့်ရာသို့ရောက်လာ။ *ref ဘေးမဲ့ယေရှုရင်ခွင်ထက်၊ ရွှေလက်တော်ပိုက်ပွေ့ရာ၊ မေတ္တာတော်ရိပ်ခိုကိုးလျက်၊ ကျွန်ုပ်ဝိညာဉ်ချမ်းသာ။ *2 ဘေးမဲ့ယေရှုရင်ခွင်မှ၊ သောကပူခြင်းငြိမ်းပေ၊ ဒုစရိုက်သွေးဆောင်ခြင်းမှ၊ ကင်းရှင်းလုံခြုံစွာနေ၊ ဒုက္ခဆင်းရဲသံဝေဂ၊ ကျွတ်လွတ်ကုန်ဆုံးလုပြီ၊ လောကီဘုံမှမျက်ရည်ကျ၊ နည်းစွာသာကျန်သေးသည်။ *3 ကျွန်ုပ်အတွက်ယေရှုရှင်၊ မြတ်သောအသက်စွန့်ပြီ၊ မြဲစွာတည်သောကျောက်တော်တွင်၊ ခိုလှုံမှီဝဲပါမည်၊ ညဉ့်ချိန်မလွန်မသွားအောင်၊ သည်းခံလျက်စောင့်ပါစေ၊ အရုဏ်မတက်မီတိုင်အောင်၊ တသမြော်လင့်ပါလေ။ === code 190 title စိတ်နှလုံးတွင်နံနက်တည်းကျူး title_original It is Morning in My Heart 1=Bb 4/4 authors_lyric A. H. Ackley (1887-1960) scriptureReferences Prov.4.18 *1 ညဉ့်မှောင်မိုက်အပေါင်းပျောက်ကွယ်သွားလျက်ရှိပြီ၊ စိတ်နှလုံးတွင်နံနက်တည်း၊ နေ့အလင်းတွင်အသက်ရှင်လျက်နေရပြီ၊ စိတ်နှလုံးတွင်နံနက်တည်း။ *ref နံနက်ဖြစ်ပေစိတ်နှလုံးတွင်နံနက်တည်း၊ မှောင်ရိပ်အပေါင်းယေရှုရှင်ပယ်ရှားသတည်း၊ သခင်ယေရှုတွက်ယခု၊ ဝမ်းမြောက်ကျွန်ုပ်ကျူးအေးတည်း၊ နံနက်ဖြစ်ပေစိတ်နှလုံးတွင်နံနက်တည်း။ *2 ငှက်များသီချင်းကျူးအေးသံများကြားနိုင်ရာ၊ စိတ်နှလုံးတွင်နံနက်တည်း၊ ကျွန်ုပ်သက်တာသစ်စပြီကျွန်ုပ်သိပါ၊ စိတ်နှလုံးတွင်နံနက်တည်း။ *3 ငါ့တွက်ပါရဒိသုဘုံဖန်ဆင်းမူပြီ၊ စိတ်နှလုံးတွင်နံနက်တည်း၊ တာဝန်တိုင်းမေတ္တာအလင်းတွင်မြင်ရပြီ၊ စိတ်နှလုံးတွင်နံနက်တည်း။ *4 ဝမ်းမြောက်ခြင်းချမ်းသာကျွန်ုပ်၌မြဲတည်ပေ၊ စိတ်နှလုံးတွင်နံနက်တည်း၊ ကမ်းတစ်ဖက်မှာကျွန်ုပ်၏သီချင်းဖြစ်စေ၊ စိတ်နှလုံးတွင်နံနက်တည်း။ === code 191 title ကိုယ်တော်နှင့်နီးစေပါကျူး title_original Nearer My God, to Thee 1=F 4/4 tune BETHANY 6.4.6.4.6.6.6.4. authors_lyric Sarah F. Adams (1805-1848) authors_music Lowell Mason (1792-1872) scriptureReferences Gen.28.10 *1 ကိုယ်တော်နှင့်နီးစေပါ၊ ကျွန်ုပ်ဘုရား၊ ကျွန်ုပ်ကိုမြှောက်ထားရာ၊ ကပ်တိုင်ဖြစ်ငြား၊ စဉ်လျှောက်သီချင်းနှင့်သာ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကျွန်ုပ်ဘုရား။ *2 လှည့်လည်သောသူအလား၊ နေရောင်ကွယ်ဆုံး၊ ညဉ့်အချိန်ရောက်သော်ငြား၊ ကျောက်ကိုခေါင်းအုံး၊ အိပ်မက်ထဲမှာလိုရာ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကျွန်ုပ်ဘုရား။ *3 ကောင်းကင်သို့ထောင်ထားသည့်၊ လှေကားပေါ်လာ၊ မေးတော်မူသမျှသည်၊ မြတ်ကရုဏာ၊ ကောင်းကင်သားများခေါ်ရာ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကျွန်ုပ်ဘုရား။ *4 ထိုနောက်နိုးလတ်ပြန်က၊ ချီးမွမ်းပါသည်၊ ဝမ်းနည်းကျောက်များထဲမှ၊ ဗေသလတည်၊ ဒုက္ခဆင်းရဲနှင့်သာ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကျွန်ုပ်ဘုရား။ *5 ဝမ်းမြောက်သောတောင်ပံဖြင့်၊ ကောင်းကင်ဖြတ်လျက်၊ နေလကြယ်များလွန်လျက်၊ ထက်သို့ပျံတက်၊ စဉ်လျှောက်ဆုပတ္ထနာ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကျွန်ုပ်ဘုရား။ === code 192 title ယေရှုမြတ်နာမတော်ယူပါကျူး title_original Take the Name of Jesus With You 1=Ab 4/4 tune 8.7.8.7.Ref. authors_lyric Lillian Baxter (1809-1874) authors_music William H. Doane (1832-1915) scriptureReferences Matt.28.19 *1 ယေရှုမြတ်နာမတော်ယူပါ၊ ဝမ်းနည်းစိတ်ပင်ပန်းသောသူ၊ သင့်အားဝမ်းမြောက်နှစ်သိမ့်စရာ၊ သွားလေရာရာပါဆောင်ယူ။ *ref မြတ်နာမချိုသာလှ၊ မြေနှင့်ကောင်းကင်ရွှင်မြူးရာ၊ မြတ်နာမချိုသာလှ၊ မြေနှင့်ကောင်းကင်ရွှင်မြူးရာ။ *2 ယေရှုနာမမြဲဆွဲယူပါ၊ ကွယ်ကာခြင်းဒိုင်းလွှားပမာ၊ သွေးဆောင်ခြင်းများဝိုင်းလာသောခါ၊ နာမတော်ဖြင့်ဆုတောင်းပါ။ *3 အိုမြတ်လှရှင်ယေရှုနာမ၊ ငါတို့စိတ်ရွှင်လန်းစေသည်၊ မေတ္တာလက်တော်ပွေ့ပိုက်ထားရ၊ သီချင်းမြတ်ကိုကျူးအေးမည်။ *4 ယေရှုနာမတော်ကိုကြားလျှင်၊ ခြေတော်ရင်းပျပ်ဝပ်ခညောင်း၊ ခရီးဆုံးဆိုက်ရောက်သောခါတွင်၊ ဘုရားရှင်ဘိသိက်သွန်းလောင်း။ === code 193 title ပြောင်းလဲခြင်းမရှိသောအိမ်တွင်ကျူး title_original Wait, and Murmur Not 1=C 4/4 authors_lyric W. H. Bellamy (1800-1866) authors_music W. J. Kirkpatrick (1838-1921) scriptureReferences Ps.62.5 *1 ပြောင်းလဲခြင်းမရှိသောအိမ်တွင်၊ နာကျင်ဝမ်းနည်းစိုးရိမ်ခြင်းကင်း၊ အေးထွန်းလင်းမင်္ဂလာအိမ်တော်၊ မသွားလိုသောသူရှိမည်လော။ *ref စောင့်နေ၊ သည်းခံမငြီးဘဲစောင့်နေ၊ စောင့်နေ၊ သည်းခံမငြီးဘဲစောင့်နေ၊ စောင့်နေ၊ စောင့်နေ၊ စောင့်နေသည်းခံစောင့်နေ။ *2 ဝန်ထုပ်များဖိစီးခံသောခါ၊ ကိုယ်တော်ခွင့်ပြုချက်အားဖြင့်သာ၊ မင်္ဂလာရှိထိုအိမ်ရောက်ပေ၊ စောင့်နေသည်းခံမငြီးစောင့်နေ။ *3 သင့်လမ်းတွင်ဆူးများတွေ့သောခါ၊ ဆူးများဝတ်ဆင်ကိုယ်တော်စဉ်းစား၊ သင့်စိတ်အားနည်းခြင်းတွေ့သောခါ၊ သန့်ရှင်းကိုယ်တော်ထံသို့ရောက်လာ။ *4 နာကျင်သော်လည်းရှေ့သို့ချီမည်၊ ညည်းတွားဆုတောင်းသံမကြာပေ၊ နားနေ့သည်သင့်တွက်ရောက်လာမည်၊ စောင့်နေသည်းခံမငြီးစောင့်နေ။ === code 194 title ကျွန်ုပ်နာမည်ရေးထားပြီလားကျူး title_original Is My Name Written There? 1=Ab 3/4 authors_lyric Mary A. Kidder (1820-1905) authors_music Frank M. Davis (1839-1896) scriptureReferences Luke.10.20 *1 ကြွယ်ဝခြင်းကိုမှုမထား၊ ရွှေငွေမတောင့်တပါ၊ ကောင်းကင်ကိုအလျင်ရှာမည်၊ သိုးခြံထဲသို့ဝင်မည်၊ နိုင်ငံတော်သက်စာစောင်တွင်၊ ကျွန်ုပ်၏နာမည်ပင်၊ ရေးမှတ်ထားလျက်ရှိပြီလား၊ ယေရှုရှင်ပြောကြားပါ။ *ref ကျွန်ုပ်၏နာမည်မှာ၊ နိုင်ငံသက်စာစောင်တွင်၊ ဖြူစင်လှစွာစာရွက်မှာ၊ ရေးသားလျက်ရှိပြီလား။ *2 ကျွန်ုပ်အပြစ်များလှပါ၊ ပင်လယ်သဲလုံးပမာ၊ သို့သော်ကိုယ်တော်သွေးတော်သည်၊ ကျွန်ုပ်ဖို့လောက်ပေသည်၊ ကိုယ်တော်ရှင်မြတ်ပေးသနား၊ ကတိတော်လာသည်ကား၊ သင်၏အပြစ်နီသော်လည်း၊ မိုးပွင့်လိုဖြူစေမည်။ *3 တင့်တယ်သန့်ရှင်းမြို့တော်မှာ၊ အိမ်တော်ထွန်းလင်းလှပ၊ သန့်ရှင်းဘုန်းကြီးသောသူများ၊ ဝတ်လုံဖြူစင်ဝတ်ကြ၊ ထိုတင့်တယ်သောအရပ်မှာ၊ အန္တရာယ်မရှိသော၊ ကောင်းကင်သားများစောင့်နေရာ၊ နာမည်ရေးထားပြီလား။ === code 195 title ယေရှုခြေရင်းထိုင်နေစဉ်ခါကျူး title_original Sitting at the Feet of Jesus 1=F 4/4 authors_lyric J. Lincoln Hall (1866-1930) scriptureReferences Luke.10.39 *1 ယေရှုခြေရင်းထိုင်နေစဉ်ခါ၊ ဘယ်လိုစကားကြားသည်မှာ၊ ဝမ်းမြောက်ဖိုးထိုက်သောထိုနေရာ၊ နေ့စဉ်ကျွန်ုပ်တွေ့စေပါ၊ ယေရှုခြေရင်း၌ထိုင်စဉ်မှာ၊ ရှေးအကြောင်းကျွန်ုပ်ကြည့်သည်၊ မေတ္တာတော်သည်ကျေးဇူးပြုရှာ၊ စိတ်ကိုဆုံး၌အောင်သတည်း။ *2 ယေရှုခြေရင်းထိုင်နေစဉ်ခါ၊ သေသောသူမင်္ဂလာရ၊ အပြစ်ဝမ်းနည်းခြေတော်ရင်းမှာ၊ ပန်းသောခါနားဖို့တွေ့ရ၊ ယေရှုခြေရင်း၌ထိုင်စဉ်တွင်၊ ထိုမှာငို၍ဆုတောင်းချင်၊ ကိုယ်တော်၌ရှိမေတ္တာတော်သည်၊ ကျေးဇူးသာယာစဉ်ရမည်။ *3 အိုကျွန်ုပ်ကိုကောင်းချီးပေးပါ၊ ခြေရင်းတော်၌စောင့်နေစဉ်၊ မေတ္တာတော်နှင့်ငုံ့၍ကြည့်ပါ၊ ချိုသောမျက်နှာမြင်လှချင်၊ ယေရှုသဘောမျိုးပေးပါရှင်၊ သန့်ရှင်းနည်းတူပြုပေးပါ၊ ကျွန်ုပ်ဖြောင့်မတ်ခြင်းကိုယ်တော်တွင်၊ ရှိကြောင်းကျွန်ုပ်သိစေပါ။ === code 196 title ကိုယ်တော်နားသို့ဆွဲယူပါကျူး title_original Closer to Thee, My Father, Draw Me 1=A 4/4 authors_lyric Mrs. E. W. Chapman (1849-1889) authors_music J. H. Tenney (1840-1918) scriptureReferences Heb.10.22 *1 အဖကိုယ်တော်နားသို့ဆွဲယူပါ၊ ရင်ခွင်တော်ကိုတောင့်တ၊ လက်ရုံးတော်ဖြင့်သာ၍ပွေ့ပိုက်ပါ၊ နားရန်ရပ်ရောက်ချင်လှ။ *ref မေတ္တာတော်ကြိုးဖြင့်ဆွဲယူ၊ ကိုယ်တော်ထံထက်ရပ်ဆွဲယူ၊ နီးစွာဆွဲပါ၊ ကိုယ်တော်ထံသို့ယူ။ *2 ကယ်တင်ရှင်ကိုယ်တော်နားဆွဲယူပါ၊ ဘယ်ခါမျှမခွဲချင်၊ ရင်ခွင်၌လက်တော်ဖြင့်ဖက်ထားပါ၊ ခရီးဆုံးပြီးမှတ်ထင်။ *3 ချိုသာဝိညာဉ်တော်ဖြင့်ဆွဲယူပါ၊ ကိုယ်တော်နှင့်တူသည်တိုင်၊ ရှင်စေချွတ်ပေးဆေးကြောစင်စေပါ၊ ကျွတ်လွတ်သန့်ရှင်းသည့်တိုင်။ === code 197 title ကျွန်ုပ်ထက်မြင့်လှသောကျောက်တော်သို့ကျူး title_original O Sometimes the Shadows are Deep 1=Ab 4/4 authors_lyric Erastus Johnson (1826-1909) authors_music William G. Fischer (1835-1912) scriptureReferences Ps.61.2 *1 တစ်ခါတစ်ရံမှောင်မိုက်မည်းလေ၊ ပန်းတုံးတိုင်လမ်းကြမ်းတမ်းလှသည်၊ ဝမ်းနည်းခြင်းလည်းမုန်တိုင်းသို့ပေ၊ ကျွန်ုပ်၏ဝိညာဉ်ကိုလွှမ်းသည်။ *ref ထိုခါကျောက်တော်သို့ပြေးစေပါ၊ ကျွန်ုပ်ထက်မြင့်လှသောကျောက်တော်သို့၊ ထိုခါကျောက်တော်သို့ပြေးစေပါ၊ ကျွန်ုပ်ထက်မြင့်လှသောကျောက်တော်သို့။ *2 တစ်ခါတစ်ရံနေ့တာရှည်ပေ၊ တစ်ခါတစ်ရံခြေလှမ်းလေးသည်၊ လောကအသက်လမ်းလျှောက်စဉ်ပင်၊ ကျောက်တော်အရိပ်သာယာလှသည်။ *3 ကျောက်တော်နားမှာနေပါရစေ၊ ကောင်းစားဒုက္ခရောက်သည်ဖြစ်စေ၊ တောင်စောက်လမ်းကိုတက်သည်ဖြစ်စေ၊ မှောင်ချိုင့်ဝှမ်းတွင်လျှောက်သည်ဖြစ်စေ။ === code 198 title နောင်ကာလ၌နားလည်လိမ့်မည်ကျူး title_original Farther Along 1=F 9/8 authors_lyric W. B. Stevens authors_music J. R. Baxter (1887-1960) scriptureReferences John.12.16 *1 စုံစမ်းခြင်းဒုက္ခ၊ စဉ်ဆင်းရဲခံရ၊ ဘာကြောင့်ဖြစ်သနည်း၊ အံ့မဆုံးပေ၊ ပတ်ဝန်းကျင်လူတွေ၊ ပြစ်ကျူးလွန်သော်လည်း၊ တစ်ခါမျှဒုက္ခ၊ မရောက်ဖူးလေ။ *ref နောက်နောင်ကာလ၌၊ ငါတို့သိလိမ့်မည်၊ နောက်နောင်ကာလ၌၊ နားလည်လိမ့်မည်၊ ညီကိုနှစ်သိမ့်လေ၊ ပျော်အောင်သာနေလေ၊ နောက်နောင်ကာလ၌၊ နားလည်လိမ့်မည်။ *2 ငါတို့ချစ်သူအား၊ သေမင်းခေါ်ဆောင်ရှာ၊ ကျန်ရစ်အိမ်ထောင်မှာ၊ ကြေကွဲရရှာ၊ ဆိုးသွမ်းသောသူကား၊ နှစ်စဉ်နှင့်အမျှ၊ ကြီးပွားချမ်းသာကြ၊ အံ့ဩစရာ။ *3 သေသည့်တိုင်သစ္စာ၊ စောင့်လော့သခင်မှာ၊ ချိန်မရောက်သေးပေ၊ သည်းခံစောင့်နေ၊ ကောင်းကင်တံခါးတော်၊ ငါတို့ဝင်လေသော်၊ ပင်ပန်းခဲ့သမျှ၊ မေ့ပျောက်လိမ့်မည်။ *4 ဘုန်းတော်ဖြင့်ကြွလာ၊ ယေရှုကိုမြင်သော်၊ ကောင်းကင်အိမ်တော်မှ၊ ကြွလာလေသော်၊ တောက်ပအိမ်တော်မှာ၊ ကိုယ်တော်ဖူးတွေ့မည်၊ ထိုနောင်ကာလမှာ၊ နားလည်လိမ့်မည်။ === code 199 title ဆုတောင်းငြိမ်ချိန်ကျူး title_original Sweet Hour of Prayer 1=C 3/8 authors_lyric William W. Walford (1772-1850) authors_music William B. Bradbury (1816-1868) scriptureReferences 1Thess.5.17 *1 ဆုတောင်းငြိမ်ချိန်၊ ဆုတောင်းငြိမ်ချိန်၊ သောကများနှင့်ကင်းရန်အချိန်၊ ပလ္လင်တော်ရင်း၌ဒူးထောက်မည်၊ အလိုကိုကျွန်ုပ်ပြောနိုင်သည်၊ ပူပန်ခြင်းဝမ်းနည်းခြင်းတွေ့သော်၊ သွေးဆောင်ခြင်းကိုခံသောအခါ၊ ဆုတောင်းငြိမ်ချိန်ရောက်ပြန်လေသော်၊ အောင်မြင်ခြင်းဝမ်းမြောက်ခြင်းတွေ့လာ။ *2 ဆုတောင်းငြိမ်ချိန်၊ ဆုတောင်းငြိမ်ချိန်၊ တောင်းသောသူအားကောင်းချီးပေးချိန်၊ သစ္စာကိုစောင့်သောဘုရားအား၊ ကျွန်ုပ်လျှောက်သံပို့ဆောင်သနား၊ ကိုယ်တော်မျက်နှာကျွန်ုပ်ဖူးရန်၊ ကျေးဇူးတော်နှင့်နှုတ်တော်ယုံရန်၊ စိုးရိမ်ခြင်းကိုယ်တော်အားအပ်သည်၊ ဆုတောင်းချိန်ကိုကျွန်ုပ်စောင့်မည်။ *3 ဆုတောင်းငြိမ်ချိန်၊ ဆုတောင်းငြိမ်ချိန်၊ ကျွန်ုပ်နှလုံးနှစ်သိမ့်စေစိမ့်၊ အိမ်တော်ကိုပိသကတောင်မှာ၊ ကျွန်ုပ်မြင်၍သွားသောအခါ၊ ထာဝရသက်နှင့်ထမြောက်သည်၊ မြဲသောဆုကိုကိုင်ဆွဲလိမ့်မည်၊ ဆုတောင်းငြိမ်ချိန်လွန်ပြီလွန်ပြီ၊ ကောင်းကင်၌ဖြတ်လျက်ကြွေးကြော်မည်။ === code 200 title နာရီတိုင်းလိုပါသည်ကျူး title_original I Need Thee Every Hour 1=Ab 3/4 authors_lyric Annie S. Hawks (1835-1918) authors_music Robert Lowry (1826-1899) scriptureReferences Heb.4.16 *1 ကျေးဇူးတော်ရှင်ကြီးကို၊ ကျွန်ုပ်စဉ်လို၊ ဖြည်းညင်းသံတော်ကဲ့သို့၊ ငြိမ်းအေးရှိဖို့။ *ref ကိုယ်တော်၊ အို - ကိုယ်တော်ကိုသာ၊ နာရီတိုင်းလိုပါသည်၊ အိုခုကောင်းချီးပေးမြတ်စွာ၊ ကျွန်ုပ်လာမည်။ *2 ကိုယ်တော်ကိုစဉ်လိုပါ၊ အနီးနေပါ၊ အပါးတွင်ရှိမူလျှင်၊ စုံစမ်းကင်းစင်။ *3 ကိုယ်တော်ကိုစဉ်လိုပါ၊ မကြွလာလျှင်၊ သုခဒုက္ခရှိမှာ၊ ရှုံးမည်သက်ပင်။ *4 ကိုယ်တော်ကိုစဉ်လိုပါ၊ ကိုယ်တော်သင်ပေး၊ ကြွယ်ဝကတိတော်များ၊ ပြည့်စုံစေလေ။ === code 201 title ကျွန်ုပ်ယေရှုကိုပြောရကျူး title_original I Must Tell Jesus 1=D 9/8 tune 10.9.10.9.Ref. authors_lyric Elisha A. Hoffman (1839-1929) scriptureReferences 1Pet.5.7 *1 ကျွန်ုပ်စုံစမ်းခြင်းယေရှုကိုပြောမည်၊ ဝန်မထမ်းနိုင်ကျွန်ုပ်တစ်ယောက်တည်း၊ ကျွန်ုပ်ဒုက္ခ၌ကိုယ်တော်မစမည်၊ ကိုယ်တော်ပိုင်သူကိုချစ်၍ကြည့်သည်။ *ref ယေရှုကိုပြောရ၊ ယေရှုကိုပြောရ၊ ကျွန်ုပ်တစ်ယောက်တည်း၊ ဝန်မထမ်းနိုင်၊ ယေရှုကိုပြောရ၊ ယေရှုကိုပြောရ၊ ယေရှုတစ်ယောက်တည်းမစနိုင်သည်။ *2 ကျွန်ုပ်ဒုုက္ခများယေရှုကိုပြောမည်၊ ကိုယ်တော်ကြင်နာသောမိတ်ဆွေဖြစ်သည်၊ ကျွန်ုပ်တောင်းပန်လျှင်ကိုယ်တော်ရွေးနုတ်ကာ၊ ကျွန်ပ်ဒုက္ခများပျောက်ကင်းစေမှာ။ *3 အပြစ်သို့လောကကျွန်ုပ်ကိုညှို့သည်၊ ကျွန်ုပ်လည်းစုံစမ်းခြင်းခံရသည်၊ လောကအောင်ဖို့ယေရှုကိုပြောရမည်၊ ယေရှုကျွန်ုပ်ကိုကယ်တင်မူမည်။ === code 202 title ချစ်သနားယေရှုဘုရားကျူး title_original Jesus, Lover of My Soul 1=Eb 6/8 tune MARTYN 7.7.7.7.D. authors_lyric Charles Wesley (1707-1788) authors_music Simeon B. Marsh (1798-1875) scriptureReferences John.3.16 *1 ချစ်သနားယေရှုဘုရား၊ ကိုယ်တော်၌မှီခိုပါစေ၊ ပြင်းစွာသောမုန်တိုင်းကျလာ၊ လှိုင်းတံပိုးကအားကြီးလေ၊ ဤဘဝမုန်တိုင်းလွန်အောင်၊ လက်တော်ဖြင့်ကွယ်ကာအုပ်ထား၊ ကောင်းကင်ဆိပ်တော်တွင်းတိုင်အောင်၊ ဘေးမဲ့ပို့ဆောင်ဆိုက်စေပါ။ *2 ကိုးကွယ်ခိုရာခြားမမြင်၊ ကိုယ်တော်၌သာမှီတွယ်ရာ၊ စွန့်ပယ်အိုမစွန့်ပယ်နှင့်၊ ထောက်မအားပေးတော်မူပါ၊ ကိုယ်တော်ကိုကိုးစားသဖြင့်၊ ကိုယ်တော်ကိုမြော်လင့်နေရာ၊ ကိုယ်တော်၏အတောင်တော်ဖြင့်၊ ကျွန်ုပ်ခေါင်းကိုဖုံးအုပ်ပါ။ *3 ကျွန်ုပ်၌လိုလေသမျှ၊ ကိုယ်တော်၌ကြွယ်ဝစွာရှိ၊ လဲသူချီနွမ်းသူထောက်မ၊ နာသူကန်းသူချမ်းသာ၏၊ ကိုယ်တော်ဖြောင့်မတ်သန့်ရှင်းသည်၊ ကျွန်ုပ်မှာအပြစ်များသာ၊ ကျေးဇူးဂုဏ်တော်စုံလင်၏၊ ကျွန်ုပ်သာရွံရှာဖွယ်ရာ။ *4 ကြွယ်ဝသောကျေးဇူးတော်ဖြင့်၊ များစွာသောအပြစ်ဖြေရာ၊ မေတ္တာတော်ရေများစွာနှင့်၊ ဆေးကြောစင်ကြယ်စေမူပါ၊ ကိုယ်တော်သာအသက်သခင်၊ ကိုယ်တော်အသက်ရေတိုက်ကျွေး၊ ကျွန်ုပ်စိတ်အတွင်း၌ပင်၊ ထာဝရစမ်းရေပေါက်စေ။ === code 203 title ငြိမ်သက်နားရာတစ်ခုရှိပါကျူး title_original Near to the Heart of God 1=Db 4/4 tune C.M.Ref. authors_lyric Cleland B. McAfee (1866-1944) scriptureReferences Isa.40.11 *1 ငြိမ်သက်နားရာတစ်ခုရှိပါ၊ ကိုယ်တော်နှလုံးနားမှာ၊ အပြစ်မနှောင့်ယှက်သောနေရာ၊ ကိုယ်တော်နှလုံးနားမှာ။ *ref အိုယေရှုကယ်ချွတ်ရှင်မှာ၊ ဘုရားနှလုံးမှလာ၊ ကျွန်ုပ်တို့အားပိုင်မူပါ၊ ကိုယ်တော်နှလုံးနားမှာ။ *2 နှစ်သိမ့်နေရာတစ်ခုရှိပါ၊ ကိုယ်တော်နှလုံးနားမှာ၊ ကယ်ချွတ်ရှင်နှင့်တွေ့သောနေရာ၊ ကိုယ်တော်နှလုံးနားမှာ။ *3 လွတ်ငြိမ်းနေရာတစ်ခုရှိပါ၊ ကိုယ်တော်နှလုံးနားမှာ၊ ဝမ်းမြောက်ငြိမ်သက်ခြင်းရှိနေရာ၊ ကိုယ်တော်နှလုံးနားမှာ။ === code 204 title မိတ်ဆွေယေရှုရှိကျူး title_original What a Friend We Have in Jesus 1=F 4/4 tune CONVERSE 8.7.8.7.D. authors_lyric Joseph M. Scriven (1819-1886) authors_music Charles C. Converse (1832-1918) scriptureReferences John.15.13 *1 ကျွန်ုပ်ပြစ်နှင့်ဝမ်းနည်းခြင်းများ၊ ခံရန်မိတ်ဆွေယေရှုရှိ၊ ဆုတောင်းခြင်းဖြင့်ထံတော်ဝပ်တွား၊ ခွင့်သည်အံ့ဖွယ်ဖြစ်ပါဘိ၊ ငြိမ်သက်ခြင်းကိုကြိမ်ဖန်စွန့်ပစ်၊ မခံသင့်ဝန်ထမ်းခဲ့ပြီ၊ ကိုယ်တော်ထံတွင်ဆုတောင်းခြင်းဖြင့်၊ မယူဆောင်ခြင်းကြောင့်ဖြစ်သည်။ *2 ကျွန်ုပ်တို့စုံစမ်းနှောင့်ယှက်ရာ၊ ဆင်းရ္လုဲက္ခရှိသလား၊ ဘယ်ခါမျှစိတ်မပျက်စေရာ၊ ဆုတောင်းလျက်ထံတော်ချဉ်းပါ၊ ဝမ်းနည်းခြင်းမျိုးခံမိတ်ဆွေများ၊ သစ္စာရှိသူတွေ့မည်လား၊ အားနည်းခြင်းများယေရှုသိပေ၊ ဆုတောင်းလျက်ထံတော်ချဉ်းလေ။ *3 ဝန်ထုပ်လေး၍ပင်ပန်းလှစွာ၊ အားနည်းလျက်ရှိကြသလား၊ ကယ်တင်ရှင်အားထားမှီခိုရာ၊ ဆုတောင်းလျက်ထံတော်ချဉ်းပါ၊ မိတ်ဆွေများရွံရှာစွန့်ပစ်လျှင်၊ ဆုတောင်းလျက်ထံတော်ချဉ်းပါ၊ လက်တော်ဖြင့်ကွယ်ကာစောင့်မစဉ်၊ ထိုမှနှစ်သိမ့်ရာကိုရှာ။ === code 205 title သန့်ရှင်းဖို့ချိန်ခန့်ထားကျူး title_original Take Time to Be Holy 1=F 6/8 tune HOLINESS 6.5.6.5.D. authors_lyric W. D. Longstaff (1822-1894) authors_music George C. Stebbins (1846-1945) scriptureReferences 1Pet.1.16 *1 သန့်ရှင်းဖို့ချိန်ခန့်ထား၊ ကိုယ်တော်နှင့်တိုင်ပင်၊ ကိုယ်တော်၌မှီခိုပါ၊ နှုတ်ကပတ်တော်သင်၊ တပည့်တော်နှင့်ပေါင်းသင်း၊ အားနည်းသူမပါ၊ မှုအမျိုးမျိုးတို့တွင်၊ ကောင်းချီးကိုရှာပါ။ *2 သန့်ရှင်းဖို့ချိန်ခန့်ထား၊ မြန်စွာချိန်လွန်သွား၊ ကိုယ်တော်နှင့်တိတ်ဆိတ်စွာ၊ ချိန်များကုန်စေပါ၊ ယေရှုရှင်ကိုကြည့်လျှင်၊ ကိုယ်တော်နှင့်တူလာ၊ သင်ပြုလေရာမှာပင်၊ ကိုယ်တော်ကိုမြင်ရာ။ *3 သန့်ရှင်းဖို့ချိန်ခန့်ထား၊ လမ်းပြစေမူပါ၊ ဖြစ်သမျှအမှုမှာ၊ ကိုယ်တော်မလွန်သွား၊ ဝမ်းနည်းဝမ်းမြောက်ခြင်းမှာ၊ နောက်တော်သို့လိုက်ပါ၊ ယေရှုရှင်ကိုကြည့်ပါ၊ မိန့်တော်မြတ်ယုံပါ။ *4 သန့်ရှင်းဖို့ချိန်ခန့်ထား၊ ဝိညာဉ်ငြိမ်စေပါ၊ ကြံစည်ရာများတို့ကား၊ အလိုတော်တိုင်းသာ၊ မေတ္တာတော်စမ်းရေသို့၊ ဝိညာဉ်တော်ဆောင်သွား၊ ထက်ဘုံမှာမှုဆောင်ဖို့၊ တော်သင့်မည်မကြာ။ === code 206 title ကောင်းချီးဆုတောင်းချိန်ကျူး title_original 'Tis The Blessed Hour of Prayer 1=Db 3/4 tune HOLINESS 13.12.13.7.6.Ref. authors_lyric Fanny J. Crosby (1820-1915) authors_music William H. Doane (1832-1915) scriptureReferences 1Thess.5.17 *1 အိုကောင်းချီးဆုတောင်းအချိန်ကျွန်ုပ်တို့စိတ်နှိမ့်ချ၊ မိတ်ဆွေကယ်တင်ရှင်ယေရှုထံသို့စည်းဝေးကြ၊ ကျွန်ုပ်တို့ကိုယ်တော်ယုံကြည်အားကိုးလျက်လာကြလျှင်၊ မောပန်းသူတို့အားပေးရန်၊ ဘယ်လောက်သာယာပျော်ရွှင်။ *ref ကောင်းချီးဆုတောင်းချိန်၊ ကောင်းချီးဆုတောင်းချိန်၊ မောပန်းသူတို့အားပေးရန်၊ ဘယ်လောက်သာယာပျော်ရွှင်။ *2 အိုကောင်းချီးဆုတောင်းအချိန်ကယ်တင်ရှင်ချဉ်းကပ်ပါ၊ ချစ်သားတို့ကိုကြင်နာစွာနားထောင်တော်မူရှာ၊ ခြေတော်ရင်းဝန်များချနိုင်ကိုယ်တော်မိန့်တော်မူထား၊ မောပန်းသူတို့အားပေးရန်၊ ဘယ်လောက်သာယာပျော်ရွှင်။ *3 အိုကောင်းချီးဆုတောင်းအချိန်စုံစမ်းခြင်းကိုခံရ၊ သနားသောကယ်တင်ရှင်အားဝမ်းနည်းခြင်းဖော်ပြ၊ ကိုယ်တော်သည်ပူပန်ခြင်းများကြင်နာခြင်းနှင့်ပယ်ရှား၊ မောပန်းသူတို့အားပေးရန်၊ ဘယ်လောက်သာယာပျော်ရွှင်။ *4 အိုကောင်းချီးဆုတောင်းအချိန်လိုသောမင်္ဂလာများ၊ အမှန်ရမည်ဟုကိုယ်တော်ကိုယုံကြည်ကိုးစား၊ ထိုသို့အားဖြင့်စိုးရိမ်ခြင်းအပေါင်းတို့ကွယ်ပျောက်သွား၊ မောပန်းသူတို့အားပေးရန်၊ ဘယ်လောက်သာယာပျော်ရွှင်။ === code 207 title ကိုယ်တော်ကျွန်ုပ်လိုပါကျူး title_original Blessed Lord, How Much I Need Thee! 1=G 3/4 authors_lyric F. E. Belden (1858-1945) scriptureReferences John.15.5 *1 အိုရှင်ကိုယ်တော်ကျွန်ုပ်လိုပါ၊ ကန်းဆင်းရဲအားနည်းပြစ်ရှိ၊ တုန်လှုပ်လက်ကိုဆွဲ၍ဆောင်ပါ၊ အား၊ မြင်ခြင်း၊ ရှင်၌တွေ့ရှိ။ *ref နာရီတိုင်း၊ နာရီတိုင်း၊ ကိုယ်တော်ကျွန်ုပ်လွန်စွာလိုပါ၊ နာရီတိုင်း၊ နာရီတိုင်း၊ အိုရှင်နာရီတိုင်းကယ်ပါ။ *2 ပြစ်စွန်းသောကျွန်ုပ်ဝတ်လုံကို၊ နှိမ့်ချဝတ်လုံတော်နှင့်ဖုံး၊ အားနည်းခြင်းရှိကြောင်းသင်ကြားလို၊ ထိုနောက်ခွန်အားတော်တောင်းသုံး။ *3 ကိုယ်တော်ဆောင်လျှင်လုံခြုံကြဖို့၊ ကိုယ်ကိုအားထားပြန်လဲကျ၊ ဘေးရှိ၍လမ်းကြမ်းလျှောက်သူတို့၊ အလင်းအသက်ကိုယ်တော်မှ။ === code 208 title ယေရှုနှင့်ဘယ်ရပ်မဆိုကျူး title_original Anywhere With Jesus 1=D 6/8 authors_lyric Jessie H. Brown (1861-1921) authors_music Daniel B. Towner (1850-1909) scriptureReferences Ps.27.5 *1 ယေရှုနှင့်ဘယ်ရပ်မဆိုကျွန်ုပ်လိုက်မည်၊ ဤလောကတွင်လမ်းပြမူရာလိုက်ပါမည်၊ ကိုယ်တော်မပါလျှင်ဝမ်းမြောက်ခြင်းများကင်းရှင်း၊ ယေရှုပါလျှင်ဘယ်ရပ်မဆိုကြောက်ခြင်းကင်း။ *ref ဘယ်မဆို၊ ဘယ်မဆို၊ ကြောက်ဖွယ်ရာမရှိ၊ ယေရှုနှင့်ဘယ်ရပ်မဆိုကျွန်ုပ်လိုက်၏။ *2 ယေရှုပါရာရပ်တွင်ကိုယ်တည်းမဟုတ်ပါ၊ ခြားမိတ်ဆွေစွန့်ပစ်သော်လည်းကိုယ်တော်ရှိရာ၊ မောပန်းလမ်းသို့ကိုယ်တော်ပို့ဆောင်ငြားသော်လည်း၊ ယေရှုနှင့်ဘယ်ရပ်မဆိုချီးမွမ်းအိမ်တည်း။ *3 ယေရှုပါရာရပ်၌ကျွန်ုပ်အိပ်ဝံ့သည်၊ မှောင်မည်းအရိပ်ဝိုင်းဝန်းလွှမ်းမိုးငြားသော်လည်း၊ ချမ်းသာခြင်းနှင့်နိုးမည်ကိုသိသောကြောင့်သာ၊ ကိုယ်တော်မြတ်နှင့်ဘယ်မှာမဆိုအိမ်သာယာ။ === code 209 title ဘယ်သူကိုယုံကြည်၍ငါသိ၏ကျူး title_original I Know Whom I Have Believed 1=D 4/4 tune C.M.Ref. authors_lyric Daniel W. Whittle (1840-1901) authors_music James McGranahan (1840-1907) scriptureReferences 2Tim.1.12 *1 ကိုယ်တော်အံ့ဖွယ်ကရုဏာတော်၊ ကျွန်ုပ်ထံရောက်လာသည်၊ မထိုက်တန်ခရစ်တော်မေတ္တာ၊ ကျွန်ုပ်ကိုရွေးနုတ်သည်။ *ref ဘယ်သူကိုယုံကြည်၍ငါသိ၏၊ သူ၌ငါအပ်ထားသောအရာကိုလည်း၊ ထိုနေ့ရက်တိုင်စောင့်နိုင်ကြောင်းကို၊ ငါသည်စိတ်ချယုံကြည်သည်။ *2 ကယ်တင်သောဆုကျေးဇူးတော်ကို၊ ငါ့အားဝေမျှခဲ့သည်၊ နှုတ်ကပတ်တော်ကိုယုံခြင်းသည်၊ ငြိမ်သက်ခြင်းစိတ်ပေးသည်။ *3 ကိုယ်တော်လာမည့်အချိန်မသိ၊ ညဉ့်ချိန်၊ မွန်းတည့်ဖြစ်မည်၊ ချိုင့်တွင်ကိုယ်တော်နှင့်တူလျှောက်သော်၊ သို့လျှင်ထက်၌ဆုံမည်။ === code 210 title ကိုယ်တော်ကိုလိုချိန်ကျူး title_original Just When I Need Him Most 1=Db 9/8 tune 9.9.9.6.Ref. authors_lyric William Poole (1875-1949) authors_music Charles H. Gabriel (1856-1932) scriptureReferences Phil.4.19 *1 ယေရှုကိုလိုချိန်၊ ကိုယ်တော်နီးရှိ၊ ကြောက်ရွံ့တုန်လှုပ်လျက်မှောက်မှားသော်လည်း၊ ကူညီအားပေးရန်၊ ကိုယ်တော်သင့်ရှိ၊ လိုအပ်ဆုံးချိန်ကူမည်။ *ref လိုအပ်ဆုံးအချိန်တွင်၊ လိုအပ်ဆုံးအချိန်တွင်၊ နှစ်သိမ့်အားပေးယေရှုနီးမှာပင်၊ ကူမည်လိုဆုံးချိန်တွင်။ *2 ယေရှုသခင်သစ္စာရှင်မြဲတည်၊ ခရီးတစ်လျှောက်လုံးမစွန့်ပယ်ပြီ၊ ဝန်ထုပ်များအစား၊ အားသစ်လောင်းမည်၊ လိုအပ်ဆုံးချိန်ကူမည်။ *3 ယေရှုကိုယ်တော်ကြံ့ခိုင်တော်မူပေ၊ တစ်နေ့လုံးကျွန်ုပ်ဝန်ထုပ်ထမ်းသည်၊ ဝမ်းနည်းခြင်းများတွက်၊ သီချင်းကိုပေး၊ လိုအပ်ဆုံးချိန်ကူမည်။ *4 ယေရှုကိုယ်တော်ကျွန်ုပ်အားထားရာ၊ ကျွန်ုပ်ခေါ်သံကိုနားညောင်းမူမည်၊ ခြေများမချော်ရန်၊ ကြည့်တော်မူမှာ၊ လိုအပ်ဆုံးချိန်ကူမည်။ === code 211 title ဘုရားကျွန်ုပ်အလင်းကျူး title_original The Lord Is My Light 1=G 2/4 tune 10.10.11.11.Ref. authors_lyric James Nicholson (1828-1876) authors_music Dr. J. W. Bischoff (1849-1909) scriptureReferences Ps.27.1 *1 ဘုရားငါ့အလင်း၊ ဘယ်ကြောင့်ကြောက်အံ့နည်း၊ နေ့ညဉ့်အစဉ်ကိုယ်တော်မျက်မှောက်အနီး၊ အပြစ်ဒုက္ခမှကျွန်ုပ်ကိုကယ်မူသည်၊ ဝိညာဉ်တော်သည်ထိုကောင်းချီးသဘောသွင်းသည်။ *ref (ဘုရားငါ့အလင်း၊ ဝမ်းမြောက်ရာသီချင်း၊ နေ့ညဉ့်စဉ်မပြတ်ငါ့ကိုမြဲဆောင်ကြဉ်း၊)၂ *2 ဘုရားငါ့အလင်း၊ မိုးတိမ်တက်သော်လည်း၊ ယုံကြည်အားကြီးခြင်းဖြင့်ထက်ရပ်မျှော်ကြည့်၊ ထိုဘုန်းကြီးရပ်တွင်ယေရှုအစဉ်စိုးစံ၊ ထိုကြောင့်ကျွန်ုပ်မှောင်မိုက်နှင့်အစဉ်ကင်းမှန်။ *3 ဘုရားငါ့အလင်း၊ ကျွန်ုပ်အားဗလ၊ တန်ခိုးတော်အားဖြင့်ကျွန်ုပ်မှန်အောင်ရ၊ ကျွန်ုပ်အားနည်းခြင်းကိုခွန်အားနှင့်ဖုံးအံ့၊ နာရီတိုင်းကျွန်ုပ်ကိုစောင့်တော်မူလတ္တံ့။ *4 ဘုရားငါ့အလင်း၊ ကျွန်ုပ်ပြည့်စုံခြင်း၊ အထံတော်မြတ်တွင်မှောင်မိုက်အစဉ်ကင်း၊ ကျွန်ုပ်ရွေးနုတ်ဘုရင်ကယ်တင်ရှင်ဖြစ်သည်၊ သန့်ရှင်းတမန်နှင့်ကိုယ်တော်ကိုချီးမွမ်းမည်။ === code 212 title ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်ကျူး title_original All The Way 1=G 3/4 tune LOWRY 8.7.8.7.D. authors_lyric Fanny J. Crosby (1820-1915) authors_music Robert Lowry (1826-1899) scriptureReferences Rev.7.17 *1 ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်၊ ဘယ်တောင့်တရန်ရှိသနည်း၊ ငါ့ကိုလမ်းပြတော်မူရှင်အား၊ ယုံမှားခြင်းရှိရမည်လား၊ ဤဘဝအသက်ရှင်သည်တွင်၊ စုံစမ်းခြင်းမျိုးမျိုးတို့ပင်၊ ဖိစီးနှိပ်စက်လာသောအခါ၊ ကိုယ်တော်စီရင်တိုင်းဖြစ်ပါ၊ ဖိစီးနှိပ်စက်လာသောအခါ၊ ကိုယ်တော်စီရင်တိုင်းဖြစ်ပါ။ *2 ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်၊ ထောက်မအားပေးလျက်နှင့်ပင်၊ စုံစမ်းခြင်းကိုခံနိုင်ဖို့ရာ၊ ကျွေးတော်မူအသက်မုန့်မှာ၊ ခွန်အားပြည့်လျက်မောပန်းခြင်းကင်း၊ သောက်လျက်နေသက်စမ်းရေတွင်း၊ ပလ္လင်တော်ရှေ့မှထွက်စီးလေ၊ ဝမ်းမြောက်ခြင်းစမ်းရေမြင်ပေ၊ ပလ္လင်တော်ရှေ့မှထွက်စီးလေ၊ ဝမ်းမြောက်ခြင်းစမ်းရေမြင်ပေ။ *3 ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်၊ ကိုယ်တော်ချစ်ခြင်းအံ့ဖွယ်တည်း၊ ထက်အဖအိမ်တော်တွင်ငြိမ်းစွာ၊ နေစိမ့်ငှာကတိတော်ထား၊ ထာဝရရှင်ခြင်းသို့နိုးလျက်၊ ထွန်းတောက်ကောင်းကင်သို့ပျံတက်၊ ထိုအခါစဉ်သီချင်းဆိုမည်၊ ယေရှုငါ့ကိုလမ်းပြပြီ၊ ထိုအခါစဉ်သီချင်းဆိုမည်၊ ယေရှုငါ့ကိုလမ်းပြပြီ။ === code 213 title ကျွန်ုပ်ခိုလှုံအရှင်ကျူး title_original My Faith Looks Up to Thee 1=D 4/4 tune OLIVET 6.6.4.6.6.6.4. authors_lyric Ray Palmer (1808-1887) authors_music Lowell Mason (1792-1872) scriptureReferences 2Cor.5.7 *1 ကျွန်ုပ်ခိုလှုံအရှင်၊ ကယ်တင်ပိုင်သောသခင်၊ သနားတော်မူ၊ ကျွန်ုပ်၏ပတ္ထနာ၊ အသံနားညောင်းမူပါ၊ အပြစ်လွှတ်အံ့သောငှာ၊ ကယ်ချွတ်တော်မူ။ *2 ကျွန်ုပ်အားနည်းစိတ်အား၊ မေတ္တာကြွယ်၀သနား၊ ဝိညာဉ်တိုးပွား၊ ကိုယ်တော်သေခံသည်တွက်၊ ကျွန်ုပ်မေတ္တာဆက်ကပ်၊ သန့်ရှင်းပြောင်းလဲကင်းကွာ၊ မီးသို့တောက်ရာ။ *3 ဤလူ့ဘုံတွင်နေစဉ်၊ ဆင်းရဲတွေ့ကြုံရလျှင်၊ ကယ်မတော်မူ၊ မှောင်မိုက်ခြင်းလင်းစေပါ၊ ပူပန်ခြင်းကင်းစေပါ၊ ကိုယ်တော်နှင့်လျှင်းမကွာ၊ စောင့်ထိန်းတော်မူ။ === code 214 title ကတိတော်၌တည်မြဲနေကျူး title_original Standing on the Promises 1=Ab 4/4 tune 11.11.11.9.Ref. authors_lyric R. Kelso Carter (1849-1928) scriptureReferences 2Pet.1.4 *1 ဘုရင်ခရစ်တော်ကတိတော်၌တည်နေ၊ အနန္တကာလဂုဏ်တော်ချီးမွမ်းကြစေ၊ ကောင်းကင်ဘဝဂ်ဘုန်းကြီးစေဟုကြွေးကြော်လေ၊ ဘုရားကတိတော်၌တည်မြဲနေ။ *ref တည်လျက်၊ မြဲနေ၊ မြတ်ဘုရားကတိတော်၌တည်မြဲလျက်နေသည်၊ တည်လျက်၊ မြဲနေ၊ ဘုရားကတိတော်၌တည်မြဲနေသည်။ *2 မပျက်နိုင်သောကတိတော်များ၌တည်နေ၊ ယုံမှားကြောက်ရွံ့မုန်တိုင်းပြင်းထန်ပုတ်ခတ်ကာ၊ အသက်ရှင်သောကျမ်းစာမြတ်ဖြင့်အောင်မြင်ရာ၊ ဘုရားကတိတော်၌တည်မြဲနေ။ *3 ခရစ်တော်ကတိမြတ်၌ကျွန်ုပ်တည်သည်၊ မေတ္တာကြိုးဖြင့်ထာဝရချည်နှောင်လေပြီ၊ ဝိညာဉ်တော်ဓားဖြင့်နေ့စဉ်အောင်လျက်နေသည်၊ ဘုရားကတိတော်၌တည်မြဲနေ။ === code 215 title ယေရှုကျွန်ုပ်အံ့ဖွယ်ကယ်ချွတ်ရှင်ဖြစ်ပေကျူး title_original He Hideth My Soul 1=C 6/8 tune 11.8.11.8.Ref. authors_lyric Fanny J. Crosby (1820-1915) authors_music William J. Kirkpatrick (1838-1921) scriptureReferences Ps.91.1 *1 ယေရှုကျွန်ုပ်အံ့ဖွယ်ကယ်ချွတ်ရှင်ဖြစ်ပေ၊ ကျွန်ုပ်အံ့ဖွယ်ကယ်ရှင်ဖြစ်ပေ၊ ကျောက်ဆောင်ကျွန်ုပ်ဝိညာဉ်ကိုဝှက်ထားမူလေ၊ ထိုမှာဝမ်းမြောက်မြစ်များမြင်ပေ။ *ref ကျောက်ဆောင်တွင်ကျွန်ုပ်ဝိညာဉ်သိုဝှက်ထားလေ၊ ခြောက်သွေ့မြေကာကွယ်ကျောက်ဆောင်ပေ၊ ကိုယ်တော်မေတ္တာ၌ကျွန်ုပ်သက်ဝှက်ထား၏၊ (လက်တော်ဖြင့်ကျုပ်ကိုကာကွယ်၏၊)၂ *2 ယေရှုကျွန်ုပ်အံ့ဖွယ်ကယ်ချွတ်ရှင်ဖြစ်ပေ၊ ကျွန်ုပ်ဝန်ထုပ်ပယ်ရှားပစ်လေ၊ ကျွန်ုပ်ကိုမချီသဖြင့်မရွေ့လျော့ပေ၊ ကျွန်ုပ်ကိုခွန်အားနှင့်ပြည့်စေ။ *3 မရေတွက်နိုင်သောကောင်းချီးများသွန်းလောင်းပေ၊ ကိုယ်တော်ပြည့်စုံခြင်းဖြင့်ပြည့်ချေ၊ ကျွန်ုပ်ဝမ်းမြောက်၍ဘုန်းတော်ကိုချီးမွမ်းမှာ၊ ကျွန်ုပ်ကယ်ရှင်မြတ်တွက်ဖြစ်ပါ။ *4 ရောင်ခြည်ဆင်မြန်းကျွန်ုပ်ဝမ်းမြောက်စွာရပ်မှာ၊ မိုးတိမ်တွင်ကိုယ်တော်ဖူးတွေ့မှာ၊ ပြည့်စုံသောကယ်တင်ခြင်းနှင့်အံ့ဖွယ်မေတ္တာ၊ သန့်ရှင်းသူတို့နှင့်ကြွေးကြော်မှာ။ === code 216 title ကျွန်ုပ်မြော်လင့်ခြင်းမြစ်တည်ရာကျူး title_original My Hope Is Built on Nothing Less 1=F 3/4 authors_lyric Edward Mote (1797-1874) authors_music William B. Bradbury (1816-1868) scriptureReferences Matt.7.25 *1 ကျွန်ုပ်မြော်လင့်ခြင်းမြစ်တည်ရာ၊ ယေရှုရှင်အသွေးတော်မြတ်သာ၊ ကျင့်ဝတ်များကိုမမှီဝံ့ပါ၊ နာမတော်ကိုသာမှီခိုရာ။ *ref ကျောက်မြဲယေရှုကျွန်ုပ်ခိုလှုံ၊ အခြားတည်ရာရှိရှိသဲနုန်း၊ အခြားတည်ရာရှိရှိသဲနုန်း။ *2 ရွှေမျက်နှာတော်အလင်းကွယ်လျှင်၊ တည်မြဲကရုဏာတော်ခိုဝင်၊ လေပြင်းကျ၍လှိုင်းထလျှင်လည်း၊ ကန့်လန့်ကာထဲကျောက်စွဲနေမည်။ *3 ရေလွှမ်းအားကြီးပတ်လည်ပြိုသော်၊ ကတိပဋိညာဉ်နှင့်သွေးတော်၊ ကျွန်ုပ်ထောက်မကိုယ်တော်သာလျှင်၊ ကျွန်ုပ်မြော်လင့်မှီဝဲရာပင်။ *4 တံပိုးမှုတ်သံနှင့်ကြွမူလျှင်၊ ပလ္လင်တော်ရှေ့အပြစ်ကင်းစင်၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသာဆင်၊ ကျွန်ုပ်ရပ်မည်ကိုယ်တော်ရှေ့တွင်။ === code 217 title ယေရှုအားကိုးရန်လွန်သာချိုကျူး title_original 'Tis So Sweet to Trust in Jesus 1=G 4/4 tune 8.7.8.7.Ref. authors_lyric Louisa M. R. Stead (c.1850-1917) authors_music William J. Kirkpatrick (1838-1921) scriptureReferences Ps.22.4 *1 ယေရှုအားကိုးရန်လွန်သာချို၊ ကိုးစားပြောသည့်အတိုင်းသာ၊ အားကိုးရာကတိတော်မြတ်ကို၊ သိစေရန်ကိုယ်တော်မိန့်မှာ။ *ref ယေရှု၊ ယေရှု၊ ဘယ်မျှကိုးစား၊ ကြိမ်ဖန်များစွာစမ်းခဲ့လာ၊ ယေရှု၊ ယေရှု၊ မြတ်ယေရှုအား၊ တိုးကိုးစားရန်သနားပါ။ *2 ယေရှုကိုးရန်မည်မျှချိုလေ၊ စင်ကြယ်စေသွေးတော်ကိုသာ၊ ကျွန်ုပ်ယုံကြည်ခြင်းအားဖြစ်ပေ၊ နစ်မြုပ်သန့်ရှင်းဆေးကြောပါ။ *3 ဟုတ်ပေယေရှုကိုးရန်ချိုသာ၊ အပြစ်မာနကင်းစင်သည်၊ အသက်နားခြင်းဝမ်းမြောက်ငြိမ်ရာ၊ ယေရှုထံတော်မှယူမည်။ *4 ဖိုးထိုက်ယေရှုကယ်ရှင်မိတ်ဆွေ၊ ကိုးစားရ၍ဝမ်းမြောက်နေ၊ ကိုယ်တော်ငါနှင့်ရှိကြောင်းသိပေ၊ အဆုံးတိုင်အောင်ရှိပါလေ။ === code 218 title ကိုယ်တော်၌သာကွယ်ကာနေပါကျူး title_original Hiding in Thee 1=Eb 4/4 tune 11.11.11.11.Ref. authors_lyric William O. Cushing (1823-1902) authors_music Ira D. Sankey (1840-1908) scriptureReferences Ps.61.1 *1 ကျွန်ုပ်ထက်မြင့်သောကျောက်တော်တွင်လုံခြုံစွာ၊ ဝမ်းနည်းဒုက္ခတွင်ကျွန်ုပ်ဝိညာဉ်ခိုချင်၊ မောပန်းပြစ်များလှကိုယ်တော်ဖို့ဖြစ်စေပါ၊ ကျွန်ုပ်ခိုလှုံလျက်နေမြဲတည်ကျောက်တော်တွင်။ *ref ကိုယ်တော်၌သာကွယ်ကာနေပါ၊ မြဲတည်ကျောက်တော်တွင်ကျွန်ုပ်ခိုလှုံကွယ်ကာ။ *2 နေ့ချိန်ဆိတ်ငြိမ်၍ညဉ့်ချိန်ဝမ်းနည်းသောခါ၊ စုံစမ်းသွေးဆောင်ခြင်းတန်ခိုးအားကြီးလှလျှင်၊ သက်တာမုန်တိုင်းပင်လယ်လှိုင်းလိုထသောခါ၊ ကျွန်ုပ်ခိုလှုံလျက်နေမြဲတည်ကျောက်တော်တွင်။ *3 ရန်သူနှင့်များစွာဆိုင်ပြိုင်တိုက်လှန်စဉ်ခါ၊ ကွယ်ကာရာကျောက်သို့ကျွန်ုပ်ပြေးသွားပြောဆို၊ ပင်လယ်လှိုင်းလိပ်လိုစုံစမ်းခြင်းရောက်သောခါ၊ ကျွန်ုပ်ဝိညာဉ်ကျောက်တော်ကိုယ်တော်၌မှီခို။ === code 219 title ယေရှုသက်ရှင်သောကြောင့်ကျူး title_original Because He Lives 1=Ab 4/4 authors_lyric Gloria Gaither (1942-) authors_music William J. Gaither (1936-) scriptureReferences John.3.16 *1 ဘုရားရှင်၏သားတော်ယေရှုကား၊ ချစ်ခြင်းနှင့်ပြစ်လွှတ်ရန်ကြွလာ၊ ကျွန်ုပ်ပြစ်တွက်သက်ရှင်လျက်သေခံ၊ သေခြင်းကိုအောင်ယေရှုသက်ရှင်ကြောင်းထင်ရှားပြီ။ *ref ယေရှုသက်ရှင်၊ နက်ဖြန်နေ့စိုးရိမ်ကင်း၊ ယေရှုသက်ရှင်၊ ကြောက်ရွံ့ခြင်းကင်း၊ နာဂတ်ပိုင်စိုးကြောင်းကျွန်ုပ်သိပြီ၊ ဖိုးထိုက်သက်ရှိခြင်းကြောင့်ဧကန်သက်ရှင်နိုင်ပြီ။ *2 လူဇာတိခံယူဆောင်သက်ရှင်လာ၊ မုန်းပွားခြင်းခံဝမ်းမြောက်ခြင်းငှာ၊ ငြိမ်သက်ခြင်းများဧကန်ရှိနိုင်ရန်၊ စိတ်ချခြင်းမရှိနေ့ရက်တွက်ယေရှုသက်ရှင်။ *3 တစ်နေ့သောခါမြစ်ကိုဖြတ်ကူးရာ၊ သက်တာလမ်းမှာပီတိတွေ့ရာ၊ သေခြင်းကိုအောင်ခြင်း၌နစ်မြုပ်ပြီ၊ ဘုန်းတန်ခိုးအလင်းနှင့်သက်ရှင်ကြောင်းမြင်နိုင်ပြီ။ === code 220 title မုန်တိုင်းကျစဉ်တွင်ခိုလှုံရာကျူး title_original A Shelter in the Time of Storm 1=F 4/4 authors_lyric Vernon J. Charlesworth (1839-1915) authors_music F. E. Belden (1858-1945) scriptureReferences Isa.25.4 *1 ခိုလှုံရာကျောက်ကိုယ်တော်ဖြစ်ပါ၊ မုန်တိုင်းကျစဉ်တွင်ခိုလှုံရာ၊ ဘယ်လိုပင်ဖြစ်လုံခြုံစေပါ၊ မုန်တိုင်းကျစဉ်တွင်ခိုလှုံရာ။ *ref စွမ်းကြီးကျောက်၊ နွမ်းရိသောပြည်တွင်၊ အေးမြရိပ်၊ ပူပြင်းသဲပြင်မှာ၊ လမ်းပြရှင်၊ ခရီးသွားတို့တွင်၊ မုန်တိုင်းကျစဉ်တွင်ခိုလှုံရာ။ *2 နေ့တွင်အရိပ်ညဉ့်တွင်အကာ၊ မုန်တိုင်းကျစဉ်တွင်ခိုလှုံရာ၊ ရန်သူမကြောက်မထိတ်လန့်ပါ၊ မုန်တိုင်းကျစဉ်တွင်ခိုလှုံရာ။ *3 ထသောလှိုင်းများဝိုင်းဝန်းသော်လည်း၊ မုန်တိုင်းကျစဉ်တွင်ခိုလှုံရာ၊ ဘုရားရှင်ကား၊ ကွယ်ကာရာတည်း၊ မုန်တိုင်းကျစဉ်တွင်ခိုလှုံရာ။ *4 အိုကျောက်တော်ရှင်အိုကာကွယ်ရှင်၊ မုန်တိုင်းကျစဉ်တွင်ခိုလှုံရာ၊ အနီးနေ၍မစသခင်၊ မုန်တိုင်းကျစဉ်တွင်ခိုလှုံရာ။ === code 221 title အတောင်တော်အောက်ကျူး title_original Under His Wings 1=C 6/4 authors_lyric W. O. Cushing (1823-1902) authors_music Ira D. Sankey (1840-1908) scriptureReferences Ps.17.8 *1 အတောင်တော်အောက်ဘေးကင်းစွာကျွန်ုပ်နေသည်၊ ညဉ့်သည်မှောင်၍လေပြင်းတိုက်ငြားသော်လည်း၊ ကိုယ်တော်စောင့်ထိန်းမည်ကိုသိ၍ယုံနိုင်သည်၊ ရွေးနုတ်တော်မူ၍သားရင်းဖြစ်သတည်း။ *ref အတောင်တော်အောက်၊ အတောင်တော်မှ၊ မေတ္တာမှခွဲနိုင်အံ့နည်း၊ အတောင်တော်အောက်၊ ကျွန်ုပ်ဝိညာဉ်ခို၊ လုံခြုံအမြဲခိုရာတည်း။ *2 အတောင်တော်အောက်ဝမ်းနည်းစဉ်ခိုလှုံရာပင်၊ ထိုငြိမ်သက်ခြင်းကျွန်ုပ်စိတ်တောင့်တလှ၊ လောကတွင်ခိုကိုးရာမဲ့ဖြစ်သောခါတွင်၊ ထိုမှာနှစ်သိမ့်ခြင်းနှင့်ကောင်းချီးခံရာ။ *3 အတောင်တော်အောက်ဘယ်မျှကြီးသောစည်းစိမ်နည်း၊ သောကများကင်းသည်တိုင်အောင်ခိုကိုးရာ၊ ကွယ်ကာဖုံးအုပ်ဘေးအန္တရာယ်မရောက်တည်း၊ ယေရှု၌ကိုးစားလျှင်အမြဲချမ်းသာ။ === code 222 title ကောင်းပေ၏ဝိညာဉ်ဖို့ကျူး title_original It Is Well With My Soul 1=C 4/4 tune VILLE DU HAVRE 11.8.11.9.Ref. authors_lyric Horatio G. Spafford (1829-1888) authors_music Philip P. Bliss (1838-1876) scriptureReferences Ps.146.1 *1 ငြိမ်သက်ခြင်းမြစ်လိုကျွန်ုပ်ကိုလမ်းပြကာ၊ လာမည်ဝမ်းနည်းခြင်းလှိုင်းကဲ့သို့၊ ဘာဖြစ်သည်မဆိုသင်ပေးသောအရာမှာ၊ ကောင်းပေ၏ကောင်းပေ၏ဝိညာဉ်ဖို့။ *ref ကောင်းပေသည်၊ ဝိညာဉ်ဖို့၊ ကောင်းပေသည်၊ ကောင်းပေသည်၊ ဝိညာဉ်ဖို့။ *2 တစ်ခုမကျန်ရှိရှိပြစ်အားလုံးကိုပင်၊ ကပ်တိုင်၌ရိုက်ထားပြီးလေပြီ၊ ထိုကြောင့်ယခုကျွန်ုပ်၌ပြစ်များကင်းစင်၊ ကျွန်ုပ်ဝိညာဉ်ကိုယ်တော်ချီးမွမ်းမည်။ *3 သန့်ရှင်းသူတောင့်တနေ့လျင်မြန်ရောက်ပါစေ၊ မိုးတိမ်များစာလိပ်လိုလွင့်သွား၊ တံပိုးမှုတ်လျက်ကိုယ်တော်ဆင်းသက်တော်မူချေ၊ ကျွန်ုပ်ဝိညာဉ်ဖို့ကောင်း၏တကား။ === code 223 title ကျောက်ပေါ်မှာတည်ဆောက်မည်ကျူး title_original We'll Build on the Rock 1=G 4/4 authors_lyric F. E. Belden (1858-1945) scriptureReferences Matt.7.24 *1 သက်ရှင်သောကျောက်ပေါ်မှာတည်ဆောက်မည်၊ ယေရှုရှင်မြဲတည်ကျောက်ဖြစ်၏၊ မုန်တိုင်းကျသောအခါတည်းခိုမည်၊ ကြောက်မက်ဖွယ်ဘေးမှလွတ်၏။ *ref ကျောက်ဆောင်မြတ်ပေါ်မှာ၊ ငါတို့တည်ဆောက်ရာ၊ ခိုင်လုံသောခရစ်တော်ကျောက်မြတ်ပေါ်မှာ၊ ကျွန်ုပ်တို့တည်ဆောက်ရာ။ *2 ချို့တို့ကားမမြဲသောသဲပေါ်မှာ၊ လောကဘဏ္ဍာများဖြင့်တည်ဆောက်၊ အချို့ကားအပြစ်လှိုင်းများပေါ်မှာ၊ ကျော်စောစည်းစိမ်ဖြင့်တည်ဆောက်။ *3 အခြေခိုင်ခံ့သောကျောက်မြတ်ပေါ်မှာ၊ ထာဝရဖို့တည်ဆောက်ကြပါ၊ ကယ်တင်ရန်ငါတို့မြော်လင့်ခြင်းသာ၊ မြဲမြံတည်ကြည်ခြင်းဖြစ်ရာ။ === code 224 title ကျောက်ဆူးငါတို့၌ရှိပါကျူး title_original Will Your Anchor Hold? 1=G 4/4 authors_lyric Priscilla J. Owens (1829-1899) authors_music William J. Kirkpatrick (1850-1919) scriptureReferences Heb.6.19 *1 ဤဘဝမုန်တိုင်း၌မိုးတိမ်တိုက်လျှင်၊ သင်၏ကျောက်ဆူးသည်ခိုင်စွာစွဲမည်လော၊ ကြီးသောဒီရေထကျောက်ကြိုးတောင့်လာလျှင်၊ သင့်ကျောက်ဆူးကျွတ်မည်လောခိုင်မည်လော။ *ref လှိုင်းတံပိုးထလျှင်ဝိညာဉ်မြဲစွာ၊ ထိန်းသောကျောက်ဆူးကျွန်ုပ်၌ရှိပါ၊ မလှုပ်သောကျောက်တော်တွင်တည်နေသည်၊ ကယ်တင်ရှင်မေတ္တာ၌တည်မြဲစေသည်။ *2 ခိုင်စွာချည်ထားလျှင်မုန်တိုင်းကိုအောင်မည်၊ ကယ်တင်ရှင်လက်ဖြင့်ကောင်းစွာချည်နှောင်ပြီ၊ နှလုံးတော်မှသင့်နှလုံးထိရှည်သည်၊ ကြိုးများလေတိုက်ခြင်းတုပြိုင်နိုင်ပြီ။ *3 ကျောက်ဆောင်နားရောက်ပြီးပုတ်ခတ်သံပြလျှင်၊ ကြောက်ဖွယ်လက်ကြားရောက်သော်ငြားကိုင်ထားမည်၊ မုန်တိုင်းလေပြင်းရိုက်ဆောင်သွင်းရှာလေလျှင်၊ လှိုင်းတံပိုးကျွန်ုပ်လှေမလွှမ်းပြီ။ *4 အရုဏ်လင်းစဉ်ပုလဲတံခါးတို့တွင်၊ ကျွန်ုပ်တို့ဆိပ်ကမ်းမျက်စိနှင့်မြင်လျှင်၊ ကောင်းကင်လမ်းမှာခိုင်စွာကျောက်ဆူးချကြ၊ လှိုင်းတံပိုးများလွန်ပြီထာဝရ။ === code 225 title ယေရှုနှင့်သာလျှောက်ပါကျူး title_original Keep Step With the Master 1=Db 4/4 authors_lyric Fanny J. Crosby (1820-1915) authors_music W. A. Ogden (1841-1897) scriptureReferences Prov.16.9 *1 ကိုယ်တော်နှင့်တွဲသွားလေ၊ မည်သို့ပင်ဖြစ်စေ၊ သင့်လမ်းမှောက်မိုက်သော်လည်း၊ လမ်းပြချဉ်းကပ်ပါ၊ ရန်သူများသွေးဆောင်နေ၊ အန္တရာယ်နီးလည်း၊ ယေရှုနှင့်သာလျှောက်ပါ၊ ကြောက်ခြင်းကင်းမည်တည်း။ *ref တွဲလျက်သွား၊ ရဲဝံ့စွာချီသွား၊ သင့်သတ္တိ၊ မွေးလော့အားသစ်၊ နေ့စဉ်ယေရှုကယ်ရှင်နှင့်သွား၊ ခရီးတစ်လျှောက်ကိုယ်တော်ပို့ဆောင်မည်။ *2 ကိုယ်တော်နှင့်တွဲလျက်သွား၊ ဘယ်ကိုပဲသွားသွား၊ မှောင်မိုက်ရိပ်လွှမ်းမိုးလည်း၊ လမ်းပြတော်မူမည်၊ ကိုယ်တော်အလင်းတော်သည်၊ လမ်းကိုလင်းစေမည်၊ ခြောက်သွေ့ကန္တာရ၌၊ နှင်းပန်းပွင့်စေမည်။ *3 ကိုယ်တော်နှင့်တွဲလျက်သွား၊ ရပ်တန့်ခြင်းကိုရှောင်၊ ကိုယ်တော်မိန့်သမျှကို၊ မနှေးမြန်ရွက်ဆောင်၊ ကိုယ်တော်ရှင်ခွန်အားဖြင့်၊ ပေးလော့ဖိအားကို၊ ယေရှုနှင့်လျှောက်ခြင်းဖြင့်၊ မှားယွင်းခြင်းကင်းမည်။ === code 226 title ရှေ့ဆောင်မူမည်ကျူး title_original He Leadeth Me 1=C 4/4 authors_lyric J. H. Gilmore (1834-1918) authors_music William B. Bradbury (1816-1868) scriptureReferences Ps.23.2 *1 ရှေ့ဆောင်မူမည်ကတိတော်ထား၊ နှစ်သိမ့်ခြင်းနှင့်ပြည့်စုံတကား၊ ငါပြုမူတိုင်းငါရှိလေရာ၊ ရွှေလက်တော်ဖြင့်ရှေ့ဆောင်မူရှာ။ *ref ရှေ့ဆောင်မူသည်၊ ရှေ့ဆောင်မူသည်၊ ရွှေလက်တော်ဖြင့်ရှေ့ဆောင်မူသည်၊ သစ္စာရှိလျက်နောက်တော်လိုက်မည်၊ လက်တော်မြတ်ဖြင့်ရှေ့ဆောင်မူသည်။ *2 တစ်ခါတလေဆင်းရဲတွေ့ကြုံ၊ တစ်ခါတလေချမ်းသာတွေ့ဆုံ၊ သုခဒုက္ခဖြစ်လေရာရာ၊ ရွှေလက်တော်ဖြင့်ရှေ့ဆောင်မူရှာ။ *3 လက်တော်မြတ်ကိုကိုင်ဆွဲပါမည်၊ ညည်းညူမြည်တမ်းမပြုပါပြီ၊ မည်သို့ဖြစ်လည်းသဘောကျရာ၊ ရွှေလက်တော်ဖြင့်ရှေ့ဆောင်မူကာ။ *4 မြေကြီးကိစ္စပြီးစီးကာလ၊ ကျေးဇူးမြတ်ဖြင့်အောင်မြင်ခြင်းရ၊ သေချိန်ရောက်လည်းကျွန်ုပ်မရှောင်၊ ရှေ့ဆောင်မူပါယော်ဒန်လွန်အောင်။ === code 227 title ငယ်စဉ်ကယ်တင်ရှင်ကိုရှာမည်ကျူး title_original I Will Early Seek the Saviour 1=Ab 3/4 authors_lyric Mrs. L. M. B. Bateman authors_music Fred A. Fillmore (1856-?) scriptureReferences Prov.8.17 *1 ငယ်စဉ်ကယ်တင်ရှင်ကိုရှာမည်၊ နေ့စဉ်ကိုယ်တော်ကိုသိရာ၊ ခြေတော်ရာကိုငါလျှောက်လိုက်မည်၊ ကျဉ်းသောလမ်းကိုလျှောက်လိုက်ရာ။ *ref ချစ်တော်မူပေ၊ ချစ်တော်မူသည်၊ ယေရှုချစ်ကြောင်းကျွန်ုပ်သိ၊ ငါ့ကိုကယ်ရန်သေခံမူပြီ၊ ထိုကြောင့်ကိုယ်တော်ကိုချစ်သည်။ *2 ခိုင်းသောနေရာမြန်စွာသွားမည်၊ သွားရန်ကျွန်ုပ်မငယ်ပါ၊ ပြတော်မူရာလမ်းသို့လိုက်မည်၊ လိုတော်သိရန်မငယ်ပါ။ *3 ပြစ်မျိုးမျိုးလွှတ်ရန်တံခါး၌၊ ကိုယ်တော်ရပ်တန့်နေမူသည်၊ တံခါးခေါက်မည်ကတိအလိုက်၊ ကြား၍ဝင်စေတော်မူမည်။ === code 228 title ယေရှုသိုးထိန်းလိုလမ်းပြသည်ကျူး title_original Saviour, Like a Shepherd 1=Db 4/4 authors_lyric Anon. authors_music William B. Bradbury (1816-1868) scriptureReferences John.10.3 *1 ယေရှုသိုးထိန်းလိုလမ်းပြသည်၊ စောင့်ထိန်းရန်များစွာလိုပါ၊ သာယာမြက်ခင်း၌ကျွေးမွေးသည်၊ ကျွန်ုပ်နေရန်ခြံပြင်ပါ၊ မင်္ဂလာရှိယေရှုသခင်၊ ဝယ်ယူသောကြောင့်သက်ပိုင်ရှင်၊ မင်္ဂလာရှိယေရှုသခင်၊ ဝယ်ယူသောကြောင့်သက်ပိုင်ရှင်၊ *2 ကိုယ်တော်ပိုင်ဖြစ်၍ကူညီပါ၊ ကျွန်ုပ်တို့အားလမ်းပြမူ၊ သိုးစုကိုအပြစ်မှကွယ်ကာ၊ လမ်းလွဲသွားလျှင်လိုက်ရှာမူ၊ သခင်ယေရှုမြတ်မင်္ဂလာ၊ ဆုတောင်းသောခါနားညောင်းပါ၊ သခင်ယေရှုမြတ်မင်္ဂလာ၊ ဆုတောင်းသောခါနားညောင်းပါ။ *3 ဆင်းရဲငြိုငြင်ပြစ်နှင့်ပြည့်လည်း၊ လက်ခံရန်ကတိရှိပေ၊ ကရုဏာနှင့်ချမ်းသာပေးမည်၊ ဆေးကြောပြစ်လွှတ်ရန်စွမ်းလေ၊ သခင်ယေရှုမြတ်မင်္ဂလာ၊ များမကြာပြောင်းလဲစေပါ၊ သခင်ယေရှုမြတ်မင်္ဂလာ၊ များမကြာပြောင်းလဲစေပါ။ === code 229 title ယေရှုရှင်ပို့ဆောင်မူပါကျူး title_original Jesus, Saviour, Pilot Me 1=Ab 3/4 authors_lyric Edward Hopper (1818-1888) authors_music John E. Gould (1822-1875) scriptureReferences Mark.4.39 *1 ကျောက်ဆောင်စီးသောင်လွန်ပေါများ၊ ဧရာလှိုင်းကြီးထလိမ့်လာ၊ အိမ်မြှောင်အိမ်ပင်လယ်ပုံကား၊ ယေရှုကိုယ်တော်မှဖြစ်ပါ၊ ကယ်တင်ရှင်သခင်ဘုရား၊ လမ်းပြပို့ဆောင်တော်မူပါ။ *2 နို့စို့ငိုသံကိုမိခင်၊ တိတ်စေနည်းတူကိုယ်တော်သည်၊ မိုးသက်လှိုင်းတံပိုးသံပြင်း၊ သခင်ငြိမ်သက်စေမူသည်၊ သက်တာပင်လယ်ပိုင်ဘုရား၊ ယေရှုရှင်ပို့ဆောင်မူပါ။ *3 လမ်းဆုံးကမ်းနားနီးကျွန်ုပ်၊ ကြောက်ဖွယ်ရိုက်ခတ်သောလှိုင်းချုပ်၊ လှိုင်းလုံးကြီးကိုမြင်သောခါ၊ ရင်တော်မှီလျက်ငြိမ်သက်စွာ၊ ငါရှိသည်မစိုးရိမ်နှင့်၊ မိန့်တော်ကြားပါစေအရှင်။ === code 230 title ကိုယ်တော်မြတ်နှင့်လျှောက်စေမူပါကျူး title_original O Let Me Walk With Thee 1=G 3/4 tune MORTON 8.8.8.8.8.8. authors_lyric Mrs. L. D. Avery Stuttle (1855-1933) authors_music Edwin Barnes (1864-1930) scriptureReferences Gen.5.22 *1 ရှေးကာလ၌ဧနောက်လိုပင်၊ ကိုယ်တော်မြတ်နှင့်လျှောက်စေမူပါ၊ တုန်သောကျွန်ုပ်လက်ကိုဆွဲငင်၊ မိတ်သဟာယဖွဲ့တော်မူပါ၊ သို့သော်လမ်းမမြင်ဘဲသွားရာ၊ ယေရှုကိုယ်တော်နှင့်လျှောက်စေပါ။ *2 တစ်ကိုယ်တည်းမလျှောက်သွားဝံ့ပါ၊ ကောင်းကင်ယံမှမိုးသက်ဆင်းလာ၊ သွားရာလမ်းတွင်စုံစမ်းခြင်းနှင့်၊ ထောင်သောင်းရန်သူချောင်းနေအသင့်၊ လှိုင်းထပင်လယ်ငြိမ်စေသောရှင်၊ အိုသခင်လျှောက်စေမူအရှင်။ *3 လက်တော်တွင်ကျွန်ုပ်လက်ရောက်လျှင်၊ လောကစည်းစိမ်မျိုးမျိုးပယ်ဖျက်၊ ရဲရင့်မြဲစွဲလျှောက်လိုက်ပါချင်၊ လက်ဝါးကပ်အလံတော်ထမ်းတက်၊ ဇိအုန်တံခါးမြင်သည်တိုင်အောင်၊ ကယ်တင်ရှင်လျှောက်စေမူပို့ဆောင်။ === code 231 title ကပ်တိုင်လမ်းဖြင့်အိမ်ရောက်သည်ကျူး title_original The Way of the Cross Leads Home 1=Ab 4/4 authors_lyric Jesse B. Pounds (1861-1921) authors_music Charles H. Gabriel (1856-1932) scriptureReferences Matt.16.24 *1 ကပ်တိုင်လမ်းဖြင့်သာအိမ်တော်ပြန်ရောက်နိုင်သည်၊ သည့်ပြင်အခြားလမ်းမရှိ၊ ရွှေမြို့တော်တံခါးရှုမြင်စိမ့်သောငှါ၊ ကပ်တိုင်လမ်းအားဖြင့်သာလျှောက်သွား။ *ref ကပ်တိုင်လမ်းဖြင့်အိမ်ရောက်သည်၊ ကပ်တိုင်လမ်းဖြင့်အိမ်ရောက်သည်၊ ကပ်တိုင်လမ်းအကြောင်းသိဖို့ရန်လွန်ကောင်း၊ ကပ်တိုင်လမ်းဖြင့်အိမ်ရောက်သည်။ *2 ကယ်တင်ရှင်လျှောက်ရာလမ်းမှာသွေးစက်ရှိသည်၊ ထိုလမ်းကိုပင်လျှောက်ရမည်၊ ထက်ကောင်းကင်ဘုံမှာဝိညာဉ်စံဖို့ရာ၊ ထိုလမ်းကိုမလွှဲဘဲလျှောက်ပါ။ *3 အိမ်ပြန်ရန်ကျွန်ုပ်ကိုသခင်ခေါ်သောခါ၊ လောကီလမ်းကိုစွန့်ထွက်လာ၊ ထိုကြောင့်ထိုလမ်းမှာ၊ ခုမလျှောက်လိုပါ၊ ကိုယ်တော်သည်အိမ်ဝမှာစောင့်ရှာ။ === code 232 title ကောင်းချီးရေတွက်ကျူး title_original Count Your Blessings 1=Eb 4/4 authors_lyric Johnson Oatman, Jr. (1856-1922) authors_music Edwin O. Excell (1851-1921) scriptureReferences Heb.6.14 *1 မြေကြီးပေါ်မှာဒုက္ခဆင်းရဲရောက်သောခါ၊ မြော်လင့်ခြင်းကင်းစိတ်ပျက်ခြင်းကိုခံရမည်၊ ခံစားရကောင်းချီးမင်္ဂလာရေတွက်ပါ၊ ပြုတော်မူသောကျေးဇူးတော်အံ့ဩလိမ့်မည်။ *ref ကောင်းချီးရေတွက်တစ်ခုနောက်တစ်ခု၊ ပြုတော်မူသောကျေးဇူးရေတွက်မည်၊ ကောင်းချီးရေတွက်တစ်ခုနောက်တစ်ခု၊ ပြုတော်မူသောကျေးဇူးတော်အံ့ဩလိမ့်မည်။ *2 ကြောင့်ကြဝန်ထုပ်ကိုသင်သည်ထမ်းရသလား၊ သင်ထမ်းရသောလက်ဝါးကပ်တိုင်လေးသလား၊ ခံစားရာကောင်းချီးမင်္ဂလာရေတွက်မည်၊ ယုံမှားခြင်းကင်းသီချင်းကိုသင်ဆိုလိမ့်မည်။ *3 ဆင်းရဲဒုက္ခမျိုးမျိုးကိုခံရသောခါ၊ စိတ်မပျက်ရာကိုယ်တော်ကိုသာအားကိုးပါ၊ ခံစားရာကောင်းချီးမင်္ဂလာရေတွက်မည်၊ လမ်းဆုံးတိုင်အောင်သင့်ကိုစောင့်မပို့ဆောင်မည်။ ==== code 233 title ကိုယ်တော်မြတ်၌ဝမ်းမြောက်လော့ကျူး title_original Be Glad in the Lord 1=F 4/4 authors_lyric M. E. Servoss (1849-1906) authors_music J. McGranahan (1840-1907) scriptureReferences Ps.68.3 *1 စိတ်နှလုံးဖြောင့်မတ်သောသူတို့၊ ကိုယ်တော်မြတ်၌ဝမ်းမြောက်ကြလော့၊ ကိုယ်တော်မြတ်ကိုရွေးကောက်သူတို့၊ ဝမ်းနည်းပူပန်ခြင်းပယ်ရှောင်ချေ။ *ref ဝမ်းမြောက်၊ ဝမ်းမြောက်၊ ကိုယ်တော်မြတ်၌ဝမ်းမြောက်ကြလေ၊ ဝမ်းမြောက်၊ ဝမ်းမြောက်၊ ကိုယ်တော်မြတ်၌ဝမ်းမြောက်ကြလေ။ *2 ဝမ်းမြောက်ကြလော့ကိုယ်တော်မြတ်သည်၊ မြေပေါ်ကောင်းကင်ထက်အုပ်စိုးသည်၊ နှုတ်ကပတ်တော်မြတ်အားဖြင့်သာ၊ အုပ်စိုးစီရင်ကယ်တင်မူရှာ။ *3 နေ့ချိန်မှောင်မိုက်ဝိုင်းဝန်းသဖြင့်၊ ညဉ့်ချိန်ကောင်းကင်ဖုံးအုပ်သော်လည်း၊ သင့်ဝိညာဉ်ကြောက်ရွံ့ခြင်းနှင့်ကင်း၊ ဘေးလွန်သည်တိုင်အောင်ယုံရမည်။ *4 ကိုယ်တော်မြတ်၌ဝမ်းသာအေးကျူး၊ ချီးမွမ်းထောမနာပြုကြလေ၊ တူရိယာမျိုးမျိုးနှင့်အေးကျူး၊ ဟာလေလုယသီချင်းဆိုချေ။ === code 234 title အလိုတော်ရှိရာပြုတော်မူပါကျူး title_original Have Thine Own Way, Lord 1=Eb 9/4 authors_lyric Adelaide Pollard (1862-1934) authors_music George C. Stebbins (1846-1945) scriptureReferences Isa.64.8 *1 အလိုတော်ရှိရာပြုတော်မူပါ၊ ကိုယ်တော်ရှင်အိုးထိန်းကျွန်ုပ်အိုးမြေ၊ ကိုယ်တော်ရှင်မြတ်အားစောင့်နေစဉ်ခါ၊ သဘောတော်ရှိတိုင်း၊ ပုံသွင်းလုပ်ပေး။ *2 အလိုတော်ရှိရာပြုတော်မူပါ၊ ယနေ့စုံစမ်း၍စစ်တော်မူပါ၊ ရှေ့တော်မှာနှိမ့်ချ၊ ဒူးထောက်စဉ်ခါ၊ မိုးပွင့်ထက်ဖြူအောင်ဆေးတော်မူပါ။ *3 အလိုတော်ရှိရာပြုတော်မူပါ၊ ဒုက္ခရောက်သည့်ခါမတော်မူပါ၊ တန်ခိုးတော်မဟာကိုယ်တော်၌သာ၊ တို့တော်မူပြီးခါ၊ ချမ်းသာပေးပါ။ *4 အလိုတော်ရှိရာပြုတော်မူပါ၊ ကိုယ်တော်ရှင်မြတ်သာအုပ်စိုးမူပါ၊ ဝိညာဉ်တော်မြတ်နှင့်ပြည့်စေပြီးခါ၊ ခရစ်တော်ဘုရား၊ စိတ်တွင်ကိန်းပါ။ === code 235 title လွန်မသွားပါနှင့်သိမ်မွေ့ရှင်ကျူး title_original Pass Me Not, O Gentle Saviour 1=G 4/4 authors_lyric Fanny J. Crosby (1820-1915) authors_music William H. Doane (1832-1915) scriptureReferences Gen.18.3 *1 လွန်မသွားပါနှင့်သိမ်မွေ့ရှင်၊ လျှောက်သံနားညောင်းလျှင်၊ အခြားသူထံကြွတော်မူစဉ်၊ လွန်မသွားပါနှင့်။ *ref ကယ်တင်ရှင်လျှောက်သံနားညောင်းသဖြင့်၊ အခြားသူထံကြွတော်မူစဉ်၊ လွန်မသွားပါနှင့်။ *2 ကရုဏာပလ္လင်တော်ရင်းတွင်၊ ချမ်းသာခြင်းတွေ့ရ၊ ကြေကွဲစိတ်နှင့်ဒူးထောက်နေစဉ်၊ မယုံခြင်းကယ်မ။ *3 ကုသိုလ်တော်ကိုအားထားလျက်သာ၊ မျက်နှာတော်ရှာရာ၊ ကြေကွဲစိတ်ကိုကျန်းမာစေပါ၊ ကျေးဇူးဖြင့်ကယ်ပါ။ *4 ကိုယ်တော်နှစ်သိမ့်ခြင်းမူလတည်း၊ အသက်ထက်ပို၏၊ ကိုယ်တော်အပြင်ကောင်းကင်မြေကြီး၊ ကျွန်ုပ်၌မရှိ။ === code 236 title မေတ္တာသည်ဝမ်းမြောက်စေသည်ကျူး title_original 'Tis Love That Makes Us Happy 1=Ab 2/4 authors_lyric F. E. Belden (1858-1945) scriptureReferences 1John.3.18 *1 မေတ္တာသည်ဝမ်းမြောက်စေသည်၊ မေတ္တာသည်သင့်တင့်လေ၊ စိတ်ကိုမစကြင်နာစေသည်၊ နေ့စဉ်ခြားသူဖို့ပေ။ *ref ချစ်ဘုရား၊ ကျွန်ုပ်ကားသားသမီး၊ ချစ်ဘုရား၊ ကိုယ်တော်နှင့်တူပေ၊ မေတ္တာသည်ဝမ်းမြောက်စေသည်၊ မေတ္တာသည်သင့်တင့်လေ၊ စိတ်ကိုမစကြင်နာစေသည်၊ နေ့စဉ်ခြားသူဖို့တည်း။ *2 နာခြင်းသေခြင်းလောကလုံး၊ ဝမ်းနည်းအပြစ်ပေါများ၊ ချစ်ခြင်းနှလုံးတာဝန်ကိုသုံး၊ ဝိညာဉ်ရအောင်ကြိုးစား။ *3 ဤအသက်တာကုန်ဆုံးလို့၊ ထက်ပြည်တော်သို့ခေါ်သော်၊ ကျွန်ုပ်သီဆိုထာ၀ရဖို့၊ ယေရှုနှင့်မေတ္တာတော်။ === code 237 title ကိုးစားနားထောင်ကျူး title_original Trust and Obey 1=F 3/4 authors_lyric J. H. Sammis (1846-1919) authors_music Daniel B. Towner (1850-1919) scriptureReferences Ps.84.11 *1 ကိုယ်တော်နှင့်တူလျှောက်လျှင်၊ နှုတ်ကပတ်အလင်းတွင်၊ ကျွန်ုပ်တို့လမ်း၌ဘုန်းထွန်းလင်းသည်၊ ကိုယ်တော်အလိုလိုက်ပေ၊ ကျွန်ုပ်တို့နှင့်နေမည်၊ ကိုးစားနားထောင်သူများတို့နှင့်ပေ။ *ref ကိုးစားနားထောင်၊ အခြားလမ်းမရှိချေ။ ယေရှု၌ပျော်မွေ့လိုလျှင်၊ ကိုးစားနားထောင်ရလေ။ *2 တိမ်မှောင်ရိပ်မရှိရာ၊ ဘေးရန်မျိုးမျိုးကင်းကွာ၊ ကိုယ်တော်၏ပြုခြင်းဖြင့်ပျောက်လွင့်ရာ၊ ယုံမှားကြောက်ရွံ့ကင်းကွာ၊ ညည်းတွားမျက်ရည်ကင်းစွာ၊ ကျွန်ုပ်တို့ကိုးစားနားထောင်စဉ်ခါ။ *3 ကိုယ်တော်မေတ္တာတော်ကို၊ ဘယ်ခါမျှမနှိုင်းဆို၊ ရှိသမျှကိုပလ္လင်တော်ရင်းမှာ၊ ကျေးဇူးများနှင့်ထားခါ၊ ဝမ်းမြောက်ခြင်းကိုပေးစဉ်၊ ကိုးစားနားထောင်သောသူတို့ဖို့ပင်။ *4 မိတ်သဟာယဖွဲ့လေ၊ ခြေတော်ရင်း၌ထိုင်နေ၊ ကိုယ်တော်နှင့်တူနံဘေးမှာလျှောက်မည်၊ ခိုင်းရာကိုပြုလုပ်မည်၊ စေသောရပ်သို့သွားမည်၊ ကိုးစားနားထောင်လျှင်မကြောက်ရပြီ။ === code 238 title ကျွန်ုပ်ဖြောင့်မတ်မည်ကျူး title_original I Would Be True 1=F 4/4 authors_lyric Howard A. Walter (1883-1918) authors_music Joseph Y. Peek (1843-1911) scriptureReferences Prov.20.6 *1 ကျွန်ုပ်ကိုယုံသောသူများကြောင့်ဖြောင့်မတ်မည်၊ ဂရုစိုက်သောသူများကြောင့်သန့်ရှင်းမည်၊ ဆောင်ရွက်ရာများသောကြောင့်ခွန်အားနှင့်ပြည့်မည်၊ ပင်ပန်းခံရန်များသောကြောင့်ရဲရင့်မည်၊ ပင်ပန်းခံရန်များသောကြောင့်ရဲရင့်မည်။ *2 မိတ်ဆွေမဲ့သူနှင့်ရန်သူကိုမိတ်ဖွဲ့မည်၊ စွန့်ကြဲကြောင်းမေ့လျက်စွန့်ကြဲပေးကမ်းမည်၊ ကိုယ်အားနည်းကြောင်းကိုသိ၍စိတ်နှိမ့်ချမည်၊ မျှော်ကြည့်ချစ်ခင်ရွှင်လန်းလျက်ထူပင့်မည်၊ မျှော်ကြည့်ချစ်ခင်ရွှင်လန်းလျက်ထူပင့်မည်။ *3 နှုတ်ကပတ်တွင်ခမည်းတော်သွန်သင်ရာတွေ၊ ကျွန်ုပ်နေ့စဉ်သင်ကြားလျက်နေပါမည်၊ ဖြည်းညင်းသံတော်နားထောင်ရန်အသင့်ရှိပေ၊ ကြားရအမှုချက်ချင်းဆောင်ရွက်ပါမည်၊ ကြားရအမှုချက်ချင်းဆောင်ရွက်ပါမည်။ === code 239 title မီးခွက်တိုင်းထွန်းလင်းနေပါစေကျူး title_original Let Every Lamp Be Burning 1=Eb 3/4 authors_lyric F. E. Belden (1858-1945) scriptureReferences Matt.25.1 *1 မီးခွက်တိုင်းထွန်းလင်းနေပါစေ၊ မှောင်မိုက်ဆုံးချိန်နီးကပ်ပြီ၊ လောကမှောင်မိုက်ဆုံးချိန်ဖြစ်ပေ၊ ကိုယ်တော်ရှင်မပေါ်ထွန်းမီ။ *ref ချစ်မိတ်ဆွေများ၊ မီးခွက်ပြင်လေ၊ ချစ်ကြောက်ခြင်းဖြင့်ပြင်ဆင်နေကြ၊ သခင်ကြွလာချိန်နီးလာပေ၊ မီးခွက်တိုင်းထွန်းလင်းနေစေ။ *2 အိပ်ပျော်လျက်နေကြလူအများ၊ နောက်ဆုံးသတင်းမလေးစား၊ ပြန်ကြွလာမည်ကတိတော်ထား၊ ငါတို့ယုံရမည်တကား။ *3 နှုတ်ကပတ်တော်လမ်းပြပေတည်း၊ မှားယွင်းခြင်းမဖြစ်နိုင်လေ၊ အန္တရာယ်များဝိုင်းထားငြားလည်း၊ ကိုယ်တော်စွန့်ပစ်မထားပေ။ *4 ကောင်းမှုကုသိုလ်များပေါ်လွင်စေ၊ လောကလုံးအရှက်ရလေ၊ နားထောင်ခြင်းသည်အကျိုးများပေ၊ ယုံကြည်စိတ်မြဲမြံနေစေ။ === code 240 title လာသည့်တိုင်စွဲကိုင်ကျူး title_original Hold Fast Till I Come 1=F 3/4 authors_lyric F. E. Belden (1858-1945) scriptureReferences Rev.3.11 *1 ယုံကြည်သူပေါင်းအား၊ ကတိတော်ထားပြီ၊ ငါမြန်စွာလာမည်၊ ငါပိုင်သူများခေါ်မည်၊ လာသည့်တိုင်စွဲကိုင်၊ ဘေးဥပ္လ်ကြီးလှ၊ ခြားသူကဲ့သို့မအိပ်၊ အသင့်စောင့်နေကြ။ *ref လာသည့်တိုင်စွဲကိုင်၊ အထက်မှကတိ၊ နိုင်ငံတော်သစ်၌သင့်ဖို့နေရာရှိ၊ ငါ့ဘုန်းတွင်ဝင်စား၊ ငါ့ပလ္လင်ပေါ်ထိုင်၊ သရဖူများရမည်၊ လာသည့်တိုင်စွဲကိုင်။ *2 မီးခွက်များထွန်းလျက်၊ ဆုတောင်းစောင့်နေမည်၊ အခြားသူများဖို့၊ သူခိုးကဲ့သို့လာသည်၊ နီးသည်ကိုသိ၏၊ နေ့ရက်ကိုမသိ၊ ဆောင်းချိန်ရောက်နွေချိန်ရောက်သည်ကဲ့သို့ဖြစ်၏။ *3 ကျွန်ုပ်တို့မြော်လင့်၊ အမိန့်တော်ပေါ်မှာ၊ ကျွန်ုပ်တို့အရှင်၊ ဘုန်းတော်နှင့်ပေါ်ထွန်းလာ၊ ကတိအားလုံးတွင်၊ အချုပ်အခြာမှာ၊ ငါလျင်မြန်စွာလာမည်၊ လာသည်တိုင်မြဲပါ။ === code 241 title ညီတော်သစ္စာစောင့်ကျူး title_original O Brother, Be Faithful 1=G 4/4 authors_lyric Uriah Smith (1832-1903) authors_music Isaac Woodbury (1819-1858) scriptureReferences Rev.2.10 *1 ညီတော်သစ္စာစောင့်၊ ယေရှုကြွလာလိမ့်မည်၊ ကျွန်ုပ်တို့ကြာစွာမျှော်နေသူ၊ ဘုန်းရှိအိမ်တော်သို့မကြာမီဝင်ရမည်၊ အောင်ပွဲတွင်ကျူးအေးပါဝင်သူ၊ ညီတော်သစ္စာစောင့်၊ ဘာကြောင့်ကျွန်ုပ်တို့သည်၊ ကိုယ်တော်အားသစ္စာမဲ့သနည်း၊ အကြွင်းမဲ့မဟာမေတ္တာပြတော်မူသည်၊ ရွေးနုတ်ရန်သေခံမူသတည်း။ *2 ညီတော်သစ္စာစောင့်၊ သန့်ရှင်းသူတို့အဖို့၊ ရွှေမြို့တော်ကိုပြင်တော်မူပြီ၊ သင်သည်ငြိမ်သက်ခြင်းရရှိရန်ဝင်စေဖို့၊ ပုလဲတံခါးများဖွင့်ထားမည်၊ ညီတော်သစ္စာစောင့်၊ မောပန်းခြင်းဒုက္ခပြည်၊ ဖြစ်သောဤအရပ်မှထွက်မည်၊ ဝမ်းနည်းခြင်းပြည့်သောညဉ့်မှောင်မိုက်ကွယ်တော့မည်၊ ဘုန်းတော်နံနက်ကိုတောင့်တ၏။ *3 ညီတော်သစ္စာစောင့်၊ အနန္တတန်ခိုးရှင်၊ ကောင်းကင်တမန်များခြံရံကာ၊ အောင်ခြင်းပန်းခက်များ၊ ယူဆောင်လျက်မကြာခင်၊ ကောင်းကင်မှဆင်းသက်တော်မူရှာ၊ ညီတော်သစ္စာစောင့်၊ များမကြာဝမ်းမြောက်စွာ၊ ဤသို့ကယ်တင်ရှင်မိန့်မူရာ၊ သာဓုသစ္စာရှိငယ်သားကောင်းငါနှင့်သာ၊ ကောင်းကင်ချမ်းသာသို့ဝင်စားပါ။ *4 ညီတော်သစ္စာစောင့်၊ ထာဝရကာလတွင်၊ သင်၏တည်ကြည်ခြင်းထင်ရှားမည်၊ ခေါင်းပေါ်သရဖူ၊ များတောက်ပမျက်နှာတွင်၊ မျက်ရည်များကိုယ်တော်သုတ်မူမည်၊ ညီတော်သစ္စာစောင့်၊ ကတိတော်မှန်ကန်ပေ၊ တည်ကြည်သစ္စာရှိသောသူသည်၊ ယေရှုနှင့်သန့်ရှင်းဖြူစင်သောသူတို့တွေ၊ ဘုန်းတော်စိုးစံခွင့်ရလိမ့်မည်။ === code 242 title နာရီမသိကျူး title_original We Know Not the Hour 1=Bb 3/4 authors_lyric F. E. Belden (1858-1945) scriptureReferences Matt.24.36 *1 သခင်ပေါ်ထွန်းမည့်ချိန်ကျွန်ုပ်တို့မသိကြ၊ လာချိန်နီးကြောင်းကိုပုဗ္ဗနိမိတ်များဖော်ပြ၊ ပြန်ကြွလာမည်မှာစိတ်ချဖွယ်ကတိတော်ရှိ၊ သို့သော်နာရီမသိ။ *ref ကြွလာမည်၊ ကျွန်ုပ်တို့သင့်စောင့်နေကြ၊ ကြွလာမည်၊ ဟာလေလုယ၊ ဟာလေလုယ၊ ခမည်းတော်ဘုန်းရောင်ခြည်တိမ်နှင့်တကွကြွလာမည်၊ သို့သော်နာရီမသိ။ *2 ကယ်တင်ခြင်းရှာသောသူတို့ဖို့အလင်းရှိသည်၊ ဗျာဒိတ်ရကျမ်းတွင်သစ္စာစကားဖော်ထားသည်၊ အနာဂတ်စကားတိုင်းဆုံးခန်းချိန်ကြီးညွှန်ဘိ၊ သို့သော်နာရီမသိ။ *3 ကျွန်ုပ်မီးခွက်များပြင်လျက်ဆုတောင်းစောင့်နေမည်၊ သခင်ပြန်လာသည်တိုင်အောင်ဆောင်ရွက်စောင့်နေမည်၊ နိမိတ်များမြင်တိုင်းရွှင်စွာသီချင်းဆိုလျက်ရှိ၊ သို့သော်နာရီမသိ။ === code 243 title ယုံခြင်းသည်အောင်ခြင်းတည်းကျူး title_original Faith is the Victory 1=D 6/8 authors_lyric John H. Yates (1837-1900) authors_music Ira D. Sankey (1840-1908) scriptureReferences 1John.5.4 *1 အလင်းတော်တောင်တစ်လျှောက်တပ်ချ၊ ခရစ်ယာန်စစ်သည်ထ၊ နေရောင်မကွယ်မီညဉ့်အစ၊ စစ်ပွဲသို့ချီတက်ကြ၊ ချိုင့်အောက်ရှိရန်သူများတို့အားစွမ်းအားရှိတိုက်ကြရာ၊ လောကကိုအောင်ခြင်းအရာမှာ၊ ယုံကြည်ခြင်းသာဖြစ်ပါ။ *ref ယုံခြင်းသည်အောင်ခြင်းတည်း၊ ယုံခြင်းသည်အောင်ခြင်းတည်း၊ အိုဘုန်းကြီးသောအောင်ခြင်းသည်၊ လောကကိုအောင်ခြင်းတည်း။ *2 ကိုယ်တော်အောင်လံမေတ္တာဖြစ်သည်၊ ကျမ်းစာကျွန်ုပ်ဓါးတည်း၊ သန့်ရှင်းသူတို့နင်းသောလမ်းကို၊ အောင်လံများနှင့်လျှောက်လို၊ ယုံကြည်ခြင်းအားဖြင့်သူတို့သည်လေပြင်းကဲ့သို့အောင်သည်၊ သေမင်းကိုအောင်သည်ယုံကြည်သူ၊ ငါတို့ဒိုင်းလွှားဖြစ်မူ။ *3 ရန်သူများကိုရပ်တိုင်းတွေ့မှာ၊ ကြောက်မက်ဖွယ်စီတန်းနေ၊ ပေါ့လျော့ခြင်းများစွန့်လွှတ်ထားပါ၊ စစ်ပွဲသို့ချီတက်လေ၊ ကယ်တင်ခြင်းသံခမောက်ဆောင်းပါသစ္စာခါးပန်းစည်းလေ၊ ငါတို့ခြေသံကြွေးကြော်သံမှာ၊ မြေကြီးပဲ့တင်ခတ်စေ။ *4 ရန်သူကိုအောင်မြင်သောသူအား၊ ဖြူဝတ်ရုံကိုပေးမည်၊ ကောင်းကင်တမန်အပေါင်းရှေ့တွင်၊ သူ့နာမဖော်ပြမည်၊ အလင်းတောင်မှရှေ့သို့တိုးတက်မေတ္တာစိတ်ရွှင်လန်းရ၊ ယေရှုအောင်မြင်နာမတော်မြတ်၊ ညတပ်ကိုအောင်မြင်ကြ။ === code 244 title သူရဲကဲ့သို့ရပ်ကျူး title_original Stand Like the Brave 1=G 3/4 authors_lyric Fanny J. Crosby (1820-1915) authors_music W. B. Bradbury (1816-1868) & P. Phillips (1834-1895) scriptureReferences Eph.6.17 *1 ခရစ်ယာန်နိုးလော့၊ သခင်မိန့်တော်ဖြစ်ပေ၊ သံခမောက်ဒိုင်းလွှားနှင့်ဓါးများလက်စွဲလေ၊ မာရ်နတ်နှင့်ပြိုင်ရန်ရဲရင့်စွာချီတက်ကြ၊ သူရဲကဲ့သို့ရပ်ရန်သူဘက်သို့လှည့်ကြ။ *ref သူရဲကဲ့သို့၊ ရပ်တန့်နေလျက်၊ သူရဲကဲ့သို့၊ ရန်သူဘက်မျက်နှာလှည့်။ *2 ဘေးနှင့်ကြုံကြိုက်သော်သတိပြုဖို့ရန်မှာ၊ နောက်သို့မလှည့်ရာကွယ်ကာရာမရှိပါ၊ ထောင်သောင်းသောမှောင်တပ်ကိုသင်အောင်လိုမူက၊ သူရဲကဲ့သို့ရပ်ရန်သူဘက်သို့လှည့်ကြ။ *3 သခင်အမှုကိုစိတ်အားကြီးစွာခုခံ၊ စိတ်ထက်သန်လျက်စောင့်အဆုံးတိုင်အောင်တိုက်လှန်၊ ကိုယ်တော်ရှေ့ဆောင်လျှင်စွမ်းသတ္တိနှင့်တက်ရ၊ သူရဲကဲ့သို့ရပ်ရန်သူဘက်သို့လှည့်ကြ။ *4 သင့်ဗိုလ်ချုပ်နီး၏ကျေးဇူးပြုတော်မူမည်၊ ယုံမှားကင်းလျက်တိုးနှစ်သိမ့်ဝမ်းသာစေမည်၊ မေတ္တာတော်ကန္တာရတွင်မြစ်လိုစီးကျ၊ သူရဲကဲ့သို့ရပ်ရန်သူဘက်သို့လှည့်ကြ။ === code 245 title တက်ကြခရစ်ယာန်စစ်သည်ကျူး title_original Onward, Christian Soldiers 1=D 4/4 tune ST. GERTRUDE 6.5.6.5.D.Ref. authors_lyric Sabine Baring-Gould (1834-1924) authors_music Arthur S. Sullivan (1842-1899) scriptureReferences Matt.28.19 *1 တက်ကြခရစ်ယာန်စစ်သည်၊ တိုက်ဖို့ချီသည်နည်း၊ ယေရှုကပ်တိုင်ထမ်းပြီး၊ ရှေ့တက်စိတ်အားကြီး၊ ရန်သူတွေ့အောင်ခရစ်တော်၊ ကိုယ်တိုင်ကြွနှင့်သော်၊ စစ်ပွဲထဲသို့ဝင်လေ၊ အလံတော်ကြည့်ပေ။ *ref တက်ကြခရစ်ယာန်စစ်သည်၊ တိုက်ဖို့ချီသည်နည်း၊ ယေရှုကပ်တိုင်ထမ်းပြီး၊ ရှေ့တက်စိတ်အားကြီး။ *2 အားကြီးဗိုလ်ပါများလို၊ ခရစ်အသင်းသား၊ ရှေးသန့်ရှင်းသူများကိုခြေရာလိုက်၍သွား၊ ကွဲပြားဝါဒကင်းကာ၊ ကိုယ်တစ်ကိုယ်တည်းသာ၊ တသမျှော်လင့်ခြင်းပွား၊ မေတ္တာစိတ်တစ်ပါး။ *3 မင်းစိုးအာဏာရွှေ့သွား၊ တိုင်းပြည်ပေါ်ပျောက်ချေ၊ ယေရှုနိုင်ငံတော်ကား၊ မြဲတည်နေရလေ၊ မာရ်နတ်ဆိုး၏နိုင်ငံ၊ အောင်ခွင့်လျှင်းပယ်ရှား၊ ခရစ်ကိုယ်တိုင်မိန့်သံ၊ မြဲကတိတော်ထား။ *4 လူမျိုးပေါင်းတို့ရှေ့တက်၊ ကျွန်ုပ်တို့နှင့်ရော၊ အသံချင်းပေါင်းဆိုလျက်၊ အောင်မြင်သီချင်းအော်၊ အရှင်မင်းခရစ်တော်၊ ဘုန်းကြီးပါစေသော်၊ လူနှင့်ကောင်းကင်သားတွေ၊ အစဉ်သီဆိုလေ။ === code 246 title စစ်တိုက်သံကြွေးကြော်ကျူး title_original Sound the Battle Cry 1=Ab 4/4 tune 10.8.10.9.Ref authors_lyric William F. Sherwin (1826-1888) scriptureReferences Isa.59.19 *1 စစ်တိုက်သံကြွေးကြော်၊ ရန်သူနီးကြည့်လေ၊ မြင့်မားစွာမြှောက်ကိုင်အလံတော်၊ စစ်တန်ဆာဝတ်စေ၊ ရဲရင့်စွာရပ်လော့၊ နှုတ်ကပတ်တော်မြတ်ယုံလျက်တိုက်လော့။ *ref ထလော့စစ်သည်၊ အလံတော်ကိုဝိုင်းလော့၊ အသင့်ရှိလော့၊ လူတိုင်းအားပြောပါ၊ ရှေ့သို့တိုးလျက်ဟောရှဏ္ဏကြွေးကြော်လော့၊ ယေရှုရှင်စစ်ဗိုလ်ချုပ်ကြီးဖြစ်ပါ။ *2 ရန်သူကိုတွေ့ဖို့၊ ရှေ့သို့တိုးတက်စို့၊ ကျွန်ုပ်တို့အမှုအောင်မြင်မည်၊ ဒိုင်းလွှားအောင်လံချီ၊ အလင်းတွင်တောက်ပ၊ အမှန်တို့စစ်တိုက်လျှင်စဉ်အောင်ရ။ *3 ကောင်းကင်ရှင်ဘုရား၊ နားညောင်းတော်မူပါ၊ ကရုဏာတော်ဖြင့်မစပါ၊ စစ်မှုပြီးသောခါ၊ စစ်ပွဲအောင်သောခါ၊ ရှေ့တော်မှာသရဖူကိုပေးပါ။ === code 247 title ထွက်ကြ၊ ယေရှုဖို့တိုက်ကြကျူး title_original Stand Up! Stand Up for Jesus! 1=Ab 4/4 tune WEBB 7.6.7.6.D. authors_lyric George Duffield (1818-1888) authors_music George J. Webb (1803-1887) scriptureReferences Isa.59.19 *1 ထွက်ကြယေရှုဖို့တိုက်ကြ၊ ကပ်တိုင်စစ်သူရဲများ၊ အလံတော်ကိုချီမြှောက်ကြ၊ ရှုံးခြင်းမခံစေသား၊ အောင်မြင်ခြင်းမှအောင်သည့်တိုင်၊ တပ်တော်ဆောင်ပို့မူမည်၊ ရန်သူတိုင်းရှုံးနိမ့်သည့်တိုင်၊ ဗိုလ်ချုပ်ယေရှုလိုက်မည်။ *2 ထွက်ကြယေရှုဖို့တိုက်ကြ၊ တံပိုးမှုတ်သံနားထောင်၊ စစ်ပွဲတွင်တိုက်ရန်ချီကြ၊ ဤနေ့တွင်စစ်ပွဲအောင်၊ တပ်တော်တွင်စစ်မှုထမ်းကြ၊ ရန်သူတို့များပြားပါ၊ ဘေးရောက်သည့်ခါရဲရင့်မှာ၊ အားချင်းဆိုင်၍တိုက်ကြ။ *3 ထွက်ကြယေရှုဖို့တိုက်ကြ၊ ကိုယ်တော်မြတ်အားနှင့်သာ၊ သင်၏အားကိုကိုးစားက၊ ဧကန်ရှုံးမည်မှတ်ပါ၊ ဧဝံဂေလ္လိုင်းလွှားဆောင်၊ ဆုတောင်းလျက်စောင့်နေပါ၊ တာဝန်ချပေးသော်ရွက်ဆောင်၊ အစဉ်အသင့်ရှိရာ။ *4 ထွက်ကြယေရှုဖို့တိုက်ကြ၊ တိုက်ခြင်းမကြာစေရာ၊ ယနေ့တိုက်ခိုက်သံကြားရ၊ နက်ဖြန်အောင်သံကျူးမှာ၊ အောင်မြင်လေသောစစ်သားအား၊ သက်သရဖူပေးမည်၊ ဘုန်းကြီးဘုရင်၏အပါး၊ အစဉ်စိုးစံရမည်။ === code 248 title ဘုရားသခင်၌ခိုင်ခံ့လော့ကျူး title_original Be Ye Strong In the Lord 1=G 4/4 authors_lyric D. W. Whittle (1840-1901) authors_music Ira D. Sankey (1840-1908) scriptureReferences Eph.6.10 *1 ဘုရားတန်ခိုးတော်၌ခိုင်ခံ့ခြင်းရှိကြလော့၊ နှုတ်ကပတ်သမ္မာတရားစွဲကိုင်လေ၊ သင့်ကိုစောင့်ထိန်းလိမ့်မည်၊ ရန်သူလက်မှကယ်နုတ်၍၊ နာမတော်အားဖြင့်အောင်ပွဲခံရမည်။ *ref ခိုင်ခံ့စွဲတည်မြဲလော့၊ မိန့်တော်မူသံကိုနားထောင်လျှောက်လိုက်၊ နာခံလျက်ရှေ့တက်ကြစို့၊ ကတိတော်၌မြဲတည်လျက်၊ တန်ခိုးတော်၌ခိုင်ခံ့ခြင်းရှိလော့။ *2 ဘုရားတန်ခိုးတော်၌ခိုင်ခံ့ခြင်းရှိကြလော့၊ နောက်မဆုတ်ဘဲရှေ့တက်၍စစ်ချီလေ၊ သင့်ကိုစောင့်ထိန်းလိမ့်မည်၊ ရန်သူလက်မှကယ်နုတ်၍၊ တန်ခိုးတော်အားဖြင့်ရှေ့သို့စစ်ချီလော့။ *3 ဘုရားတန်ခိုးတော်၌ခိုင်ခံ့ခြင်းရှိကြလော့၊ ကတိတော်လာသည့်တိုင်ရှုံးခြင်းမရှိ၊ လက်တော်ဖြင့်စွဲကိုင်မည်၊ ရန်သူလက်မှကယ်နုတ်၍၊ နှုတ်ကပတ်တော်တိုင်းတည်မြဲခြင်းရှိလော့။ === code 249 title လှိုင်းကြီးယော်ဒန်ကမ်းတွင်ကျူး title_original On Jordan's Stormy Banks 1=Eb 4/4 authors_lyric Samuel Stennet (1727-1795) authors_music Tullius C. O'Kane (1830-1912) scriptureReferences Heb.11.16 *1 လှိုင်းကြီးယော်ဒန်ကမ်းတွင်ရပ်စဉ်၊ ကျွန်ုပ်ဘဏ္ဍာရှိရာ၊ ခါနာန်ပြည်တော်တင့်တယ်ပျော်ရွှင်၊ ကျွန်ုပ်လွန်တောင့်တပါ။ *ref တင့်တယ်ပျော်ရွှင်ပြည်တော်တွင်တွေ့ဆုံမည်၊ မြဲစိမ်းလန်းသာယာကမ်းတစ်ဖက်မှာ၊ မောရှေနှင့်သိုးသငယ်သီချင်းထပ်ခါဆိုမည်၊ ယေရှုနှင့်အစဉ်နေကြရာ။ *2 ကျယ်ပြန့်လွင်ပြင်တစ်လျှောက်လုံးတွင်၊ ထာဝရကာလတည်း၊ ခရစ်နေမင်းမြဲစိုးစံလျှင်၊ ညဉ့်မှောင်ရိပ်ကွယ်ပျောက်ပြီ။ *3 ဘယ်ခါထိုပျော်ဖွယ်ပြည်ရောက်အံ့၊ အစဉ်ကောင်းချီးခံရန်၊ ဘယ်ခါမျက်နှာတော်ဖူးရအံ့၊ နိုင်ငံတော်ဝင်စားရ။ *4 ဝမ်းမြောက်ရွှင်မြူးစိတ်နှင့်ပြည့်ဝ၊ ဤလောကစွန့်ခွာမည်၊ ယော်ဒန်လှိုင်းလုံးများလွန်စွာထ၊ ရဲရင့်စွာဖြတ်သွားမည်။ === code 250 title ကယ်တင်ရှင်နောက်တော်လိုက်ပါမည်ကျူး title_original I Will Follow Thee 1=Ab 3/4 tune LAWSON 8.7.8.7.Ref. authors_lyric James L. Elginburg (1886) scriptureReferences Luke.9.61 *1 ကယ်တင်ရှင်နောက်တော်လိုက်ပါမည်၊ အရပ်ရပ်သို့ရောက်သော်လည်း၊ ကြွသောလမ်းရှိသမျှလိုက်မည်၊ သခင်နောက်တော်လိုက်ပါမည်။ *ref ကယ်တင်ရှင်နောက်တော်လိုက်ပါမည်၊ ကျွန်ုပ်တွက်သွေးတော်သွန်းပြီ၊ လူအပေါင်းစွန့်ပစ်ငြားသော်လည်း၊ ကျေးဇူးတော်ဖြင့်လိုက်ပါမည်။ *2 လမ်း၌ကျောက်ခဲဆူးတွေ့သော်လည်း၊ ပင်လယ်ကဲ့သို့ခြေရာကင်း၊ ဤလမ်းကိုကိုယ်တော်လျှောက်သတည်း၊ နောက်တော်သို့ဝမ်းမြောက်စွာချဉ်း။ *3 ဒုက္ခသွေးဆောင်စုံစမ်းပါစေ၊ ကျွန်ုပ်များစွာတွေ့သော်လည်း၊ သွေးဆောင်ခံတော်မူခြင်းအောက်မေ့၊ သာယာစွာနောက်တော်လိုက်မည်။ *4 ငါသည်ညှဉ်းဆဲဒုက္ခလမ်းတွင်၊ ဆင်းရဲစွန့်ပစ်ခြင်းခံစဉ်၊ ကိုယ်တော်နောက်ခိုကိုးရာမဲ့ငြား၊ ကိုယ်တော်နောက်သာလိုက်ပါမည်။ === code 251 title အထက်အရပ်ကျူး title_original Higher Ground 1=A 3/4 tune L.M.Ref. authors_lyric Johnson Oatman, Jr. (1856-1922) authors_music Charles H. Gabriel (1856-1932) scriptureReferences Mic.4.2 *1 ကျွန်ုပ်ထက်လမ်းသို့တက်နေသည်၊ အစဉ်အထက်သို့တက်နေသည်၊ လမ်းဆုံးရောက်ရန်ကြိုးစားသောခါ၊ ကျွန်ုပ်ကိုမြင့်ရပ်မှာထားပါ။ *ref ယုံကြည်ခြင်းဖြင့်၊ မြင့်နေရာမှာ၊ ကျွန်ုပ်ကိုချီ၍ရပ်စေပါ၊ ရောက်ခဲ့သည်ထက်မြင့်နေရာမှာ၊ ကျွန်ုပ်ကိုမြင့်ရပ်မှာထားပါ။ *2 ယုံမှားကြောက်ရွံ့ခြင်းများနေရာ၊ နေရန်ကျွန်ုပ်စိတ်မရှိပါ၊ တချို့ဤသို့လိုရှိသော်လည်း၊ ကျွန်ုပ်ထက်တက်ရန်ဆုတောင်းသည်။ *3 စာတန်ကျွန်ုပ်ကိုမျှားသော်လည်း၊ မြင့်သောအရပ်၌နေချင်သည်၊ ထက်ရပ်သန့်ရှင်းသူများနှင့်လေ၊ အောင်မြင်သီချင်းကိုကျူးချင်ပေ။ *4 အမြင့်ဆုံးနေရာတက်ချင်ပြီ၊ ဘုန်းရောင်ခြည်တော်ကိုမြင်ချင်သည်၊ ကောင်းကင်အိမ်တော်ရောက်သည်တိုင်အောင်၊ ကိုယ်တော်အထက်ရပ်သို့ပို့ဆောင်။ === code 252 title မကြာမီအိမ်တော်သို့သွားကြမည်ကျူး title_original In a Little While We're Going Home 1=Eb 4/4 tune 12.9.12.9.Ref. authors_lyric Eliza E. Hewitt (1851-1920) scriptureReferences Rev.21.4 *1 လမ်းတစ်လျှောက်ငါတို့ပျော်ရွှင်စွာသီဆိုသွားကြ၊ မကြာမီအိမ်တော်သို့သွားကြမည်၊ ထာဝရနေ့ရောက်ညဉ့်မှောင်ရိပ်များပျောက်ကွယ်ရ၊ မကြာမီအိမ်တော်သို့သွားကြမည်။ *ref မကြာမီကာလ၊ မကြာမီကာလ၊ လှိုင်းတံပိုးကျော်သွားကြမည်၊ မုန်တိုင်းလွန်သွားလျှင်အားလုံးနောင်ခါတွေ့ဆုံကြ၊ မကြာမီအိမ်တော်သို့သွားကြမည်။ *2 ကိုယ်တော်ရှင်အပ်ထားမှုရှိသမျှဆောင်ရွက်စို့၊ မကြာမီအိမ်တော်သို့သွားကြမည်၊ ကျေးဇူးတော်မြတ်ဖြင့်နေ့စဉ်ခွန်အားရရှိဖို့၊ မကြာမီအိမ်တော်သို့သွားကြမည်။ *3 ခရီးပန်းသူများအတွက်လမ်းပြင်ပေးလတ္တံ့၊ မကြာမီအိမ်တော်သို့သွားကြမည်၊ မေတ္တာရှင်သခင်ကရုဏာနှင့်စောင့်ရှောက်အံ့၊ မကြာမီအိမ်တော်သို့သွားကြမည်။ *4 စိုးရိမ်ခြင်းအပေါင်းတို့မှချမ်းသာရကြရာ၊ မကြာမီအိမ်တော်သို့သွားကြမည်၊ လှပထွန်းတောက်မြို့တော်တွင်မျက်ရည်ကင်းရှင်းပါ၊ မကြာမီအိမ်တော်သို့သွားကြမည်။ === code 253 title ကောင်းကင်ကိုရောက်ရှိချိန်ခါကျူး title_original When We All Get to Heaven 1=Bb 4/4 tune 8.7.8.7.Ref. authors_lyric Eliza E. Hewitt (1851-1920) authors_music Emily D. Wilson (1865-1942) scriptureReferences John.14.2 *1 ယေရှုအံ့ဖွယ်မေတ္တာတော်နှင့်၊ ကျေးဇူးကရုဏာချီးမွမ်း၊ ထွန်းတောက်အိမ်မင်္ဂလာရှိမှာ၊ နေရာများပြင်ဆင်လျက်ထား။ *ref ကောင်းကင်ကိုရောက်ရှိချိန်ခါ၊ မည်မျှဝမ်းသာပျော်ရွှင်နေ့ဖြစ်မည်နည်း၊ ယေရှုအားဖူးတွေ့မည်၊ အောင်မြင်ခြင်းဟစ်ကြွေးသီဆိုမည်။ *2 ဘုရားဖူးလမ်းလျှောက်သွားစဉ်ခါ၊ ကောင်းကင်မိုးတိမ်များကွယ်လာ၊ ခရီးလမ်းဆုံးနေ့များလွန်သွား၊ မှောင်ရိပ်ညည်းတွားမရှိရာ။ *3 နေ့စဉ်ကိုးစားဆက်ကပ်သက်ရှင်၊ မှန်ကန်ယုံကြည်ခြင်း၌တည်၊ ဘုန်းတော်ခဏမျှမြင်ရလျှင်၊ ပင်ပန်းရာပျော်ရွှင်နိုင်မှာ။ *4 ရှေ့မှာဆုလာဘ်မရောက်မီတိုင်၊ မကြာမီတင့်တယ်ခြင်းဖို့၊ ပုလဲတံခါးဖွင့်မည်မကြာ၊ လျှောက်လှမ်းသွားမည်ရွှေစင်လမ်း။ === code 254 title ကောင်းကင်ကြယ်ပမာထွန်းလင်းမည်ကျူး title_original We Shall Shine as the Stars 1=Ab 6/4 authors_lyric J. W. V. (1855-1939) scriptureReferences Dan.12.3 *1 လောကမှာခေတ္တဧည့်ပမာနေကာ၊ ဘေးလူများသတိမမူလည်း၊ ကောင်းကင်မှာကယ်တင်ရှင်သရဖူပေးမှာ၊ ထွန်းလင်းမည်ကောင်းကင်ကြယ်ပမာ။ *ref ထွန်းလင်းမည်ငါတို့မိုးသောက်ကြယ်ပမာ၊ ကပ်တိုင်တင်ခံယေရှုနှင့်သာ၊ ထမြောက်သောသူနှင့်တူမည်ထာ၀ရ၊ နေလိုထွန်းတောက်မည်စဉ်ကာလ။ *2 လောကဥစ္စာမချမ်းသာဖူးသော်လည်း၊ ကျော်စောကိတ္တိမဖြစ်ဖူးလည်း၊ သူတော်စင်ဆုလာဘ်ချမ်းသာရမည်တည်း၊ ဧမာနွေလနာမတော်၌။ *3 ငါတို့သည်တဲကုပ်နှင့်နေရငြားလည်း၊ လူသူမသိထီးကျန်သော်လည်း၊ လျှို့ဝှက်လည်းခမည်းတော်တွေ့မြင်ပေသည်၊ သူ့ပိုင်သူတိုင်းအောက်မေ့ပေသည်။ === code 255 title မင်္ဂလာများလိုရှိသလားကျူး title_original Would You Win a Saviour's Blessing? 1=D 6/8 authors_lyric Fanny J. Crosby (1820-1915) authors_music Theodore E. Perkins (1831-1912) scriptureReferences Luke.6.38 *1 မင်္ဂလာများလိုရှိသလား၊ ရက်ရောစွာလှူပါ၊ မှုတော်ကြီးပွားစေလိုသလား၊ ရက်ရောစွာလှူပါ၊ မေတ္တာဓာတ်နှင့်ပြည့်ဝစေ၊ ရက်ရောစွာလ္လှူgန်းပါလေ၊ မိန့်တော်တိုင်းလျှောက်လိုက်လိုမူ၊ ရက်ရောစွာလှူပါ။ *2 ဝမ်းမြောက်လိုတူစိတ်သဘောဖြူ၊ ရက်ရောစွာလှူပါ၊ နှင်းပေါက်ပမာစက်ကျလိုမူ၊ ရက်ရောစွာလှူပါ၊ ကိုယ်တော်ရှေ့၌မြတ်လှပေ၊ တတ်နိုင်သမျှလှူပါလေ၊ လှူသမျှကျေးဇူးဆပ်မှာ၊ ရက်ရောစွာလှူပါ။ *3 သတင်းကောင်းကိုပြန့်ကြဲစေဖို့၊ ရက်ရောစွာလှူပါ၊ ရောင်ခြည်တော်ကိုမြန်စွာလင်းဖို့၊ ရက်ရောစွာလှူပါ၊ ရိတ်သိမ်းချိန်ရောက်လာသောခါ၊ ဆုလာဘ်အများလိုရှိမှာ၊ မိန့်တော်မူသမျှနာကာ၊ ရက်ရောစွာလှူပါ။ === code 256 title ဒံယေလကိုထောက်၍နှိုးဆော်ကျူး title_original Standing By a Purpose True 1=Ab 2/4 authors_lyric Philip P. Bliss (1838-1876) scriptureReferences Dan.1.8 *1 ပညတ်တော်တိုင်းလိုက်လျှောက်ကြ၊ သေရည်သေရက်ကို၊ ချီးမွမ်းရှောင်ဝံ့ဒံယေလ၊ သာဓုခေါ်ကြစေလို။ *ref တစ်ယောက်တည်းနေသော်လည်း၊ ဒံယေလကဲ့သို့၊ ယစ်မျိုးရွှေရည်မြဲရှောင်ကြဉ်၊ ကြားပြောဝံ့ကြစို့။ *2 ဒံယေလကဲ့သို့မပြု၊ ရဲရင့်စွာမနေ၊ ရှက်ကြောက်ခြင်းသဘောရှိသူ၊ ပျက်စီးခြင်းသို့ရောက်လေ။ *3 လောဘဒေါသမောဟတို့၊ မိုက်မဲစွာစွဲလည်း၊ ဒံယေလနည်းလိုက်သူတို့၊ တိုက်လျှင်ကွယ်ပျောက်စေတည်း။ *4 စာတန်ဗိုလ်ခြေမကြောက်ရန်၊ ဒံယေလအောက်မေ့၊ ဧဝံဂေလိမြတ်အလံ၊ ခိုလှုံအောင်မြင်ကြလေ။ === code 257 title သွေးဆောင်လျှင်မပါနှင့်ကျူး title_original Yield Not to Temptation 1=Bb 6/4 authors_lyric Horatio R. Palmer (1834-1907) scriptureReferences Prov.1.10 *1 သွေးဆောင်လျှင်မပါနှင့်၊ ပါလျှင်အပြစ်ပေ၊ သင်တစ်ခါအောင်သဖြင့်၊ နောက်တစ်ခါအောင်ပေ။ ရဲရင့်စွာတိုးတက်လေ၊ တပ်မက်ခြင်းချုပ်ရာ၊ ယေရှုကိုစဉ်ကြည့်ပေ၊ သင့်ဆုံးတိုင်ပို့မှာ။ *ref နှစ်သိမ့်အားပေးတည်ကြည်ရန်၊ ကယ်တင်ရှင်ထံဆုတောင်းပါ၊ ကိုယ်တော်လိုတော်မစရန်၊ သင့်ကိုဆုံးတိုင်ပို့မှာ။ *2 မကောင်းမိတ်ရှောင်ရှားလေ၊ စကားယုတ်ရွံရှာ၊ ဘုရားနာမရိုသေ၊ မုသားမသုံးရာ၊ သတိစိတ်အားကြီးစွာ၊ သစ္စာရှိစိတ်ရှည်၊ ယေရှုကိုစဉ်ကြည့်ပါ၊ သင့်ဆုံးတိုင်ပို့မှာ။ *3 အောင်မြင်လေသောသူကို သရဖူပေးမည်၊ ယုံခြင်းဖြင့်အောင်မြင်လို၊ မကြာရှုံးသော်လည်း၊ ကျွန်ုပ်တို့အရှင်သာ၊ အားအသစ်ပေးမည်၊ ယေရှုကိုစဉ်ကြည့်ပါ၊ သင့်ဆုံးတိုင်ပို့မှာ။ === code 258 title အောင်လံလွင့်ထူလေကျူး title_original Raise the Standard High 1=G 4/4 authors_lyric F. E. Belden (1856-1945) authors_music D. S. Hakes scriptureReferences Isa.62.10 *1 အောင်လံလွင့်ထူလေ၊ လူစုသံကြွေးကြော်၊ ဆိုးသွမ်းလောကကျဆုံးစေ၊ ရည်မှန်းချက်မှန်သော်ဆန္ဒပြင်းပြစေ၊ လွတ်လပ်သူတို့လာကြလေ။ *ref သေရည်ရှောင်အောင်လံလွင့်လေ၊ စစ်ချီသံကြွေးကြော်ကြပါ၊ ဆိုးသွမ်းလောကကျဆုံးစေ၊ လွတ်လပ်သူတို့လာကြလေ။ *2 ပင်လယ်နှင့်ကုန်းတွင်၊ ကျပ်တည်းစည်းမျဉ်းသုံး၊ မင်းတရားကြီးအုပ်စိုးလျှင်၊ သူ့တန်ခိုးကျဆုံးငြိမ်သက်ခေတ်အတည်၊ ရွှေခေတ်ဝင်ရောက်လာချေမည်။ *3 မှန်ကန်ခြင်းအောင်မြင်၊ ဆိုးညစ်ခြင်းကျဆင်း၊ ကြာရှည်ကြမ်းတမ်းတိုက်ပွဲတွင်၊ မူးယစ်ဆေးဝါးရှောင်အောင်ပွဲခံကြမည်၊ လွတ်လပ်ပျော်ရွှင်စွာနေမည်။ === code 259 title တရားတော်အောင်မြင်နေကျူး title_original His Truth is Marching On 1=Bb 4/4 tune BATTLE HYMN 15.15.15.6.Ref. authors_lyric Julia Ward Howe (1819-1910) authors_music Arr. from camp meeting song scriptureReferences Ps.76.12 *1 ကိုယ်တော်ဘုန်းတော်ဖြင့်ကြွသည်ကိုကျွန်ုပ်မျက်စိဖြင့်မြင်ပြီ၊ အမျက်ဒေါသစပျစ်ရည်သိုထားရာကိုနင်းချေလေပြီ၊ လျင်မြန်ကြောက်ဖွယ်ဖျက်ဆီးတတ်သည့် လျှပ်စစ်ပြက်ဓါးစေလွှတ်ပြီ၊ တရားတော်အောင်မြင်နေ။ *ref ဘုန်းတော်၊ ဘုန်းတော်၊ ဟာလေလုယ၊ ဘုန်းတော်၊ ဘုန်းတော်၊ ဟာလေလုယ၊ ဘုန်းတော်၊ ဘုန်းတော်၊ ဟာလေလုယ၊ သမ္မာတရားအောင်နေ။ *2 နောက်သို့ဆုတ်ရန်အမိန့်မပေးဖူးသည့်တံပိုးမှုတ်လေပြီ၊ ပလ္လင်ရှေ့၌လူတို့စိတ်ကိုဆန်ခါချ၍စစ်လေပြီ၊ အိုငါ့ဝိညာဉ်အမြန်ဖြေပေး၊ အိုငါ့ခြေတို့အောင်မြင်လေ၊ ဘုရားချီတက်နေသည်။ *3 ပင်လယ်ရပ်ခြားနှင်းပန်းလှကြား၌ခရစ်တော်ဖွားမြင်ပြီ၊ ရင်ခွင်တော်ရှိဘုန်းသည်ငါတို့ကိုဘုန်းရောင်ထင်ရှားစေပြီ၊ သန့်ရှင်းစေရန်သေခံနည်းတူ၊ လူသားလွတ်ဖို့သက်ရှင်စို့၊ ဘုရားချီတက်နေစဉ်။ === code 260 title အိမ်ထောင်မှာမေတ္တာကျူး title_original Love at Home 1=F 2/2 tune 7.5.7.5.7.7.7.5.Ref. authors_lyric John H. McNaughton (1829-1891) scriptureReferences John.13.34 *1 ပတ်ဝန်းကျင်တင့်တယ်စေရာ၊ အိမ်ထောင်မှာမေတ္တာ၊ ချိုသာဝမ်းမြောက်သံကြားရာ၊ အိမ်ထောင်မှာမေတ္တာ၊ ချမ်းသာငြိမ်သက်ခြင်းပြည့်ဝ၊ ပြုံးရွှင်မျက်နှာသာတွေ့ရ၊ ချိန်တိုင်းသာယာချမ်းမြေ့ရာ၊ အိမ်ထောင်မှာမေတ္တာ။ *ref အိမ်ထောင်မှာ၊ ချစ်မေတ္တာ၊ ချိန်တိုင်းသာယာချမ်းမြေ့ရာ၊ အိမ်ထောင်မှာမေတ္တာ။ *2 ထက်ကောင်းကင်တွင်ပြုံးရွှင်ကာ၊ အိမ်ထောင်မှာမေတ္တာ၊ မြေအောက်တွင်မေတ္တာလွှမ်းရှာ၊ အိမ်ထောင်မှာမေတ္တာ၊ ရေစီးချောင်းများသီဆိုကြ၊ မိုးပေါ်ရောင်ဝါထွန်းတောက်ပ၊ ထက်ရပ်မှရွှင်ပြုံးမူခါ၊ အိမ်ထောင်မှာမေတ္တာ။ *3 ငါ့သက်လုံးကိုယ်တော်ပိုင်ရာ၊ အိမ်ထောင်မှာမေတ္တာ၊ ကိုယ်တော်စွန့်နည်းလိုက်လျှောက်ရာ၊ မေတ္တာမှန်ပွားလာ၊ ဘေးရန်လုံးစုံမှကွာရှင်း၊ ပြစ်ကြောင့်စိတ်ပျက်ခြင်းနှင့်ကင်း၊ ကျေးဇူးတော်ဖြင့်ကယ်တင်လာ၊ မေတ္တာတော်ဖုံးပါ။ === code 261 title ကိုယ်တော်ထံသို့ပို့ဆောင်ကျူး title_original Lead Them, My God, to Thee 1=G 6/4 tune ROBINSON 6.4.6.4.6.6.6.4. authors_lyric Words Arranged authors_music F. E. Belden (1858-1945) scriptureReferences Isa.40.11 *1 ကိုယ်တော်ထံသို့ပို့ဆောင်၊ ပို့ဆောင်မူပါ၊ ဤချစ်သူငယ်များကို၊ ကိုယ်တော်ပေးရှာ၊ အနန္တမေတ္တာဖြင့်၊ ကိုယ်တော်ထံသို့ပို့ဆောင်၊ ပို့ဆောင်မူပါအရှင်၊ ထံတော်ပို့ဆောင်။ *2 ကမ္ဘာထွန်းလင်းလှပ၊ ပျော်ရွှင်သောခါ၊ လမ်းလွဲမှားခြင်းတို့မှ၊ ကယ်တော်မူပါ၊ စုံစမ်းခြင်းဘေးရန်မှ၊ ကိုယ်တော်ထံသို့ပို့ဆောင်၊ ပို့ဆောင်မူပါအရှင်၊ ထံတော်ပို့ဆောင်။ *3 ငယ်သောသူများတို့ပင်၊ သူငယ်ဖြစ်လာ၊ ပြစ်များသောကမ္ဘာမှာ၊ ပြစ်ကင်းစေပါ၊ ကိုယ်တော်ကျွန်ုပ်ဆုတောင်း၊ ကိုယ်တော်ထံသို့ပို့ဆောင်၊ ပို့ဆောင်မူပါအရှင်၊ ထံတော်ပို့ဆောင်။ *4 ယုံကြည်ခြင်းမှိန်သော်လည်း၊ ယုံကြည်နေမည်၊ ကိုယ်တော်ဆုကျေးဇူးကို၊ ခုလက်ခံမည်၊ သိမ်းယူပါနှလုံးများ၊ ကိုယ်တော်ထံသို့ပို့ဆောင်၊ ပို့ဆောင်မူပါအရှင်၊ ထံတော်ပို့ဆောင်။ === code 262 title ပျော်ရွှင်အိမ်ဖြစ်အစဉ်ကျူး title_original Happy the Home 1=G 3/4 tune ST. AGNES C.M. authors_lyric Henry Ware, the younger (1794-1843) authors_music John B. Dykes (1823-1876) scriptureReferences Josh.24.15 *1 ဘုရားသခင်ကိန်းဝပ်မူလျှင်၊ ပြည့်မေတ္တာစိတ်တိုင်းတွင်၊ တစ်လုံးတစ်၀တည်းရှိခြင်းပင်၊ ပျော်ရွှင်အိမ်ဖြစ်အစဉ်။ *2 ယေရှုနာမတော်ရိုသေလျှင်၊ သူငယ်များပင်ချစ်ခင်၊ အမိများလည်းမြတ်နိုးစိတ်ပင်၊ ပျော်ရွှင်အိမ်ဖြစ်အစဉ်။ *3 ကိုယ်တော်ကိုပတ္ထနာပြုကာ၊ နာမတော်ချီးမွမ်းပါ၊ နှုတ်ကပတ်တော်မြတ်နိုးခုံမင်၊ ပျော်ရွှင်အိမ်ဖြစ်အစဉ်။ *4 မင်္ဂလာရှိသောငြိမ်သက်ခြင်း၊ အိမ်များတွင်ရှိစေချင်၊ ကိုယ်တော်ကိုချစ်မြတ်နိုးအစဉ်၊ မေတ္တာစိုးမိုးမည်ပင်။ === code 263 title ကမ္ဘာ့လူငယ်များကျူး title_original The Youth of the World 1=Bb 4/4 authors_lyric C. Harold Lowden scriptureReferences Eccl.12.1 *1 ခေါ်တော်မူသံငါတို့ကြားပေ၊ ဝမ်းသာစွာတုံ့ပြန်ကြလေ၊ ကိုယ်တော်ကိုသစ္စာစောင့်ပါမည်၊ မှုတော်သာဆောင်ဖို့ဦးတည်။ *ref ကမ္ဘာ့လူငယ်များ၊ ဂါလိလဲရှင်ဖို့ဖြစ်သည်၊ ကမ္ဘာ့လူငယ်များ၊ ပြစ်လုံးစုံမှကယ်ချွတ်ပြီ၊ စွမ်းရည်တိုင်းမှုတော်တွက်ဖြစ်စေ၊ ထာဝရကာလဦးတည်၊ ကမ္ဘာ့လူငယ်များ၊ ဂါလိလဲရှင်ဖို့ဖြစ်သည်။ *2 ပေးတော်မူသမျှသောစွမ်းရည်၊ ကိုယ်တော်တွက်အသုံးပြုမည်၊ အချိန်ကိုငှားရမ်းတော်မူသည်၊ လိုတော်တိုင်းဆောင်ဖို့အတည်။ *3 ငါတို့ပိုင်ဆိုင်သမျှတို့သည်၊ လိုတော်အတိုင်းဖြစ်ရမည်၊ မြတ်ဆုံးအလုပ်ပေးပါအရှင်၊ ဝမ်းသာဝမ်းမြောက်မည်သခင်။ === code 264 title နေ့ရက်များလွန်သွားစဉ်ကျူး title_original While the Days are Going By 1=Ab 4/4 authors_lyric George Cooper (1840-1905) authors_music Ira D. Sankey (1840-1908) scriptureReferences Eccl.9.10 *1 ညှိုးငယ်သောသူများကိုမစ၊ နေ့ရက်များလွန်သွားနေစဉ်၊ မောပန်းဝိညာဉ်များဆုံးရကြ၊ နေ့ရက်များလွန်သွားနေစဉ်၊ ငါတို့ခရီးလမ်းလျှောက်စဉ်၊ ဝမ်းမြောက်ရွှင်လန်းရယ်လျက်နှင့်၊ ကောင်းမှုများပြုကြအစဉ်၊ နေ့ရက်များလွန်သွားနေစဉ်။ *ref နေ့ရက်များလွန်သွားစဉ်၊ နေ့ရက်များလွန်သွားစဉ်၊ ကောင်းမှုများပြုကြအစဉ်၊ နေ့ရက်များလွန်သွားနေစဉ်။ *2 ချည်းနှီးသက်သက်ချိန်မကုန်စေ၊ နေ့ရက်များလွန်သွားနေစဉ်၊ သင့်မျက်နှာနံနက်လိုဖြစ်စေ၊ နေ့ရက်များလွန်သွားနေစဉ်၊ လောကမှာဝမ်းနည်းခြင်းများ၊ ငိုကြွေးပူပန်ခြင်းပြည့်ကြ၊ လဲသောညီအစ်ကိုမစ၊ နေ့ရက်များလွန်သွားနေစဉ်။ *3 ချစ်ခြင်းဖြင့်ချည်နှောင်လေသမျှ၊ နေ့ရက်များလွန်သွားနေစဉ်၊ ငါတို့သည်စွန့်ပစ်ထားရကြ၊ နေ့ရက်များလွန်သွားနေစဉ်၊ ကောင်းသောမျိုးစေ့စိုက်သမျှ၊ အလင်းနှင့်အရိပ်အောက်မှာ၊ ပေါက်၍ငါတို့ဝမ်းမြောက်ရ၊ နေ့ရက်များလွန်သွားနေစဉ်။ === code 265 title တစ်နေ့နေ့တွင်ဝိညာဉ်ချုပ်ရာကျူး title_original Some Day the Silver Cord will Break 1=F 3/4 authors_lyric Fanny J. Crosby (1820-1915) authors_music William H. Doane (1832-1915) scriptureReferences Eccl.12.6 *1 တစ်နေ့နေ့တွင်ဝိညာဉ်ချုပ်ရာ၊ ခုလိုသီချင်းမဆိုရတည်း၊ သို့သော်နန်းတော်၌နိုးသောခါ၊ အိုမည်မျှဝမ်းသာလိမ့်မည်နည်း။ *ref ကိုယ်တော်ကိုဖူးမြင်ရလိမ့်မည်၊ ကျေးဇူးတော်ကယ်တင်ကြောင်းလျှောက်မည်၊ ကိုယ်တော်ကိုဖူးမြင်ရလိမ့်မည်၊ ကျေးဇူးတော်ကယ်တင်ကြောင်းလျှောက်မည်။ *2 တစ်နေ့နေ့ယာယီတဲပျက်မည်၊ ဘယ်သောပျက်မည်ကျွန်ုပ်မသိ၊ သို့သော်စိုးစံရန်အရှင်သည်၊ ကောင်းကင်၌ပြင်ဆင်ထားကြောင်းသိ။ *3 တစ်နေ့နေ့အသက်တမ်းကုန်၍၊ ထာဝရနားရာဝင်စားမည်၊ သာဓုသာဓုငယ်သားဟူ၍၊ ကိုယ်တော်ရှင်မြတ်မိန့်တော်မူမည်။ === code 266 title နားညောင်းပါအရှင်ကျူး title_original Hear Our Prayer, O Lord 1=D 4/4 authors_lyric George Whelpton (1847-1930) *1 နားညောင်းပါအရှင်၊ နားညောင်းပါအရှင်၊ ငြိမ်သက်ခြင်းမင်္ဂလာ၊ ပေးပါကိုယ်တော်ရှင်။ အာမင်။ === code 267 title ကောင်းချီးပေး၍သွားခွင့်ပြုအရှင်ကျူး title_original Dismiss Us, Lord, with Blessing 1=C 4/4 authors_lyric L. E. Froom (1890-1974) *1 ဝတ်ပြုရာမှထွက်ခွာသွားချိန်တွင်၊ ကောင်းချီးပေး၍သွားခွင့်ပြုအရှင်။ နေ့စဉ်တိုက်ပွဲတွင်စောင့်ရှောက်သခင်၊ ကယ်တင်တော်မူပါချီးမွမ်းမည်သာ။ အာမင်။ === code 268 title ကိုယ်တော်ရှင်ဗိမာန်တော်တွင်ရှိ၏ကျူး title_original The Lord is in His Holy Temple 1=Db 4/4 authors_lyric Oliver S. Beltz (1887-1978) scriptureReferences Hab.2.20 *1 ကိုယ်တော်ရှင်ဗိမာန်တော်တွင်ရှိ၏၊ ကိုယ်တော်ရှင်ဗိမာန်တော်တွင်ရှိ၏၊ အားလုံးတိတ်ဆိတ်စွာနေလော့၊ အားလုံးတိတ်ဆိတ်စွာနေလော့ရှေ့တော်မှာ၊ တိတ်ဆိတ်နေ၊ တိတ်ဆိတ်နေ၊ ရှေ့တော်မှာ။ အာမင်။ === code 269 title ကောင်းချီးပေးရှင်ကိုချီးမွမ်းစေကျူး title_original Praise God, From Whom All Blessings 1=G 4/4 tune OLD HUNDREDTH L.M. authors_lyric Thomas Ken (1637-1710) authors_music Louis Bourgeois (1510-1561) scriptureReferences Ps.148.1 *1 ကောင်းချီးပေးရှင်ကို၊ ချီးမွမ်းစေ၊ မြေကြီးသားတို့ချီးမွမ်းကုန်လော့။ ကောင်းကင်သားပေါင်းချီးမွမ်းစေသော၊ ခမည်းတော်၊ သားတော်၊ ဝိညာဉ်တော်။ === code 270 title ဘုန်းကြီးပါစေသောအရှင်ကျူး title_original Glory Be to the Father 1=Eb 4/4 tune GLORIA PATRI authors_lyric Anon. second century authors_music H. W. Greatorex (1811-1858) scriptureReferences Eph.3.21 *1 ဘုန်းကြီးပါစေသောအရှင်၊ ခမည်းတော်၊ သားတော်၊ ဝိညာဉ်တော်၊ ဘုရား၊ အစအဦးကဲ့သို့ပင်လျှင်၊ ပစ္စုပ္ပန်အနာဂတ်တွင်၊ စဉ်တည်မြဲနေ၊ အာမင်၊ အာမင်။ ===